Author: benjamin

ကမ္မမြို့ရပ်ကွက်ဆေးခန်းကို စစ်တပ်က ဗုံးကြဲ

ကမ္မမြို့ရပ်ကွက်ဆေးခန်းကို စစ်တပ်က ဗုံးကြဲ မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီ ၁၇ မိနစ်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံပျက်စီးကာ အနီးရှိ ထန်းပင်တစ်ပင်လည်း ထက်ဝက်ခန့် ပြတ်ထွက်သွားသည်။ ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက ဆေးခန်းမှာ ကြာရှည်ပိတ်ထားခဲ့ရပြီး ဒဏ်ရာရသူတစ်ဦးမှာ ဦးခေါင်းပေါက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်ကောင်စီက မေလအတွင်း အပစ်ရပ်ရေး ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ...

Read More

ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍ ထောင်နှင့်ချီထွက်ပြေး

ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍ ထောင်နှင့်ချီထွက်ပြေး မေ ၁၈ The Kaladan Post ၂၀၂၅ခုနှစ် မေလ ၁၄ ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ တခွန်တိုင်ရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများအပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ ပစ္စည်းဖျက်ဆီးမှုများကြောင့် တခွန်တိုင်၊ ညောင်ကန်၊ ကြောင်ပန်းကန်အပါအဝင် ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။ ၇။ စကစဂိတ်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံး...

Read More

တောင်ငူစကစလေတပ်စခန်းကို ၁၀၇ မမ ဒုံးဖြင့် တိုက်ခိုက်

တောင်ငူစကစလေတပ်စခန်းကို ၁၀၇ မမ ဒုံးဖြင့် တိုက်ခိုက် မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် (၁း၄၈) နာရီတွင် ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံး၊ ပျက်စီးမှုများရှိနိုင်ကြောင်း ပြောကြားသည်။ ဤစခန်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကပါဝင်နေသဖြင့် BWM Mission 37 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင် မြောက် ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ၆။ ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍...

Read More

ဘုတလင်မြို့ အထကကျောင်းရှိ စကစကို တိုက်ခိုက်ချေမှုန်း

ဘုတလင်မြို့ အထကကျောင်းရှိ စကစကို တိုက်ခိုက်ချေမှုန်း မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီမှ ၉:၃၀ နာရီအထိ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အထကတန်းကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဘုတလင်မြို့နယ်ပကဖနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း ဘုတလင်မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မြို့တွင်းစစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းက...

Read More

ဟားခါးမြို့တွင် စစ်သားတစ်ဦးဖမ်းဆီးခံရ၊ စစ်သားနှစ်ဦးနှင့်ရဲတစ်ဦး CDF-Hakha ထံ လက်နက်ဖြင့်အလင်းဝင်

ဟားခါးမြို့တွင် စစ်သားတစ်ဦးဖမ်းဆီးခံရ၊ စစ်သားနှစ်ဦးနှင့်ရဲတစ်ဦး CDF-Hakha ထံ လက်နက်ဖြင့်အလင်းဝင်   မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ်၊ မေလ ၁၅ နှင့် ၁၇ ရက်တို့တွင် ဟားခါးမြို့၌ စစ်ကောင်စီစစ်သားတစ်ဦးကို CDF-Hakha က ဖမ်းဆီးခဲ့ပြီးနောက် စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်ကာ CDF-Hakha ထံ အလင်းဝင်လာခဲ့သည်။ CDF-Hakha က အလင်းဝင်သူများကို နွေးထွေးစွာကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်ကာ လုံခြုံသောနေရာသို့ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ပြောင်းလာလိုသူများကို အမြဲကြိုဆိုမည်ဖြစ်ကြောင်း မေလ ၁၈ ရက်တွင်...

Read More
  • 1
  • 2
en_USEnglish