ကဝမြို့နယ်ပကဖ၊ ပဲခူးခရိုင်စစ်ကြောင်း ရဲဘော်များကို စစ်အသုံးအဆောင်နှင့် ရိက္ခာ များ မျှဝေပေးခဲ့
အောက်တို ၂၃ဩ
The Kaladan Post
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်များအတွက် ကဝမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို မျှဝေပေးခဲ့သည်ဟု ပဲခူးခရိုင်ပကဖ က ဒီနေ့ ထုတ်ပြန်လွှင့်ကြေညာခဲ့သည်။ ဤမျှဝေမှုသည် စစ်မြေပြင်တိုက်ခိုက်ရေးများတွင် ရဲဘော်များ၏ အသက်အန္တရာယ်ထိခိုက်မှုကို လျှော့ချရန် ရည်ရွယ်ပြီး ကဝမြို့နယ်ပကဖ မှ ကျည်ကာဝတ်စုံ ၂၀ စုံကို အပ်နှံခဲ့ကာ ပဲခူးခရိုင်ပကဖ စစ်ကြောင်း ရဲဘော်များအတွက် လေ့ကျင့်ရေး ဘောင်းဘီများကိုလည်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဒေသခံများ၏ ထောက်ပံ့မှုဖြင့် ပိန္နဲသီး၊ သင်္ဘောသီးစိမ်း၊ ငါးပိ၊ သစ်တိုသီးဆားရည်စိမ်နှင့် ဟင်းသီးဟင်းရွက်များကို ကဝမြို့နယ်ပကဖ တာဝန်ခံ ရဲဘော်ကျော်နိုင်နှင့် တာဝန်ရှိသူများမှ အောက်တိုဘာ ၂၁ ရက်တွင် ပဲခူးခရိုင်ပကဖ စစ်ကြောင်းမှူထံ ပေးအပ် မျှဝေသုံးစွဲရန် အပ်နှံခဲ့သည် ဟု သိရသည်။ ဤကဲ့သို့ စစ်အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို မျှဝေပေးခဲ့သော ကဝမြို့နယ် ပကဖ အား အထူးကျေးဇူးတင်ကြောင်း ပဲခူးခရိုင်ပကဖ က ထုတ်ပြန်ထားသည်။

ဘုရားသုံးဆူ မြို့မစျေးကြီးတွင် စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင် သပိတ်လှုပ်ရှားမှု ပြုလုပ်
အောက်တို ၂၂
The Kaladan Post
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် ပြည်သူများက အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လူထုသပိတ် လှုပ်ရှားမှု ကျင်းပခဲ့ကြောင်း သိရသည်။ ဤလှုပ်ရှားမှုတွင် တော်လှန်လူငယ်များက ရွေးကောက်ပွဲ တွင် မပါဝင်ရန်နှင့် ပါဝင်ကူညီသူများကို ပြင်းထန်စွာ အရေးယူရန် အသိပညာပေးရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ပြည်သူများက စစ်အုပ်စု၏ အတုအယောင်ရွေး ကောက်ပွဲကို တရားမဝင်ဟု ရှုမြင်ကာ ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အလိုမရှိ ဆန္ဒပြခဲ့ကြသည်။ ဤကဲ့သို့ ဆန့်ကျင်လှုပ်ရှားမှုများသည် နိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစု များနှင့် ပြည်သူများ၏ ပူးပေါင်းဆန္ဒဖော်ပြမှုများကို ပြသခဲ့ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲ ပိုမိုဖြစ်လာစေမည်ဟု ဆိုသည်။ လက်ရှိ ရွေးကောက်ပွဲကာလတွင် ဆန့်ကျင်သူများကို ဖမ်းဆီးအရေးယူမှုများ များပြားလာနေသော်လည်း ပြည်သူများ၏ ဆန္ဒခံယူမှု မပြောင်းလဲခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ခေါင်လန်ဖူးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ် စခန်း ၂ ခုကို KIA သိမ်းပိုက်
အောက်တို ၂၃
The Kaladan Post
