မေးမြန်းသူ- ဆလိုင်း ဒိုခါ၇်/ အယ်ဒီတာချုပ်

ဖြေဆိုသူ- ကောင်းသူဝင်း/ CDM ဗိုလ်ကြီး

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ဆရာကျွန်တော်တို့ကိုအခုလိုအချိန်ပေးတဲ့အတွက် ပထမဦးစွာ ဆရာ့ကိုကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ဆရာဘယ်လို စစ်တပ်ကို စွန့်ခွာပြီးတော့မှ ဒီကျွန်တော်တို့ပြည်သူတွေနဲ့ပူးပေါင်းလာသလဲဆိုတဲ့ဟာလေး ဖြစ်စဉ်လေးကိုအကျဉ်းလေးပြန်ပြောပေးလို့ရမလားခင်ဗျာ။ ဟုတ်။

 

ကောင်းသူဝင်း – ဟုတ်ကဲ့ ဟိုဟာပေါ့နော် ကျွန်တော်ကဒီ ၂၀၂၁ ဒီဇင်ဘာမှာကကျွန်တော်မုံရွာ နမခပေါ့နော် ဒီနောက်ပိုင်းတိုင်းတပ်ဌာနချုပ်ကနေတော့ အဲဒီစစ်တပ်ကိုစွန့်ခွာခဲ့တယ် မိသားစုလိုက် ပေါ့နော်။ သမီးအဲ့အချိန်မှာမွေးပြီးတော့ ၂ လကျော်လောက်မှာ အဲ ကျွန်တော်တို့ မိသားစုလိုက် စွန့်ခွာလာတယ်ပေါ့နော်။ ဒီမုံရွာနားစွန့်ခွာလာပြီးတော့ ကျွန်တော် လွတ်မြောက်နယ် မြေခဏဝင်တယ်ပေါ့နော် ဝင်ပြီးတော့ ကျွန်တော် ၂၀၂၂ ဇန်နဝါရီလောက်မှာ ကျွန်တော် အိန္ဒိယပေါ့နော် မီဇိုရမ်မှာရောက်လာတယ်။ အိန္ဒိယမီဇိုရမ်မှာပဲ လက်ရှိကာလအထိ တော့နေထိုင်နေပါတယ်။ ကျွန်တော်ဒီစစ်တပ်ကို စွန့်ခွာလာတဲ့အကြောင်းအရင်းကပေါ့နော် ကျွန်တော်က အာဏာသိမ်းခါနီးပေါ့နော် ကျွန်တော်တို့ဒီမဲပေးတဲ့ကာလတွေထဲက ကျွန်တော်မုံရွာပေါ့နော် ဒီနမခမှာနေရတာပေါ့နော်။ ကျွန်တော်တာဝန်ကျတဲ့တပ်ကတော့ တပ်နယ်ကိုယ်စားအတွက်ပေါ့နော် ဒါလယ်ဇင်အော်ဖစ် ဆာတွေနဲ့နေရတယ်ပေါ့နော်။ နေရတဲ့ အချိန်မှာကျွန်တော်က မဲပေးတဲ့ကာလထဲက စပြီးတော့ပေါ့နော် ဒီအာဏာသိမ်းတဲ့အချိန် အဲနောက်ဆုံး ကျွန်တော်ထွက်လာတဲ့ အချိန်အတွင်းမှာပေါ့နော် ဖြစ်စဉ်တွေအများကြီး တွေ့ရတယ်ပေါ့နော်။ မုံရွာမှာနေတဲ့အချိန်မှာ နမခရဲ့ စစ်ဌာနချုပ်ထဲမှာနေရတော့ ကျွန်တော်တို့က ဟိုဌာနပေါင်းစုံနဲ့ဆက်ဆံ ရတယ်ပေါ့နော် စစ်ရေးဌာနတေနဲ့လည်း ဆက်ဆံရတယ်။ ဒီစစ်ရေးဌာနတွေနဲ့ အဲစစ်ထောက်ဌာနစစ်ဦးစီးတွေပေါ့နော် ရှိသမျှအာဏာပေါင်းစုံနဲ့ဆက်ဆံရတယ်ပေါ့နော်။ အထူးသဖြင့်တော့ ကျွန်တော် မုံရွာမှာနေတဲ့ အချိန်ဆိုရင် ဒီဆန္ဒပြတဲ့ အချိန်တွေမှာ ဆိုရင်လည်း အဲဒီဆန္ဒပြတဲ့ဟာတွေကိုဖြိုခွင်းတဲ့ ဟာမျိုးတွေ အဲဒီဆန္ဒပြတဲ့ ပြည်သူတွေကိုဖြိုခွင်းဖို့အတွက် အဲသူတို့ပလန်ချတဲ့ဟာမျိုးတွေ ပေါ့နော် ဒီ ဘယ်ကတပ်ကို ဘယ်လိုဆွဲထုတ်တာတို့ပေါ့နော် တပ်ကိုဆွဲထုတ်တော့ဘယ်လို ကာတာတို့ အဲဒီရဲတွေနဲ့ တပ်တွေနဲ့ဘယ်လိုချတာ နောက်ပြီးတော့ ဒီလုံခြုံရေး အတွက် ပေါ့နော် သူတို့ကို စစ်တပ်က အဖွဲ့တွေကိုဆိုရင် အနီးစပ်ဆုံးတပ်တွေမှာဘယ်လိုထားတာလဲ ဘယ်လိုလက်နက်တွေနဲ့ အသုံးပြုတယ်ပေါ့နော် အဲနောက်ဆုံးဖမ်းဆီးလာတယ် ဖမ်းဆီး လာပြီးရင် သူခိုးတဲ့အပိုင်းတွေ နောက်ပြီးတော့ သူခိုးရဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေပေါ့နော် အဲဒီလိုမျိုး ဆန္ဒပြတဲ့အချိန်ကျရင် ဆိုင်ကယ်တွေ ကျန်ခဲ့တာတွေ ပြောမယ်ဆိုရင်တော့အများ ကြီးပေါ့နော် ဥပမာ အဲ့အချိန်မှာက ဟိုဟာမျိုးတွေလည်းရှိတယ် ပွဲစားဆိုတာဘယ်လိုမျိုး လဲဆိုတော့ တိုင်းမှူးဆီကပီအက်စ် တို့နဲ့ဆိုင်တယ်ပေါ့နော် အဲ့လိုဥပဒေမှူးဘာတို့ဆိုရင်လည်း အဲ့လိုမျိုးဖမ်းခံရတဲ့လူတွေပေါ့နော် အဲဒီလိုမျိုးလူတွေကို လွှတ်ချင်တယ်ဆိုရင် သူနဲ့သွားကြည့် ကြည့်လိုက်ရင် သူကအရေးကြီးတဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုရင် ပြန်လွှတ်ပေးဖို့ ပိုက်ဆံယူပြီးတော့လွှတ်ပေးတဲ့ အခြေအနေမျိုးတွေ မုံရွာမှာနေတုန်းက ဆန္ဒပြတဲ့အချိန် ကိုယ်ဝင်မုန်းနိုင် သူကဆိုင်ကယ်နဲ့ လူထဲမှာ ပတ်ပြီးဆန္ဒပြနေတယ် အဲ့လိုမျိုးအချိန်တွေမှာ တိုင်းမှူးကို စကစမှူးကဖိအားပေး တာတို့ပေါ့နော် အဲ အဲတိုင်းမှူးကလည်း အဲ့မှာရှိတဲ့ ဗျူဟာမှူးကိုအတင်းဖိအားပေးလို့ နောက်ဆုံးကားနဲ့ တိုက်ပြီးတော့ဖမ်းလိုက်တာဟာမျိုးတွေ အဲဒီလိုမျိုးဖြစ်စဉ်တွေလည်း အများကြီး တွေ့တယ်ပေါ့နော် ဒါဆန္ဒပြတဲ့အချိန်ပေါ့နော် ပစ်ခတ်ပြီးတော့ သတ်ဖြတ်တဲ့ ဟာမျိုးတွေလည်း အများကြီးရှိတယ်ပေါ့နော်။ အဲ့ဒါပြီးတော့ ဆန္ဒပြပြီးတဲ့အချိန်တွေ ပြီးသွားတဲ့ အချိန်ကျတော့ နောက်တစ်ဆင့်ကျတော့ကျွန်တော်တို့ဒီ လူတွေ စပြီးတော့ စစ်တွေကို တိုက်လာတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်။ အဲ့လိုမျိုးအခြေအနေ မျိုးတွေမှာ ဆိုရင် ဟိုဝန်ထမ်းပေါင်းစုံပေါ့နော် အဲဒီအထူးသဖြင့်ရဲတွေ ပါတယ် ဒီအခြားဌာနဆိုင်ရာ ဝန်ထမ်းတွေပါသွားတယ်။ အဲသူတို့တွေ စီဒီအမ်တွေ အများကြီးဝင်တဲ့အတွက်ပေါ့နော် ယန္တရားထဲရှိတဲ့ အင်အားတွေအများကြီး ပို့တာတွေ အဲလက်နက်ခဲယမ်းတွေ ပို့တာတွေပေါ့နော် ယာဉ်တန်းတွေပို့တာတွေ အဲဒီကြားထဲမှာ တိုက်ပွဲဖြစ်တာတွေပေါ့နော်။ အဲတိုက်ပွဲဖြစ်တဲ့ ဟာနဲ့ဆက်စပ်ပြီးတော့ပေါ့နော် အနားမှာ တိုက်ပွဲ ဖြစ်တော့အဲ အနီးစပ်ဆုံးရာမြို့ ဟိုမြို့ရွာပေါ့နော် ဒီရွာတွေပေါ့နော် လမ်းမှာရှိ တဲ့ရွာတွေ အဲဒီလူနေတဲ့ အိမ်ယာတွေ မီးရှို့တဲ့ဟာမျိုးတွေကို သူငယ်ချင်းတွေပေါ့နော် တပ်ထဲမှာရှိတဲ့သူတွေ ကပြန်ပြောတာတွေလည်း ကြားရတယ်ပေါ့နော်။ တချို့ကျတော့လည်း ရှေ့တန်းတွေ စာတွေထဲမှာလည်း ကျွန်တော်တို့ဖတ်ရတယ်ပေါ့နော်။ ဖမ်းဆီးမိရင်လည်း ဘယ်လိုဖြစ်တယ် အဲ့လိုမျိုးရွာတွေ နောက်ဆုံးပေါ့နော်ဟိုပြည်သူပိုင်ပစ္စည်းတွေကို အဲလမ်းမှာတွေ့ရင် ယူသွားတာတွေ အဲဒီလိုမျိုးဟာတွေကဟို အောက်ခြေအဆင့်က ဟိုရဲဘော်အဆင့်တွေ မဟုတ်တော့ဘူး ပေါ့နော် ဒီကွက်ကဲတဲ့ ဒီအရာရှိတွေ ရာရှိကြီးတွေ အဆင့်တွေကအစပေါ့နော် ဒီအာဏာသိမ်း တာကို မှီငြမ်း၊ အမြတ်ထုတ်ပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် ဒီလိုမျိုးတွေ လုပ်တယ် လူတွေရဲ့ပစ္စည်းတွေကိုယူတယ်။ အဲဒီလိုမျိုး တွေဖြစ်လာတဲ့အတွက်ပေါ့နော် ဒီစစ်တပ်က ဒါစစ်တပ်ပုံစံမဟုတ်တော့ဘူးပေါ့နော်။ အဲဒီလိုမျိုးအခြေအနေမျိုးတွေ မြင်လာတဲ့ အခြေအနေမျိုးမှာပေါ့နော် အဲကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ပေါ့နော် ဒီစစ်တပ်ထဲမှာ ဆက်ရှိနေရင် ဘယ်လိုမှမသင့်တော့ဘူးပေါ့နော်။ အဲဆက်ပြီးတော့လည်း ဖြစ်လာမယ့် အခြေအနေ မျိုးတွေက အခုအချိန်မှာတော့ကျွန်တော်က မုံရွာမှာအေးဆေးနေရပေမယ့် ကျန်တဲ့အချိန် နောက်တစ်ချိန်တစ်ခါ ပြောင်းသွားတဲ့ အချိန်ကျရင် ဒီလိုမျိုးဟာတွေထဲမှာ ကိုယ်ကိုယ်တိုင် ပါဝင်ပြီးတော့ပေါ့နော် ဦးဆောင်ရမယ့် အခြေအနေမျိုးတွေပေါ့နော် ရာရှိဖြစ်တဲ့အတွက် ဒီစစ်ကြောင်းတွေကိုအဲ့လိုမျိုး လုပ်ခိုင်းတာတွေ ဒီလိုမျိုးဟာတွေက ရှိလာမယ့်အတွက်ပေါ့နော် ဒီလိုမျိုးလည်း ပြည်သူကို လည်းပေါ့နော် အကြမ်းဖက် ပြီးတော့ပေါ့နော် ဒီနှိပ်စက်တာ လုပ်ရက်စတာတွေ အဲဒီလိုမျိုး တွေ မလုပ်ချင်တဲ့အတွက် ပေါ့နော် ဒါမိသားစုလိုက်ကိုကျွန်တော်ထွက်လာ နိုင်ဖို့ အတွက်ပေါ့နော် ဒီစဉ်းစားတယ် ပေါ့နော် အမြန်ဆုံးစီစဉ်ပြီးတော့ နောက်ဆုံးကျတော့ ကျွန်တော်အခြေအနေ အခွင့်သာတဲ့အချိန်မှာ ထွက်လာတာပါ။

