KNU ခေါင်းဆောင်ဟောင်းအချို့ NCA ဆယ်နှစ်ပြည့်ပွဲတက်ရောက်မှု အဖွဲ့ကိုယ်စားမပြုဟု KNU ရှင်းလင်း
အောက်တို ၁၅
The Kaladan Post
နေပြည်တော်တွင် ယနေ့မှစတင်ကျင်းပသော စစ်အုပ်စုဦးစီးပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ် (NCA) ဆယ်နှစ်ပြည့်ပွဲသို့ ကေအဲန်ယူ (KNU) ခေါင်းဆောင်ဟောင်းအချို့ တက် ရောက်နေသော်လည်း ၎င်းတို့သည် KNU ကိုယ်စားမပြုကြောင်း KNU ပြောခွင့်ရပဒိုစောတောနီး က ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးတွင် ယခုလို ရှင်းလင်းပြောကြားသည်။ ယခင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းအပါအဝင် ခေါင်းဆောင်ဟောင်း များသည် လက်ရှိတွင် KNU ၌ တာဝန်မရှိတော့ဘဲ သာမန်အဖွဲ့ဝင်များအဖြစ်သာ ရှိသည်ဟု ၎င်းက ဆိုသည်။သို့သော် ၎င်းတို့အနေဖြင့် အဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်တာဝန်ရှိကြောင်း ပြောကြားသည်။
KNU သည် NCA သည် အသုံးမဝင်တော့ကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုမရှိမှသာ ဆွေးနွေးမှုဖြစ်နိုင်မည်ဟု မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အတူ ထုတ်ဖော်ပြောဆိုထားသည်။ ယခုပွဲသို့ DKBA၊ NMSP၊ PC နှင့် ALP အဖွဲ့မှ ကိုယ်စား လှယ်အချို့လည်း တက်ရောက်နေကြကြောင်းသိရသည်။ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် တစ်ဦးက ၎င်းတို့၏တက်ရောက်မှုကို အဖွဲ့အတွင်း ပြန်လည်သုံးသပ်ဆွေးနွေးမည်ဟု ပြောကြား ည်။ အခမ်းအနားသည် အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။

