မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်
ဖြေဆိုသူ- Thang Chawm Phe၊ ချင်းညီနောင်၏ စစ်ရေးကော်မတီဥက္ကဌ ဆရာ
ဆလိုင်း ဒိုခါရ်၊ – ကောင်းပြီ၊ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ The Kaladan Post ကို ပုံမှန်အားပေးနေတဲ့ တော်လှန်ပြည်သူများ အားလုံး၊ ဒီတစ်ပတ်ကတော့ ကျွန်တော်တို့ ဒီ NUG အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့မှ ဖြစ်စေ ပြီးတော့ ဒီ စစ်ကောင်စီက ဒီနှစ်ကုန်အတွင်း ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ လောလောလတ်လတ်ပဲ စစ်ရေးအခြေအနေ ပြင်ဆင်မှုနဲ့ မြို့ကြီးလေးမြို့ကို သိမ်းနိုင်ပြီးတော့မှ ဒါချင်းပြည်နယ်ရဲ့ အများအပြားနေရာ တော်တော်များများကို ထိန်းချုပ်ထားတဲ့ ချင်းပြည်ရဲ့ စီဘီရဲ့စစ်ရေးကော်မတီဥက္ကဋ္ဌကို ဆွေးနွေးပေးဖို့ သုံးသပ်ပေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ဆရာ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဦးဆုံး ပြောပါရစေ။
Thang Chawm Phe၊ – ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။
ဆလိုင်း ဒိုခါရ်၊ – အော်၊ ဆရာ၊ ကျွန်တော် ပထမဆုံး သိလိုတာကတော့ ဒီအခု NUG အနေနဲ့ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့မယ်ဆိုပြီးမှ ပြင်ဆင်မှု ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ သိထားရတယ်။ ဒီအပေါ်မှာ ဒါ ချင်းပြည်နယ်မှာ တကယ့်မြို့ကြီးတွေလည်း သိမ်းနိုင်ပြီးမှ အင်အားတကယ့် အကြီးဆုံးတစ်ခု ဖြစ်တဲ့ ဒါ CB အင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိလား။ ဒီအပေါ်မှာ ဒါဆရာတို့အနေနဲ့ ဘယ်လို ပူးပေါင်းပါဝင်မှု ရှိနေသလဲ။ သို့မဟုတ် ဒါ ဒီအပေါ်မှာ ဘယ်လို မြင်သလဲဆိုတဲ့ဟာလည်း ဦးစွာဆွေးနွေးပေးပါဦးခင်ဗျာ။
Thang Chawm Phe၊ – ဟုတ်ကဲ့ပါ၊ ဒီ NUG က လုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာတော့ ကျွန်တော်တို့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြည့်ရမှာကတော့ တော်လှန်ရေး အလုံးစုံ အောင်မြင်ရေးပေါ့လေနော်။ တခြားနိုင်ငံတွေကလည်း ကြည့်နေကြတယ်ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်တစ်ထောင် ဖြစ်နေတယ်ပေါ့နော်။ ဗိုလ်တစ်ထောင် ဖြစ်နေတဲ့အခါမှာ အဲ့ဒါကို ကောင်းကောင်း ဦးဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ ဒါ လက်ရှိ ပကတိတရားပဲ။ ဆိုတော့ ဒါဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး တော်လှန်ရေး အောင်မြင်ဖို့အတွက် ဘယ်လို ကျွန်တော်တို့တော့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းကတော့ ကျွန်တော်တို့မှာလည်း စဉ်းစားချက်တွေ ရှိပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ NUG သာမကပေါ့နော်၊ ဒီ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့နော်၊ ERO ကြီးတွေ၊ ပြီးလို့ရှိရင်လည်း LDF တွေ ရှိမယ်ပေါ့။ ADF တွေ NUG ရဲ့ PDF တွေ ရှိမယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးကို ဟန်ချက်ညီညီ အထိရောက်ဆုံးနဲ့ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်လာပြီဆိုတဲ့ဟာတော့ အားလုံးက သိမယ်လို့ ထင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ကတော့ ဒီတော်လှန်ရေး ရည်မှန်းချက် ပန်းတိုင် တူညီတဲ့ ဘယ်သူနဲ့မဆို ပူးပေါင်း လက်တွဲဖို့ အဆင်သင့်ရှိတယ်။ ပြီးလို့ရှိရင်တော့ ဒီ ကျွန်တော်တို့ရဲ့ ပြည်ထောင်စု အရေးရောပေါ့နော်၊ ကျွန်တော်တို့ ဘယ်လို တည်ဆောက်မလဲဆိုတဲ့ဟာကို နံပါတ်တစ်ကတော့ ကျွန်တော်တို့ တော်လှန်ရေး မအောင်မြင်ရင်တော့ ကျွန်တော်တို့ ပုံဖော်ချင်တဲ့ ပုံစံ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုတော့ ဒီတော်လှန်ရေး စစ်အာဏာရှင် စနစ် ကျဆုံးရေးအတွက် ဆိုရင် ဘယ်သူတွေနဲ့တော့ ဘယ်လို လက်တွဲပြီးတော့ အလုပ်လုပ်ရမယ်ဆိုတဲ့ဟာလည်း ကျွန်တော် တို့ရဲ့ စဉ်းစားချက်ထဲမှာလည်း ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ အခု NUG က ပြုပြင်ပြောင်းလဲလာမယ့် အပေါ်မှာလည်း ကျွန်တော်တို့ကတော့ ဒီ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အပိုင်းတွေဆိုရင်တော့ စောစောကပြောတဲ့ ဘယ်သူနဲ့မဆို ကျွန်တော်တို့ အာဏာရှင်စနစ် ပြုတ်ကျရေးအတွက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ရှိပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဒါဆိုရင် ဒီအခု လက်ရှိ NUG ပူးပေါင်းဆောင်ရွက်မှုက အရင်ကတည်းကနေ သူတို့နဲ့ ဆက်စပ်ထားတဲ့ အင်အားစုတွေကြား ဆွေးနွေးမှု သက်သက် ဖြစ်ဖို့ များသလား။ ဘယ်လို နားလည်ထားသလဲ။ ဘာဖြစ်လို့ ချင်းမှာ ဒါ နယ်မြေ ကျယ်ကျယ်ပြန့်ပြန့်ကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေနဲ့ ဒီ ဒီအပေါ်မှာ ဘယ်လို တိတိကျကျ ဆွေးနွေးမှု မလုပ်ထားတာလဲ။ ဒီအပေါ်မှာ ဘယ်လို သိထားတာ ရှိသလဲ ဆရာ။ သိထားရသလောက် ဆွေးနွေးပေးလို့ ရမလား။
