ဇူလိုင် ၇
The Kaladan Post
အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာဒုက္ခသည်များသည် ၎င်းတို့၏အခြေခံအခွင့်အရေးများကို အပြည့်အဝရရှိရန် UNHCR India ထံ ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် Chin Refugee Committee (CRC) Delhi ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များအားလုံး ဆန္ဒပြတောင်းဆိုနေ ကြကြောင်း မြန်မာဒုက္ခသည် တစ်ဦးထံမှသိရသည်။ အဆိုပါ ဆန္ဒပြမှုသည် ” ကျွန်တော်တို့ အိန္ဒိယ နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအနေဖြင့် ကျွန်တော်တို့ရရှိသင့်သော အခြေခံအခွင့် အရေးများ အပြည့်အဝရရှိနိုင်ရန် နှင့် UNHCR India အနေဖြင့် ကျွန်တော်တို့ ဒုက္ခသည်များ ဘေးကင်းလုံခြုံမှုရရှိနိုင်ရန်အတွက် တောင်းဆိုတာဖြစ်ပါတယ် “ဟု ဆိုသည်။ ဒါ့အပြင် ဒီဆန္ဒပြမှုသည် တောင်းဆိုထားသော အချက်အလက်များအား အပြည့်အဝရရှိသည် အထိမရပ်မနားဘဲ ဆက်လက်တောင်းဆိုသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ အိန္ဒယားနိုင်ငံရောက် မြန်မာဒုက္ခသည်များအပေါ် UNHCR India အနေဖြင့် ပညာရေး၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်း ကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ ကူညီပံ့ပို့မှုတွင် ပျက်ကွက်မှုတွေများနေ ကြောင်းသိရသည်။ အိန္ဒယားနိုင်ငံရောက် မြန်မာဒုက္ခသည်များသည် အိန္ဒယားအစိုးရမှ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများခံနေရသည့်အပြင် တစ်ချို့သောသူများမှာမှု တရားမဝင် ပြည်နှင်ဒဏ် ပေးခြင်းပါ ခံနေကြကြောင်း India For Myanmar ၏ ထုန်ပြန်ချက်အရသိရသည်။ ထိုသို့ကြုံတွေ့နေ ရသည်မှာ UNHCR India က ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပေးခြင်းကြောင်းသာဖြစ်တယ်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။