စစ်တပ်၏ လူထုပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများ ပြင်းထန်လာနိုင်သဖြင့် သတိပြုနေထိုင်ရန် TLC သတိပေး
အောက်တို ၁၅
The Kaladan Post
တအာင်းပြည်ကောင်စီ (TLC) က အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများ အထူးသတိပြုနေထိုင်ရန် သတိပေးချက်ထုတ်ပြန်သည်။ စက်တင်ဘာလမှစ၍ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များရှိ ကျေးရွာများကို ဦးတည်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးကာ ပြည်သူများစွာ စစ်ဘေးရှောင်နေရသည်။
စစ်တပ်သည် TNLA ထိန်းချုပ်ထားသော သီပေါနှင့် မိုးကုတ်မြို့များကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး၊ သီပေါမြို့အနီး ၃ မိုင်အကွာအထိ စစ်ကြောင်းရောက်ရှိလာကြောင်း TNLA သတင်းရင်းမြစ်က ဖော်ပြသည်။ TLC က လူထုအား လေကြောင်းအန္တရာယ်ရှောင်ရှားရန်နှင့် ဘေးကင်းသည့်နေရာများတွင် သတိထားနေထိုင်ရန် တိုက်တွန်းထားပြီး၊ စစ်ဘေးဒုက္ခသည်များအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တစ်ဦးချင်းထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝိုင်းဝန်းပံ့ပိုးပေးရန် အလေးအနက် တောင်းဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် ကြံ့ဖွတ်ပါတီရုံးကို Yangon Army က ဗုံးဖောက်ခွဲတိုက်ခိုက်
အောက်တို ၁၅
The Kaladan Post
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို အောက်တိုဘာ ၁၅ ရက် နံနက် ၉:၁၀ ခန့်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ပြင်းအားမြင့်မိုင်းတစ်လုံးနှင့် လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုသည် ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သော်လည်း ထိခိုက်မှုအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်။
Yangon Army တာဝန်ရှိသူက အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင် လုပ်ဆောင်နေသူများနှင့် မဲဆွယ်စည်းရုံးရေးဆင်းမည့်သူများကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ စာရင်းကို အသေးစိတ်ပြုစုထားပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် မည်ဟု သတိပေးခဲ့သည်။ ပြည်သူများအနေဖြင့်လည်း တရားမဝင်ရွေးကောက်ပွဲကို နိုင်နိုင်ကျင်ကျင် ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအား နိုင်ငံကို ဒုက္ခမရောက်စေရန် NCA ၁၀ နှစ်ပြည့်နေ့တွင် ပြောကြား
အောက်တို ၁၅
The Kaladan Post
နေပြည်တော်တွင် ကျင်းပသည့် NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအား နိုင်ငံကို ဒုက္ခမရောက်စေရန်နှင့် ပြည်ထောင်စုအကျိုးအတွက် ပူးပေါင်းဆောင်ရွက် ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းက NCA စာချုပ်ကို တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုး ထားပြီး ကတိမဖျက်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပမ်း နေသည်ဟု ဆိုသည်။ သို့သော် NCA လုပ်ငန်းစဉ်များမှာ နောက်ကျနေပြီး လက်နက်ကိုင်ပဋိပက္ခ များ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဝန်ခံခဲ့သည်။ သို့သော် KNU၊ CNF၊ ABSDF၊ PNLO၊ NMSP နှင့် LDU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဖြစ်ကာ ၎င်း၏အခြေခံမူများနှင့် ရည်မှန်းချက်များ ဖျက်ဆီးခံရသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ၎င်းတို့က စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် နိုင်ငံမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည်ဟု ဆိုကာ၊ UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များအား NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ မတက်ရောက်ရန် တိုက်တွန်းထားသည်။ ထို့ပြင် NUG အပါအဝင် ဒီမိုကရေစီအင်အားစုများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားသည့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် တရားဝင်မှုမရှိကြောင်း၊ ပြည်သူထောက်ခံမှုမရှိသော အတုအယောင် ရွေးကောက်ပွဲများသည် အာဏာကို မတရားရယူရန် ကြိုးပမ်းမှုသာဖြစ်သည်ဟု ထုတ်ဖော်ပြော ဆိုထားသည်။
ထားဝယ်ခရိုင်တွင် စကစစစ်ကြောင်း တိုက်ခိုက်ခံရပြီး စခ ၈ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၆ ဦး ကယ်ထုတ်ရရှိ
အောက်တို ၁၅
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်သော စစ်ကြောင်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ဘက်မှ သား ၈ ဦး သေဆုံးပြီး ဖမ်းဆီးခံရသူ ၆ ဦးလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့မှ ထွက်လာသော စစ်အင်အား ၆၀ ခန့်ပါ စစ်ကြောင်းက မြို့အနီးရှိ ကျေးရွာများသို့ ရောက်ရှိလာစဉ် တောတွင်းတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုတိုက်ပွဲတွင် စစ်ဘက်မှ သား ၈ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ပြုသနေကာ၊ စစ်ဘက်မှ ဖမ်းဆီးထားသော လူငယ် ၆ ဦး လည်း ထွက်ပြေးလွတ်မြောက်ခဲ့ရာ တော်လှန်ရေးဘက်မှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးလာတဲ့ လူငယ် ၆ ဦးကို ထွက်ပြေးနိုင်ခဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ စစ်ခွေးတွေ ဘက်က ၈ ကောင်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေကို ကား ၃ စီးနဲ့ လောင်းလုံးမြို့ပေါ် ပြန်သယ်သွားတယ် ဟု ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ ၎င်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်၅လုံးခန့် ပျက်စီးပြီး
အောက်တို ၁၅
The Kaladan Post
မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ မအူဂိတ်မှ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်တောင်ခြမ်းကျေးရွာများကို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေ အိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။ အဆိုပါ ပစ်ခတ်မှုတွင် ဘုရွာရှိ နေအိမ် ၅လုံးခန့် ပျက်စီးခဲ့ပြီး တစ်အိမ်မှာ လက်နက်ကြီးကျရောက်ပေါက် ကွဲကာ မီးလောင်ပျက်စီးခဲ့သည်။ နွားများလည်း သေဆုံးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၁၅ ရက် မနက် ၁၁ နာရီခွဲခန့်တွင်လည်း ကျောက္ကာ ရွှေဂူနီဘုရားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းပစ်နေသည်ဟု ဒေသခံများက ဆိုသည်။ အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညတွင် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက်လည်း စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများဖြင့် ပြည်သူများ ထိခိုက်သေဆုံးကာ နေအိမ်များ ပျက်စီးနေသည်ဟု သိရသည်။

မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး ဒဏ်ရာရ
အောက်တို ၁၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ဇရပ်ကုန်းကျေးရွာကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ပြင်းထန်သည်ဟု ဒေသခံများထံမှ သိရသည်။ ဗုံးကြဲမှုကြောင့် နေအိမ်တစ်လုံးနှင့် ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ဘုရားဆင်းတုများ ပျက်စီးခဲ့သည်။ ၎င်းလေကြောင်းတိုက်ခိုက်မှုသည် ရွာရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်ကို ကြဲသွားတာဖြစ်ပြီး ဒဏ်ရာစိုးရိမ်ရတဲ့ နှစ်ဦးကတော့ ဆေးခန်းပို့ထား လိုက်ပြီ ဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရသူများထဲတွင် အသက် ၄၅ နှစ်ကျော်အရွယ် မသင်းမှာ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ထားပြီး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ဗုံးစထိမှန်ထားသည်ဟု သိရသည်။ အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ဇရပ်ကုန်း ကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၇ ဦး သေဆုံးခဲ့ သည်ဟု ဒေသခံများက ပြောဆိုသည်။