Thang Chawm Phe၊ – ဒီ NUG မှာကကျတော့ သူက ပြုပြင်ပြောင်းလဲမှုကို သူ ဘယ်လို ပုံစံ လုပ်ချင် သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်မှာပေါ့လေ။ ဆိုတော့ သူ့ရဲ့ ချဉ်းကပ်မှု ပုံစံကတော့ ကျွန်တော်တို့ အတိအကျ မသိရသေးတဲ့ အခါကျတော့ ကျွန်တော်တို့လည်း ပြောဖို့တော့ ခက်တာပေါ့။ ဒီပြည်ကို ပြုပြင်ပြောင်းလဲရမယ်၊ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတဲ့ဟာကို အရင်ကတည်းက အားလုံးက ထောက်ပြတဲ့ ထောက်ပြချက်တစ်ခုပေါ့လေနော်။ အခု သူတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြမယ်လို့တော့ သူတို့ဘက်က ထပ်ပြောလာတာ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက သူတို့ ဘယ်လို ပုံစံမျိုးနဲ့ ပြုပြင်ပြောင်းလဲမှာလဲ။ ဘယ်လို အထိုင်မျိုးနဲ့ သူတို့ စဉ်းစားသလဲဆိုတဲ့ဟာတော့ အရေးကြီးပါတယ်။ ဆိုတော့ အကြမ်းဖျင်းအားဖြင့် ပြောရရင်တော့ ကျွန်တော်တို့ ချင်းပြည်နယ် အဖွဲ့က ဒီ NUG တွေ ကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေး လွတ်မြောက်အောင်ပေါ့နော်။ တစ်တောင့်တစ်နေရာကနေ ပါဝင်တဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့နဲ့လည်း သူတို့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။ စောစောက ပြောသလိုပေါ့။ သူတို့က ဘယ်လို ပုံစံမျိုး ပြုပြင်ပြောင်းလဲမယ်။ ဘယ်လို ပုံစံမျိုးတော့ သူတို့ တည်ဆောက်ချင်တယ်ဆိုတဲ့ဟာတော့ ကျွန်တော်တို့နဲ့ လောလောဆယ် အထိတော့ ဆွေးနွေးတာမျိုးတော့ မရှိဘူးပေါ့လေနော်။ ဆိုတော့ တိုက်ရိုက် ဆွေးနွေး တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီလို သဘောပုံစံမျိုးနဲ့ ကျွန်တော်တို့ စကားပြောတာမျိုးတွေ ကတော့ ရှိပါတယ်။ ရှိတယ်ဆိုတာ သူတို့ NUG ကလည်း ပြုပြင်ပြောင်းလဲကြမယ်ပေါ့နော်။ ပြုပြင်ပြောင်းလဲကြမယ်။ အဲ့ဒီ ပြုပြင်ပြောင်းလဲမှုမှာ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အားလုံး လက်တွဲဖို့ပေါ့လေ။ အချိတ်အဆက်မိမိနဲ့ ဟန်ချက်ညီညီနဲ့ ဒီတော်လှန်ရေး သွားနိုင် အောင် သူတို့မှာလည်း စဉ်းစားချက်တွေ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့ဟာတွေ တော့ ကျွန်တော်တို့ကတော့ သိရပါတယ်ဗျာ။
ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ တစ်ဖက်မှာ ဒီ NUCC က သူတို့ ဒီ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံကို မကြာမီ ဒီ ဒါ စစ်ကောင်စီ ရွေးကောက်ပွဲ မတိုင်ခင်မှာ အတည်ပြုနိုင်ဖို့ လုပ်မယ်ဆိုပြီးတော့မှ ပြောတယ်။ NUCC မှာဆိုရင် CB ရဲ့ နိုင်ငံရေး ကောင်စီတစ်ခု ဖြစ်တဲ့ ICNCC က ပါဝင်နေတဲ့ ပုံစံမျိုး ဖြစ်တယ်။ ဆိုတော့ ဒါက ဟို ဘယ်လိုခေါ်မလဲ။ NUG ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်မယ့် ပုံစံမျိုးက အခု NUCC က ပြောနေတဲ့ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံနဲ့ ဆက်စပ်မှု ရှိမလား။ ဒီအပေါ်မှာ ဒါ ICNCC ဘက်က တာဝန်ရှိတဲ့သူကနေပြီးတော့မှ ဒီ CB ပေါ်မှာ ဘာတွေ ပြောထားတာ ရှိပြီးလဲ။ ဒီ ဒီပေါ် ဘာ ပြင်ဆင်မှုမျိုးတွေ လုပ်ထားဖို့ လိုတယ်ဆိုတဲ့ဟာမျိုး သိထားတာ ရှိလား ဆရာ။
Thang Chawm Phe၊ – NUCC နဲ့ NUG ရဲ့ ကြားထဲမှာ တချို့ ဟနေတဲ့ဟာတွေ ရှိတယ်လို့ ကျွန်တော်တို့ ကတော့ နားလည်ရတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီ ဒီ အဝန်းအဝိုင်းမှာ NUG ဘက်မှာ သော်လည်းကောင်းပေါ့။ ကျွန်တော်တို့ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ အခါကျတော့ ဒါ တချို့ဟာတွေကတော့ ကျွန်တော်တို့ ပြောဖို့တော့ ခက်တယ်။ ဆိုတော့ NUCC က ပြောင်းလဲချင်တဲ့ ပုံစံနဲ့ NUG က အခု ပြောင်းလဲချင်တဲ့ ပုံစံက ထပ်တူကျ သလားပေါ့နော်။ အဲ့ဒါတွေကတော့ သူတို့ ကိုယ်တိုင်ကတော့ ပိုပြီးတော့ သိမှာပေါ့။ တစ်ဖက်မှာတော့ ကျွန်တော်တို့ ICNCC ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ နိုင်ငံဦးဆောင်မှု ဖြစ်တဲ့ ICNCC ကတော့ ကျွန်တော်တို့ NUCC မှာ အခု NUCC မှာ အခုချိန်ထိ အဖွဲ့ဝင်အနေနဲ့ ပါဝင်နေပါတယ်။ ဆိုတော့ NUCC မှာလည်း အားလုံး သိတဲ့အတိုင်းပေါ့လေ။ အဲ့ဒါကတော့ သိပ် ခရီးမရောက်တဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဒါတွေကလည်း ဘယ်သူ့ အပြစ်ဆိုတာထက် ပေါ့လေ။ ကျွန်တော်တို့ အခက်အခဲပေါ့။ ဒါ တော်လှန်ရေးမှာ မဖြစ်မနေ ကြုံတွေ့ကျော်လွှား ရမယ့် အခက်အခဲတွေ ဖြစ်လာတဲ့ အခါမှာ တချို့ဟာတွေကတော့ ဒီ ဘယ်လို ပြောမလဲ။ ရှေ့ဆက်မရနိုင်တဲ့ အပိုင်းလေးတွေလည်း ရှိတာပေါ့။ အဲ့ဒါကြောင့်လည်း ဒီ NUCC မှာလည်း တချို့ကိစ္စတွေက အခက်အခဲတွေ ကြုံနေရတယ်လို့ ကျွန်တော်တို့ကတော့ အကြမ်းဖျင်းအား ဖြင့် နားလည်ထားတယ်။ ဆိုတော့ NUCC က ပြောင်းလဲချင်တဲ့ ပုံစံနဲ့ NUG ပြောင်းလဲချင်တဲ့ ပုံစံကတော့ ကျွန်တော်တို့ ခန့်မှန်းရသလောက်ပေါ့လေနော်။ ပြုပြင်ပြောင်းလဲတာကိုတော့ မဖြစ်မနေ ပြောင်းလဲမှုကတော့ လုပ်ရမယ်ဆိုတဲ့ဟာတော့ အားလုံးက လက်ခံတဲ့ အနေအထားတော့ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်လို ဘယ်လို ပုံစံမျိုးနဲ့ NUG ကို ဘယ်လို ပုံစံမျိုး ပြောင်းလဲမလဲဆိုတဲ့ဟာတော့ ဒီ အတွင်းထဲက ဒီ နည်းဗျူဟာ ကျကျပေါ့လေ။ သူတို့ ဘယ်လို စဉ်းစားသလဲဆိုတဲ့ဟာတော့ သူတို့ ကိုယ်တိုင်က ပိုသိမယ်ပေါ့နော်။ လောလောဆယ်မှာတော့ သူတို့လည်း အပြင်မှာ ထုတ်ဖော်ပြောတာမျိုး မရှိသေးတဲ့အခါကျတော့ ဒါက အကြမ်းဖျင်း အားဖြင့်ပဲ သူတို့ဘက်ကလည်း ပြောတာမျိုး မရှိသေးတယ်လေ။ ဆိုတော့ ဘယ်လို ပြုပြင် ပြောင်းလဲမယ်ဆိုတဲ့ဟာကို ချပြတာမျိုး မရှိသေးတဲ့အခါကျတော့ NUCC က ပြောင်းလဲစေချင် တဲ့ ပုံစံနဲ့ NUG ပြောင်းလဲချင်တဲ့ ပုံစံကတော့ တကယ် ထပ်တူကျသလားဆိုတာတော့ ကျွန်တော်တို့လည်း မသည်းအမကွဲတော့ ဖြစ်နေမှာပေါ့။
