—————————————————————————
ဇွန် ၂၀
The Kaladan Post
ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဘုံရန်သူ စစ်ကောင် စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ခုက ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲ ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဟားခါးမြို့တွင်နေထိုင်သူ ပြည်သူတစ်ဦးက “ဒီထုတ်ပြန် ချက်က အင်မတန် ကောင်းမွန်တဲ့ထုတ်ပြန်ချက်ဖြစ်တယ် တကယ်လို့ဒီထုတ်ပြန်ချက်ကို အကောင် အထည် ဖော်နိုင်မည်ဆိုရင်တေ့ ချင်းတော်လှန်ရေးတပ်ဖွဲ့က ၃၀နီးပါရှိတယ်ဆိုတေ့ ဒါတွေကို ပေါင်းလိုက် ချင်းလက်နက်ကိုင်အင်းအား က ၂၀၀၀၀ လောက်ရှိမှာဆိုတေ့ အင်မတန်အင်အားကောင်း တဲ့ လက်နက် ကိုင်ဖြစ်သွားမှာပေါ့နော် ပြီးရင် အင်အားကောင်းတဲ့တပ်ဖွဲ့ဆိုရင်တော နိုင်ငံရေးဆိုင်ရာမှာလည်း သူ့အလိုလို မြင့်တက်လာမှာဖြစ်တယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ ဒါ့အပြင် အချင်း ချင်းကြား ပွတ်တိုက်မှုကြောင့် စစ်ကောင်စီကို တော်လှန်တဲ့လက်နက်ကိုင်သူတွေ မလိုအပ်ဘဲနဲ့ ဘယ်လောက်တောင် အသက်ပေးသွားကြပြီလဲဆိုတာ ပြည်သူတွေအပါအဝင် ဒီတော်လှန်ရေးတပ်ဖွဲ့အားလုံးက သိကြပြီးသားဆိုတော င် ဒီလိုဖြစ်ရပ်တွေ နောက်ထပ်မကြုံရလေအောင် ဒီထုတ်ပြန်ချက်ကို လေးစားလိုက်နာသင့်တယ်ဟု ဆက်လက်ပြောဆိုသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းလူမျိုး၏ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိသော ချင်းပြည်တည် ဆောက်ရေးအတွက် ကြိုးပမ်းနေဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ချင်းပြည်အတွင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအကြား ပွတ်တိုက်မှုများ၊ အငြင်းပွားမှုများကို လက်နက်ဖြင့်ဖြေရှင်းရန် ကြိုးပမ်းမှုများသည် နွေဦးတော်လှန်ရေးအား နှောင့်နှေးစေပြီး ချင်းလူမျိုး၏ ရည်မှန်းချက်များ ကျရှုံးနိုင်သည့်အန္တရာယ်ရှိကြောင်း အလေးအနက်ထောက်ပြပါသည်။ ထို့ကြောင့် နားလည်မှုလွဲမှားစေသော အပြောအဆိုနှင့် အပြုအမူများကို ရှောင်ရှားကာ ဘုံရန်သူအား ပထမဦးစားပေး တိုက်ပွဲဆင်ရန်ဖြစ်ပြီး နယ်မြေနှင့် မျိုးနွယ်စုဆိုင်ရာ အငြင်းပွားမှုများကို တော်လှန်ရေးအပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးအတွက် ပြည်သူလူထုနှင့် အတူ စွမ်းစွမ်းတမံ ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားပါသည်။