ဒီဇင် ၁၈
The Kaladan Post
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် မင်းအောင်လှိုင်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေ ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့က လှိုင်မြို့နယ် ရဲစခန်းဂိတ်ကိုတိုက်ခိုက်ခဲ့တာပါ ဒီဂိတ်ကို ၄ယောက်ခန့်နဲ့ ပုံမှန်ကင်းထိုင် တာဖြစ်ပါ်တယ် ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေထိခိုက်မှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါ ဒီတိုက်ခိုက်မှုအတွက် ၂ပတ်လောက်အချိန်ယူစောင့်ကြည့်ပြီးမှ သေချာလုပ်ဆောင်ထားတာဖြစ် တဲ့ အတွက် စစ်တပ်ထိခိုက်မှု ရာခိုင်းနှုန်း များပါတယ်ဟု The Kaladan Post သို့ ပြောဆိုသည်။ ဒီဖြစ်စဥ် ပြီးပီးချင်း တော်လှန်ရေးရဲဘော်တွေဟာ ဘေးကင်းစွာဆုန်ခွါနိုင်ကြပြီး တိုက်ခိုက်ခံ စစ်တပ်များသည် ယောက်ယှက်ခက်နေကြပြီး ဒီမနက်ကတည်းက ဘာမှမဖြစ်ခဲ့သလို ရုပ်ရှင်ရိုက်နေကြပြီး အစစ်အဆေး တွေ၊ လုံခြုံရေးတင်းကြပ်ထားကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ပြည်သူတွေ အနေဖြင့် စစ်တပ်ကျင့်ပမည့် တရားမဝင်ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့နှင့် တော်လှန်ရေး တပ်ဖွဲ့ မဟာမိတ် UG အနေဖြင့် တောက်လျှောက်တိုက်ခိုက်သွားဖို့ရှိနေသဖြင့် စစ်ကောင်စီစစ်သားတွေ နှင့် အနီးကပ်နေထိုင်ခြင်းမပြုဘဲ သူတို့နဲ့ဝေးရာမှာ နေထိုင်သွားကြပါရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်း ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းထားပါသည်။ အဆိုပါတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်( ပကဖ) ဦးဆောင်မှုဖြင့် ကြည့်မြင်တိုင်မြို့နယ်(ပကဖ)၊လသာမြို့နယ်(ပကဖ)နှင့် မဟာမိတ် Operation Flame (OF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသောနေရာများ တရားမဝင်ရွေးကောက်ပွဲနှင့် ဆိုင်သောပစ်မှတ်များအား ဆက်လက်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။