ဆလိုင်း ဒိုခါရ်၊ – တကယ်လို့ ဒါ NUCC က ပြုပြင်ပြောင်းလဲရေးနဲ့ NUG က ပြုပြင်ပြောင်းလဲရေး တစ်ထပ်တည်း ဥပမာ မကျတာတွေ ဖြစ်ပြီးတော့မှ တစ်ခုခု ဖြစ်တဲ့ ကြားထဲမှာ ပုံစံနှစ်မျိုး ပုံစံမျိုး ဖြစ်ဖို့ မယ်။ NUG ဘက်ကနေ ဒါ CB က ချင်းမှာ အင်အားစုကြီးဆိုပြီးတော့မှ ရာထူးပုံစံ မျိုးနဲ့ အပေါ်စီးကနေ ပြုပြင်ပြောင်းလဲမှုမှာ အတွင်းကျကျ မပါဘဲနဲ့ သူတို့ကို စိတ်ကြိုက် ပြောင်းလဲပြီးတဲ့အခါကျမှ ရာထူးပုံစံမျိုး ကမ်းလှမ်းတဲ့ဟာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒါ ဒါမျိုးတွေ အပိုင်းမှာရော ဒါ ဘယ်လို ဖြစ်လာနိုင်သလဲ ဆရာတို့အနေနဲ့ တုံ့ပြန်မှုပေါ့နော်။ ကိုယ် ပါဝင်တဲ့ Process မှာ မပါဝင်ဘဲနဲ့ အဲ့လို ရာထူးပုံစံမျိုးနဲ့ ကမ်းလှမ်းတဲ့ဟာမျိုးဆို ဆရာတို့အနေနဲ့ သဘောထား ဘယ်လို ရှိမလဲပေါ့နော်။
Thang Chawm Phe၊ – ကျွန်တော်တို့ ဒီဟာကို သူတို့ရဲ့ ဒီ အနှစ်သာရအားဖြင့် ဘယ်လို ပြုပြင်ပြောင်း လဲချင်သလဲဆိုတဲ့ဟာတော့ အဓိကကျပါတယ်။ ဆိုတော့ ပုံသဏ္ဍာန်အားဖြင့်ပဲ ပြောင်းလဲ ပြီးတော့ ဒီ အနှစ်သာရအားဖြင့် NUG က ပြောင်းလဲမှု မရှိဘူးဆိုရင်လည်း အရင်က ပုံစံအတိုင်းပဲ ဖြစ်နိုင်တယ်ပေါ့လေနော်။ ဆိုတော့ ကျွန်တော်တို့ကတော့ ဒီ ပုံသဏ္ဍာန်အားဖြင့် ပြောင်းလဲတာမျိုးကို ကျွန်တော်တို့ကတော့ ကြည့်နေတာ မဟုတ်ဘူး။ အနှစ်သာရအားဖြင့် ဒီတော်လှန်ရေးကို တကယ် ရွေ့စေမယ့် ပြောင်းလဲမှုမျိုးဆိုရင်တော့ ကျွန်တော်တို့ကတော့ ပူးပေါင်းပါဝင်ဖို့ ပေါ့နော်။ ပူးပေါင်းပါဝင်မယ်။ ဒါ ရာထူးနေရာတွေ ရဖို့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီ တော်လှန်ရေး အင်အားစု တစ်ခုအနေနဲ့ ဒီ တစ်နိုင်ငံလုံး လွတ်မြောက်ရေး မှာ တစ်တောင့်တစ်နေရာမှာ ပါဝင်တဲ့ လက်နက်ကိုင်တွေအနေနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်ဗျာ။
ဆလိုင်း ဒိုခါရ်၊ – နောက်ထပ် မေးခွန်း ကျွန်တော် သွားချင်တာကတော့ အခု ဒါဆိုရင် ချင်းပြည်နယ် အနေနဲ့ CB အနေနဲ့ အခု ဒါ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်စေ ဒီ လာမယ့် ရှေ့ဆက်ပြီးတော့မှ ဒါ စစ်ရေးပြင်ဆင်မှုပေါ့နော်။ အထူးသဖြင့် ဒါ စစ်ကောင်စီက ရွေးကောက်ပွဲပြင်ပြီးတော့မှ အပြောင်းလဲလုပ်လာမှုအပေါ်မှာ ကောင်းကောင်း တုံ့ပြန်နိုင်ဖို့အတွက် ပြင်ဆင်မှုလေး ဒါ အများပြည်သူ ချပြလုပ်ရသလောက် ဆွေးနွေးပေးပါဦးခင်ဗျာ။
Thang Chawm Phe၊ – ကျွန်တော်တို့ ဒီ ချင်းညီနောင်အနေနဲ့တော့ ကျွန်တော်တို့ ကြေညာထားတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေ ဖြစ်တဲ့ ဒီ တီးတိန်မြို့နယ်ပေါ့နော်။ တီးတိန်မြို့ လွတ်မြောက်ရေးအတွက်ကတော့ ကျွန်တော်တို့ အဓိက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါတွေ လွတ်မြောက်ပြီဆိုရင်တော့ ကျန်တဲ့ ဒေသတွေပေါ့နော်။ ကျန်တဲ့မြို့တွေ လွတ်မြောက်ဖို့အတွက်လည်း ကျွန်တော်တို့ တစ်တောင့်တစ်နေရာကနေတော့ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်။ ဆိုတော့ ဦးဆောင်တဲ့ အနေနဲ့တော့ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ တီးတိန်မြို့ကို သိမ်းဆည်းစစ်ရေးကတော့ ကျွန်တော်တို့ မဖြစ်မနေ လုပ်ဖို့အတွက် ကျွန်တော်တို့ အခုကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေကြတယ်ပေါ့။ ပြီးလို့ရှိရင်တော့ ဒီ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေပေါ့နော်။ ကျွန်တော်တို့ ဒီ တန်ပြန်ထိုးစစ်တွေ လာမယ်ဆိုတာကတော့ ကြိုသိထားတာ။ ကြိုသိထားတဲ့အတွက်ကြောင့် အဲ့ဒီအတွက်လည်း ကျွန်တော်တို့ အခု ပြင်ဆင်မှုတွေ လုပ်နေကြတယ်။ ဆိုတော့ ဒီ ၂၀၂၅ မှာတော့ ရန်သူရဲ့ ထိုးစစ်အပေါ်မှာရော ကျွန်တော်တို့ ရန်သူက ဘယ်လောက်ပဲ ထိုးစစ်တွေ ဆင်ဆင်ပေါ့လေ။ ကျွန်တော်တို့ရဲ့ ဒီ ပင်မ ရည်မှန်းချက် ဖြစ်တဲ့ ဒီ တီးတိန်မြို့ သိမ်းဆည်းစစ်ရေးကတော့ ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ အားကြိုးမာန်တက် ကြိုးစား နေပါတယ်။ ဒါကတော့ ဒီ ၂၀၂၅ ဒီ ကျွန်တော်တို့ရဲ့ စစ်ရေး ပြင်ဆင်မှုကတော့ ရန်သူရဲ့ တန်ပြန် ထိုးစစ်ကိုလည်း တုံ့ပြန်နိုင်ရမယ်၊ ဟန့်တားနိုင်ရမယ်။ ပြီးလို့ရှိရင်လည်း တခြား NUG ကသော်လည်းကောင်းပေါ့။ တခြား Local အဖွဲ့တွေက ဖော်ဆောင်မယ့် ဒီ စစ်ဆင်ရေးတွေ မှာလည်း ပူးပေါင်းပါဝင်ဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ ရှိနေတယ်။ ကျွန်တော်တို့ရဲ့ စစ်ရေးပန်းတိုင် မရောက်သေးဘူး၊ မရောက်သေးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မူလ ပန်းတိုင်အတိုင်းပဲ ဆက်ပြီးတော့ ချီတက်မယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ ဒီ အာဏာရှင် ပြုတ်ကျရေးအတွက် ကျွန်တော်တို့ လက်နက်ကိုင် လမ်းစဉ်အတိုင်းပဲ ဆက်ပြီး တော့ တိုက်ပွဲဝင်ဖို့တော့ ရှိပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဆို ဒါ အခုချိန်မှာ စစ်ကောင်စီက ရှမ်းမြောက်ဖက်မှာ ထိုးစစ်တွေ ပြန်ဆင်ပြီး တော့မှ နေရာ တချို့ ပြန်ယူနိုင်တဲ့အပေါ်မှာ ဒါ သူ့အနေနဲ့ အရမ်းကို တက်ကြွနေပြီးတော့မှ ချင်းပြည်နယ်မှာဆိုရင်လည်း အခု CB ထိန်းချုပ်နယ်မြေတွေ အပါအဝင်ပေါ့နော်။ မြို့တော် တော်များများကို မဖြစ်မနေ ရွေးကောက်ပွဲချင်းပါမယ်ဆိုတဲ့ ပုံစံမျိုး ကြွေးကြော်ထားတဲ့ဟာ ရှိတယ်။ ဒီအပေါ်မှာ ဒါ ဆက်ပြီးတော့ ဘယ်လို တုံ့ပြန်ချင်သလဲ။ ဒါ ဖြစ်နိုင်ချေ ရှိသလား ပေါ့နော်။