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့က ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ် (PDF) စခန်း ၂ ခုကို တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ အောက်တိုဘာ ၁၉ ရက်တွင် ခေါင်လန်ဖူးမြို့နယ်၊ ရှီးလာန်ဒမ်းကျေးရွာ အနီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော PDF စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ နောက်တစ်ရက်ဖြစ်သော ၂၀ ရက်တွင် မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ PDF စခန်းကိုလည်း သိမ်းပိုက်ခဲ့သည်ဟု KIA ဘက်က ဖော်ပြခဲ့သည်။ ထိုသို့ စခန်းများ သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ယင်းကျေးရွာများအပါအဝင် ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လောမြို့နယ်အတွင်း ပြည်သူလူထုကို ပစ်မှတ်ထားကာ Y12 လေယာဉ်ဖြင့် တောက်လျှောက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။
စခန်းသိမ်းပိုက်ခံရတာကို မကျေနပ်လို့ လေယာဉ်ခေါ်တာနေမယ်။ Y12 လေယာဉ်နဲ့ ဗုံးကျဲနေတာ၊ ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း လန်ဆယ်ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေကို ဗုံး အလုံး ၂၀ လောက်ရှိတယ်။ ဘုရားကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်။ နာပေဖုံကျေးရွာ အနီးကိုလည်း ဗုံး ၃ လုံးကျဲသွားတယ် ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ရှီးလာန်ဒမ်းကျေးရွာမှာ အိမ်ခြေ ၂၀ ခန့်ရှိပြီး လန်ဆယ်ကျေးရွာ အထက်ဘက်တွင် တည်ရှိကာ ဤတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ အနောက်ပိုင်း ထိန်းချုပ်ရေး အားနည်းချက်ကို ပြသခဲ့ပြီး ပြည်သူများအတွက် အန္တရာယ်များလာနေကြောင်း ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

အာဆီယံထိပ်သီး ၄၇ ကြိမ်ညီလာခံကို မင်းအောင်လှိုင် တက်ရောက်ခွင့်မရ
အောက်တို ၂၃
The Kaladan Post
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါရ် အိဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အောက်တိုဘာ ၂၆-၂၈ ကျင်းပမည့် အာဆီယံထိပ်သီး ၄၇ ကြိမ်ညီလာခံသို့ တက်ရောက်ခွင့် မပေးကြောင်း Bernama သတင်းဌာနက ဖော်ပြသည်။ စစ်သတင်းမီဒီယာများက မင်းအောင်လှိုင် တက်ရောက်မည်ဟု ပြောဆိုခဲ့သော်လည်း၊ ညီလာခံ စတင်မီ ရက်ပိုင်းအလိုနှင့် ဝန်ကြီးချုပ်က ငြင်းပယ်အတည်ပြုခဲ့သည်။ အာဆီယံသည် ၂၀၂၁ ဧပြီလ ဘုံသဘောတူညီချက် ၅ ရပ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး၊ စစ်အုပ်စု၏ အကောင်အထည်ဖော်မှု မရှိသောကြောင့် နိုင်ငံရေး မသက်ဆိုင်သော ကိုယ်စားလှယ်ကိုသာ ခွင့်ပြုနေသည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
ဤစည်းမျဉ်းအရ မင်းအောင်လှိုင်နှင့် စစ်နိုင်ငံခြားရေး ဝန်ကြီးတိုသည် အာဆီယံ အစည်းအဝေး ၉ ကြိမ်တွင် တက်ရောက်ခွင့် မရခဲ့ကြပါ။ ညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှား ဒုဝန်ကြီးချုပ်တို့ တက်ရောက်မည်ဖြစ်ပြီး၊ ဖိလစ်ပိုင်က အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲရယူမည်၊ တီမောန်က အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ထောက်ခံမှုကို အာဆီယံ ဆက်လက် အားပေးနေမည်ဟု မလေးရှားက အလေးပေး ဖော်ပြခဲ့သည်။

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု DPLF/DPLA ပြောဆို
အောက်တို ၂၃
The Kaladan Post
