၂၀၂၅ ခုနှစ် သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ ထုတ်ပြန်ထားပါသည်။  ဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိထားပြီး Golden Hill KTV အဆောက်အဦး အနည်းငယ်ပျက်စီးပြီး နွားတစ်ကောင်လည်း သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။  စစ်ကောင်စီသည် တိုက်ပွဲများအား ရပ်ထားသည်ဟု တရားဝင်ကြေညာထားပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်ခြင်းမရှိဘဲ မြေပြင်ထိုးစစ်‌ရော့ လေကြောင်းတိုက်ခိုက်မှုပါ နေ့စဥ်ပြုလုပ်နေကြောင်းသိရှိထားပါတယ်။ ထို့သို့သော စစ်ကောင်စီလုပ်ရပ်ကြောင့် ပြည်သူများအနေဖြင့် စကစနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများ တူးထားကြရန် တော်လှန်ရေး အင်အားစုများမှ နှိုးဆော်ထားပါသည်။