 

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ဒီဆရာ့အနေနဲ့ မထွက်လာမီမှာဖြစ်ဖြစ် ထွက်လာပြီးနောက်ပိုင်းမှာ ထွက်လာခါစ ဟာမျိုးမှာ တော်လှန်ရေးကြီးကဘယ်လိုဖြစ်စေချင်တယ် ဘယ်လို အောင်မြင်မယ် ဆိုတဲ့ မျှော်လင့်ချက်ပေါ့နော်။ တိုင်းပြည်အတွက်နိုင်ငံရေးမျှော်လင့်ချက် ပေါ့နော် ဒီလှုပ်ရှားမှုတွေက နေစဉ်းစားမိတဲ့ဟာရှိလား စဉ်းစားမိတဲ့ဟာရှိရင်အခုလက်ရှိ အခြေအနေ ကရော ဆရာမျှော် မှန်းထားတဲ့နိုင်ငံရေးရလဒ်နဲ့နီးစပ်မှုရှိနေပြီလားဆိုတဲ့ဟာကို ဆွေးနွေးသုံး သပ်ပေးပါဦးခင်ဗျ။ ဟုတ်။

 

ကောင်းသူဝင်း – ဟုတ်ကဲ့။ ကျွန်တော်ထွက်ထွက်လာချင်း ပေါ့နော် အခြေအနေမှာကတော့ ချက်ချင်းကြီး ပေါ့နော် တော်လှန်ရေးက သုံးလေးနှစ်အတွင်းချက်ချင်းအောင်သွားမယ်ဆိုတဲ့ အခြေအနေမျိုး ပေါ့နော် တစ်နှစ်နှစ်နှစ်သုံးလေးနှစ်အတွင်း ပြီးသွားမယ်ဆိုတဲ့အခြေအနေ မျိုးကိုလည်း မတွေ့ရသေးဘူးပေါ့နော်။ ဘာလို့လဲဆိုတော့အဲ့အချိန်အထိလည်း စစ်တပ်က အင်အား ကောင်းနေသေးတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ပေါ့နော် ဒီမြို့တွေ ရွာတွေကို သိမ်းပိုက်နိုင်တဲ့ အခြေအနေမျိုးတွေလည်းမရှိသေးဘူးပေါ့နော်။ ပြင်းပြင်းထန်ထန် ခုခံတဲ့ နေရာမျိုးတွေဆိုရင်လည်း စစ်တပ်ကအပြင်းအထန်ချေမှုန်းပြီးတော့ ပေါ့နော် ဥပမာ ထန်တလန်လိုမျိုး တစ်မြို့လုံးမီးဘေးဒုက္ခရောက်အောင်လုပ်သွားတဲ့ အခြေအနေမျိုး တွေ ဒါက ၂၀၂၁ ကျွန်တော်ထွက်လာတဲ့အချိန်အထိ အဲ့လိုမျိုးအခြေအနေမျိုးပဲ ရှိတယ်ပေါ့နော်။ ဒီစစ်တပ်ရဲ့ တပ်ကို သမရိုးကျအခြေအနေမျိုးနဲ့ ပြန်ပြီးတော့တိုက်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူး။ ကိုယ်ကိုယ်တိုင်တိုက်ခိုက်တာပေါ့နော် မိုင်းဆွဲပြီးတော့ ဖြစ်ဖြစ်တာ အဲ့လိုမျိုးပုံစံတွေ အဲစခန်းတွေဆိုလည်းပေါ့နော် စခန်းခပ်သေးသေးလေးတွေ ပေါ့နော် အဲဒီလိုမျိုးဟာ လေးတွေကိုပဲတိုက်နိုင်တဲ့အခြေအနေမျိုးတွေပဲရှိသေးတယ်ပေါ့နော်။ အဲ့တော့ စစ်ရေးအရဆိုရင် ၂၀၂၁ မှာဖြစ်နေတဲ့အခြေအနေမျိုးက နှစ်နှစ်သုံးနှစ် လောက်ကတော့ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့အောင်ပွဲမရနိုင်သေးဘူး ဆိုတဲ့ဒီလိုမျိုး အမြင်ကတော့ ကျွန်တော်တို့မှာ ရှိတယ်ပေါ့နော်။ အဲ့တော့ကျွန်တော်တို့ ၂၀၂၂ မှာလည်းအရမ်း ကြီးတော့သိပ်တော့ မထူးခြားသေးဘူးပေါ့နော်။ ၂၀၂၃ မှာအဲ့ဒီ ရှမ်းမြောက်လိုမျိုးမှာ ကြီးကြီးမားမား အောင်ပွဲမှုတွေ ရလာတယ်။ စစ်ရေးအရအောင်ပွဲမှုရတယ်ပေါ့နော် ဒါပေမဲ့ ဟိုသံတမန်ရေးအရ ပြန်ပြီးတော့ဖိအားပေးခံရတဲ့ အခြေအနေမျိုးတွေကပဲ ဒါနောက်ပိုင်းမှာ တစ်ဆင့်ပြန်ကြုံရတဲ့ အခြေအနေမျိုးတွေရှိတယ် ပေါ့နော်။ ဟိုစစ်ကောင်စီက သူတို့သုံးနေတာ ပေါ့နော် သံတမန်ရေးလက်နက် အခြားသောပေါ့နော် ဒီစီးပွားရေးပေါ့နော်။ နည်းမျိုးစုံပေါ့နော် သူတို့ကသုံးနိုင်တဲ့စွမ်းအားရှိသမျှနည်းမျိုးစုံကို သူတို့ကပြတ်ပြတ် ပြီးသုံးတယ်။ အဲ့လိုမျိုး သုံးတဲ့အခြေအနေမျိုးတွေတော့ ဒါတွေ့ရတယ်ပေါ့နော်။ အဲ့တော့ စစ်တပ်ထဲက ထွက်လာ ပြီးတော့ ဒီစစ်တပ်အာဏာရှင်ကို တွန်းလှန်တဲ့အဖွဲ့တွေလည်း အများကြီးရှိနေတယ် ပေါ့နော်။ အဲဒီလိုမျိုးထွက်လာတဲ့အချိန်မှာ စစ်ရေးအရ အောင်မြင်မှုကတော့ ချက်ချင်းတော့ မရနိုင်သေးဘူးဆိုတဲ့အမြင်မျိုးတော့ရှိတယ်ပေါ့နော်။ ဒါပေမဲ့ တဖြည်းဖြည်းချင်းသွားရင် သွားလာရင်တော့ စစ်တပ်ရဲ့ အင်အားချိနဲ့ ပုံတွေနဲ့ အရဆိုရင်ပေါ့နော် တစ်ဆင့်ပြီးတစ်ဆင့် တော့ သွားရမယ်ပေါ့နော်။ ဒါပေမဲ့ ဟိုလက်ရှိ အခြေအနေဖြစ်နေတဲ့ ဟာမျိုးနဲ့ စစ်တပ်က ထွက်လာပြီးတော့နောက်ထပ်ဥပမာ လေးနှစ်ကျတော့ မြင်ရမယ့်အမြင်ထားမျိုးနဲ့ကကျတော့ စစ်ရေးအရသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။ အဲနောက်တစ်ခုကကျတော့ စစ်ရေးအရ လည်းမဟုတ်တော့ ဘူးပေါ့နော် ဟိုသံတမန်ရေးအရ အဲနောက်တစ်ခုကကျတော့ နိုင်ငံတကာမှာပေါ့နော် စစ်တပ်ကို ပေါ့နော် အရင်တုန်းကလိုမျိုးပေါ့နော် အသိအမှတ်ပြု လာတာမဟုတ်ဘဲနဲ့ပေါ့နော် စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကိုနားလည် နားလည်လာတဲ့ အခြေအနေမျိုးတွေ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို ပေါ့နော် ကမ္ဘာကသိလာအောင် လုပ်လာနိုင်တဲ့ အခြေအနေမျိုးတွေကိုလည်း ဒါလက်ရှိအခြေအနေမျိုးမှာ မြင်ရတယ်ပေါ့နော်။ ဒါကတော့ အားသာချက်တွေ အနေနဲ့ပြောလို့ရတယ် ပေါ့နော်။ အားနည်းချက်အနေနဲ့ ဆိုရင်တော့ စစ်တပ်ကို တိုက်တဲ့အဖွဲ့တွေမှာ နှစ်ပေါင်းနည်းနည်းနှစ်ကြာလာတဲ့ အချိန်မှာပေါ့နော် အချင်းချင်း ပေါ့နော် ဒီတိုက်မှုတွေရှိလာတယ်။ အထူးသဖြင့်တော့ပေါ့နော် ဒီလက်နက်နဲ့ အာဏာကို နည်းနည်းမြင်လာတဲ့ အခါမျိုးတွေမှာ အနည်းငယ်ပေါ်ပေါက်လာတဲ့ အခြေအနေမျိုးတွေ လည်းတွေ့ရတယ် ပေါ့နော်။ အထူးသဖြင့်တော့အဖွဲ့တွေက အရမ်းများတဲ့ အခြေအနေမျိုးတွေမှာပေါ့နော် တစ်နိုင်ငံလုံးအနေနဲ့ကြည့်မယ်ဆိုရင် Localတွေ PDFတွေ မျိုးနွယ်စုလိုက်ထွက်လာတဲ့အဖွဲ့တွေ အဲဒီလိုမျိုးတွေ အဖွဲ့တွေ အရမ်းများတဲ့အတွက် ပေါ့နော် ဒီအကုန်လုံးကိုလည်းပေါ့နော် တစ်စုတစ်စည်းတည်း အရမ်းမလုပ်နိုင်တဲ့ ဟာကလည်း အဲဒီအားနည်းချက်တစ်ခုပေါ့နော် အဲ့လိုမျိုး