Thang Chawm Phe၊ – သူကတော့ ဘယ်လောက်ပဲ လုပ်လုပ်ပေါ့။ သေချာတာကတော့ ကျွန်တော်တို့ ထိန်းချုပ်ပြီးသား နယ်မြေတွေမှာတော့ ဘယ်တော့မှ သူ ရွေးကောက်ပွဲကိုတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူ့ဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစားပေါ့နော်။ ရွေးကောက်ပွဲတွေ ကတော့ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ကလည်း ဒီ သူ လုပ်လာနိုင်တဲ့ဟာတွေကို ကျွန်တော်တို့ ကြိုတင်တွက်ထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ဆိုတော့ စစ်ရေးမှာတော့ တစ်ခါတစ်လေကျရင် အလှည့်အပြောင်းတွေ ရှိတတ်တဲ့ သဘောတရားပါပဲ။ ဒီ ရှမ်းမြောက် အခင်းအကျင်းကိုပဲ ကြည့်ကြည့်ပေါ့နော်။ ကရင်နီပြည်နယ် အခင်းအကျင်းကိုပဲ ကြည့်ကြည့်။ စစ်ရေးမှာတော့ တစ်ခါတစ်လေကျရင် ဒါ အတိုးအလျှော့တော့ ရှိကောင်းရှိနေကြတာပေါ့။ ဒါဟာလည်း ကျွန်တော်တို့ တော်လှန်ရေး အင်အားစု စစ်ဦးကျိုးပြီလို့ ပြောလို့မရပါဘူး။ ဒါဟာ အခိုက်အတန့် တစ်ခုပါပဲ။ ဆိုတော့ ဒီ တစ်ခါတစ်လေကျရင် စစ်ကောင်စီကတော့ ဘယ်လို ပြောမလဲ။ သူ့ကိုသူ အထင်ကြီးပြီးတော့ အဆွေတောတာမျိုး ဖြစ်ပြီးမှ သူ ပြန်ခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ စစ်ရေးမှာတော့ ပရိယာယ်တွေ အများကြီး ရှိတာကိုး။ ဆိုတော့ တစ်ဖက်က ဒီ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး ပရိယာယ်က ဘယ်လို ရှိလဲဆိုတဲ့ဟာတော့ ကျွန်တော်တို့ သူတို့မှာလည်း ရှိနေမှာပေါ့။ သေချာတာကတော့ တခြား ဒေသတွေမှာ ဘယ်လိုပဲ ဖြစ်နေပါစေပေါ့။ ကျွန်တော်တို့ ဒီ အခု ချင်းညီနောင်က စိုးမိုးထိန်းချုပ် သိမ်းပိုက်ထားတဲ့မြို့တွေမှာတော့ ဘယ်တော့မှ ဖြစ်လာနိုင် စရာ အကြောင်းတော့ မရှိပါဘူး။ ဖြစ်ခွင့်လည်း ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီ ဖြစ်တဲ့ နည်းလမ်းနဲ့ပေါ့နော်။ ကာကွယ်ဖို့ အဆင်သင့် ကျွန်တော်တို့ လုပ်ထားပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ ဆရာ၊ ဒီ အခုချိန်မှာ တချို့ စောစောက ကရင်တွေတို့ ရှမ်းမြောက် ဖက်တို့မှာ ထိုးစစ် အောင်မြင်မှု တချို့ ပြန်ရလာတဲ့ စစ်ကောင်စီက ရဲ့ အောင်မြင်မှုအပေါ်မှာ တချို့က စိတ်ဓာတ်ကျတဲ့ အပိုင်းနဲ့ သုံးသပ်တဲ့ဟာတွေ ရှိနေတယ်ပေါ့နော်။ ဒါပေမဲ့ ဒီအပေါ်မှာ ဆရာ စောစောက ပြောသလို ဒါ စစ်ကောင်စီအနေနဲ့ ဗျူဟာ အမှားပိုင်း ပြန်ရောက်တဲ့ဟာမျိုးလည်း ဖြစ်နိုင်တဲ့အခါကျတော့ ဒီဟာကို တစ်ဖက်အနေနဲ့ ကျွန်တော်တို့ အင်အားစုတွေ ပြန့်ကျဲနေမှုတွေကြားမှာ ဒါ ဘယ်လိုခေါ်မလဲ။ ညီညွတ်မှုနဲ့ အချိတ်ဆက်မိမိ အလုပ်လုပ်ဆောင်နိုင်ဖို့အတွက် တွန်းအားတစ်ခုအဖြစ် အကောင်းဖက်ကနေ မြင်လို့ရမလား။
Thang Chawm Phe၊ – မှန်ပါတယ်၊ ဒါကတော့ ကျွန်တော်တို့ ဆိုလိုတာကတော့ စောစောကလည်း ကျွန်တော်တို့ အစမှာ ပြောသလိုပဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ အင်အားကောင်းကောင်း ပေါ့။ ကျွန်တော်တို့ တစ်စုတစ်ဖွဲ့တည်းနဲ့ ဒီဟာကို စည်းလုံးညီညွတ်မှု မရှိဘဲနဲ့ အန်တုလို့ မရဘူးဆိုတဲ့ဟာကို မီးမောင်းထိုးပြလိုက်တာလို့ပဲ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ ပြောချင်တာကတော့ ဟန်ချက်ညီဖို့ လိုတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဝိုင်းကူမယ် မဖြစ်ရင်တော့ ဟန်ချက်ညီဖို့ လိုတယ်။ တော်လှန်ရေးမှာ ဟန်ချက်ညီတာက အရမ်း အရေးကြီးတယ်ပေါ့နော်။ အဲ့လို ဟန်ချက်ညီပြီဆိုရင်တော့ တိုက်ပွဲတွေမှာ တစ်ဖက် ဖက်ကို ထိုးတဲ့ အချိန်မှာ ကျန်တဲ့နေရာတွေမှာလည်း စစ်မျက်နှာတွေ ဖွင့်ဖို့ လိုတယ်ပေါ့။ အဲ့ဒါကို ကျွန်တော်တို့ စည်းလုံးညီညွတ်မှုကို ကောင်းကောင်း မပြနိုင်သေးတဲ့ အနေအထားမှာ စစ်ကောင်စီက တချို့နေရာတွေကို ပြန်ပြီးတော့ သိမ်းပိုက်တာတွေ ကြုံရတယ်။ ဒါကို ကျွန်တော်တို့ သင်ခန်းစာယူဖို့ လိုတယ်လို့ ကျွန်တော်တို့ဘက်ကတော့ မြင်ပါတယ်။ ဒီ လွတ်လပ်ရေး ရပြီးကတည်းကပေါ့နော်။ ဖြစ်လာတဲ့ ဒီ တော်လှန်ရေးတွေမှာ အရင်က အတိုင်းပဲ ဖြစ်နေတယ်။ ဆိုတော့ နှစ်ပေါင်း ၆၀၊ ၇၀ ကျော်ကြာလာတဲ့အထိ ကိုယ့်ကို မထိသေးရင်တော့ ကျွန်တော်တို့ကတော့ ဒီအတိုင်းပါပဲ အဆင်ပြေနေတာပဲ။ ကိုယ့်ကို ထိလာမှ ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ သွားတဲ့အခါကျတော့ ဒီ ဘယ်လို ပြောမလဲ။ တချို့ဟာတွေက အောင်မြင်မှုတွေ အားနည်းသွားတာပေါ့နော်။ ဆိုတော့ ဒါကို ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်ရမယ်။ စုစည်းနိုင်တဲ့ အနေအထားကိုလည်း ကျွန်တော်တို့ ဖန်တီးနိုင်တယ်ဆိုရင်တော့ ဒီ စစ်ကောင်စီအတွက် ဒါဟာ ပိုပြီးတော့ သူ့အတွက် ခဲယဉ်းတဲ့စိန်ခေါ်မှု ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အခွင့်အလမ်းတစ်ခုလို့လည်း မြင်ပါတယ်။
ဆလိုင်း ဒိုခါရ်၊ – နောက်ထပ် ကျွန်တော် ခေါင်းစဉ် ရွေ့ပြီးတော့မှ ကျွန်တော် မေးချင်တဲ့ဟာက ဆရာတို့ ဒီ ကချင် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့မှ နည်းနည်း မေးမြန်းချင်ပါတယ်။ အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ တကယ့် တစ်နိုင်ငံလုံးသော်လည်းကောင်း တကယ့် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို စောင့်ကြည့် လေ့လာနေတဲ့သူတွေအနေနဲ့လည်း KIA အနေနဲ့ ခြေလှမ်း အသစ်ကို လုပ်ဖို့ ပြင်ဆင်နေသလားဆိုတဲ့ ရှုထောင့်ကနေ မြင်ပြီးတော့မှ သုံးသပ်နေတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ အခုချိန်ထိ တောင်မှ ဒါ အိန္ဒိယဘက်ခြမ်းကို KIA အနေနဲ့ နည်းနည်း ဦးတည်ချင်လို့ CB နဲ့လည်း ဒီ ဘက်ခြမ်းမှာ အင်အားကောင်းတဲ့ CB နဲ့ ဆက်ဆံရေး တွေ ပြန်တည်ဆောက်လာတယ်ဆိုတဲ့ အမြင် ရှုထောင့်တွေ ရှိတယ်။ တစ်ဖက်မှာ ဒါ စောစော က ကျွန်တော်တို့ ပြောနေတဲ့ ဟနေတဲ့ အင်အားစုတွေကြား ပိုမို အချိတ်ဆက်မိမိနဲ့ တော်လှန် ရေး လက်တွေ့ ဆောင်ရွက်နိုင်ရေးဆိုတဲ့ အမြင်တွေ ရှိတယ်။ ဆရာတို့ ဒီ ဒီဟာနဲ့ ပတ်သက်ပြီး တော့မှ ဒါ အတွင်းအကျ ဆွေးနွေးချက် အများပြည်သူ ချပြလုပ်ရသလောက် ချပြပေးလို့ ရမလား ဆရာ။
