ဒီဇင် ၂၅

The Kaladan Post

မကွေးတိုင်း အောင်လံမြို့နယ်နှင့် ပဲခူးတိုင်း ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ တပ်စွဲထား သည့် ဂိတ်စခန်း၊ ကင်းပုန်း၊ လောင်းကစားဝိုင်းနှင့် ရဲစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က  “ ကျွန်တော်တို့ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ နတ်မောက်ဂိတ်မှာ စစ်တပ်အင်အား ၂၅ ခန့်ရှိပါတယ် သွားတိုက်တဲ့အချိန်မှ တိုက်ပွဲ ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖ က်က ၈ဦး သေဆုံးခဲ့ပါတယ် တိုက်ပွဲအတွင်း စစ်ကူအပါအဝင် လေးကြောင်းဖြင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ပြန်လည်ဆုတ်ခွါသွားခြင်းဖြစ်ပါတယ် အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ရက်နေ့တွင် အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက် ဘုရား ၅ ဆူထောင့်ရှိ ကင်းပုန်းနှင့် စမ်းချောင်းကွက်သစ်ထောင့်ရှိ ပျူစောထီးများ ကင်းစောင့်နေသည့် လောင်းကစားဝိုင်း များကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု အတိအကျမသိရှိသေးပါဘူးဟု “ The Kaladan Post သို့ ပြောဆိုသည်။  ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မင်းအောင်လှိုင် ပြည်မြို့သို့ ရောက်ရှိနေချိန် တရားမဝင်ရွေးကောက်ပွဲကို သတိပေးသည့်အနေဖြင့် ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၃) နှင့် သရက်ခရိုင် တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့က ပေါက်ခေါင်းမြို့နယ် မြို့မရဲစခန်းရှေ့တွင် မိုင်း ၂ လုံးဖြင့် အဆိုပါတပ်ဖွဲ့က ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မကြာမီကျင့်ပမည့် စစ်တပ်ရွေး ကောက်ပွဲကို ပြည်သူတွေအနေဖြင့် မဲပေးခြင်းမပေးခြင်းက ပြည်သူတွေလွတ်လပ်ခွင့်နှင့် သက်ဆိုင်တာဖြစ်ပါတယ် သို့သော်လည်း ပြည်သူတွေအနေဖြင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလာ ထောက်ခြောက်ကြီးလာဆိုတာသုံးသတ်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာ ဖြစ်ပြီး ဓမ္မနှင့်အဓ္ဓမကို သေချာစွာရွေးချယ်တတ်ဖို့လိုပါတယ်ဟု တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ အဆိုပါတပ်ဖွဲ့ က ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်း မပြုကြရန်နှင့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာများသို့ သွားရောက်ခြင်း မပြုကြရန်လည်း အသိပေး တိုက်တွန်းထားသည်။