 

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ဆရာ့အနေနဲ့ဆိုရင် အခုအချိန်မှာ စစ်တပ်ထဲမှာနေတယ်ဆိုရင် ရာထူးအရရော ပြီးတော့တခြားအကျိုးခံစားခွင့် အရရော ဒါအေးဆေးနေလို့ ရမယ့်အခြေအနေတစ်ခု ရောက်လောက်ပြီပေါ့နော်။ စောစောကဆရာဆွေးနွေးသလို တချို့ ကိုယ်ကျိုးရှာချင်တဲ့ သူတွေက ဒီကနေကိုယ်ကျိုးရှာကြတယ်ဆိုတော့ ဆရာက ဒီဟာကို ဆန့်ကျင်ပြီးတော့မှ ထွက်လာတဲ့သူဖြစ်တယ်။ သို့သော် နိုင်ငံတကာမှာ အထူးသဖြင့် ဒီမိုကရေစီအရေးတွေ နောက်ပြီးမှလူ့အခွင့်အရေး စံတန်ဖိုးအမျိုးမျိုး ပြောကြတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင်နိုင်ငံတကာက စစ်ကောင်စီကိုအခုအချိန်ထိ ဆက်ဆံမှုတွေ ခိုင်းသင့်ရင်သင့် သလိုလုပ်တုန်းပေါ့နော်။ လွန်ခဲ့တဲ့ငလျင်အပြီးမှာဆိုရင်တော့ ဒါအိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီဟာမျိုး တကယ့်ဒီမိုကရေစီဖခင်ကြီး ကိုယ်တိုင်ဟာမျိုးက တွေ့ခဲ့တဲ့ဟာမျိုး ဖြစ်လာတဲ့အခါ ကျတော့ ဒီဟာကမြေပြင်က အခြေအနေမှန်မသိကြလို့လား သို့မဟုတ် ကိုယ်ကျိုးအရ ဆက်ဆံမှုမျိုးလား ဘယ်လိုမြင်သလဲ။ ဆရာ့အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုခံစား သလဲပေါ့။ ဟုတ်။

 

ကောင်းသူဝင်း – ပထမအနေနဲ့ပေါ့နော် ကျွန်တော့်အနေနဲ့ စစ်တပ်ထဲမှာ ဆက်နေမယ်ဆိုရင်တော့ ဆရာပြောသလို အေးအေးဆေးဆေးတော့နေရမှာ မဟုတ်ဘူးပေါ့နော်။ စစ်တပ်မှာလက်ရှိ အခြေအနေမှာ ပေါ့နော် ရာရှိပဲဖြစ်ဖြစ် တခြားအဆင့် ပဲဖြစ်ဖြစ်ပေါ့နော် ဟိုရာရှိကြီးတွေပဲ ဖြစ်ဖြစ်ပေါ့နော် လက်ရှိအခြေအနေမှာ စစ်ဘောင်ကျယ် ပြီးတော့ ဒီလိုစစ်ကအမြဲတမ်း တိုက်နေရတဲ့အတွက်ပေါ့နော် လက်ရှိအခြေအနေမှာ စစ်တပ်ထဲမှာရှိတဲ့လူက တစ်ကွေ့ မဟုတ် တစ်ကွေ့တော့အန္တရာယ်ကြုံနိုင်တယ်ပေါ့နော်။ အဲမကြုံခင်မှာတော့ ကိုယ်ကျိုးစီးပွား ရှာလို့ရတယ်ဆိုတဲ့အခြေအနေမျိုးကတော့ ဒါအများကြီး လုပ်လို့ရတယ် ပေါ့နော်။ အဲဒါပေမဲ့ အေးအေးဆေးဆေးတော့ နေလို့မရဘူး ပေါ့နော်။ လက်ရှိ ကာလမှာပေါ့နော် ငလျင်ဖြစ်တယ် ပေါ့နော် ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ဒီနိုင်ငံတကာရဲ့ ပေးတဲ့ဟာမျိုးတွေ ဒီနောက်ပြီးတော့ နိုင်ငံတကာက ဆက်ဆံမှုတွေကကျတော့ စစ်ကောင်စီဆီ အများစုကသွားတယ်ပေါ့နော်။ အများစုကတော်တော်များများသွားတယ်။ အကြောင်းအရင်း ကလည်း ဒါကျွန်တော်တို့ပြော မယ်ဆိုရင် ဒီဖက်တိုတို့ ဒီမိုတို့ ဒီအခြေအနေကြည့်တဲ့ အခြေအနေမျိုးအရဆိုရင် ဒီနိုင်ငံတကာဆက်ဆံမှု အခြေအနေက သူတို့ရဲ့ ဟိုတကယ်ဖြစ်နေတဲ့ပေါ့နော် ငလျင်မှာအဓိကထိခိုက်သွားတဲ့နေရာမျိုးတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာမျိုးတွေ ပေါ့နော်။ အဲဒီလိုမျိုး မန္တလေးမြို့ကြီး လိုမျိုးပေါ့နော် နေပြည်တော်လိုမျိုးဟာမျိုးတွေက သူတို့ရဲ့ အဓိကကျတဲ့မြို့ ငါးမြို့လောက်ထဲမှာ ပါတဲ့မြို့တွေဖြစ်တဲ့ အတွက်ပေါ့နော် ဒီလိုမျိုး ဟာတွေကို သွားမယ်ဆိုရင်တော့ သူကစစ်ကောင်စီကို မဖြစ်မနေပေါ့နော် သွားပြီးတော့ ဆက်ဆံရမယ့် အခြေအနေမျိုး ဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီးတော့ အဲဒီအိန္ဒိယကပေါ့နော် ဝန်ကြီးချုပ် ဒီမိုဒီနဲ့ စကားပြောတဲ့ အနေအထားမျိုးတွေကျတော့ မိုဒီအမြင်နဲ့ကတော့ သူ့အနေနဲ့ မလုပ်သင့်ဘူးလို့တော့ ထင်တယ်ပေါ့နော် ကျွန်တော့်အမြင်ဆိုရင် ဥပမာ တကယ်လို့ အကူအညီ ပေးချင်ရင်တောင် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမဟုတ်ဘဲနဲ့ အောက်ကလူနဲ့ ပဲထိတွေ့ဆက်ဆံမှု ပုံစံမျိုးတွေလုပ်သင့် တယ်ပေါ့နော်။ ဒါအကူအညီပေး တာကတော့ ဒါကတော့ ဒုက္ခရောက်တာကတော့ အကုန်လုံးပေါ့နော် ဟိုဖြစ်တဲ့အတွက် ကျွန်တော်အကူအညီ ပေးတဲ့အပိုင်းမှာတော့ ဒုက္ခရောက်တဲ့လူတွေရဲ့လက်ထဲကို ရောက်အောင် အနီးစပ်ဆုံးပေါ့နော် ရောက်အောင်ပို့တဲ့ဟာမျိုးကတော့ အရမ်းကြီးတော့ မပြောချင်ဘူး ပေါ့နော် ဘာလို့လဲဆိုတော့ ဒါဒုက္ခရောက်တဲ့အချိန်မှာ ကျွန်တော်တို့က ကိုယ်တိုင် ခံစားရတဲ့လူတွေရဲ့ ခံစားချက်နဲ့ အဝေးကခံစားရခြင်းနဲ့ မတူဘူးပေါ့နော်။ အဲ့တော့ တကယ်ထိရောက်တဲ့ ဟာကို ထိထိရောက်ရောက်ပေးတဲ့ဟာမျိုးတော့ သိပ်မစဉ်းစား ဘူး အနေနဲ့လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ဟို စစ်ကောင်စီကို တိုက်ရိုက်မထိတွေ့ ဆက်ဆံဘဲနဲ့ ပေါ့နော် နည်းနည်းကွေ့ဝိုက်ပြီးတော့အဲ့လိုမျိုးလုပ်တာမျိုးကိုပဲ ကျွန်တော် ကတော့ အဲ့လိုမျိုး ဖြစ်စေချင်တာပေါ့နော်။

 

ဆလိုင်း ဒိုခါ၇် – စောစောက ဆရာပြောတဲ့အချိန်မှာ နိုင်ငံတကာကအကူအညီဟာ မျိုးကိစ္စလည်း ပါတဲ့အခါကျတော့ ဆရာဒီတပ်ထဲမှာရှိတဲ့ အချိန်မှာပေါ့နော် နိုင်ငံတကာ အကူအညီဟာ မျိုးတွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့ဟာမျိုး ကိုယ်တိုင်ကြုံဖူးလား အဲ့ဒီတွေ့အတွေ့  အကြုံဟာမျိုးရှိရင် မျှဝေပေးပါဦး။

 

