RAIN – RAIN
ဖြေဆိုသူ – Gideon၊ စစ်ဦးစီးချုပ်၊ PDF-Zoland
RAIN – The Kaladan Post ကို ကြည့်ရှုပေးနေကြတဲ့ မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ သက္ကလပ်တန် Post ရဲ့ Youth and Women’s Affair program ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ Interview မှာတော့ PDF-Zoland ရဲ့ စစ်ချုပ်ဖြစ်တဲ့ ဆရာ Gideon ကို ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။ ကျွန်မကတော့ ရိန်းပါ။ မင်္ဂလာပါဆရာ။
Gideon – မင်္ဂလာပါဆရာမ။
RAIN – ဟုတ်ကဲ့ပါ အရင်ဆုံးအနေနဲ့ The Kaladan Post ကို အခုလိုမျိုး အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
Gideon – ဟုတ်ကဲ့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဆုံးအနေနဲ့ ဆရာဒီ တော်လှန်ရေးမှာ ဘယ်လိုပုံစံမျိုး စတင်ပြီးတော့မှ ဝင်ရောက်လာလဲ။ တော်လှန်ရေး မစတင်ခင်မှာရော ဆရာ ဘယ်လိုတွေ ဘဝကို ဖြတ်သန်းခဲ့လဲဆိုတာလေးကို အရင်ဦးဆုံးအနေနဲ့ မိဘပြည်သူတွေကို မိတ်ဆက် ပေးပါဦးရှင့်။
Gideon – ဟုတ်ကဲ့ပါ။ ကျွန်တော်ကတော့ ဒီတော်လှန်ရေးမတိုင်ခင်မှာတော့ ပုံမှန် အာ ကိုယ်အလုပ်နဲ့ ကိုယ်ပေါ့နော်။ စိုက်ပျိုးရေး အနည်းအကျဉ်းလုပ်တယ်။ ဒီစီးပွားရေး တွေလုပ်တယ်ပေါ့။ အဲဒါနဲ့ပဲ ဒီ အာဏာသိမ်းတဲ့အခါစ ဆန္ဒပြကတည်းကနေ တောက်လျှောက် ပါလာတဲ့ အခုအချိန်ထိပါပဲ။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ချင်းပြည်နယ်ဆိုလို့ရှိရင် ဒါ အများအားဖြင့် ဒါ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေတွေ ဖြစ်လာနေပြီပေါ့နော်။ ဆိုတော့ မကြာခင်မှာလည်းပဲ ဒါ တီးတိန်မြို့အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲတော့မယ်လို့ သိရတဲ့ အပေါ်မှာ ဆရာတို့ တီးတိန်မြို့နယ်နဲ့ ပတ်သက်ပြီးတော့ Zoland-PDF ရဲ့ လက်ရှိ ပြင်ဆင်မှု အခြေအနေလေးတွေ ပြီးတော့ စစ်ရေးဗျူဟာတွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အပိုင်းလေးတွေကို မိဘပြည်သူတွေ သိသင့်သိထိုက်တာလေးတွေကို ပြောပြပေးပါဦးရှင့်။
Gideon – ဟုတ်ကဲ့ပါဗျ ဒီ ကျွန်တော်တို့ မြို့သိမ်းတိုက်ပွဲ ပေါ့ အတွက်တော့ ဒါ ကျွန်တော်တို့ ချင်းညီနောင်ရဲ့ စစ်ဆင်ရေး ဖော်ဆောင်မယ့်ဟာဆိုတော့ ကျွန်တော်တို့ အိမ်ရှင်အနေနဲ့ PDF-Zoland က ပြင်ဆင်ဖို့ လိုအပ်သမျှ ဒီစစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲမှာ လိုအပ်သမျှ အားလုံးကို အကောင်းဆုံးဖြစ်အောင်တော့ အာ ကြိုတင်ပြီးမှ ပြင်ဆင်ထား တာရှိတယ်။ အခုလည်း ဆက်လက်ပြီးမှ ပြင်ဆင်ထားတာပေါ့။ ပြီးရင် ဒါ ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့ အထိုက်အလျောက်ပေါ့။ မြို့သိမ်းတိုက်ပွဲကို စခန်းသိမ်းတိုက်ပွဲတွေ ဒီ အတွေ့အကြုံအရ ဒီစစ်ဆင်ရေးကိုတော့ ကျွန်တော်တို့ ယုံကြည်မှုရှိတယ်။ လုပ်နိုင်မယ်လို့ တော့ ယုံကြည်မှုရှိတယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ အာ ကြိုးစားအားထုတ်မှု ပံ့ပိုးမှုကြောင့်ပဲဖြစ်တယ်ပေါ့။ ဆိုတော့ ဒါ ကျွန်တော်တို့ အချိန်တန်ရင်တော့ ပြည်သူလူထုကို ချပြပြီးမှ အသိပေးဖို့ဖြစ်မယ်ဗျ။
RAIN – ဟုတ်ကဲ့။ ဆိုတော့ စစ်ချုပ်အနေနဲ့ရော ဒီ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အတွက် ဒီ ဘယ်အရာက အဆုံးအဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ထားတာမျိုးရှိလဲပေါ့နော်။ ပြီးတော့ ဒီနွေဦး ဒီ တော်လှန်ရေးကြီးရဲ့ အနာဂတ် လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့မှ စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုတွေ မြင်သလဲဆိုတာလေးလဲ သုံးသပ်ပေးပါဦးရှင့်။
Gideon – နွေဦးတော်လှန်ရေး အာ ဘယ်လိုအောင်မလဲ ဆိုတဲ့ အမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ကျတော့ ဒါ ကျွန်တော်တို့ စထွက်လာကတည်းက ဒီ ကျွန်တော်တို့ ခံယူချက်လေးတွေပေါ့နော်။ ပြင်းပြတဲ့ ဆန္ဒကို ဒီအချိန်မှာ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်ကနေ ရိုက်ခတ်မှု ဖိအားရှိနေတဲ့ အချိန်မှာပေါ့။ ဒီတဖန် ပြန်ပြီးမှ ကျွန်တော်တို့ စထွက်လာတဲ့ အချိန်မှာ ကိုယ့်ယုံကြည်မှုတွေကို တဖန်ပြန်ပြီးမှ နိုးထလာနိုင်အောင် ကျွန်တော်တို့ ပြန်ပြီးမှ မွေးဖွားနိုင်ဖို့လိုတယ်။ ပြည်သူနဲ့ ဒီတော်လှန်ရေးသမားတွေ ကြားမှာကော အပြန်အလှန် ဒီအရင်က စည်းလုံးမှုတွေကို ပြန်ပြီးမှ ပြသဖို့လိုတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ တော်လှန်ရေး အင်အားစုတွေ အားလုံး အဖွဲ့အစည်း အသီးသီးတွေ အားလုံးက ပိုပြီးမှ စည်းလုံးနိုင်ဖို့ရယ်၊ ပြီးရင် ကိုယ့်ရဲ့ အဖွဲ့အစည်း အသီးသီးက ကိုယ် အာ ထိန်းချုပ်နယ်မြေ အသီးသီးမှာ ပြည်သူနဲ့ ဒီတော်လှန်ရေးသမားတွေ အပြန်အလှန် ယုံကြည်မှု ရှိဖို့။ ဒီပြည်သူတွေကနေလည်း ဒီတော်လှန်ရေးသမားတွေကို ပိုပြီးမှ ယုံကြည်လာအောင် ကျွန်တော်တို့လည်း ယုံကြည်မှုကို တည်ဆောက်ဖို့လိုသလို အပြောနဲ့ မဟုတ်ဘဲနဲ့ ဒီတော်လှန်ရေး ကာလမှာ ရန်သူကို ကိုယ့်နယ်မြေ အသီးသီးကနေ ခြေမှုန်းနိုင်ဖို့ပေါ့နော်။ တိုက်ထုတ်နိုင်ဖို့ ကြိုးစားဖို့ရယ်။ ဒီ တဖန်ပြန်ပြီးမှ ကျွန်တော်တို့ ဒီ အဓိကကတော့ ကျွန်တော်ကတော့ စိတ်ဓာတ်ရယ်၊ ကိုယ့်ရဲ့ ခံယူချက်ရယ်၊ ပြီးတော့ စည်းလုံးမှုကို ကျွန်တော်တို့ မစည်းလုံးဘူးဆိုရင်တော့ အောင်ပွဲကတော့ တော်တော်လေးကို ခက်ခဲလာမယ့် အနေအထားမှာရှိတယ်။ ဒီ ၅ နှစ်တာကာလမှာ ကျွန်တော်တို့ အထိုက်အလျောက် အောင်မြင်လာတယ်။ ဆက်ပြီးမှ အောင်မြင်နိုင်ဖို့က ကျွန်တော်တို့ ရှေ့ဆက်နိုင်ဖို့က စည်းလုံးမှုက အရေးကြီးတယ်လို့ မြင်ပါတယ်ဗျ။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ လက်ရှိ အာ လက်ရှိ အခြေအနေမှာ ဆိုလို့ရှိရင် NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဒီ ကြွေးကြော်မှုနဲ့ ပတ်သက်ပြီးတော့မှ ပြည်သူတွေကြားမှာ အာ ဒါ စိတ်ဝင်စားမှုတွေ မြင့်တက်နေတယ်ပေါ့နော်။ ဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေပြီးတော့ ပြုပြင်ပြောင်းလဲမယ်လို့ ကြွေးကြော်နေတဲ့ အပေါ်မှာ ဒါ စစ်ဦးစီးချုပ် အနေနဲ့ ရော ဒီ လက်တွေ့မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားတာမျိုးရှိလဲ။
Gideon – NUGရဲ့ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ ၂၀၂၁ ကနေ ၂၀၂၅ ကြား ဒီ ၅ နှစ်တာကာလတွေမှာ သိသာတဲ့ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေ၊ သင်ခန်းစာ ဒီအားနည်းချက် နည်းမျိုးစုံပေါ့လေ။ မြောက်များစွာ တွေ့ရှိရတယ်။ ဒါ ဒီအပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဒီNUGကနေ အပြောပဲ မဟုတ်ဘဲနဲ့ တကယ့်ကို လက်တွေ့ အာ အလုပ်နဲ့ သက်သေပြဖို့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ မြင်တယ်။ ပြီးမှ ဒီ အရေးကြီးဆုံးကတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲတဲ့အရာ အပေါ်မှာ ဒီတော်လှန်ရေးမှာ တောက်လျှောက်ပါလာတဲ့ တကယ့်ကို တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်လာ တဲ့ အစုအဖွဲ့တွေနဲ့ အစုအဖွဲ့ အသီးသီးကနေ စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပြန်ပြီးမှ Reform လုပ်ဖို့ပေါ့နော်။ ဒါ အရေးကြီးတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ပြီးရင် ဒီ တည်ဆောက်မယ့် အချိန်မှာ ဒီ အဖွဲ့အစည်း အသီးသီးကနေ NUGမှာ တည်ဆောက်ဖို့ အတွက် အာ စေလွတ်တဲ့ ပုဂ္ဂိုလ်တွေကို လက်ရှိ အခင်းအကျင်းမှာ ပြဿနာတွေကို အာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုး နောက်နောင်မှာ ကြုံလာမယ့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် လူပုဂ္ဂိုလ်မျိုးကို ကောင်းကောင်းလေးကို ကိုင်တွယ်နိုင်မယ့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မယ့် အရည်အချင်းရှိတဲ့ လူတွေကို မိမိ အဖွဲ့အစည်း အသီးသီးကနေ ရွေးချယ် တင်မြှောက်ပြီးမှ ပြန်ပြီးမှ တည်ဆောက်ဖို့လိုတယ်လို့ ဒါ ဆွေးနွေးချင်ပါတယ်ဗျ။
