Author: benjamin

တောင်သာနှင့်ပုလဲမြို့နယ်တွင် စကစလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများဖြစ်ပေါ်

တောင်သာနှင့်ပုလဲမြို့နယ်တွင် စကစလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများဖြစ်ပေါ် မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ် ၂ လုံးပျက်စီးပြီး နွား ၁ ကောင်သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်ကောင်စီတပ်က မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၆ တန်းကျောင်းသား မောင်ဖုန်းမင်းသန့်၊ ၁၂ တန်းကျောင်းသူ မကြယ်ဇင်ဦး၊ ဒေါ်မရီနှင့် မသင်းမြတ်သူ စုစုပေါင်း ၄ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိပြီး အချို့မှာ စိုးရိမ်ရကြောင်း ဒေသနေပြည်သူများက...

Read More

ဖားကန့် တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်

ဖားကန့် တံတားညီနောင်အနီး တိုက်ပွဲပြင်းထန် မေ ၁၈ The Kaladan Post ကချင်ပြည်နယ်၊ ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်မှ စစ်သားနှင့် ပြည်သူ့စစ်အင်အား ၆၀၀ ခန့်၊ တင့်ကား ၂ စီးနှင့် ဒရုန်းများအသုံးပြုထားသော်လည်း ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်းများကို KIA နှင့် KPDF က သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီသည် ဖားကန့်မြို့နှင့် အဆိုပါလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်နေသော်လည်း KIA နှင့် KPDF က နယ်မြေအများစုကို...

Read More
  • 1
  • 2
en_USEnglish