ကောင်းသူဝင်း – ဟိုဟာပေါ့နော် ဒီနိုင်ငံတကာက ပေးတဲ့အကူအညီတွေကို အလွဲသုံးစားလုပ်တာ ကြုံဖူးလားတော့ မကြုံဖူးဘူးပေါ့နော်။ ဒါပေမဲ့ ကိုယ်တိုင်လုပ်ခဲ့တဲ့ လူတွေရဲ့ ပြောတဲ့ဟာ မျိုးတွေကိုနားနဲ့ မြင်နဲ့ကြားဖူးတယ်ပေါ့နော်။ အထူးသဖြင့်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့နာဂစ်မုန်တိုင်း ပေါ့နော်။ အဲဒီနာဂစ်မုန်တိုင်း ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က ဗိုလ်လောင်းပဲရှိသေးတယ်။ ဗိုလ်လောင်းကျောင်းဆင်းပြီးတဲ့ အချိန်မှာကျွန်တော်က ဟိုရောက်တဲ့တပ်မှာပေါ့နော် အဲရောက်တဲ့တပ်က နာဂစ်မုန်တိုင်းဖြစ်တဲ့ အချိန်မှာ အဲ့ဒီတပ်က ဒီရန်ကုန်မြို့မှာပေါ့နော် သန့်ရှင်းရေးလုပ်တာတို့ လုံခြုံရေးလုပ်တာတို့ အခြားမျိုးစုံပေါ့နော် ဟိုဒီရန်ကုန်မြို့မှာ ဖြစ်သွားတဲ့ဟာမျိုးတွေကို တာဝန်ယူ ပြီးတော့ဖြေရှင်းရတယ်ပေါ့နော် တပ်တစ်တပ်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီမှာဆိုရင် အဲ့တုန်းကပါဝင် ပါခဲ့တဲ့ရာရှိတွေရှိတယ်။ တပ်သားတွေရှိတယ်။ ဒါအောက်က လူတွေပြောတာပေါ့နော် ဟိုရဲဘော်တွေဘာတွေဆိုရင် ဓာတ်တိုင်မှာရှိတဲ့ ဓာတ်ကြိုးတွေပေါ့နော် ကြိုးတွေအဲ့ဒါတွေကိုဖြတ် ဖြတ်ပြီးတော့ ဒီကုလားဆိုင်မှာပေါ့နော် အဟောင်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပေါ့နော် အဲ့လိုမျိုးဆိုင်တွေ မှာသွားပြီးတော့သွင်း အဲ့လိုမျိုးရောင်းစား အရာရှိတွေဆိုလည်းအဲ့လိုမျိုးပေါ့နော် အမှိုက်ကား တွေဘာကားညာကားတွေ ကပ်တဲ့ဟာမျိုးတွေဆိုရင် ဆီတေဘာတေဆိုရင်လည်း ဆီတွေခိုး ထုတ် အဲလုပ်ချင်တာလုပ်ပေါ့နော် အဲ့လိုမျိုးသူတို့နေရတဲ့နေရာမျိုးတွေမှာ အဲ့လိုမျိုးလုပ်ပေါ့ နော်။ ဒါကသူတို့တွေရဲ့ ဖြစ်စဉ်ပေါ့နော် အဲ့လိုမျိုးရန်ကုန်မြို့မှာ လုံခြုံရေးရနေတဲ့အချိန်မှာ ဒါနိုင်ငံတကာက တောင်မဟုတ်ဘူးပေါ့နော် ပြည်တွင်းမှာရှိပြီးသား Resource တွေကို ဥပမာ ဓာတ်ကြိုးတွေ ဘာတွေဆို ပြန်ပြီးတော့အသစ်လုပ်ရတုန်းက အဲ့လိုမျိုးဟာမျိုးတွေကို ဒါလုပ်တယ် ပေါ့နော်။ အဲနိုင်ငံတကာကလာတဲ့ ပစ္စည်းတွေကျရင်တော့ သယ်ရတယ်ပေါ့နော် သယ်ရတဲ့ဟာ မျိုးတွေကျတော့ အရေအတွက်နဲ့အရ ကျတော့သူတို့ကလုပ်လို့ မရဘူးပေါ့နော်။ အဲ့လိုမျိုးတွေကျတော့ သူ့ထက်အဆင့်မြင့်သွားတဲ့ အရာရှိကြီးတွေကို ဥပမာ ဥပမာပေါ့နော် ဥပမာဆန်အိတ်တစ်ရာ ပို့ရမယ်ဆိုရင် ကျွန်တော်တို့ ဆန်အိတ်ထဲကဥပမာ ကလောင်ထိုး လိုက်ပေါ့နော် ဥပမာဆန်တစ်အိတ်ကိုဒီလောက်သုတ်လိုက် အဲ့လိုမျိုး ဟာမျိုးတွေ အမျိုးစုံရှိ တယ်ပေါ့နော်။ တချို့အစားအစာတွေဆိုရင်လည်း အဲ့လိုမျိုးပေါ့နော် ဒါကတော့ တစ်ခုနဲ့ တစ်ခုကတော့မတူဘူးပေါ့နော် ပုံစံ လုပ်ဆောင်တဲ့လူတွေပေါ်မှာလည်း သူတို့ရဲ့အတွေ့ အကြုံပေါ်မူတည်ပြီးတော့ လုပ်သွားတဲ့ဟာမျိုးလေးတွေက မျိုးစုံသွားတယ်ပေါ့နော်။ သေချာတာတစ်ခုကတော့ သင်တန်းကသူ့အဆင့်နဲ့သူ ရဲဘော်ဆိုရင် ရဲဘော်လောက်လုပ်တယ် ရာရှိဆိုရင်ရာရှိလောက်လုပ်တယ်။ အဲ့ထက်ပိုပြီးတော့ အဆင့်မြင့်တဲ့လူတွေ ဆိုရင်တော့ အဆင့်မြင့်တဲ့နည်းနဲ့ လုပ်တယ်ပေါ့နော်။ ကိုယ်အဆင့် ပြုသလို အဆင့်လိုက်တော့လုပ်တယ်။ ၁၀၀ ရာခိုင်နှုန်းတော့မလုပ်ဘူးပေါ့နော် ဥပမာအများစုက တော့အဲ့လိုမျိုးလုပ်ကြတဲ့ အခြေအနေမျိုးတွေတော့ရှိတယ်ပေါ့။

 

ဆလိုင်း ဒိုခါ၇် – ဟုတ်။ ဆရာအခုနောက်ပိုင်းဆိုရင် သက်သေအနေနဲ့ ကျွန်တော်တို့ဒီ မင်းတပ်မြို့ သိမ်းတိုက်ပွဲမှာလည်း WFP တံဆိပ်တုံးပါတဲ့ဆန်တွေ အပါအဝင် တွေ့တာရှိတယ်။ ရခိုင်ဖက်မှာလည်းတွေ့ကြတယ်။ နောက်ပြီးမှ စစ်ကိုင်းတိုင်းဘက်မှာ ကောလင်းမြို့ သိမ်း ပထမပိုင်းတုန်းကဆိုရင်လည်း ပြည်သူကိုထောက်ပံ့ရမယ့် ပစ္စည်းတွေအလုံးလိုက် ပြန်ပြီးမှသိမ်းလိုက်မိတဲ့ ဟာရှိတယ်။ ဆိုတော့ နိုင်ငံတကာ အကူအညီ ထောက်ပံ့ကြေးတွေကို လက်ပူးလက်ကြပ်နဲ့ မိလာပြီးတော့မှကို သူတို့ အလွဲသုံးစားလုပ်တဲ့ ဟာမျိုးတွေ ရှိလာတယ်။ ဒီအပေါ်မှာ ရောဆရာ့အနေနဲ့ အရင်က ဖြစ်စဉ်ဖြစ်ခဲ့တဲ့ဟာမျိုးထက် စာရင်တော့ ပိုပြီးတော့မှ တောင်အကျင့်ပျက်ခြစားမှုတွေ အလွဲသုံးစားမှုတွေ များလာတဲ့ သဘောလား။

 

ကောင်းသူဝင်း – အဲအခုအချိန်ကတော့ စစ်တပ်ကမဟုတ်တော့ဘူးပေါ့နော် ဓားပြလိုမျိုးဖြစ် နေတာပေါ့နော်။ ဥပမာ ခုနကဆန်အိတ်တွေက ပြည်သူကိုပေး ကောင်းပေးနိုင်လိမ့် မယ်ပေါ့နော် ပေးထားလိမ့် မယ်။ ပြည်သူတွေဆီ လက်ထဲရောက်နေရင်တောင် သူတို့ကဟို စစ်တပ်က ရှိတဲ့လူတွေက တံဆိပ်ကြီးကပ်ထားလည်း ကြည့်တာမဟုတ်ဘူး ပေါ့နော်။ သူတို့ဆန်တွေ ဘာတွေ ထမ်းတာဘာညာတွေဆိုရင် ဒါရဲဘော်တွေက ထမ်းရတာများတယ် ပေါ့နော်။ အဲ့တော့ဒီလိုမျိုး ဆန်အိတ်က ဒါနိုင်ငံတကာက ပေးတာလည်း မသိဘူး။ တံဆိပ်မှန်း လည်း တံဆိပ်ရဲ့အရှေ့ကောင်လည်း သိမှာမဟုတ်ဘူး ပေါ့နော်။ မသိတော့အဲ့လိုမျိုးဟာ မျိုးတွေကို ဓားပြဆန်ဆန်ပေါ့နော် ဟိုယူလာတယ်။ အဲသူတို့ စားသုံးဖို့အတွက်သူက လုပ်တယ်ပေါ့နော် အသုံးပြုတယ်။ အဲဒီလိုမျိုးဟာတွေပေါ့နော်။ တပ်ပေါင်းကိုလည်း ပြည်သူတွေဆီက မင်းတို့ဓားပြဆန်ဆန် တောင်းတာပေါ့နော် အဲ့လိုမျိုးတွေတောင်းပြီးတော့ ယူသွားတာ အခြေအနေမျိုးတွေလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကကျတော့ အဲ့လိုမျိုး ရိက္ခာကို သူတို့ကိုယ်တိုင် ထမ်းပြီးတော့ပေါ့နော် ဥပမာစစ်တပ်က ဒီမြို့တွေကိုသူက အာဏာသိမ်းပြီးတဲ့ နောက်မှာ သူတို့ရဲ့ဟိုဒီ အုပ်ချုပ်ရေးအဖွဲ့တွေလည်းသူတို့ပဲ ထိန်းချုပ်တာ ပေါ့နော်။ ထိန်းချုပ်ပြီးတော့ ဒီဆန်အိတ်တွေ ဒီဂိုဒေါင်တွေက သူတို့ရဲ့ အုပ်ချုပ်မှု အောက်ရောက် သွားမယ်ပေါ့နော်။ အဲ့တော့ လိုအပ်တဲ့အချိန် သူတို့သွားပြီးတော့ ယူစားတယ် ထုတ်စားတယ်။ အဲဒီလိုမျိုးဟာမျိုးတွေလည်း ဒါအများကြီး ဖြစ်နိုင်ပါတယ်။

 

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ဒီလိုဆိုရင်ကျွန်တော်တို့ တိုင်းပြည်လုံခြုံရေးကို လည်းတာဝန်ယူနိုင် မှုမရှိဘူး။ ပြည်သူကလည်း လက်မခံဘူးပေါ့နော်။ ပြီးတော့စီးပွားရေး ပိုင်းဆိုင်ရာလည်း တည်ငြိမ် အောင်မထိန်းနိုင်ဘူး တာဝန်မယူနိုင်ဘူး။ ပြီးတော့ ကုန်ကုန်ပြောမယ်ဆိုရင် ဒါ တကယ့် နိုင်ငံတကာအကူအညီ ကိုတောင်မှ ခိုးတဲ့အဆင့်ရောက်နေတဲ့ ဒီစစ်တပ်ကို အခုအိမ်နီးချင်း နိုင်ငံတွေက သူတို့ကိုယ်ကျိုး အတွက်ဆက်ဆံနေရတယ် ဆိုတဲ့ဟာမျိုး သုံးသပ်မှုရှိတယ်။ ဆိုတော့ ဆရာ့အနေနဲ့ စစ်တပ်ဟောင်းတစ်ဦးအနေနဲ့ ဒီလို အခြေအနေမျိုးရှိနေတဲ့ စစ်တပ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ကိုယ်ကျိုးရော နိုင်ငံတကာရဲ့ ဒီမြန်မာနိုင်ငံအပေါ်မှာ အကျိုးစီးပွားရှာချင်တဲ့ သူတွေအတွက်ရော တကယ့်နိုင်ငံအတွက် အကျိုးစီးပွား ပေးနိုင်ပါ့ မလား။ အဲ့ဒီအပေါ်မှာခြုံပြီးတော့သုံးသပ်ပေးပါဦး။

 