RAIN – ဟုတ်ကဲ့ပါ ဒီ ကျွန်မတို့ အာ အိမ်နီးချင်းတွေ ဖြစ်တဲ့ အာ ဒါ တရုတ်၊ အိန္ဒိယ ပေါ့နော်။ ဒီ ထိုင်း အာ သူတို့တွေရဲ့ အာ ရပ်တည်ချက်ဟာ ဆိုလို့ရှိရင်လည်း နွေဦးတော် လှန်ရေး အပေါ်မှာ အတော်လေး အာ ဒါ အရေးကြီးတဲ့ ကဏ္ဍမှာ ပါတယ်။ ဆိုတော့ အခုလိုမျိုး အရေးကြီးတဲ့ အချိန်မှာ အဓိက အနေနဲ့ ကျွန်မတို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ ဟို နွေဦးတော် လှန်ရေး အပေါ်မှာ ဟို ရပ်တည်ချက်ကိုရော စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုများမြင်လဲပေါ့နော်။ ပြီးတော့မှ ဒီထက်ပိုပြီး ထိရောက်အောင်ရော ဘယ်လို ပုံစံမျိုး အားဖြင့် ကူညီသင့်တယ်လို့ ထင်ပါလဲရှင့်။
Gideon – အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ပတ်သက်ပြီးတော့ သေချာတာကတော့ ဒီနိုင်ငံတွေရဲ့ policy တွေဟာ အရေးကြီးတာပေါ့လေ။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး အခြေအနေ၊ တော်လှန်ရေး ပြည်သူတွေရဲ့ လူနေမှုဘဝကို အများကြီး impact ဖြစ်တယ်ပေါ့။ ထိရောက်မှုရှိတယ်။ အကျိုးဆက်တွေ မြောက်များစွာ ခံစားရတာဖြစ်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းဖို့လိုသလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလည်း ရောက်ရှိခြင်းဟာ သူတို့အတွက် စိန်ခေါ်မှု အန္တရာယ် ရှိတာမျိုး မဖြစ်ကြောင်းကို အသိပေးဖို့လိုတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဒီလိုလုပ်ဆောင်ရာမှာ တိကျတာကတော့ အစိုးရသစ် NUG ပြောင်းလဲပြီး ဖြစ်လာရင် အစိုးရသစ်အနေနဲ့လည်း အဓိက စိန်ခေါ်မှုလည်း ဖြစ်နိုင်ပါတယ်လို့ ကျွန်တော် အနေနဲ့လည်း မြင်မိတယ်ပေါ့။ ဒီဆက်ဆံရေး ကောင်းပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဟာ သူတို့အတွက် အန္တရာယ် မဖြစ်ကြောင်းကို ဆိုတဲ့အရာကို ကျွန်တော်တို့ ဆက်ပြီးမှ သူတို့ကို ပြသဖို့လည်းလိုတယ်။ အထူးသဖြင့် သေချာတာကတော့ ဒီဘယ်နိုင်ငံကပဲ policy ပဲ ဘယ်လိုပုံစံမျိုးပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့။ ဒါ ကျွန်တော်တို့ကတော့ အာ federal democracy ပြည်ထောင်စု လွတ်လပ်ပြီး တရားမျှတတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုကို အာမခံရှိတဲ့ federal ပြည်ထောင်စု မရရအောင်တော့ ဆက်လက်ပြီးမှ တိုက်ပွဲဝင်ဖို့ပဲ ဖြစ်မယ်ပေါ့လေ။
