——————————————————
ဇွန် ၂၁
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့ နံနက် ၃:၅၀ နာရီတွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ရေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ၃ နှင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၏ ထုတ်ပြန်ချက်အရသိရပါသည်။ အဆိုပါတိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်စခန်း နှက့်ပတ်သက်ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “လက်ပံတန်းမြို့ကို ဝင်တိုက်မှာစိုးလို့ သူတို့က ကာကင်း သဘောဖြင့် အခြေချစခန်းဖြစ်ပါတယ် ရေငံကျေးရွာက စကစ စခန်းဟာဆိုရင် ရိုးမတောင်ခြေရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် အနီးဆုံးဖြစ်ပြီး ရိုးမအခြေစိုက် တော်လှန်ရေးအဖွဲ့တွေကို လက်နက်ကြီးသုံးပြီ ပစ်ခေတ်မှူတွေလုပ်ပါတယ် ပြီးတော့ စကစအတွက်ခိုအောင်းလို့ အကောင်းဆုံးနေရလည်း ဖြစ်နေပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှူကြောင့် စကစဖက်ကထိခိုက် ကျဆုံးမှူရှိသူတွေနှင့် ဒဏ်ရာရသူတွေကိုတိုက်ပွဲပြီးတာနဲ့ လာသယ်သွား ကြပြီဖြစ်ကြောင်း သိရပါသည်။
ထို့အပြင် အဆိုပါတိုက်ပွဲသည် တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိ သူများပြားခဲ့ကြောင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနှင့် စစ်တပ်ဖြည့်တင်းမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီက တပ်အင်အားဖြည့်ကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များအနီး သွားလာနေထိုင်ခြင်း မပြုရန် ၎င်းထုန်ပြန်ချက်တွင် ဖော်ပြထားသည်။