Thang Chawm Phe၊ – အဓိကကတော့ KIA ကချင်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုပေါ့နော်။ ကျွန်တော်တို့ ချင်းအမျိုးသားရဲ့ ညီအစ်ကို ဖြစ်တယ်။ ဆိုတော့ ကချင်ကလည်း ကျွန်တော်တို့ ညီအစ်ကိုအနေနဲ့ ဖိတ်ခေါ်တာမျိုး ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီ တော်လှန်ရေး ကာလမှာ အခြေအနေ အမျိုးမျိုးကြောင့်ပေါ့လေ။ ကျွန်တော်တို့ကလည်း ရုန်းကန်နေတဲ့ ရခိုင်ဒီ ချင်းပြည်နယ်ဆိုတာက ရုန်းကန်မှု အမျိုးမျိုးနဲ့ပဲ ကျွန်တော်တို့ ဒီလို အခင်းအကျင်းကို ဖြတ်သန်းလာခဲ့ကြတာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုပေါ့လေ။ ပြီးလို့ရှိရင်လည်း ကျွန်တော်တို့ ဝိုင်းဝန်း ကူညီပေးတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်ကောင်းတွေ ရှိတယ်။ ထိုနည်းတူပဲ ကျွန်တော်တို့နဲ့ လက်တွဲနေတဲ့ ပြည်သူလူထုရဲ့ ဝန်းရံပံ့ပိုးမှု အပြည့်အဝ ရရှိထားတာကို ကျွန်တော်တို့ ညီအစ်ကို ဖြစ်တဲ့ ကချင်ကလည်း သတိထားမိသွားမယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ ဆိုတော့ ဒါဟာ တော်လှန်ရေးမှာ အားလုံး လက်တွဲရမယ် ဆိုတဲ့ အခြေခံကတော့ အခုကတည်းက ဒီ KNU၊ KIA မှာတော့ ရှိပြီးသားပေါ့လေနော်။ ဆိုတော့ ဒီ ချင်းအရေးနှင့်ပတ်သက်လာလို့ရှိရင်လည်း ကျွန်တော်တို့ မြင်တာကတော့ သူတို့က တော့ ဒီ အရင်ကတည်းက လက်တွဲလာခဲ့တဲ့ အုပ်စုကိုပဲ တောက်လျှောက် စကားပြော ဆက်ဆံတဲ့ အနေအထားမှာ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ အခင်းအကျင်းကတော့ ပြောင်းသွား ပြီဆိုတဲ့ဟာတော့ ကျွန်တော်တို့လည်း နားလည်ထားပြီပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ ကျွန်တော်တို့ နားလည်ထားတဲ့ ပုံစံကို ပြောတာပါ။ ဆိုတော့ နောက်တစ်ခုကတော့ ကျွန်တော်တို့ ချင်းလူမျိုးတွေ ပြန်ပြီးတော့ စည်းလုံးညီညွတ်စေချင်တယ်။ ကျွန်တော်တို့ အားလုံး စောစောက ပြောသလိုပါပဲ။ ကျွန်တော်တို့ ဒီ ချင်းလူမျိုး အကုန်လုံး စည်းလုံးညီညွတ်ရင်တောင်မှ ဒီတော်လှန်ရေးရဲ့ အရွေ့ဟာ ဘယ်လောက်အထိ အာမခံချက် ကျွန်တော်တို့ကို ကျွန်တော်တို့ ပေးနိုင်မလဲဆိုတဲ့ဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်။ ဆိုတဲ့အခါ မှာ ကျွန်တော်တို့ ချင်းလူမျိုးတွေလည်း ညီညွတ်ဖို့ မရှိဘူး။ ပြီးလို့ရှိရင်လည်း တခြား လူမျိုးတွေလည်း ညီညွတ်မှု မရှိဘူးဆိုရင် စောစောက ပြောတဲ့ ဒီ ဟန်ချက်ညီတဲ့ လက်တွဲမှု တွေ မဟာဗျူဟာကျတဲ့ စည်းလုံးညီညွတ်မှုတွေ အလုပ်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း သွားတယ်ဆိုရင် အားလုံးဟာ စစ်ကောင်စီရဲ့ လက်အောက်မှာပဲ ပြန်ကျဆုံးသွားနိုင်တယ်။ ဆိုတဲ့အခါကျတော့ တစ်ဖက်မှာလည်း ကျွန်တော်တို့ကို စည်းလုံးစေချင်တာလည်း ပါမယ်။ ပြီးလို့ရှိရင်လည်း ကျွန်တော်တို့ အားလုံးဟာ ဒီ အဖွဲ့တွေကလည်း ဒီအတိုင်းထားလို့ မရတော့ တဲ့ အဖွဲ့ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကလည်း ပိုပြီးတော့ သတိထားလာ တယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ကတော့ အတွေ့အကြုံ အများကြီး ရတယ်။ အတွေ့အကြုံ အများကြီး ရတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို KIO ဆီမှာ သူတို့ တည်ဆောက်ထားတယ်နဲ့ အများကြီး လေ့လာခွင့်ရတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေပေါ့နော်။ သူတို့ တော်လှန်ရေး အဆက်ဆက်မှာ သူတို့ရဲ့ ပေးဆပ်မှုတွေကိုလည်း ကျွန်တော်တို့ အများကြီး လေ့လာသင်ယူခွင့်ရခဲ့တယ်။ ပြောချင်တာ တော့ ကျွန်တော်တို့ ချင်းလူမျိုးတွေကို စည်းလုံးညီညွတ်စေချင်တယ်။ စည်းလုံးညီညွတ်ပြီး တော့ ကချင်ညီအစ်ကိုတွေနဲ့လည်း ကောင်းကောင်းမွန်မွန် လက်တွဲ ပြီးလို့ရှိရင်လည်း တခြား အဖွဲ့အစည်းတွေနဲ့လည်း ကောင်းကောင်းမွန်မွန် လက်တွဲပြီးတော့ ကျွန်တော်တို့ အတူတကွ ဘာတွေ လုပ်နိုင်မလဲပေါ့။ ကျွန်တော်တို့ ဒီ ဒီအဖွဲ့အစည်းတွေ ညီညွတ်ပြီးတော့ ပူးပေါင်းရင် ဘာတော့ ကျွန်တော်တို့ လုပ်နိုင်မလဲ။ ဒီ လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ဘယ်လောက်အထိတော့ စွမ်းဆောင်နိုင်မလဲဆိုတဲ့ အပိုင်းတွေ နောက်ကိုတော့ ကျွန်တော်တို့ အကြမ်းဖျင်းအားဖြင့် ဆွေးနွေးမှုတွေ ရှိပါတယ်။ ဆိုတော့ ပြောချင်တာကတော့ အရင်ထက် စာရင် ပိုပြီးတော့မှ လက်တွဲပြီးတော့ ရှိလာလိမ့်မယ်။ ပိုပြီးတော့ စည်းလုံးမှုတွေကတော့ ကျွန်တော်တို့ ရှိလာမယ်လို့ ကျွန်တော်တို့ ကျွန်တော်တို့လည်း ယုံကြည်ချက်တွေ ရှိပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ ဒီ ဆရာ စောစောက ကျွန်တော်တို့ မြေပြင်ရဲ့ စစ်ရေး ပြင်ဆင်မှု အခြေအနေကို သော်လည်းကောင်း ပြီးတော့ NUG တို့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ သော်လည်းကောင်း ဒါ အခြေအနေကို သုံးသပ်ပေးတဲ့အပေါ်မှာ တော်တော်လည်း ကျွန်တော်တို့ အပြင်ကလူတွေ မမြင်နိုင်တဲ့ဟာတွေ အများကြီးပါပါတယ်။ ဆိုတော့ အခုချိန်မှာ ဒါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒါ နည်းနည်း စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံဖို့အတွက် ပြင်ဆင်မှုတွေ ရှိတယ်ပေါ့နော်။ အထူးသဖြင့် အင်အားကြီးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာမျိုးတွေ ပြင်ဆင်မှုတွေ ရှိလာတယ်။ ဆိုတော့ သူတို့ကို ဒါ ဆရာအနေနဲ့ စကားပြောလို့ရမယ်ဆိုရင် ဒီ ရွေးကောက်ပွဲ အပေါ် သူတို့ရဲ့ ထောက်ခံဖို့ ပြင်ဆင်နေမှုတွေကို ဘယ်လို တုံ့ပြန်ချင်သလဲ ဆရာ။
