——————————————————————
ဇူလိုင် ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာတွင် ပျူစောထီးအဖွဲ့များသည် ဒေသခံပြည်သူများ၏ တောင်ယာစိုက်ပျိုးရိတ်သိမ်းမှုကို မကြာခဏ နှောက်ယှက်ပစ်ခတ်နေမှုကြောင့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ ဒီ တိုက်ပွဲဟာဆိုရင် ၁၀ နာရီ ၅ မိနစ် စတင်ဖြစ်ပြီး ၁၀နာရီ ၃၀မိနစ် ကျော်ခန့် အထိဖြစ်ပါတယ် စကစဘက်က ပန်းရံဘက်ကနေ ကားတစီး နှင့် ဆိုင်ကယ် ငါးစီးဖြင့် စစ်ကူတွေ ပေးတာပေါ့ ပန်းရံ သီလုံးဟာ တစ်မိုင် နှစ်ဖာလုံဘဲ ဝေးတယ် ကတ်တရာလမ်းပိုင်းပါ သီလုံး‌ပျူရွာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းထားပြီးသားဆိုတော့ အရပ်သားပြည်သူ မရှိတော့ပါဘူး ပျူစောထီး နောက်ခံတွေနှင့် အာမာခံစကစအားပေးပဲ ရှိတော့တယ် အဲ့ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်သားတွေ ထိခိုက်သေဆုံးမှုကို ကျွန်တော်တို့ မသိနိုင်သေး ပါဘူး”ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်းအနီးဝန်းကျင် ကျေးရွာတိုင်း ကကရ အုပ်ချုပ်ရေး ဖွဲ့စည်း ထားရှိပြီးသား ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ ဘေးကင်းဖို့အတွက် လုံခြုံရေး ကင်းတွေ ချထားပြီဖြစ်ကြောင်းနှင့် ပြည်သူများအနေ ဖြင့် တော်လှန်ရေးအင်အားစုများ လမ်းညွှန်မှုအတိုင်း နေထိုင်ပြုမူဖို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တာဝန်ခံက မေတ္တာရပ်ခံထားပါသည်။ တိုက်ပွဲသည် ၃၀ မိနစ်ခန့် ပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီး ပန်းရံနှင့် ဇီးဖြူကုန်းကျေးရွာများမှ ပျူစောထီးတပ်ကူများ ရောက်ရှိလာကာ RPG နှစ်လုံး ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ ဤစစ်ဆင်ရေးကို Mission Shwebo Crocodile၊ Firly Dragon Force၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Federal Army၊ HG Fighter၊ ဒေါင်းစစ်သည်၊ စွန်ရဲရွှေဘို၊ Eye For Eye၊ Shwebo Western Revolution Force၊ တောင်သူ့လွှတ်မြှောက်ရေးတပ်ဖွဲ့ (FIF) နှင့် ဗိုလ်လင်းရောင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဒပယ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးမီးရှို့၊ မတရားနှိပ်စက်သတ်ဖြတ်နေသော စစ်ကောင်စီနှင့် ပျူစောထီးများကို ချေမှုန်းနိုင်ရန် ပြည်သူများ၏ ပံ့ပိုးကူညီမှုကို ဆက်လက်လိုအပ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။