——————————————————————-
ဇူလိုင် ၂၁
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ လက်ဆည်ရဲစခန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘို သန့်ဇင်က သတင်းပေးပို့ထားပါသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး ကိုဘိုဘိုသန့်ဇင်က “ကျွန်တော်တို့ဘက် က နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့တာပါ ရဲစခန်းအတွင်းရှိ ရဲတန်း လျား ၄ ဆောင်နှင့် ဘန်ကာ ၄ ခုကို သိမ်းပိုက်နိူင်ခဲ့သော်ပေမယ့် လက်နက်ခဲယမ်းများ လျော့နည်း လာမှုနှင့် စစ်ကောင်စီဘက်မှ အချိန်မီဖြည့်တင်းနိုင်ခြင်းကြောင့် ကျန်ရှိသော ပင်မအဆောက်အအုံ ၁ ခုနှင့် ဘန်ကာ ၂ ခုကို မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်” ဟုဆို သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် တပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကူအင်အား အလျင်အမြန်ရောက်ရှိလာခြင်း ကြောင့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ အမှတ် (၈) စစ်ကြောင်းမှ ရဲဘော်နဂါး (အသက် ၃၆ နှစ်) နှင့် ရဲဘော်စိုင်းနောင် (ခ) ထွန်းခ (အသက် ၁၉ နှစ်) တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး၊ အညာမြေ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၁၉ (တပ်ခွဲ-၃) ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု (PLC)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ God of Myaing, PL PDF၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ တော်လှန်ရေးရဲဘော်ကိုလည်း အခက်အခဲပေါင်းများစွာထဲကနေ ကယ်တင်နိုင်ခဲ့ ကြောင်းသိရသည်။ ၎င်း လက်ဆည်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၅ခန့်ဖြင့် အထိုင်ချ ထားသောထားသော စခန်းဖြစ်ပါသည်။