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ဖိနှိပ်မှုကြောင့် ဓနုလူငယ်များက စုဖွဲ့ခဲ့သော DPLF/DPLA က စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲကို အသိမှတ်မပြု၊ ပူးပေါင်းသူများကို အရေးယူမည် ဟု ထုတ်ပြန်ထားသည်။ လက်ရှိမှာ ဓနုဒေသတွင် PPP ပါတီ လှုပ်ရှားမှု အနည်းငယ်ရှိသော်လည်း စစ်ကောင်စီ တင်မြှောက်ထားသော ဒေသဦးစီးဥက္ကဋ္ဌ တစ်ဦးသာ စည်းရုံးရေး ဆင်းနေပြီးကျန်သူ များ ပါတီနာမည်ပင် မထုတ်ရဲ၊ အာဏာဖယ်ခံရမှု ကြောက်ရွံ့နေကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြား ရေး တာဝန်ရှိသူက ပြောဆိုသည်။ အရေးယူမှုမှာ ပူးပေါင်းဆောင်ရွက်မှု အမျိုးအစားပေါ် မူတည်ဟု ဆိုသည်။ စစ်ကောင်စီ ကျင့်ပမည့်ရွေးကောက်ပွဲကို လူထုက စိတ်မဝင်စားဘူး။ အာဏာသိမ်းကာလ ရွေးကောက်ပွဲဟာ တရားမဝင်၊ နိုင်ငံတကာ အသိအမှတ်အပြုဘူး ဒါကြောင့် မဲမပေး၊ ပင်ပန်းမခံ၊ ငွေကုန်မခံ၊ ဒီအတိုင်း နေကြပါဟု DPLF/DPLA က တိုက်တွန်းချက်ပေးသည်။ DPLF/DPLA သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး (Bottom-up federalism) တွင် ဓနုကိုယ်စားပြု အနေဖြင့် ပြည်တွင်း-ပြည်ပ အင်အားစုများနှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်
အောက်တို ၂၃
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင် တအာင်းတပ်မတော် (TNLA) နှင့်အတူ တိုက်ပွဲဝင် နေသည့် အထူးတိုက်ခိုက်ရေးအဖွဲ့ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့ ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။ အလင်းဝင်သူမှာ မန္တလေးမှ ပေါ်တာဆွဲဖမ်း ဆီးခံရပြီး စစ်မှုထမ်းသင်တန်း (အပတ်စဉ် ၁၂) တက်ရောက်ခဲ့သူ တပ်သား အောင်ကျော်ဖြစ်ပြီး၊ နမ့်လန်အခြေစိုက် ခလရ-၂၄၃ မှ လက်နက်မဲ့ ထွက်ပြေးလာခဲ့သူဖြစ်သည်။ တပ်သား အောင်ကျော် သည် နောင်ချိုဘက်တွင် တံတားပြင်ဆင်ရာမှ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းကာလတွင်း ပါးရိုက်ခံရခြင်း၊ စစ်ဖိနပ်ဖြင့် အကန်ခံရခြင်းအပါအဝင် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုနှင့် သုံးစွဲသူများရှိနေကြောင်း၊ ၎င်းဆိုင်ရာ လုပ်ဆောင်ချက်များကို အသိပေးထားသော် လည်း မမြင်စေရန် အထက်အရာရှိများက ညွှန်ကြားထားကြောင်း ၎င်းက ထွက်ဆိုသည်။

မောင်တောတွင် ARSA အဖွဲ့မှ ခရီးသည်တင်ကားတိုက်ခိုက်ပြီး အမျိုးသမီး ၂ ဦး သေဆုံး
အောက်တို ၂၃
The Kaladan Post
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျောက်ပန္ဒူ-စေတီပြင် တောင်ကျော်လမ်းတွင် အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး (အသက် ၃၀ နှင့် ၄၀) သေဆုံးပြီး ပစ္စည်းများ လုယက်ခံခဲ့ရ သည်ဟု ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ခရီးသည် ၅ ဦးပါသည့် ယင်းကားမှ အမျိုးသား ၂ ဦး (အသက် ၃၀ နှင့် ၂၅) မှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း၊ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ သေဆုံးသွားသည့် ၎င်း၏မိခင်ဘေးတွင် ကျန်ရစ်ခဲ့သည်။ တိုက်ခိုက်မှုမှာ မောင်တောမြို့နယ်၊ မြိုယုရွာ အရှေ့ဘက်တံတားအနီး၌ ဖြစ်ပွားခဲ့သည်။ AA က ARSA အဖွဲ့ဝင် များကို လိုက်လံရှင်းလင်းနေပြီး၊ ဒေသအတွင်း အကြမ်းဖက်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူ့ လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ AA ၏ စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင်လည်း ဘင်္ဂလားဒေ့ရှ်မှ နတ်မြစ်နှင့် မယူတောင်လမ်းကြောင်းများကတစ်ဆင့် စိမ့်ဝင်လာသည့် ARSA နှင့် RSO အဖွဲ့များက မွတ်ဆလင်မဟုတ်သူများကို ပစ်မှတ်ထားသတ်ဖြတ် နေသဖြင့် နယ်စပ်ဒေသခံများအား သတိထားသွားလာရန် သတိပေးထားပြီးဖြစ်သည်။

