—————————————————————————-
ဇွန် ၁၂
The Kaladan Post
၂၀၂၅ခုနှစ် ဇွန်လ ၁၀နေ့ရက် နံနက် ၅နာရီခန့်မှ နံနက် ၇ နာရီခန့်ထိ အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ်၊အနောက်မန်ကျည်းကန် ပျူရွာကို စတင် တိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု ထုတ်ပြန်ချက်အရသိရသည်။အဆိုပါတိုက်ခိုက်မှုသည် အပြန်အလှန် ထိတွေ့မှုတစ်နာရီခွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘန်ကာ သုံးလုံးကို တော်လှန်ရေး အဖွဲ့များမှ သိမ်းပိုက်ခဲ့ပေမယ့် ဘဲကြီးပျူရွာနှင့် ပခုက္ကူတပ်မ (၁၀၁)တို့မှ စစ်ကူများရောက်ရှိလာသောကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ “၎င်းဘန်ကာသုံးခုအား မီးရှို့ဖျက်ဆီးဖို့ အချိန်မလုံလောက်ဘဲ ပြန်လည်နောက်ဆုတ်ပေးခဲ့ရကြောင်း” အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က The Kaladan Post သို့ပြောဆိုသည်။ ၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲ့တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်သုံးယောက်သည်(မပြင်းထန်) ဒဏ်ရာရရှိခဲ့ပြီး ၎င်းဒဏ်ရာရ “ရဲဘော်များကို လုံခြုံသည့်နေရာတစ်ခုတွင် ဆေးကုသမှုခံယူနေတယ်” လို့ ၎င်းက ဆိုသည်။ အဆိုပါပျူရွာစခန်းသည် “အနောက်မန်ကျည်းကန်၊ အောင်သာ၊ ရှင်မကန်နဲ့ ဘဲကြီးဆိုပြီး အဲနားမှာ ပျူရွာတွေ တဆက်တည်း တည်ရှိနေပါတယ် သို့သော်လည်း အဲလိုနေရာတွေကို ကျွန်တော်တို့ တိုက်ခိုက်နိုင်မှုဟာ တော်လှန်ရေးအတွက် ခွန်အားတရပ်ဖြစ်သလို စစ်ကောင်စီတွေအတွက်လည်းနယ်မြေ ကျဉ်းမြောင်းလာတယ်ဆိုတာကို ပိုပြီးပေါ်လွင်စေတယ်”လို့ ၎င်းက ပြောဆိုသည်။ အဆိုပါ တိုက်ပွဲ့ကို အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့ ၊နယ်စည်းမခြား(PKU) ၊ PI PDF၊ ကိုရေခဲနှင့်ဗလညီနောင် ခေါင်းဆောင်လူငယ်‌‌ေြပာက်ကျားတပ်ဖွဲ့၊Younth Guettilla force (Y.G.F)ဝံပုလွေးပြောက်ကျားတပ်ဖွဲ့၊ God fo myaing၊မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆၊Burmese Revolution Ranger ၊PLO ပြောက်ကျားတပ်ဖွဲ့စသောတော်လှန်ရေး တပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပြီးမစ်ရှင်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။