——————————————————————-
ဇွန် ၁၉
The Kaladan Post
၁၉.၆.၂၀၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် (၁၈) ရက်အကြာမှာ ကန့်ဒေါင့်စခန်းအား အမေစု‌မွေးနေ့ လက်ဆောင်အဖြစ် သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပြီး Black Leopard Army ၏ ထုတ်ပြန်ချက်အရ သိရသည်။
Black Leopard Army ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဥက္ကာ က” ဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၁၀၀ နီးပါး အခြေချနေထိုင်ခဲ့တဲ့စခန်းဖြစ်ပါတယ် ပြီးတော့ဒီစခန်း တိုက်ခိုက်ခဲ့တာ ၁၈ ရက်ကြာပြီဖြစ်ပါတယ် စကစဘက်က တစ်ယောက်မှမလွတ်လောက်ဘူး ယခုစခန်းသိမ်းတိုက်ပွဲသည် ပိတ်ဆို့ပြီးတိုက်ခိုက်တာဖြစ်တယ် ဒါကြောင့် ယခင်နေ့ကဆိုရင် စကစဘက်က အယောက်၄၀ လောက်ကျတယ် သူတို့အလောင်းတွေကို ပုံထားကြတယ်” လို့ The Kaladan Post သို့ပြောဆို သည်။ ဒါ့အပြင် စစ်ကောင်စီအလောင်းကို ကျွန်တော်တို့ဘက်မှ ၅ ယောက်ကောက်ထားပြီး ဒုတပ်ကြပ်ကြီးနှင့် ရဲဘော်တစ်ယောက်အရှင်ဖမ်းမိခဲ့ကြောင်းသိရပြီး မဟာမိတ်အဖွဲ့များရဲ့ဖမ်းဆီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆက်လက်ပြောကြားသည်။
ဤစစ်ဆင်ရေးကို ၂.၆.၂၀၂၅ ရက်နေ့မှစတင်တိုက်ခိုက်ကာ ယနေ့ဇွန်လ ၁၉ ရက်နေ့တွင် တိုက်ပွဲရက်၁၈ရက်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – People’s Liberation Army – PLA ၏ ကွက်ကဲမှူဖြင့် ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း ၊ ကျားသစ်နက်တပ်မတော်(BLA)တို့မှ အင်တိုက်အားတိုက် ဝင်ရောက်ဆင်နွှခဲ့တာ ဖြစ်ပြီး ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့ Black Leopard Armyဘက် Commander ရဲဘော်ကျော်ကြီးနှင့် ရဲဘော်တစ်ဦးသည် တိုက်ပွဲအတွင်း တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရဲဘော် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ဒီစခန်းသိမ်းကိစ္စနဲ့ပတ်သက်ပြီးတော မကြာမီမှာ သတင်းအတိအကြ ထုန်ပြန်ဖို့ရှိသေးကြောင်းသိရသည်။