မင်းအောင်လှိုင်က လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြွေးကြော်
အောက်တို ၁၅
The Kaladan Post
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်ပြည့်အခမ်းအနား တွင် စစ်တပ်ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတပြီး အောင်မြင်မည် ဟု ပြောကြားခဲ့သည်။ ၎င်းက ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမည်ဖြစ်ပြီး၊ မြို့နယ် ၁၀၀ ၌ အပိုင်း ၂ ကျင်းပမည်ဟု ဆိုသော်လည်း အပိုင်း ၂ ကျင့်ပမည့် ရက်အတိအကျကို မဖော်ပြခဲ့ပေ။ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် မကျင်းပနိုင်ကြောင်း ၎င်းက ဝန်ခံပြီး၊ မကျင်းပနိုင်သည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲများ ဆက်လက်လုပ်ဆောင် မည်ဟု ဆိုသည်။ မင်းအောင်လှိုင်က ယခင်ရွေးကောက်ပွဲများတွင် မဲမသမာမှုများသည် မဲလက် မှတ်စနစ်ကြောင့်ဖြစ်ပြီး၊ ယခုအခါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ကြိုတင်မဲကန့်သတ်မှု များ ထည့်သွင်းလုပ်ဆောင်ထားသည်ဟု ပြောကြားသည်။ ၎င်းက ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲပြောင်းပေးမည်ဟုလည်း ကတိပြုသည်။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ၆ ပါတီနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ၅၁ ပါတီ မှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ စစ်တပ်ထောက်ခံ သည့် USDP ပါတီက ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သည်။ သို့သော် NUG၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးအင်အားစုများက စစ်တပ်၏ ရွေးကောက်ပွဲသည် တရား မဝင်ကြောင်း ဆန့်ကျင်ထားပြီး၊ ၎င်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု သတိပေးကြေညာထားသည်။

ရေးမြို့နယ်တွင် စစ်ကြောင်းတိုက်ခိုက်ရာ စစ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံး
အောက်တို ၁၅
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်ဖွဲ့ကို အောက်တိုဘာလ ၁၀ မှ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက်ခိုက်ရာ စစ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် သား ၁၂ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်ဖွဲ့ (MSRF) ကသတင်း ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် ကနင်ကမော့ရွာအနီး စစ်ကြောင်းကို ပြောက်ကျား စနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ရာ စစ်ဘက်မှ တပ်ကြပ် ၁ ဦး အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး တော်လှန် ရေးဘက်မှ အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။ ယင်းနေ့ ညနေ ၄နာရီခန့်တွင် အောင်သာယာရွာ နှင့် လိမ္မော်ခြံရွာ အနီး စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ရာ မိနစ် ၂၀ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ဘက် မှ သား ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် အောင်သပြေ ဘုန်းကြီးကျောင်း အနီး စစ်တပ် ကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ နှင့် လက်နက်ကြီး ပစ်ခတ်ရာ စစ်ဘက်မှ သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရခဲ့သည်။ အောက်တိုဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ဘေလမိုင်းကျေးရွာ မှ အေးကမ္ဘာကျေးရွာ အနီး စစ်ကြောင်းကို မိနစ် ၃၀ ကြာ တိုက်ခိုက်ရာ စစ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈ ဦး သေဆုံး၊ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကို MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ရာမညတပ်တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ(၃၃) ဒေါနချေမှုန်း ရေးတပ်ခွဲနှင့် တပင်ရွှေထီး တပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အရပ်သား ပြည်သူများ အနေနဲ့ ရန်သူ့ စစ်ကြောင်း သတင်း အခြေအနေကို နားစွင့်ပြီး သတိနဲ့ သွားလာ လှုပ်ရှား ဖို့ တိုက်တွန်း လိုပါတယ်ဟု မိတလညဏ်က ပြောဆိုသည်။

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် စစ်တပ်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
အောက်တို ၁၅
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာရှိ နေအိမ်များတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ကို အောက်တိုဘာလ ၁၃ ရက်က မင်းသားကြီးစစ်ကြောင်းဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၄၀ မမ နှင့် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက ပြောဆိုသည်။ ရုံးစည်ကြီးကျေးရွာ အဝင်လမ်းဘေး ဝဲယာတလျှောက်မှာရှိ ပြည်သူပိုင်နေအိမ်တွေတွင် တပ်စွဲထား တဲ့ စစ်ခွေးတွေကို ၆၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးထိမှန်ပြီး စစ်ခွေး ၆ ကောင်သေဆုံးတယ် ဟု ဗိုလ်မူတူးက ပြောသည်။ ၎င်းက စစ်တပ်က ကျည်တစ်ချက်ပေါက်လျှင် နေအိမ်တစ်လုံးမီးရှို့မည်ဟု ကြိမ်းမောင်းနေသည်ဟုလည်း ထည့်သွင်းပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
ထို့ပြင်၊ ရုံးစည်ကြီးရွာတွင် စစ်ကောင်စီက စက်တင်ဘာလ ၁၅၊ ၁၆ နှင့် ၁၇ ရက်များတွင် အသက် ၁၆ မှ ၅၆ နှစ်အရွယ် အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ပြီး၊ အသက် ၄၅ နှစ်အရွယ် ကိုရဲ နှင့် အသက် ၅၆ နှစ်အရွယ် ဦးသောင်းညွန့်တို့ကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