ကောင်းသူဝင်း – ဟုတ်ကဲ့။ မြန်မာနိုင်ငံအတွင်းမှာပေါ့နော် အိမ်နီးချင်း နိုင်ငံတွေရဲ့ ဒါရင်းနှီးမြှုပ်နှံမှု ဆိုတာကတော့ဒါအများကြီး ရှိတယ်ပေါ့နော်။ အထူးသဖြင့်တော့ ကျွန်တော်တို့ တရုတ်တို့ အဲဒီအိန္ဒိယတို့နောက် ဟိုရုရှားတို့ဘာတို့လည်း ပါသေးတာပေါ့နော်။ အဲတချို့ ဂျပန်တွေလည်း ရှိတယ်ပဲ။ ဒီလိုမျိုး ဟိုစီးပွားရေးသူတို့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီ စီးပွားရေးက အရမ်းများတယ် ပေါ့နော်။ ပမာဏများတဲ့ အခြေအနေမျိုး ရှိတယ်။ ရှိတဲ့ အခြေအနေမျိုးမှာ ဒီစစ်တပ်ကို မဖြစ်မနေထိတွေ့ဆက်ဆံမှု ကလည်းဒါ အရင်ထဲကပေါ့နော် ဟိုအာဏာ မသိမ်းခင်ထဲက ရှိလာတယ်။ ဒီလိုမျိုးဟာမှာ သူတို့က ဆက်ပြီးမလျှော့ မလျှော့နိုင်ဘူး ပေါ့နော်။ အဲနောက်တစ်ခုက ကျတော့ တစ်ဖက်က တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ဒီလိုမျိုးနေရာမျိုး တွေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့နော်။ ရှိတဲ့အတွက် ဒီသူတို့ကို နိုင်ငံတကာအနေနဲ့က အဲ့ဒါပေါ့နော် သူတို့ရဲ့အကျိုးစီးပွားရှိတဲ့ နေရာကိုတော့ ရှိတဲ့လူနဲ့ ပဲတော့ဒါထိတွေ့ ဆက်ဆံမှာပေါ့။ ဒီလိုမျိုးနေရာမျိုးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကသာ ကောင်းကောင်း အပြည့်အဝ ထိန်းချုပ်နိုင် တယ်ပေါ့နော် ဟို ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်တယ်ဆိုရင် စစ်တပ်နဲ့ မထိတွေ့ဆက်ဆံ တော့ဘဲ ဖြတ်ချလိုက်ပြီး ဒီဘက်မှာရှိတဲ့လူနဲ့ စိုက်ရုံရှိတဲ့နေရာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့ ဒီစီမံကိန်းတွေရှိ တဲ့နေရာမှာပဲ သူတို့က ဆက်ပြီးရှိတဲ့အဖွဲ့နဲ့ ပဲဆက်ဆံလို့ ရတယ်ပေါ့နော်။ အဲ့လိုမျိုးဆက်ဆံမယ့် အဖွဲ့ အခြေအနေမျိုးကလည်း အရေးကြီးတာ တစ်ခုကပေါ့နော် နိုင်ငံရေးအရ စီးပွားရေးအရ အခြားသော အမြင်မျိုးစုံနဲ့ ပေါ့နော် တည်ဆောက်ထားတဲ့ အဖွဲ့ဖြစ်ရမယ်။ ဖြစ်ပြီးတော့ ဒီအဖွဲ့မှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေက ဟိုနိုင်ငံတကာနဲ့ဆက်ဆံကော ရရင်လည်းဘယ်လို ဆက်ဆံရမလဲ။ ဥပမာ ဒီစီမံကိန်းတစ်ခုကို သူတို့အပြည့်အဝထိန်းချုပ် လိုက်ပြီဆိုရင် စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ ဘယ်လိုလုပ်ရမလဲ။ ဒီလိုမျိုးဟာတွေ အတွက်ပါ ကြိုတင်စဉ်းစားနိုင်စွမ်းပြီးတော့ လုပ်ဆောင်နိုင်တဲ့အဖွဲ့မျိုးတွေ ဆိုရင်တော့ နိုင်ငံတကာက သေချာတယ်ပေါ့နော်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက ဒီ ရှိတဲ့နေရာမှာပဲ ဆက်ပြီးတော့နေမယ် ပေါ့နော်။ အဲအဲ့လိုမဟုတ်ဘဲနဲ့ စစ်ကောင်စီကတော့ ဆက်ပြီးတော့ ထိန်းချုပ်ထားတယ် ဆိုရင်တော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာမှာ ဆက်ရှိနေတယ် ဆိုရင်တော့ သေချာတစ်ခုကတော့ စစ်ကောင်စီနဲ့ပဲ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံမယ် ပေါ့နော်။ ဒါလည်းသူတို့ရဲ့ အကျိုးစီးပွားရယ် ဒီနည်းမြှုပ်နှံထားတဲ့ ငွေတွေ ကြောင့်လည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ် ပေါ့နော်။

 

ဆလိုင်း ဒိုခါ၇် – ဆိုတော့ အဲ့လိုဆိုရင် ဒီအခုအချိန်မှာ စစ်ကောင်စီ စစ်တပ်ကိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကတော်လှန်ရေး အင်အားစုတွေက ဖြုတ်ချနိုင်တဲ့ အထိသွားကို သွားရမယ် ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့ အခါကျတော့ ဒီလိုတကယ် အောင်မြင်တဲ့ တော်လှန်ရေး ဖြစ်လာခဲ့ရင် ပြည်သူတွေသဘောထားနဲ့ပဲ တကယ့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကတော့ ပြန်လည်သုံး သပ်ရမယ့် အခြေအနေဖြစ်မှာပေါ့နော်။ အဲ့လိုဆိုရင် ဒါသူတို့ ရေရှည်အကျိုးစီးပွားရော ပြန်မထိဘူးလား။ အခုအချိန်မှာ အနည်းဆုံး တော်လှန်ရေး အင်အားစုတွေကို ထိတွေ့ဆက်ဆံမှု နဲ့ စစ်ကောင်စီကိုထိတွေ့ဆက်ဆံမှုကို နိုင်ငံတကာ အနေနဲ့ ချိန်ခွင်ညှိပြီးတော့မှ မလုပ်သင့်ဘူး လား ပေါ့နော်။ အဲ့ဒီအပေါ်မှာ နည်းနည်းသုံးသပ် ပေးပါဦး။

 

ကောင်းသူဝင်း – သေချာတစ်ခုကတော့ စစ်ကောင်စီကို အခုတတ်နိုင်သမျှပေါ့နော်၊ တဖြည်းဖြည်း ချင်းစီ လုပ်ယူလာတဲ့ အနေအထားမျိုးပေါ့နော်။ ဒီ ၂၀၂၁၊ ၂၂ မှာ စလုပ်တဲ့ sanction တွေက သိပ်မသိသာဘူးလို့ ထင်ပေမယ့်ပေါ့နော်၊ နောက်ပိုင်းနှစ်တွေကြာလာရင် အခု ၂၀၂၄၊ ၂၅ ရောက်လာတဲ့အချိန်မှာ စစ်ကောင်စီအတွက် ဒေါ်လာငွေရှားပါးမှုတို့၊ တခြားသော ပြဿနာတွေပေါ့နော်၊ အဲဒီလိုမျိုး နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေ၊ အဲဒီလိုမျိုး ဟာတွေမှာ တဖြည်းဖြည်းအောက်ရောက်လာ၊ ရောက်လာတယ်ပေါ့နော်။ ဒီလိုမျိုး တစ်ချိန်ထဲမှာပဲ ဒါ ရှိအနေအထားဖြစ်ပေါ်နေတာ စစ်ကောင်စီကတော့ သူ့အငြိမ်ကတော့ တဖြည်းဖြည်း အောက်ဆင်းလာတယ်။ ဒီတော်လှန်ရေးအဖွဲ့တွေပေါ့နော်၊ အဖွဲ့တွေမှာ ဆိုလည်း ဒါခက်တာ လူထုအခြေပြု ဒေသအလိုက်ရှိတဲ့ အခါမျိုးတွေမှာ တဖြည်းဖြည်းတော့ ဟို သက်ဆိုင်ရာအဖွဲ့တွေကို မြှင့်တင်ပေးတဲ့ သဘောမျိုးရှိတယ်ပေါ့နော်။ ဥပမာ ရခိုင်ဆိုလည်း ရခိုင်ဘက်ပေါ့နော်။ ဒီ ကရင်ဆိုလည်း ကရင်ဘက်ပေါ့နော်။ KNU ဆိုလည်း KNU သူ့ရဲ့ဟာမျိုးလေးတွေက သက်ဆိုင်ရာ သွားတဲ့ပုံစံလေးတွေကတော့ ဟို အတက်အရိပ်ပြ တယ်ပေါ့နော်။ ဟိုဟာကျတော့ အောက်ကိုဆင်းတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကောင်းမွန်တာ ကတော့ လက်ရှိအနေအထားမှာ သူတို့ လက်ရှိရှိတဲ့နေရာပေါ့နော်၊ သူတို့ရဲ့ဒီ စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲတဲ့ နယ်မြေ၊ တည်တံ့ခိုင်မြဲတဲ့ နေရာအတွက်နဲ့ ဒီ သင့်တင့်ကိုက်ညီတဲ့ ဟာမျိုးကို အဲ ခုတစ်ချိန်အတွက်ပဲ မကြည့်ဘဲနဲ့ ရေရှည်ဖြစ်လာနိုင်တဲ့ နောက်ထပ် ၅ နှစ်လား၊ ၁၀ နှစ်လား ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေကို ဒါ ကြိုတင် စဉ်းစားပြီးတော့ ပေါ့နော်။ စဉ်းစားတဲ့အချိန်မှာလည်း စစ်ရေးအရ၊ စီးပွားရေးအရပေါ့နော်၊ လူမှုရေးအရ တွေကအစ ပေါ့နော်၊ ဒီလိုမျိုးစုံတွေ ကြိုတင်စဉ်းစားပြီးတော့ လုပ်တော့မှသာ ဒါ ပိုပြီးတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက တည်တံ့နိုင်မယ်။ နောက်ပြီးတော့ စစ်ကောင်စီ လက်အောက်မှာ မရှိတော့တဲ့ စီမံကိန်းတစ်ခုပေါ့နော်။ အဲဒီလိုမျိုးဟာမျိုးကို ဟို ပြတ်ပြတ် သားသား ပေါ့နော် ရှိတဲ့အဖွဲ့၊ ရှိတဲ့နေရာကို သွားပြီးတော့ ထိတွေ့ဆက်ဆံမှုတွေလည်း ဒါ ရဲရဲတင်းတင်း လုပ်ဖို့လည်း လိုအပ်ပါတယ်။

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့ ကျွန်တော် အိန္ဒိယဘက်ကို နည်းနည်းလှည့်ချင် ပါတယ်။ ဆိုတော့ အိန္ဒိယဘက်က အခု ကျွန်တော်တို့ ခြုံပြောရမယ်ဆိုရင် တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေနဲ့ နိုင်ငံရေးအကျိုးစီးပွား ထပ်တူကျတယ်လို့ အကြမ်းဖျင်း ဆိုလို့ရပါတယ်။ ပထမဆုံး ကျွန်တော်တို့ အခုချိန်ထိ တရုတ်လက်ကိုင်တုတ် ပုံစံမျိုးဖြစ်နေတဲ့ စစ်တပ် institution ကြီးကိုဖြိုပြီးတော့မှ မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှုဟာမျိုး မကြီးသွား အောင်၊ တကယ့်လွတ်လပ်တဲ့ တိုင်းပြည် ကြားနေမှုဝါဒကိုင်ပြီးတော့မှ နေချင်တဲ့ တော်လှန်ရေး အင်အားစု ဖြစ်တယ်။ ဒါဟာဆိုရင်တော့ တကယ့် အိန္ဒိယက ဒေသတွင်းတရုတ် လွှမ်းမိုးမှုကို ရင်ဆိုင်နေရတဲ့ဟာနဲ့ဆို တစ်ထပ်တည်းကျတဲ့ နိုင်ငံရေးရည်မှန်းချက်လို့၊ ဒေသတွင်း လုံခြုံရေး ရည်မှန်းချက်လည်း ဖြစ်တယ်လို့ ကျွန်တော်တို့ဆိုလို့ ရတယ်။ တစ်ဖက်မှာ လည်း ကျွန်တော်တို့ သွားချင်တာ Federal Democracy အခု အိန္ဒိယဆိုရင် ဒေသတွင်းမှာ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ သူအင်အားကြီးလို့သာ ရင်ဆိုင်လို့ရတာ။ ဆိုတော့ အခု မြန်မာပြည်ကသာ ဒီမိုကရေစီဖြစ်လာတယ်ဆိုရင် အိန္ဒိယနဲ့မြန်မာ ဆက်ဆံရေးက တကယ့် အိန္ဒိယအတွက်လည်း အကျိုးရှိလာမဲ့ အနေအထားဖြစ်တယ်။ အဲ့လိုဖြစ်တဲ့ဟာ ကျွန်တော်တို့ မြင်ယောင်လို့ရ သော်ငြားလည်း ပဲပေါ့နော်။ အိန္ဒိယအနေနဲ့ ဆိုရင် အခုချိန်မှာ စစ်ကောင်စီနဲ့ကိုပဲ ဗဟိုအစိုးရက တရားဝင် ဆက်ဆံမှု လုပ်တဲ့ဟာမျိုး ပိုများတယ်။ တခြားစီးပွားရေး ကဏ္ဍဟာမျိုးမှာဆို နိုင်ငံတကာ sanction တွေကြောင့် ဒေါ်လာအခက်အခဲကြုံနေတဲ့ စစ်ကောင်စီကို ရူပီးနဲ့ကျပ် တိုက်ရိုက်ကုန်သွယ်မှု လမ်းဖွင့်ပေးခြင်းအားဖြင့် အများကြီး အသက်ရှူချောင်စေတဲ့ ဟာမျိုးတွေကအစ ပေါ့နော်။ sanction လုပ်ရမဲ့အစား တကယ့်ကူညီနေသလိုဖြစ်နေတဲ့ လုပ်ဆောင်ချက်တွေ အများကြီး အများကြီး ရှိနေတယ်။ ဆိုတော့ စစ်ကောင်စီနဲ့ အိန္ဒိယ ဆက်ဆံနေရတာက တကယ် အိန္ဒိယအတွက် အကျိုးရှိနေတယ်လို့ မြင်လားဆရာ။

 

ကောင်းသူဝင်း – ဒါ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုရမယ်ပေါ့နော်။ ဒီကုလားတန် စီမံကိန်းရဲ့ လက်ရှိအနေအထားမှာ စစ်တွေကလွဲလို့ပေါ့နော်၊ ကျန်တဲ့ကိစ္စတွေ အကုန်လုံး နီးပါးက ဒါ ရက္ခိုင့်တပ်တော် AA က ထိန်းချုပ်ထားနိုင်တဲ့အနေအထားမျိုးပေါ့နော်။ ဒါပေမဲ့ စစ်တွေလို မျိုးပေါ့နော်၊ ဒီဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ အဓိကလည်း ဖြစ်တဲ့နေရာမျိုး ကိုတော့ ဒါ စစ်ကောင်စီက အခုချိန်ထိ မရပ်မနား ထိန်းချုပ်ထားတဲ့ အနေအထားမျိုးကို တွေ့တယ် ပေါ့နော်။ ဘယ်လောက်ပဲ ဖြစ်ဖြစ်နေဆိုပြီးတော့ ဒီမြို့ကိုမကျအောင် ဆိုပြီးတော့ ထိန်းချုပ်ထားတဲ့ အနေအထားမျိုးပေါ့နော်။ ဒီရခိုင်မှာဆို နောက် စစ်တွေနဲ့ ဒီကျောက်ဖြူ လိုမျိုး စီမံကိန်းရှိတဲ့ နေရာမျိုး နှစ်ခုကိုပေါ့နော်၊ မဖြစ်မနေ ထိန်းသိမ်းထားတယ်ပေါ့နော်။ ကျောက်ဖြူတော့ ထားလိုက်ပေါ့နော်၊ ဒါတရုတ်နဲ့ဆိုင်တဲ့ အနေအထားမျိုးပေါ့နော်။ ကျွန်တော်တို့ အိန္ဒိယအပိုင်းကို ပြောမယ်ဆိုရင် ဗဟိုအစိုးရအနေနဲ့ပေါ့နော်၊ ပိုပြီးသိသင့်တာ ဒီအရှေ့မြောက် ဒေသမှာရှိတဲ့ ပြည်နယ်တွေပေါ့နော်။ နာဂလန်း၊ ဒီ မီဇိုရမ်၊ ဒီ မနိပူ ပေါ့နော်။ ဒီလိုမျိုး ပြည်နယ်တွေမှာက ယေဘုယျအားဖြင့် ဒီမြန်မာနဲ့ကို ဒီ culture လည်း တူတယ် ပေါ့နော်။ ဟို ထိတွေ့ဆက်ဆံမှုတွေကလည်း အများကြီးရှိတယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ ဒီဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေကလည်း ပေါ့နော်၊ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေ၊ အနေအထားမျိုးမှာဆိုရင် မြန်မာနိုင်ငံသားတွေနဲ့ သူတို့ ထပ်တူခံစားပြီးတော့ မြန်မာနိုင်ငံသားတွေကို ကူညီတဲ့အပိုင်းတွေ အများကြီးရှိနေတဲ့အနေအထားမျိုးကို ဒါ ဗဟိုအစိုးရ အနေနဲ့ သေချာသိဖို့ လိုအပ်တယ်ပေါ့နော်။ ဗဟိုအစိုးရက ဒီဝေးနေတဲ့ အတွက် ပေါ့နော်၊ ဒီဘက်က နယ်စပ်မှာဖြစ်နေတဲ့ ဟာမျိုးတွေကို မျက်ကွယ်ပြုမထားသင့်ဘူး၊ နောက်ပြီးတော့ ဒီမြန်မာနိုင်ငံမှာရှိတဲ့ ဒီအကျိုး၊ သူတို့ရဲ့ အကျိုးစီးပွားတွေ ဆိုတာလည်း မြန်မာအချိန် မရွေးပေါ့နော်၊ ဒီစစ်ကောင်စီလက်ထဲကနေ တော့ပေါ့နော်၊ ဒီ ရက္ခိုင့်တပ်တော် AA လက်ထဲကို ရောက်သွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီအတွက် သူတို့ အဲ့တော့ ဒီဗဟိုအစိုးရအနေနဲ့ လက်ရှိအနေအထားမျိုးမှာ လုပ်သင့်တာက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုပေါ့နော်၊ အဲ့ဒါကို တဖြည်းဖြည်းလျှော့သင့်တယ်။ အထူးသဖြင့် မနိပူလို လမ်းကြောင်းတွေမှာ ဒီစစ်ကောင်စီ တမူးပေါက်ကိုသွားနေတဲ့ လမ်းကြောင်းတွေကို အရင်တုန်း ကဆို ဒါကျွန်တော်တို့ ဒီစစ်ရေးပြအတွက် မြင်းတွေပို့တာတို့၊ လက်နက်ခဲယမ်း ပေါ့နော်၊ အဲ့လိုမျိုးပို့တာဟာ ဒီလိုမျိုးဟာတွေက လုံးဝကိုမလုပ်သင့်တော့တဲ့ အနေအထား မျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ဗဟိုအစိုးရအနေနဲ့ သူတို့ရဲ့မူဝါဒတွေပေါ့နော်၊ မူဝါဒတွေကို ချမှတ်ထားတဲ့ ဒါတွေကို လက်ရှိအနေအထားမျိုးမှာ စစ်ကောင်စီနဲ့ သူတို့အကျိုးစီးပွား ဘယ်လောက်ရှိဦးမလဲ။ ရှိတဲ့ဟာမျိုးလေးတွေကို တဖြည်းဖြည်းချင်း စီပေါ့ နော်၊ ဖြစ်လာနိုင်တဲ့ ဟာမျိုးကို ရေရှည်ကိုကြည့် ကြည့်ပြီးတော့ လျှော့သင့်တာလျှော့ ပေါ့နော်။ ဟို ဖြစ်သင့်တာ ထိတွေ့ဆက်ဆံမှုကိုလျှော့။ အထူးသဖြင့်တော့ စစ်ကောင်စီကို ထောက်ပံ့ ဖြစ်စေနိုင်တဲ့ ဆက်လက်နဲ့ပစ္စည်းနဲ့ ဆိုင်တဲ့ဟာမျိုးတွေ ဒီလိုမျိုးဟာတွေကို လုံးဝမလုပ်တော့နဲ့ ပေါ့နော်၊ မပေးတော့နဲ့။ စာချုပ်တွေဘာတွေ ရှိရင်လည်း ဒါဖျက်သိမ်းတဲ့ အနေအထားမျိုး တွေပေါ့နော်။ အကြောင်းရင်းတွေ ကတော့ ပြလို့ရပါတယ်။ အခုချိန်မှာ စစ်ကောင်စီ လုပ်နေတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာက အများကြီး၊ ဟို အိန္ဒိယဗဟို အစိုးရအနေနဲ့လည်း ဒါသိပါတယ်ပေါ့နော်။ ဒါ မသိချင်ယောင်ဆောင်နေတာ ဖြစ်ရင်ဖြစ်မယ် ပေါ့နော်။ ဟို မသိဘဲနဲ့ တော့ မနေဘူးပေါ့နော်။ သိတော့သိမယ်။ ဒါမပြောတာ ပဲရှိမယ်ပေါ့နော်။ အဲ့လိုမျိုးဟာတွေကို ဒါ ရဲရဲတင်းတင်းထုတ်ဖော်ပြီးတော့ ပြောသင့်တယ်။

 

ဆလိုင်း ဒိုခါ၇် – ဆိုတော့ အခုရှမ်းမြောက်ဖက်မှာဆိုရင် တရုတ်ရဲ့သူ့ကိုယ်ကျိုးအတွက် ကစားတဲ့ နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို လည်းသူထောက်ပံ့ ပေးတယ်။ စစ်ကောင်စီကို လည်းထောက်ပံ့ပေးတယ်။ ပေါ်တင်ကြီးပဲဆက်ဆံတယ်။ နှစ်ဖက်လုံးကိုပေါ့။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ကျိုးကိုပဲ focus ထားတယ်ပေါ့နော်။ တစ်ဖက်မှာအိန္ဒိယအနေနဲ့ သူနဲ့နယ်စပ် ဒေသပိုင်းကို မျက်ကွယ်ပြုသလို လုပ်နေဆဲဖြစ်တယ်ပေါ့နော်။ ဒီသူတို့က ဒီလိုမျက်ကွယ် ပြုရမယ့်အစား အနည်းဆုံးဒီလို ဟာမျိုးတွေကူညီတယ်ဆိုရင် သူစစ်ကိုင်းတိုင်း ဧရိယာတွေ ချင်းပြည်နယ် သူ့နေစပ်ဒေသတွေကို အိန္ဒိယနဲ့ ဆက်ဆံရေးကောင်းတဲ့ လက်နက်ကိုင် အုပ်စုတွေက ထိန်းချုပ်လာပြီးတော့မှ အိန္ဒိယရဲ့အခုသူစိုးရိမ်နေတဲ့ ဒါနယ်စပ် လုံခြုံရေး ကိစ္စဟာမျိုး မူးယစ်ဆေးဝါးကိစ္စဟာမျိုး သူ့ရဲ့ဒီအခုလုံခြုံရေးကိစ္စ စိုးရိမ်ချက်တွေ ကိုလည်း ခြံစည်းရိုးကာတဲ့ဟာ မျိုးနဲ့ဖြေရှင်းလိုက် စကစနဲ့ကိုပဲ ဆက်ဆံမှုလုပ်လိုက် ဒါက သူတဖြည်းဖြည်းနဲ့ တရုတ်ရဲ့ကိုယ်ကျိုးကို သယ်လာတဲ့အင်အားစုတွေက မန္တလေး တောင်ရောက်ရင် ရောက်တော့မယ်။ ဒီရန်ကုန်တောင်ရောက်ရင် ရောက်တော့မယ်။ အဲ့ဒီအချိန်မှာသူက အနည်းဆုံးဒီနေဆက်ကို တောင်မကျော်ဘဲနဲ့ သူဖြစ်နေသေးတဲ့ဟာတွေက အဆင်ပြေရဲ့လား။ ဘယ်လိုမြင်သလဲ။

