————————————————————————–
ဩဂုတ် ၂၆
The Kaladan Post
မြင်းခြံမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများ ဦးဆောင်သော စစ်ကြောင်းသည် ရက်ပေါင်း၂၀အကြာတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင် မာန်လည်ရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါထုတ်ပြန် ချက်နှင်ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းသည် တပ်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးတာဖြစ်ပါတယ်ခင်ဗျ လောလောဆယ် ကျွန်တော်တို့နယ် အတွင်းမှာ စစ်ကြောင်းထိုး တာမရှိတော့ပါဘူး ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းလည်း ပြန်ဆုတ်သွားပါပြီလို့ “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် မနက် ၁၁ နာရီကနေ ညနေ ၅း၃၀ထိ တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ ၁၀ယောက်သေဆုံး ခဲ့ပြီး ၈ယောက်ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ ကြောင်းသိရသည်။ ထို့အပြင် MA 11နှစ်လက်၊ Drone Shooter တစ်လက် ၊ ငါးကြင်းမြီးပြောင်း တစ်ချောင်း၊ လက်ပစ် ဗုံး သုံးလုံး ၊ Starlink တစ်လုံး၊ ငွေသားအချို့၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ကျည်အချို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့ဖက်မှ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါထုတ်ပြန် ချက်နှင်ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းသည် တပ်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးတာဖြစ်ပါတယ်ခင်ဗျ လောလောဆယ် ကျွန်တော်တို့နယ် အတွင်းမှာ စစ်ကြောင်းထိုး တာမရှိတော့ပါဘူး ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းလည်း ပြန်ဆုတ်သွားပါပြီလို့ “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် မနက် ၁၁ နာရီကနေ ညနေ ၅း၃၀ထိ တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ ၁၀ယောက်သေဆုံး ခဲ့ပြီး ၈ယောက်ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ ကြောင်းသိရသည်။ ထို့အပြင် MA 11နှစ်လက်၊ Drone Shooter တစ်လက် ၊ ငါးကြင်းမြီးပြောင်း တစ်ချောင်း၊ လက်ပစ် ဗုံး သုံးလုံး ၊ Starlink တစ်လုံး၊ ငွေသားအချို့၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ကျည်အချို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့ဖက်မှ သိမ်းဆည်းရမိခဲ့သည်။အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ကျော်ကို စစ်ကြောင်းထိုးလာစဥ် မီးရှို့လာခဲ့တဲ့ စစ်ကြောင်းဖြစ်ပါသည်။ ထိုအပြင် ၎င်းစစ်ကြောင်းတစ်လျှောက်တွင် ပြည်သူတွေကိုဖမ်းစီးနှိပ်စပ်မှုများကျုးလွန်သည့်အပြင် အပြစ်မဲ့ပြည်သူ (၆)ဦးကိုပါသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို နွားထိုးကြီး မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ကောင်စီစစ်ကြောင်းသည် အထိနာသဖြင့် မြင်းခြံဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါသည်။ ပြည်သူတွေအနေဖြင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ အထူးသတိပြုရန်လိုအပ်ပြီး စစ်ကောင်စီစစ်ကြောင်းသည် တွေ့သမျှကို မရှောင်ဘဲ သတ်ဖြတ်တတ်သောကြောင့် စစ်ကြောင်းသတင်းရရှိပါက သတိထားပြီး အမြန်ဆုံးရှောင်ကြရန်နှင့် လေကြောင်းကိုလည်းအမြဲသထိထားကြဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက အသိပေးထားပါသည်။