RAIN – ဆိုတော့ ဒီ စစ်ကောင်စီအနေနဲ့ တရားမဝင် ရွေးကောက်ပွဲ ကျင်းပဖို့ကို ကြိုးပမ်းနေတဲ့ အပေါ်မှာရော စစ်ဦးစီးချုပ်ရဲ့ သဘောထားကိုလည်း သိပါရစေရှင့်။ ဒီလိုမျိုး ရွေးကောက်ပွဲဟာ တော်လှန်ရေးအတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်လို့ စစ်ဦးစီးချုပ်အနေနဲ့ ထင်ပါသလဲရှင့်။
Gideon – သေချာတာကတော့ ဒါ ပြဿနာဖြေရှင်းနည်း နိုင်ငံရေးထွက်ပေါက်တော့ မဟုတ်ဘူးဆိုတာကတော့ အားလုံး ပြည်သူလူထုကို ပြောစရာမလိုဘူးပေါ့။ ဆိုတော့ လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ဖြေရှင်းတာ မဟုတ်ဘဲနဲ့ ပြဿနာကို ရှုပ်အောင် ပိုရှုပ်တာထက် ပိုရှုပ်လာအောင်ပေါ့နော်။ ဒီအတွက်ကြောင့် ရှိနေပြီးသား ပြဿနာတွေကို မဖြေရှင်းနိုင်သေးတဲ့ အချိန်မျိုးမှာ ပြည်သူလူထုဘက်ကနေလည်း အထူးသဖြင့် အခွင့်အရေး သမားတွေအနေနဲ့ သိဖို့ ရှုပ်အောင် လုပ်တဲ့သူတွေထဲမှာ မပါမိဖို့ သတိထားဖို့လိုတယ်လို့တော့ ကျွန်တော်က မြင်တယ်။ ပြီးရင် ဒီ စကစရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့သူကတော့ ဒီအကြမ်းဖက်မှုကို ထောက်ခံပြီး ကြိုက်သလိုဗုံးကြဲလိုက်ပါ၊ ကြိုက်သလို ပြည်သူလူထုကို သတ်ဖြတ်လိုက်ပါလို့ လက်ခံရာရောက်ပါတယ်လို့ မြင်တယ်ပေါ့။ ဒီ နိုင်ငံတကာကလည်း ဒီ သိတာပဲ ဒီမတည်ငြိမ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ဟာက လုံးဝ လွတ်လပ်မှု မရှိတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်တစ်ခုအနေနဲ့ မေးချင်တာကတော့ ဒါ တော်လှန်ရေး ကာလကြာလာတာနဲ့ အမျှပေါ့နော်။ ဒါ ချင်းအရေး အပါအဝင် ဒီမြန်မာနိုင်ငံအနှံ့ အာ တော်လှန်ရေးအင်အားစုတွေ ကြားမှာ ညီညွတ်မှု တည်ဆောက်ဖို့တွေ အဟန့်အတားရှိနေ တာတွေ တချို့နဲ့ ပတ်သက်ပြီးတော့မှ လူငယ်တွေက ဦးဆောင်မှု အပြည့်အဝ ရလာရင် ဒီပြဿနာတွေ ပြေလည်နိုင်တယ်ဆိုတဲ့ ဒီ အသက်အပိုင်းအခြား ဟို ကွာခြားမှုတွေ အကြားမှာ ဒီ နိုင်ငံရေး စစ်ရေး အမြင်ကွဲလွဲမှုတွေကလည်း အဓိက အဟန့်အတား တစ်ခုဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ စစ်ဦးစီးချုပ် အနေနဲ့ရော အာ ဒါ ဆရာ့ရဲ့ အတွေ့အကြုံအရ အဓိက စိန်ခေါ်မှုက ဘာဖြစ်မယ်လို့ ထင်လဲရှင့်။
Gideon – ကျွန်တော်တို့ ဒီ တော်လှန်ရေး အင်အားစုတွေ အားလုံး သဘောထားကွဲလွဲမှု ဆိုတာဟာက ဘုံသဘောတူညီချက်တစ်ခု ရယူဖို့လိုတယ်ပေါ့။ ဥပမာ အားလုံးက အာ federal democracy ကို လိုချင်တယ်ဆိုရင် အဲ့ဒီနေရာမှာက ကျွန်တော်တို့ စုစည်းလို့ရတယ်။ ကျွန်တော်တို့ စုစည်းတဲ့ လုပ်ရမယ့်နေရာမျိုးမှာ ဘုံရည်မှန်းချက် တူတဲ့နေရာမျိုးမှာ အတူ အားလုံးစုပြီးမှ ဒီ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ မျိုးနွယ်စုစွဲတာမျိုး၊ ဒေသစွဲတာမျိုးကို ခဏဘေးဖယ်ပြီးမှ နည်းနည်းကျယ်ပြန့်တဲ့ ဟို စုစည်းမှုမျိုးကို မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ အဓိကတော့ ဒီတော်လှန်ရေးကို အဓိပ္ပာယ်ဖွင့်ဆိုမှုက ကြာလာတဲ့နဲ့ အမျှက ဟို နည်းနည်းမှား လာတယ် ပေါ့။ ဥပမာ တချို့တွေက နယ်ချဲ့တော်လှန်ရေးလို့ မြင်လာတဲ့ အပိုင်းရှိတယ်။ တချို့တွေက ကိုယ့်ရဲ့ ဟို လူမျိုးနွယ်စု၊ ကိုယ့်ရဲ့ identity ကို ပြသဖို့ အခွင့်အရေးလို့ ယူဆလာတဲ့ အပိုင်းမှာ။ အဲ့လိုမျိုးတွေ နယ်မြေ အသီးသီးမှာ အဲ့လိုမျိုးတွေရဲ့ ကိုယ့်ရဲ့ ထင်မြင်ချက်တွေ ပိုရှေ့တန်း တင်လာတဲ့အခါကျတော့ ရှေးလုံးမှုက ပိုပြီးမှ အာ အားနည်းသွားတာပေါ့လေ။ ဒီဟာကို ကျွန်တော်တို့ တော်လှန်ရေး လုပ်တာက အားလုံးအတွက် လွတ်မြောက်မှု ဆိုတဲ့ဟာကို နည်းနည်း နောက်ရောက်နေတယ်။ အဲ့ဒါကြောင့်လို ကျွန်တော်တို့ မစည်းလုံးနိုင်ဘူးလို့တော့ ကျွန်တော်က မြင်တယ်ပေါ့။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဆရာကိုယ်တိုင်ကလည်း လူငယ်တစ်ဦး ဖြစ်နေတယ်။ လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်နေတဲ့ အားလျော်စွာ လက်ရှိ တော်လှန်ရေးမှာ ဆိုလို့ရှိရင် လူငယ်တွေရဲ့ အခန်းကဏ္ဍ အင်မတန်မှ ဟို ကြီးမားတာကိုလည်း တွေ့ရသလိုမျိုး အမျိုးသမီး တွေရဲ့ ပါဝင်မှုတွေလည်း ဟို အားကောင်းကောင်းတွေ့နေရတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ဒီ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ လူငယ်တွေရဲ့ ပါဝင်မှုက တော်လှန်ရေးအပေါ်မှာ ဘယ်အတိုင်း အတာအထိ အထောက်အကူဖြစ်တယ်ဆိုတာလေးကိုလည်း ဟို ပြောပြပေးပါဦးရှင့်။
Gideon – ဟုတ်ကဲ့ပါ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်တဲ့ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါတယ်။ ဒါ ၂၀၂၁ ကနေ ဒီ CDM ကနေ စပြီးမှ ပို ပါဝင်လာတဲ့ ဟို အမျိုးသမီးတွေ အားလုံးက ဒီ အခု လက်ရှိထိ ဒီ ဥပမာ ကျွန်တော်တို့ ZFU မှာ ဆိုရင်တော့ အမျိုးသမီးတွေ ဦးဆောင်ပြီးမှ အများကြီး ပါတီပိုင်းမှာကော တပ်တွင်းပိုင်းမှာကော ဒီအမျိုးသမီးတွေ အားကိုးရတဲ့ အများကြီးရှိပါတယ်။ မြောက်များစွာပေါ့လေ။ ဒါကတော့ ကျွန်တော်တို့အတွက် အိမ်တစ်အိမ်မှာလည်း အမျိုးသမီးကို မရှိမဖြစ်လိုအပ်သလို ဒီနိုင်ငံမှာ လည်း ကျွန်တော်တို့ အမျိုးသမီးကဏ္ဍက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် လို့တော့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော် ဒီလိုမျိုး