 

 

ကောင်းသူဝင်း – အိန္ဒိယအနေနဲ့က ပြဿနာပေးနေတဲ့ဟာဆိုရင် ဒါဒီမူးယစ်ဆေးဝါးပေါ့နော်။ ဒါမြန်မာနိုင်ငံက ဝင်တဲ့မူးယစ်ဆေးဝါးက အိန္ဒိယဒီ အရှေ့မြောက်တင် မဟုတ်ဘူးပေါ့နော်။ အိန္ဒိယပြည် မကြီးအထိတောင် ဝင်တဲ့အနေအထားမျိုး ရှိတယ်။ အဲဒီလိုမျိုးဟာတွေကိုဒါ ထိန်းချုပ်ဖို့ အတွက်ဆိုရင် မြေပြင်မှာရှိနေတဲ့အဖွဲ့တွေ အိန္ဒိယနယ်စပ်မှာ ဆိုရင်ဒါ စစ်ကောင်စီ တပ်စခန်း ဆိုလို့ ဒါတမူးလောက်မှာပဲ ရှိရင်ရှိတော့မယ်ပေါ့နော်။ အဲဒီလိုမျိုးကျန်တဲ့ နေရာတွေ အကုန်လုံးက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နေပြီပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထဲမှာမှ ပေါ့နော် ဒီထိတွေ့နိုင်တဲ့အဖွဲ့တွေ ပေါ့နော် ချိတ်ဆက်ပြီးတော့ ဒီမူးယစ်ဆေးဝါး ကိစ္စအတွက် မြန်မာပြည်ကအန္တရာယ်မျိုးကို သူထိန်းချုပ်ချင်တယ်။ မြေပြင်မှာရှိတဲ့အဖွဲ့တွေ အာဏာကို ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံသင့်တယ် ပေါ့နော်။ နောက်ပြီး တော့ မြန်မာနိုင်ငံရဲ့ အတွင်းထဲက ဒေသတွေမှာ စစ်ရေးအရ သူတို့အနေနဲ့ ဟိုထိန်းချုပ်မှုလာ နိုင်တဲ့ အခြေအနေမျိုးတွေကလည်း ဒါတော်လှန်ရေးတပ်ဖွဲ့တွေ ကတဖြည်းဖြည်း များလာပြီ ပေါ့နော်။ ဒီအိန္ဒိယနယ်စပ်မှာ ရှိတဲ့ဟာ ရခိုင်ကစပြီးတော့ ပေါ့နော် ဒီဘက်ကချင်းတွေပေါ့နော် ပြီးရင် တမူးပေါ့နော် အဲတမူးလောက်ကို လောက်ထိဖြစ်ပြီဆိုရင် ရှိသမျှဟာတွေအကုန်လုံးက ဒါတော်လှန်ရေး တပ်ဖွဲ့တွေပဲ ထိန်းချုပ်တယ်။ ခုနကပြောတဲ့စီမံကိန်း သူတို့ရဲ့စီမံကိန်းတွေ ပေါ့နော် အောင်မြင်ဖို့တွေအတွက် ဒီတရုတ်ရဲ့ဒေသအတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ဖို့ အတွက်ဆိုရင်တော့ သူတို့အနေနဲ့ ဒါရှေ့ဆက်ပြီးတော့ပေါ့နော် တော်လှန်ရေး အဖွဲ့တွေကို ကူညီပေးတာတွေ ထောက်ပံ့ပေးတာတွေ နောက်ပြီးတော့ ချိတ်ဆက်ပူးပေါင်း ပြီးတော့ ပေါ့နော် အရာရာတိုင်းမှာ လုပ်ဆောင်သင့်တဲ့ဟာမျိုးတွေ ကိုတော့ လုပ်ဆောင်သင့် တယ်။

 

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ဒီနောက်ဆုံးအနေနဲ့ ဆရာသုံးသပ်စေချင်တာက ဒီတစ်ဖက်မှာ တော်လှန်ရေး အင်အားစုတွေ အားနည်းချက်တစ်ခု ပြောတော့မှ ဒီအကွဲအပြဲ တွေဖြစ်နေတဲ့ ဟာကို နိုင်ငံတကာကလည်း ထောက်ပြမှုတွေရှိတယ်။ ဒီအပေါ်မှာ တော်လှန်ရေး မအောင်မြင်မှာကို စိုးရိမ်တဲ့ပုံစံမျိုးနဲ့ သုံးသပ်တာတွေရှိတယ်။ စစ်ကောင်စီဖက်ခြမ်းမှာ ပြန်ကြည့်မယ် ဆိုရင်လည်း အင်အားကောင်းလာတာ မဟုတ်ဘူး အင်အားချိနဲ့သွား သွားလို့ ဒီတကယ့်ကို စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မလုပ်ပြီးတော့မှ ဖမ်းဆီးပြီးမှလူအား တည်ဆောက် နေတဲ့ ကာလဖြစ်တယ်။ သူလူအားအသစ်တည်ဆောက်ထားတဲ့ ဟာဆိုလည်း ဒါ CDM တွေပြန်ဝင်ပြီးတော့မှ ပြည်သူနဲ့ ပြန်ပူးပေါင်းတာရှိသလို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင် သမျှကိုနိုင်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဆိုတော့ အားနည်းချက်ကို နှိုင်းယှဉ်ပေး ကြည့်ပါဦး နိုင်ငံတကာ ပိုပြီးတော့မှ နားလည်အောင် ဘယ်သူ့မှာ အားသာချက်ပိုများပြီးတော့ ဘယ်သူ့မှာ အားနည်းချက် ပိုများသလဲပေါ့။

 