ကော့ကရိတ်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ ဒုက္ခရောက်နေ
အောက်တို ၂၃
The Kaladan Post
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီးဖိုးစံရွာကို အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီခန့်မှ စတင်ကာ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။ အလားတူ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်ထစ်ရွာအနီးတဝိုက်ကို အောက်တိုဘာ ၂၂ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်တွင်လည်း ထိုနေ့ည ၁၁ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးပေ။ ထို့ပြင်၊ ဆားလင်းကြီး မြို့နယ်တွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများက လက်နက်ကြီးနှင့် လေထီးများဖြင့် နေ့စဉ် တိုက်ခိုက်နေပြီး၊ ဆည်တည်းရွာသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ထန်းပုရွာ ဘုန်းကြီးကျောင်း ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့သည်။

IPU က မြန်မာကိုယ်စားပြုအဖြစ် CRPH ကို ဆက်လက်အသိအမှတ်ပြု
အောက်တို ၂၃
The Kaladan Post
နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်သော နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) သည် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို ယနေ့ကျင်းပလျက်ရှိသည့် အမှုဆောင်ကောင်စီအစည်း အဝေး၌ ကြေညာခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက် IPU က CRPH ကို တရားဝင် ကိုယ်စားပြုအဖွဲ့အဖြစ် အသိအမှတ်ပြုခဲ့ကာ နှစ်စဉ်ညီလာခံများတွင်လည်း တက်ရောက်ခွင့်ပေးခဲ့ သည်။ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ကြေညာချက်နှင့် တိုက်ဆိုင်နေချိန် တွင် ဤဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ CRPH က မြန်မာ့ပဋိပက္ခများကို ရေရှည်တည်တံ့ သော ဖြေရှင်းမှုဖြင့် နိုင်ငံတကာ အသိုက်အဝန်းက ပံ့ပိုးကူညီရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အဆိုပါ ညီလာခံ၏ “အကျပ်အတည်းကာလများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ခြင်းနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း” ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြား ခဲ့သည်။ မိန့်ခွန်းတွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန်၊ နိုင်ငံရေးအကျဉ်း သားများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးရန်၊ လူသား ချင်းစာနာရေးအကူအညီများ အတားအဆီးမရှိ ရရှိရန်၊ လက်နက်နှင့် လေယာဉ်ဆီ တင်ပို့မှုကို ပိတ်ဆို့ရန်နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ပံ့ပိုးရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့သည်။