Thang Chawm Phe၊ – ဟုတ်ကဲ့ပါ၊ ကျွန်တော် မြင်တာကတော့ ဒီ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ စိတ်သဘောထားမှန်ကို အခုထိ သိဖို့ မကြိုးစားဘူးလို့ပဲ ကျွန်တော်တို့ကတော့ မြင်နေတယ်ပေါ့နော်။ တကယ်လို့သာ ဒီ ပြည်သူလူထုရဲ့ ဒီ တော်လှန် ရေး အင်အားစုတွေ ဆိုတာက ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ ဖြစ်ပေါ်လာတဲ့ဟာ ဖြစ်တယ်။ နေ့ချင်းညချင်း ဒီအတိုင်း ထိုင်ပြီးတော့ ထလာတဲ့ ကောင်းကျိုးပြီးတော့ ပုန်ကန် လာတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဒီတော်လှန်ရေး ဖြစ်တည်လာတာက မြန်မာပြည်သူလူထုရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါကို ဒီ ကိုယ်ရဲ့ ကိုယ့်အကျိုးစီးပွားအတွက်ပေါ့လေနော်။ ကိုယ့် တစ်ဗိုလ်တည်းစာပဲ ကြည့်တဲ့ နိုင်ငံတွေကြောင့် မြန်မာပြည်သူလူထု ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမိုကရေစီ ရှင်သန်ခြင်း မရှင်သန်ခြင်းက ငါတို့နဲ့ မဆိုင်ဘူး။ မြန်မာပြည်သူလူထု ဘယ်လိုပဲ ဖြစ်ဖြစ် သေရင်လည်း သေပါစေ။ ငါတို့က ပေး ငါတို့ ပေးနေတဲ့ ဒီ လေယာဉ်ပုံးတွေနဲ့ ပုံကြဲလို့ သေရင်လည်း သေပါစေ။ ငါတို့ အကျိုးစီးပွား မယုတ်ဘူးဆိုရင် ဒီ တက်လာတဲ့ အုပ်ချုပ်တဲ့ နေပြည်တော်မှာ ဘယ်သူ ထိုင်သလဲပေါ့။ သူတို့ စဉ်းစားတာပါ။ နေပြည်တော်မှာ ထိုင်တဲ့လူနဲ့ စကားပြော မယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးပဲ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ရှိတယ်လို့ ကျွန်တော်တို့ကတော့ မြင်နေတာပေါ့။ ဒါ လက်တွေ့ ကျကျ ကျွန်တော်တို့ မြင်တယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ အထူးသဖြင့် ဒီ အိန္ဒိယ ဒီမိုကရေစီ အင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒက တကယ် ဘယ်လို ဖြစ်နေသလဲဆို တာကို သိဖို့ ကြိုးစားသင့်တယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ သူ အဲ့ဒါတွေကို သိပြီဆိုရင်တော့ ဒီနိုင်ငံရဲ့ အရေးကို ဘယ်လို ဝိုင်းဝန်း ကူညီ ပံ့ပိုးသင့်မလဲဆိုတဲ့ဟာ သူ နောက်တစ်ဆင့်အနေနဲ့ စဉ်းစားလိမ့်မယ်။ အခုကတော့ ဒီလို သူတို့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အနေအထားကို ပြည်သူလူထုရဲ့ ဆန္ဒကို သိဖို့ မကြိုးစားဘူး။ နေပြည်တော်မှာ ဘယ်သူ ထိုင်သလဲ။ ထိုင်တဲ့လူကို စကားပြောမယ်။ ဒီ ရွေးကောက်ပွဲ အတုအယောင် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း သူတို့က ပံ့ပိုးမယ်၊ ဥပဒေမဲ့ဆိုတဲ့ဟာတွေလည်း ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ စောစောက ပြောသလိုပါပဲ။ လူတွေ တော်တော်များများကတော့ ဒီ ဒီမိုကရေစီဆိုတာက စကားလုံးမှာပဲ ရှိတော့တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဒါ လက်တွေ့ တချို့ နိုင်ငံတွေရဲ့ အကျင့်သုံးမှုကို ကြည့် လိုက်ရင် ဒီမိုကရေစီ စံတန်ဖို့ မရှိတော့ဘူး။ ပြည်ပ နိုင်ငံတွေနဲ့ ဆက်စပ်တဲ့ အခါမှာသော် လည်းကောင်းပေါ့နော်။ ကျွန်တော်တို့ အထူးသဖြင့် ဒီ ဒီမိုကရေစီ ရှင်သန်ဖို့ ကြိုးစားကြတဲ့ ဒီ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးတော့တောင်မှ ဒီမိုကရေစီ ရှင်သန်ဖို့အတွက် သူတို့ ဝိုင်းပြီးတော့ ပံ့ပိုးပေးသင့်တယ်လို့ ကျွန်တော်တို့တော့ ထင်တယ်။ ဒါပေမဲ့လည်း ဒါက ကျွန်တော်တို့ ကိုယ်တိုင်ပဲ ထိုးစစ်ရမယ့်ဟာပါ။ အိမ်နီးချင်းနိုင်ငံတွေက ဘယ်လောက်ပဲ လုပ်လုပ် ကျွန်တော်တို့ကတော့ အရှုံးပေးမှာ မဟုတ်ဘူး။ ဆိုတော့ တရုတ်ကိုတော့ ကျွန်တော်တို့ သူရဲ့ နိုင်ငံရေး စနစ်ကိုလည်း အားလုံး သိတဲ့အတိုင်းပဲနော်။ ဆိုတော့ တရုတ်ကိုတော့ ကျွန်တော်တို့ သိပ် လက်လှမ်းမမီတဲ့ အပိုင်းလည်း ရှိတယ်။ ပြီးတော့ ဒီ အိန္ဒိယအနေနဲ့ကတော့ ဒီ ဒီမိုကရေစီ အင်အားစုတွေကို ပံ့ပိုးပေးသင့်တယ်။ ဒီ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာက လုံးဝ အတုအယောင် ဖြစ်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု လုံးဝ မရှိဘူး။ သူ ကလိမ်ကကျစ် ကျပြီးတော့ ဒါကို မဖြစ်မနေ တရားဝင်ရေးပေါ့နော်။ ဒီ စစ်ကောင်စီဆိုတဲ့ အမည်နာမကနေ အခု စစ်ကော်မရှင်ဆိုပြီးတော့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ အဲ့ဒီဟာကိုလည်း နောက်ထပ် ရွေးကောက်ပွဲ အတုအယောင် လုပ်ပြီးတော့ ပိုပြီးတော့ တရားဝင်မှု ရရှိအောင် သူ ကြိုးစားနေ တာသာ ဖြစ်တယ်ဆိုတဲ့ဟာကို အိန္ဒိယအနေနဲ့လည်း မြင်စေချင်တယ်။ ကြည့်စေချင်တယ် လို့ပဲ ကျွန်တော်ကတော့ ပြောလို့ရပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ အခုချိန်မှာ ဒါ စစ်ကောင်စီက နည်းနည်း ရှမ်းမြောက်ဖက် ဟို ထိုးစစ်ပြန်အောင်မြင်လာတဲ့ဟာဆိုရင်တဲ့ အရင်က စစ်ကောင်စီမှာ မရှိတဲ့ လက်နက် အထူး ဆန်းလက်နက်ဟာမျိုးတွေကို တရုတ်က ပံ့ပိုးခြင်းအားဖြင့် သူတို့ ခြေဆန့်လာနိုင်တယ်၊ ရှေ့တိုးလာနိုင်တဲ့ အနေအထားလို့ သုံးသပ်မှုတွေလည်း ရှိတယ်။ ဆိုတော့ ဒါ ဥပမာ CB ကို အိန္ဒိယကသာ တရုတ်က စစ်ကောင်စီကိုရောနော် ရှမ်းမြောက်က အင်အားစု တချို့ကို ဒါ နည်းဗျူဟာ အထူးသဖြင့် စစ်ရေး ကဏ္ဍမှာ အောင်မြင်မှုရအောင် ပံ့ပိုးတဲ့ ကဏ္ဍ ပုံစံမျိုးနဲ့ အိန္ဒိယက CB ကို ဘယ်လိုဟာ အချက်ဟာမျိုး ကူညီပေးတယ်ဆိုရင် စစ်ရေး အပြောင်းအလဲ ဖြစ်နိုင်ချေဟာမျိုးလေးတွေကို ပြောပြပေးလို့ ရမလား။ ဘယ်အတိုင်းအတာထိ စစ်ရေး အောင်မြင်နိုင်မလဲဆိုတဲ့ဟာမျိုးပေါ့။