ကောင်းသူဝင်း – ဟုတ်ကဲ့။ ဟိုဒီစစ်ကောင်စီရဲ့ အားသာချက်ပြောရမယ် ဆိုရင်တော့နော် ကျွန်တော်တို့ စစ်ကောင်စီက လက်ရှိအချိန်အထိပေါ့နော် သူတို့က Chain of command တစ်ခုတည်း ရှိတယ်ပေါ့နော်။ ဘယ်ပြည်နယ် ဘယ်တိုင်းတွေမှာပဲရှိရှိ ဘယ်တပ်တွေပဲဖြစ်ဖြစ် နည်းလမ်းလေး အကုန်လုံးကိုသူက အဆင့်ဆင့်ပေါ့နော် ဟိုတပ်ရင်းတွေရှိမယ် ဗျူဟာတွေ ရှိမယ်။ တပ်မတွေရှိမယ်ပေါ့နော်။ တပ်မရဲ့တကတတွေရှိမယ်။ အဲနောက်ပြီးတော့ တိုက်စစ် ဌာနချုပ် ပြီးနောက်ဆုံးက နေပြည်တော်ကနေတော့ အကုန်လုံးပေါ့နော် ဒီ Chain of command ပေါ့နော်။ လေကြောင်း တပ်ဖွဲ့ပဲဖြစ်ဖြစ် ဒီလို Chain of command ကို သူကတစ်ခုတည်းနဲ့ လုပ်နိုင်တယ်ပေါ့နော်။ ဒီနေရာမှာနေပေနဲ့ ဒီဥပမာရခိုင်ကိုသွားဆိုရင် ခိုင်းလို့ ရတဲ့အခြေအနေမျိုးတွေ လူရှိရှိမရှိရှိပေါ့နော်။ အမိန့်ပေးလိုက်ရင် အောက်ကလူတွေက နိုင်နိုင် မနိုင်နိုင် ရောက်ရောက်မရောက်ရောက် သွားကိုသွားရမယ်ဆိုတဲ့ဒီ Chain of command ကကောင်းကောင်း တစ်ခုရှိတယ်။ နောက်ထပ်သူ့ရဲ့ အားသာချက်က လက်ရှိ လေတပ်က အချိန်မရွေး ဗုံးကြဲနိုင်တဲ့ အခြေအနေမျိုးတွေရှိမယ်။ လူတွေကိုလည်း အလွယ်တကူ ပို့နိုင်တဲ့ဒီ ရဟတ်ယာဉ်လိုမျိုးပေါ့နော် ဟိုရောက်တာ မရောက်တာထား။ ဒါပေမဲ့ပို့နိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။ သူတို့အတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဆက်တိုက်ထုတ်ပေးနေတဲ့က ပစလိုမျိုးတွေရှိတယ် ပေါ့နော်။ အဲဒီလို မျိုးတွေကသူ့ရဲ့ အဓိက အားသာချက်ဖြစ်နေပြီးတော့ သူ့မှာလူအင်အား ဘယ်လောက်နည်းနည်း သူ့ရဲ့ထိန်းချုပ်မှု ထဲမှာ ရှိတဲ့လူတွေကို စစ်တပ်ထဲ ဆွဲသွင်းပြီးတော့ ပေါ့နော် ဥပမာသုံးလ လောက်သင်တန်းပေး စစ်သားဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့နော်။ သေနတ်ကိုင်ပြီးတော့ သေနတ်ပစ်တတ်ရင်ရပြီပေါ့နော် ဘယ်ဘက်ပဲဖြစ်ဖြစ်ပေါ့နော် မိုးပေါ်ပဲ ထောင်ပဲပစ်ပစ် မြေကြီးပဲပစ်ပစ်ပေါ့နော် ကြိုက်တဲ့ နေရာပစ် အဲ့လိုမျိုး လူမျိုးတွေတောင် ထည့်ထည့်ပြီးတော့ ပေါ့နော် သူကသူ့ရဲ့အင်အားကို လုပ်နိုင်တဲ့ဟာ အဓိကသူ့ရဲ့ အားသာချက်ပေါ့နော်။ တော်လှန်ရေးအဖွဲ့တွေကကျတော့ ဒီ Chain of command ကောင်းကောင်းနဲ့ သွားနိုင်တာ အရမ်းခက်တယ်ပေါ့နော်။ ဥပမာ Chain of command ကောင်းကောင်းနဲ့ သွားနိုင်တာဆိုရင် ဒီမြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တွေမှာ ဆိုရင်လည်း ဒီလို Chain of command နဲ့ တစ်ခုတည်းလုပ်ပြီးတော့ ထိုးစစ်ဆင်တဲ့မြို့တွေ ဟာတွေ အဲဒီလိုမျိုးဟာတွေ မျိုးဆိုရင် မြို့တွေတပ်တွေစခန်းတွေဆိုရင် သူတို့အောင်မြင်စွာ လုပ်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ဒါတွေ့ပြီးသွားပြီပေါ့နော်။ အဲ့တော့ ဒီရခိုင်မှာဆိုရင်လည်း ဒါပိုပြီးတော့ သိသာတယ်ပေါ့နော်။ သူတို့ရဲ့ ကွပ်ကဲမှု ဒီလိုမျိုးဟာတွေ ဒါပေမဲ့အဖွဲ့အစည်းတွေ အရမ်းများတဲ့ နေရာမျိုးတွေမှာ ကျတော့ ထင်သလောက် မဖြစ်သွားနိုင်ဘူး ပေါ့နော်။ ခုနက ပြောတဲ့ဟို EAOတွေ လိုမျိုးကောင်းကောင်း မသွားနိုင်ဘူး။ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ အားသာချက်က စစ်ကောင်စီလိုမျိုး နယ်မြေကို ကန့်သတ်ထားပြီးတော့ နေရတဲ့ အခြေအနေ မျိုးမဟုတ်ဘူးပေါ့။ သူက လွတ်လွတ်လပ်သွားနိုင်တယ်။ တစ်နေရာနဲ့ တစ်နေရာကို လျင်လျင်မြန်မြန် သွားနိုင်တယ်။ စစ်တပ်လိုမျိုးပေါ့နော် အမိန့်ရမှသွားရတာ မဟုတ်ဘူး ပေါ့နော်။ သူ့ဟာသူ အောက်ကနေတော့ အဖွဲ့လေးတွေကသိတော့ ချက်ချင်း သွားလာ လုပ်ကိုင်နိုင် တယ်ပေါ့။ အဲ့လိုမျိုးလေးတွေ ကျတော့လည်း တပ်ရဲ့သွားလာနေတဲ့ ယာဉ်တန်းတွေ အဲဒီ စခန်းသိမ်းတာတော့ မဟုတ်ဘူးပေါ့နော် ဒီသူတို့သွားလာနေတဲ့ ယာဉ်တန်းတွေ ဒီထောက်ပို့ လမ်းကြောင်းတွေ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဒါအများကြီး ဖြုတ်ချနိုင်တဲ့ အခြေအနေမျိုး တွေရှိတယ်။ နောက်တစ်ခုကကျတော့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အဓိကအားသာချက်က ဒီမြန်မာပြည်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုက အများဆုံးရထားတယ် ပေါ့နော်။ ဥပမာတိုင်းရင်းသားတွေ ဆိုရင် တိုင်းရင်းသား ဒေသမှာ ရှိတဲ့အဖွဲ့တွေရဲ့ ထောက်ခံမှုကို အများကြီးရတယ်။ စစ်ကောင်စီကို ဘယ်သူတိုက် တိုက်တိုက်ရင် စစ်ကောင်စီဒုက္ခရောက်အောင် စစ်ကောင်စီကျရှုံးအောင် တိုက်နေတဲ့ အဖွဲ့ဆိုရင်ပေါ့နော် အထူးသဖြင့် အားပေးတယ်ပေါ့နော်။ အားပေး အားမြှောက်မှု တွေလည်း လူထုအနေနဲ့ တတ်နိုင်သမျှ ကူညီပေးနေတဲ့အခြေအနေ မျိုးတွေလည်း ပေါ့နော်။ နောက်ဆုံး ဟောရင်တော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွအောင်ကူညီ ပေးတယ်ပေါ့နော်။ ဥပမာ ဒီကျွန်တော်တို့ ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတယ်ဆိုရင်တောင် ဒီလိုမျိုးအခြေအနေ မျိုးတွေ တွေ့ရတယ် ပေါ့နော်။ စစ်ကောင်စီမှာ ဒါဒီနိုင်ငံဘဏ္ဍာငွေ ဒါမဟုတ်ဘဲနဲ့ပေါ့နော် သူတို့ရဲ့ ဘတ်ဂျက်တွေ ပိုက်ဆံတွေမရှိတဲ့အချိန် နောက်ပြီးတော့ ဒီနိုင်ငံတကာပစ္စည်းတွေ စက်ပစ္စည်းတွေ မဝယ်ရရင်တောင် ပေါ့နော် ဒီသူတို့ကို သက်ဆိုင်ရာဆက်စပ် ပစ္စည်းတွေ ပေါ့နော် ဟိုထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဥပမာလက်နက်ခဲယမ်း ပြင်ရတဲ့စိတ်ပိုင်း တွေ ဒီလိုမျိုးဟာတွေကို ဒါဝယ်ဖို့အတွက်သူတို့မှာ ပိုက်ဆံမရှိတော့ဘူး ဆိုတဲ့အခြေအနေမျိုး ဆိုရင် ဒီနိုင်ငံတကာက ပိတ်ဆို့မှုသာပေါ့နော် လုံးဝနိုင်ငံတကာ မြန်မာနိုင်ငံအတွင်းပေါ့နော် ပိုက်ဆံတွေ မရောက်တော့ဘူးဆိုရင် စစ်ကောင်စီကသူ့ အလိုလိုတိုက်စရာ မလိုဘဲနဲ့ အင်အား ချိနဲ့သွားမှာ ပေါ့နော်။ ဘာမှမလုပ်ရတော့ ဘူးပေါ့နော် ဒီပြည်သူလူထုဆီက ဘယ်လောက်ဘယ် လောက်အခွန်တွေပဲ တောင်းတောင်းပေါ့နော်။ အချိန်ကြာရင်တော့ သူတို့အတွက် နိုင်ငံခြား ဝင်ငွေ မရှိတော့ဘူးဆိုရင် စစ်ကောင်စီကတဖြည်းဖြည်း ဟိုအင်အားက တဖြည်းဖြည်း ယုတ်လျော့ဆုံးရှုံးသွားမှာပေါ့။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေမှာ ကျတော့ကျွန်တော်တို့က ဒီအဲ့လိုမျိုးပေါ့နော် ဘတ်ဂျက်တွေမှာ အခက်အခဲရှိတယ်။ လက်နက်ခဲယမ်းတွေမှာ ဆိုရင်လည်း အခက်အခဲတော့ရှိတယ်ပေါ့နော်။ အားသာချက်က တော့ပြည်သူလူထု တစ်ရပ်လုံးရဲ့ ထောက်ခံမှုကိုရတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ အကြောင်း အရင်း တစ်ခုကလည်း တော်လှန်ရေးကို အောင်မြင်နိုင်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်စေတယ် ပေါ့နော်။ တော်လှန်ရေး တပ်ဖွဲ့တွေ ဘယ်အဖွဲ့ပဲ ဘယ်အဖွဲ့ပဲဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော် နောက်ဆုံး စစ်ကောင်စီကို တိုက်ထားရင် အကုန်လုံးကအားပေးတဲ့အတွက် တော်လှန်ရေးရောက်တယ်။ နောက်တစ်ခုက တော်လှန်ရေး တပ်ဖွဲ့တွေမှာ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ဒီ ပီဒီအက်ဖ်တွေပဲ ဖြစ်ဖြစ်ပေါ့နော် စစ်ရေးအရကျွန်တော်တို့လူငယ်တွေက စစ်ကောင်စီကိုမကြိုက်လို့ တွန်းလှန်မှုအတွက် ပေါ့နော် ကိုယ်တိုင်စစ်တပ် စစ်တပ်ကို တော်လှန်ချင်လို့မှာ မတရားမှုကို တော်လှန်ချင်လို့ ဆိုပြီးတော့ စစ်တပ်ထဲဝင်လာတဲ့အတွက် သူတို့ဆီမှာ စစ်ကောင်စီကရ နေတဲ့လူတန်းစားလိုမျိုး မဟုတ်ဘူးပေါ့နော်။ စစ်ကောင်စီကတော့ မဖြစ်မနေ ဟိုဆွဲကုတ်တဲ့ အောက်က ပညာမတတ်တဲ့အဆင့် မျိုးလည်းပါတယ်ပေါ့နော်။ ဆယ်တန်း မအောင်တတ် တဲ့လူတွေ ခုနကကြိုးစားနေလည်းပါတယ်။ ဒါပေမဲ့တော်လှန်ရေး တပ်ဖွဲ့တွေထဲမှာကျတော့ ဟိုပညာတတ်တွေ အများကြီး ပါတယ်ပေါ့နော်။ ဒီပညာတတ်တွေ အများကြီးပါတယ်။ အဲ့လိုပါတဲ့ အတွက်လည်း ကြိုးစားလေ့လာပြီးတော့ တီထွင်မှုတွေအရ ပေါ့နော် ဥပမာဒရုန်းတွေ ပေါ့နော်။ ဒရုန်းတွေဆိုလည်း ဒါတော်လှန်ရေးစနေရော လက်ရှိ အဆင့်အထိ တဖြည်းဖြည်း တဆင့်နဲ့ တဆင့်ပေါ့နော် အဆင့်မြင့်လာတဲ့ အခြေအနေမျိုးတွေ ပေါ့နော်။ ဒီသူတို့ ထွင်လာတဲ့ အခြေအနေမျိုးတွေ တွေ့ရတယ်။ ဟိုလက်နက်ခဲယမ်းတွေဆို လည်းပေါ့နော် ကိုယ်တိုင်ပေါ့နော် ဟိုယူကြည့်တာတို့ ဒီ online ကရှာတာတို့ အဲ့လိုမျိုးနဲ့ ကိုယ်တိုင် ပြုလုပ်တဲ့ နော်ဒီလက်နက်ခဲယမ်းတွေ ပါထွင်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ဒါကတော့ အကုန်လုံးတော့ စုစည်းပြီး လုပ်နိုင်ပေမယ့် ကိုယ့်အဖွဲ့လိုက် ကိုယ်ပေါ့နော် ဒီလိုမျိုး လုပ်လာနိုင်တဲ့ အခြေအနေမျိုးလေးတွေ မျိုးစုံတွေ့ရတယ်ပေါ့နော်။ တော်လှန်ရေး အဖွဲ့တွေ ကပေါ့နော် တဖြည်းဖြည်း အောင်မြင်ရေးက တဖြည်းဖြည်း ချဲ့ကျယ်ကျယ်လာတယ် ပေါ့နော်။ စစ်ကောင်စီကတော့ သူ့ဟာသူဘယ်လောက်ပဲလို့ ဘယ်နိုင်ငံ ဘဏ္ဍာတွေပဲသုံးသုံးပေါ့နော် ဒီစိတ်ဓာတ်အရရောပေါ့နော် သူတို့အနေမှာ အရင်ထဲက ရှိပြီးသားစစ်သားတွေဆိုရင် အာဏာမသိမ်းခင်ထဲက သူတို့စစ်ဆင်ရေး တာဝန်ထမ်းဆောင်တယ် ပေါ့နော် ပြီးရင် ခဏလောက်ပဲနားပြီးတော့ပေါ့နော် စစ်ဆင်ရေး ခဏနားတယ်ဆိုလည်း ဒါမြို့တွင်း သူတို့ တပ်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ ပြန်ထွက် ပြီးရင်ရှေ့တန်းထွက်နှစ်တွေ နှစ်နဲ့ချီပြီး များစွာသွားတဲ့အတွက် သူတို့ စိတ်ပန်းတယ်။ မိသားစုတွေနဲ့ခွဲခွာရတဲ့ပေါ့နော် ဒီဝေဒနာပေါ့နော် ဒုက္ခတွေ ဒီလိုမျိုးတွေ လည်းကြုံရတယ်။ ကြုံရတဲ့အတွက် ဒီစစ်ကောင်စီက တဖြည်းဖြည်း ရှေ့ကလူတွေက တော့တဖြည်းဖြည်း စိတ်ဓာတ်ကျတယ် ပေါ့နော်။ အဲ့ဒီကစိတ် ပန်းတယ်။ တိုက်ပွဲတွေမှာ ဆုံးရှုံးတာတွေ ကျရှုံးတာတွေ သေသွားတာတွေ ဖမ်းဆီးခံရတာတွေ ဒီလိုမျိုးဟာတွေလည်းပဲ တဖြည်းဖြည်း တွေ့ရင်လာတာပေါ့နော်။ အဲ့လိုမျိုးကြောင့်သူ့ဘက်က စိတ်ဓာတ် အောက်ကို ပြန်ကျနေတဲ့ အခြေအနေမျိုးတွေတော့ တွေ့ရပါတယ်။

 

ဆလိုင်း ဒိုခါ၇် – ဟုတ်ကဲ့။ ကျွန်တော်တို့ကိုအချိန်ပေးပြီးတော့မှပါဝင်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ သုံးသပ်ချက်ကိုလည်းအရမ်းတန်ဖိုးရှိပါတယ်လို့ ဟုတ်။

 

ကောင်းသူဝင်း – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။