ဒီနွေဦးတော်လှန်ရေးမှာ တက်ကြွတဲ့ အမျိုးသမီး မြောက်များစွာကို တွေ့တဲ့အချိန်မှာ မ အာ ချီးကျူးရတဲ့အဆင့်မှာ ကိုယ့်ဟာကို လည်း ဂုဏ်ယူတယ်ပေါ့။ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီး အားလုံး ကိုလည်း လေးစားတယ်။ ဒီ အထူးသဖြင့် ဒီလူငယ် အမျိုးသမီးတွေပေါ့နော်။ တကယ့်ကို တိုက်ပွဲမှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းတူ လုပ်နိုင်တဲ့သူလည်း ရှိတယ်။ နိုင်ငံရေးမှာ လည်း အများကြီး အားကိုးရတဲ့ အပိုင်းမှာလည်း ရှိတယ်ပေါ့။ ဒါကတော့ တော်တော်လေးကို ထိရောက်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုလို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့လေ။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်ဆုံးအနေနဲ့ ပေါ့နော်။ ဒီနေ့ တော်လှန်ရေး ကာလ ကြာရှည်လာတာနဲ့ အမျှ ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးမှာ အဘက်ဘက်ကနေပြီးတော့မှ ပါဝင်နေတဲ့ ဟို တော်လှန်ပြည်သူများကို စစ်ဦးစီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီ Interview ကနေတစ်ဆင့် ဘယ်လိုမျိုး တိုက်တွန်းအားပေးစကားများ ပြောလိုပါလဲရှင့်။
Gideon – အထူးသဖြင့် ဒီအချိန်မှာက ရန်သူဘက်ကနေ ခေါင်းထောင်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဖက်ကနေ ဒီရိုက်ခတ်နေတဲ့ မုန်တိုင်းကို အခိုက်အတန့်လေးကို ကျွန်တော်တို့ တောင့်ခံနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ခါနီး အမြင့်တက် လေလေ မုန်တိုင်းက ပိုပြင်းထန်နေပြီပေါ့လေ။ ဆိုတော့ ဒီဟာကို ကျွန်တော်တို့ ပြည်သူ အားလုံးက စိတ်မယိုင်ဖို့ပေါ့နော်။ ဒီ အထူးသဖြင့် ဒီ အတုအယောင် ရွေးကောက်ပွဲမှာ စိတ်မပါ ဖို့ရယ်၊ အားမပေးဖို့ရယ်၊ ပြီးရင် ဒီဟာကို ကျွန်တော်တို့က တော်လှန်ရေးက ကျွန်တော်တို့ zero ကနေ စလာတယ်။ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေ အများကြီး ရှိလာတယ်။ ဒီဟာကို ပြန်ပြီးမှ ကျွန်တော်တို့ ဟို အောင်မြင်မှုတွေကို ကြည့်ပြီးမှ လက်ရှိ ရှိနေတဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စိတ်ဓာတ်မကျဖို့၊ ထပ်ပြီးမှ ကျွန်တော်တို့ final ပေါ့နော်။ အောင်ပွဲလုပ်နိုင်အောင်၊ အောင်လံထူနိုင်အောင်လို့ ပြည်သူလူထုကနေ ကိုယ်ကျရာ ကဏ္ဍ အသီးသီးကနေ တော်လှန်ရေး အင်အားစုတွေကို ဆက်လက်ပြီးမှ ပံ့ပိုးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။
RAIN – ကျေးဇူးတင်ပါတယ်ဆရာ။
Gideon – ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ။