စက်တင် ၂၉
The Kaladan Post
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာ ရာအိမ်မှူး ဦးမြင့်အောင်အား ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ မွန်းတည့် ၁၂နာရီ ၁၅မိနှစ်ခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ Black Tiger ပျောက်ကြားတပ်ဖွဲ့က ၎င်းနေအိမ်တွင် သွားရောက်ပစ်ခတ်သွားကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ Black Tiger ပျောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ပစ်ခတ်သွားတဲ့ မြင့်အောင်ဟာ ခမရ(၆)နှင့် သူနေတဲ့အိမ်သည် (၄ )ဖာလုံခန့်သာ ကွာဝေးတယ် အဲ့ဒီအထိကိုသွားပြီးတော့ ပစ်ခတ်သွားတာဖြစ်ပါတယ် သူဟဟာ လက်ပစ်ဗုံးကိုင် ဆောင်ထားပါတယ် သူ့ကြောင့်လူငယ် ၁၀ဦးထက်မနည်း စစ်ကောင်စီတပ်ထဲ ရောက်သွားရတယ် ဒါကြောင့် အရှင်ဖမ်းဆီးစစ်ဆေးခြင်းမျိုးမလုပ်ဘဲ သူ့ကို စစ်ရေးပစ်မှတ်ပြီး ချက်ချက်ပစ်ခတ်ရခြင်း ဖြစ်တယ် ဒါ့အပြင် ၎င်းမြင့်အောင်သည် စကစ ယန္တရားလည်ပတ်နိုင်အောင်လုပ်ပေး နေသူလည်း ဖြစ်ပါတယ် အခုနောက်ပိုင်းဆိုရင် သာမန်ပြည်သူမဟုတ်တဲ့ ပြည်သူများကို ဒုက္ခပေးတာ အချက်အလက် သေချာသူများအားလုံးကို သတိပေးတာတွေ မလုပ်တော့ပါဘူး “ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်း မြင့်အောင်သည် စစ်မှူးထမ်းဟောင် တစ်ဦးဖြစ်သလို အကြမ်းဖက် စစ်ကောင်စီ၏ အာမခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ်ကောက်ခံခြင်း၊ စစ်မှုထမ်းကြေးမပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း များနှင့် လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်းသိရသည်။ ထိုသို့လုပ်ဆောင်ချက်များကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ ၅ Black Tiger တပ်ဖွဲ့ ရဲဘော်များက ၎င်းနေအိမ်သို့သွားရောက်ကာ သေနတ်ဖြင့် ၄ချက် ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကို ၃ချက် ထိမှန်သဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထား ပါသည်။