Thang Chawm Phe၊ – ကျွန်တော်တို့အတွက်ကတော့ အခုန ပြောသလိုပေါ့။ လက်နက် အထူး အဆန်းတွေ ပေါများလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီ အထူးသဖြင့်ပေါ့။ ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ကြည့်ပြီးတော့ သူ ဆုံးဖြတ်ပေါ့။ သူ ဆုံးဖြတ်ရင် အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ အများကြီး အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော် မြင်တယ်။ အခုဆိုရင် ကျွန်တော်တို့ ဆေးဝါးကိစ္စပေါ့ နော်။ နယ်စပ်ကိစ္စဆို ကျွန်တော်တို့ အများကြီး ကြုံတွေ့နေရတယ်။ ထားပါတော့ ယောက်ျားအုပ်ထုတ် ယောက်ျားအုပ်ထုတ် ကျွန်တော်တို့ ဝယ်လိုက်တယ်။ ဒါမှမဟုတ်ဘူး။ ဖာပါနာ တိုင်ယာ ဝယ်လိုက်တယ်။ အိန္ဒိယမှာကျတော့ ဆိုင်တွေမှာ ဒီတိုင်း တင်လို့ တင်ပြီးတော့ ရောင်းကြတယ်။ ဒါပေမဲ့ ဝယ်ပြီးတော့ လမ်းတစ်ဝက်မှာကျတော့ ပြန်ဖမ်းတယ်။ ဆိုတော့ သူ့နိုင်ငံ အတိုးအလျှော့မှာ ဒါက တရားဝင် ရောင်းချတဲ့ ပစ္စည်းလိုဟာမျိုး တောင်မှ လမ်းတစ်ဝက်မှာ ပြန်ဖမ်းတယ်ဆိုတာကတော့ ဘယ်လို ပြောမလဲ။ တော်တော်လေးကို အဆင်မပြေတဲ့ အနေအထားပေါ့လေနော်။ ဆိုတော့ ဆိုလိုတာကတော့ ပြည်သူလူထုကို လောလောလတ်လတ် ဒီထက် ပေါ့လေ။ လောလောလတ်လတ် ဆေးဝါးကုသခွင့်တွေ ရှိမယ်။ ဒုက္ခသည်တွေပေါ့နော်။ ဒုက္ခသည်တွေကိုလည်း ဒီထက် ပိုပြီးတော့ စောင့်ရှောက် ကူညီစောင့် ရှောက်ပေးတယ်။ နယ်စပ်လမ်းကြောင်းတွေလည်း ပိုပြီးတော့မှ တိုးချဲ့ပြီးတော့ ကျွန်တော် တို့နဲ့ ဆက်ဆံရေးတွေ တည်ဆောက်တယ်ဆိုရင်တော့ ဒီတော်လှန်ရေးဟာ ပိုပြီးတော့ အရွေ့ကို ဖြစ်မယ်။ ဆေးဝါးကိစ္စပေါ့လေနော်။ ဒါပေမဲ့ အခုက ဘယ်လို ဖြစ်လဲဆိုတော့ ပြောင်းပြန်တွေ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူလူထု ဒုက္ခသည်တွေပေါ့ နော်။ စစ်ဘေးရှောင်တွေအနေနဲ့လည်း အိန္ဒိယနိုင်ငံမှာ စည်းကမ်းတကျ ရှိဖို့ လိုတယ်။ စည်းကမ်း စည်းစနစ် ကျကျနဲ့ နေထိုင်တတ်ဖို့ လိုတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မွေးဇာတိ မဟုတ်ဘူး။ သူများနိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော် တို့ အမြဲတမ်း ဆင်ခြင်ရမယ်ဆိုတဲ့ အသိတရားတော့ ဝင်ဖို့ လိုတယ်။ အဲ့ဒါဆိုရင်တော့ အိန္ဒိယ ကလည်း ပိုပြီးတော့ ပံ့ပိုးပေးစေချင်တယ်။ ဆိုလိုတာကတော့ လက်နက်ခဲယမ်းကနေ ကျွန်တော်တို့ကို ထောက်ပံ့စရာ မလိုဘူး။ ကျွန်တော်တို့ကို မထောက်ပံ့ရင်တောင်မှ အခြေခံ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လောလောလတ်လတ် ရောင်းဝယ်ဖောက်ကားပြီးတော့ သွားလာ လှုပ်ရှားခွင့်ကို အိန္ဒိယအစိုးရက ကောင်းကောင်းမွန်မွန် ပေးတယ်ဆိုရင် ကျွန်တော် တို့ တော်လှန်ရေး ဒီ နောက်ထပ် အင်အားစုရဲ့ တော်လှန်ရေးဟာ ဒီထက် ပိုပြီးတော့ ခရီးရောက်မယ်။ ဒီထက် ပိုမြန်ဆန်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒီ ၂၀၂၁ မတိုင်ခင်မှာ ဘယ်လောက်ပဲ စစ်ရေးအောင်မြင်မှုတွေ ဘယ်သူတွေ ရခဲ့တယ်ပဲ ပြောပြော။ ဒီလောက်အထိ ကြီးမားတဲ့ တော်လှန်ရေးဆိုတာ မဖြစ်ဖူးဘူး။ ဘယ်လောက်ပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ အများကြီး ထွက်ပေါ်ခဲ့ ထွက်ပေါ်ခဲ့။ တစ်နိုင်ငံလုံး ဒီ မြေပြန့်ဒေသ တကယ့် ပြည်သူလူထုရဲ့ နှလုံးသားကနေ ထွက်လာတဲ့ ဒီ တော်လှန်ရေးဆိုတဲ့ဟာ ဘယ်တုန်း ကမှ မြန်မာပြည်မှာ မဖြစ်ဖူးဘူး။ ဆိုတော့ ဒီ အခင်းအကျင်းကို အိန္ဒိယအနေနဲ့ ယုံယုံ ကြည်ကြည်နဲ့ တော်လှန်ရေးဘက်ကို နောက်ချိတ်ထားဖို့ လိုတယ်။ အဲ့လိုဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်တဲ့ တစ်နေ့ကျရင် သူ့ရဲ့ အကျိုးစီးပွားလည်း ဖြစ်ထွန်း နိုင်တယ်။ ဒါမှမဟုတ်ဘဲနဲ့ သူ စစ်ကောင်စီဘက်မှာပဲ တစ်ဖက်ပိတ်ရပ်နေပြီးတော့ ဒီ တော်လှန်ရေး အင်အားစုတွေ ဘက်ကို လုံးဝ လျစ်လျူရှုတဲ့ ပုံစံမျိုးနဲ့ ဆက်သွားနေရင်တော့ ဒီ တော်လှန်ရေး အင်အားစု ဒီ တော်လှန်ရေး အောင်မြင်တဲ့ တစ်နေ့မှာ သူ့ရဲ့ အကျိုးစီးပွားတွေ ကလည်း သူ ထင်သလောက် ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမှာ။ ဆိုတော့ အဲ့ဒီအပေါ်မှာတော့ သူ သေချာလေး သုံးသပ်ပြီးတော့ ဒီ တော်လှန်ရေး အင်အားစုတွေနဲ့ ကျွန်တော်တို့ အထူးသဖြင့် ဒီ အနောက်ဖက်ပေါ့နော်။ မြန်မာနိုင်ငံရဲ့ အနောက်ဖက်ခြမ်းမှာ ရှိတဲ့ ဒီ လက်နက်ကိုင်နဲ့ ကျွန်တော်တို့ CB ရှိမယ်ပေါ့နော်။ ဒီ တခြား အဖွဲ့အစည်းတွေအနေရောပေါ့။ ဒါကို လေးလေးနက်နက်နဲ့ သူ စဉ်းစားပြီးတော့ ပြန်သုံးသပ်သင့်တယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ဆိုတော့ ဒီ နောက်ဆုံးပိုင်းအနေနဲ့ ကျွန်တော် မေးမြန်းလိုတာကတော့ အခုချိန်မှာ ဒါ ချင်းမှာ ချင်းချင်း နည်းနည်း ပွတ်တိုက်မှုတွေ ရှိလာတဲ့အပေါ်မှာ ပြည်သူ တချို့ကလည်း စိုးရိမ်ပူပန်မှု ရှိနေတယ်။ ဆိုတော့ ဒီအပေါ်မှာ ဆရာအနေနဲ့ နောက်ဆုံး ချင်းပြည်သူတွေကို စိတ်မပူဖို့ပဲ ဖြစ်ဖြစ် ဒီထက်မကလည်း အခြေအနေ ဆိုးနိုင်တာလား စသဖြင့်ပေါ့နော်။ ဘာများ မှာကြားချင်လဲ။ နောက်ဆုံးအနေနဲ့ ချင်းပြည်သူတွေကို CB ရဲ့ ဦးဆောင်သူ တစ်ဦးအနေနဲ့ ဒါ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။
Thang Chawm Phe၊ – ပြည်သူလူထုအနေနဲ့လည်း စိတ်ပျက်မယ်ဆိုရင်လည်း စိတ်ပျက်စရာတွေတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာတော့ ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ ဒါဟာ အဆိုးဆုံးအထိလို့ ကျွန်တော်တို့ ပြောလို့တော့ မရသေးပါဘူး။ ကျွန်တော်တို့ လူတွေ အများကြီး ကျန်သေးတယ် ပေါ့နော်။ ဒီ ပြည်သူလူထုလည်း အများကြီး ကျန်သေးတယ်။ ဆိုတော့ ဒါကို ကျွန်တော်တို့ သင်ခန်းစာ ယူသင့်ပြီလို့တော့ ကျွန်တော်တို့ဘက်ကလည်း မြင်ပါတယ်။ ဆိုတော့ ပြည်သူလူထု အနေနဲ့လည်း ဝိုင်း ဝိုင်းပံ့ပိုးဖို့ပေါ့နော်။ ဝိုင်းဝန်း ပံ့ပိုးဖို့ လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီ Online ပေါ်မှာ ဘယ်ဖြစ်ဖြစ်ပေါ့။ သာမန်ပြည်သူလူထုမှာ Brainwash အလုပ်ခံနေရတဲ့ ပြည်သူအများစုက ဆိုလိုတာကတော့ ကျွန်တော်တို့ ဒီ အရင်က ကျွန်တော် တို့ သွားလာ လှုပ်ရှားတဲ့ အခါကျရင် အကုန်လုံး ချောချောမွေ့မွေ့ အဆင်ပြေပြေ ရှိတယ်။ ဒါပေမဲ့လည်း Brainwash အလုပ်ခံရတဲ့ အခါမှာ ဟို အဖွဲ့လာတယ်ဆိုရင် ဟာ ဥပမာ မင်းတပ်သားတွေ လာတယ်ဆိုရင်တော့ ဒီကောင်တွေက ဘာဖြစ်တယ်ညာဖြစ်တယ်။ AA နဲ့ ပေါင်းတဲ့ အဖွဲ့ ချင်းပြည်နယ်ကို ဘယ်လို လုပ်လာမယ့် အဖွဲ့တွေဆိုပြီးတော့ ပြည်သူလူထု အထိကို Brainwash အလုပ်ခံရတဲ့ အခါမှာ အမုန်းတရားတွေ ဖြစ်လာတယ်။ ဆိုတော့ ကျွန်တော်တို့ အားလုံးမှာ ရန်သူကို ချစ်ပါဆိုတဲ့ ခရစ်တော်ရဲ့ စကားရှိပေမဲ့ ရန်သူကို ချစ်နိုင်တဲ့ ရန်သူလို့ သတ်မှတ်ပြီဆိုရင် ရန်သူကို ချစ်နိုင်တဲ့ မေတ္တာတရား ကျွန်တော့်မှာလည်း မရှိဘူး။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာ။ ဆိုတော့ ချင်းပြည်သူလူထုမှာလည်း အဲ့လိုပဲ။ ဆိုတော့ ဒါတွေကို ခေါင်းဆောင်လုပ်တဲ့သူတွေက ဒါကို ပြန်ပြီးတော့ သုံးသပ်ဖို့ လိုတယ်။ စောစောက အရင်က ဘာကြောင့် ဒီလို ဖြစ်လာသလဲဆိုတာကိုလည်း ကျွန်တော်တို့ မမေ့ဖို့ လိုတယ်။ အဲ့ဒါကို မမေ့မှ ကျွန်တော်တို့ နောက်ထပ် ဒီလို မဖြစ်အောင် သင်ခန်းစာ ယူလို့ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြန်ရိုးသားကြဖို့ လိုတယ်။ ရိုးသားဖို့ လိုတယ်။ ချင်းပြည်သူလူထုကတော့ တာဝန်ကျေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ တာဝန်မကျေတာက ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေပဲ တာဝန်မကျေတာ။ ပြောချင် တာကတော့ ပြည်သူလူထုကတော့ ရှိတဲ့ သီးနှံကစလို့ ငွေရေးကြေးရေး ကစလို့ နည်းတဲ့ဟာ မဟုတ်ဘူး။ သူတို့ ထောက်ပံ့ထားတာ။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လောက်အထိ ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို စိုးမိုးပြီးပြီလဲ။ ပြီးလို့ရှိရင် ပြည်သူလူထုရဲ့ ဝန်ဆောင်မှုအပိုင်းကို သေချာတယ် ဒီ ကာလမှာတော့ ဘယ်ဝန်ဆောင်မှုအပေါ်မှာ ကျွန်တော် တို့ ကောင်းကောင်း လုပ်နိုင်မှာလဲ။ ဒါပေမဲ့ ပြည်သူလူထု လိုလားတောင့်တနေတဲ့ မြို့သိမ်း စစ်ဆင်ရေးတွေကစလို့ ကျွန်တော်တို့ ဘယ်လောက်အထိ လုပ်ပေးပြီးပြီလဲ။ ဒါတွေကလည်း ကျွန်တော်တို့ ကိုယ့်ကို ကျွန်တော်တို့ အားလုံး ပြန်သုံးသပ်ဖို့ လိုတယ်။ ပြည်သူလိုချင်တာ ကတော့ စစ်ကောင်စီ ချင်းပြည်နယ်မှာ ကင်းစင်ရေးပါ။ ဒါ ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်ပဲ။ စစ်ကောင်စီ ကင်းစင်ပြီဆိုရင် ပြည်သူလူထုကလည်း တစ်နည်းတစ်ဖုံနဲ့ သူတို့ စိတ်ထဲမှာ ကျေနပ်လိမ့်မယ်။ အခုကကျတော့ စစ်ကောင်စီလည်း လုံးစုံ မကင်းစင်သေးဘူး။ ကျွန်တော်တို့ဘက်က ကျွန်တော်တို့ အချင်းချင်းကြားတဲ့မှာ ချလို့ မဖြစ်နိုင်ဘူး။ ဒါဟာလည်း ဒါ ဘယ်လို ပြောမလဲ။ အင်အားစု နှစ်ခုဟာ အင်အား အပြိုင်အဆိုင် ဖြစ်လာတဲ့ အခါကျရင် ကြုံနေကျ ပြဿနာလို့ ကျွန်တော်တို့ကတော့ ပြောလို့ရပါတယ်။ ဒါ အလားတူ ဖြစ်စဉ်ဟာ မျိုးကတော့ ကချင်မှာလည်း ကြုံခဲ့တယ်။ ကရင်မှာလည်း ကြုံခဲ့တယ်။ ရခိုင်မှာလည်း ကြုံခဲ့တာပဲ။ ဆိုလိုတာကတော့ အင်အား မတိမ်းမယိမ်းတွေ အကုန်လုံး ဖြစ်လာတဲ့ အခါကျရင် ဒါတွေဟာ မဖြစ်မနေ ကြုံတွေ့ခဲ့ရတဲ့ဟာတွေ ရှိတယ်။ ဒါပေမဲ့ ဒီမုန်တိုင်းကာလကို ကျွန်တော်တို့ အမြန်ပြီးဖို့ လိုတယ်။ ဒီမုန်တိုင်းကာလ ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ နယ်မြေကိုတော့ ရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်ပေါ့နော်။ ဒါကလည်း ခုနက ပြောသလို ညစ်ပတ်မှုတွေ ရှောင်ရှားဖို့ လိုတယ်။ နိုင်ငံရေးမှာ အမြဲတမ်း ညစ်ပတ်တဲ့ ပုံစံမျိုးနဲ့ ဆက်ကစားနေမယ်ဆိုရင်တော့လည်း ဒီဟာက အတောမသတ်နိုင်ဘဲနဲ့ ပိုပြီးတော့ ကြီးထွား လာတဲ့ အခင်းအကျင်းလည်း အချိန်မရွေး ဖြစ်သွားနိုင်တယ်။ ဒါတွေကိုလည်း အားလုံး ပြည်သူ လူထုကလည်း နားလည်ဖို့ လိုတယ်။ တစ်ဖက်မှာတော့ ကောင်းကောင်းမွန်မွန်နဲ့ စစ်အုပ်စု ကတော့ သူက Strategy ကျကျနဲ့ပေါ့နော်။ သူက ဒီတော်လှန်ရေးကို စစ်ဦးချိုးဖို့အတွက် သူ ပြန်ပြီးတော့ ချဉ်းကပ်လာတယ်။ ဒါကို ကျွန်တော်တို့ စည်းလုံးညီညွတ်မှုနဲ့ ကိုယ့်ရဲ့ မာန်မာနလေးတွေ လျှော့ပြီး အလုပ်ကို ဒါဟာ ကျွန်တော်တို့ ရယူထားတဲ့ နေရာတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်ကြီးတဲ့ နေရာတွေ ဖြစ်တယ်။ ပိုပြီးတော့ ပင်ပန်းခံရမယ့် နေရာတွေ ဖြစ်တယ်ဆိုတဲ့ဟာကို အားလုံးက နားလည်ပြီးတော့ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်ကတော့ တိုက်တွန်းလိုပါတယ်။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ကျွန်တော်တို့ကို အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
Thang Chawm Phe၊ – ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။