Author: Salai

တရုတ်မူဝါဒနှင့် ပတ်သက်ပြီး အမေရိကန်၏ စိုးရိမ်မှုများကို ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ရှင်းလင်း

ဇွန် ၁၃၊ ၂၀၂၆ The Kaladan Post   ထိုင်ဝမ်ရဲ့ အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ ကွန်မင်တန် (KMT) ပါတီဥက္ကဋ္ဌ ချန်လီဝန် (Cheng Li-wun) ဟာ အမေရိကန်နိုင်ငံကို နှစ်ပတ်ကြာ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ သူတို့ရဲ့ မူဝါဒအပေါ် ဝါရှင်တန်မှာ နားလည်မှုလွဲနေတာတွေကို ပြန်လည်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချန်လီဝန်က သူမရဲ့ ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်ရဲ့ ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကော်မတီတွေက အမတ် ၉ ဦးအပြင်၊ ပညာရှင်တွေ၊ မူဝါဒရေးရာအဖွဲ့ (Think Tanks) တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ “KMT ရဲ့ ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာတွေ အများကြီး ရှိနေပါတယ်” လို့ သူမက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။   KMT ပါတီဟာ ထိုင်ဝမ်လွှတ်တော်မှာ အသာစီးရထားပြီး အစိုးရရဲ့ ဒေါ်လာ ၄၀ ဘီလီယံတန် လက်နက်ဝယ်ယူရေး ဘတ်ဂျက်ကို ၃ ပုံ ၁ ပုံလောက် ဖြတ်တောက်ခဲ့တာကြောင့် အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဒန်ဆူလီဗန်က KMT ရဲ့ လုပ်ရပ်ဟာ “မီးနဲ့ကစားနေတာ” ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။   ချန်လီဝန်ကတော့ သူမအနေနဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို...

Read More

ISP Myanmar တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ဇွန် ၁၃၊ ၂၀၂၆ The Kaladan Post   မြန်မာ့အရေး သုတေသနပြုချက်တွေ ရေးသားနေတဲ့ ISP Myanmar ရဲ့ တည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုမှုနဲ့ သံသယရှိတယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်းကျန့် (Lin Jian) က ဦးမင်းဇင်ဟာ “တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်” လို့ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်သူ ဦးမင်းဇင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကွန်မင်းမြို့မှာ ကျင်းပတဲ့ ညီလာခံတစ်ခုကို တက်ရောက်ဖို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။   အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံထားရတာကို အတည်ပြုထားပြီး အမေရိကန်ကောင်စစ်ဝန်တွေအနေနဲ့ သူ့ထံ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အရာရှိတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေကို ပေးအပ်နေပါတယ်” လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပါတယ်။   ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ရရှိခဲ့သူပါ။ သူတည်ထောင်ထားတဲ့ ISP Myanmar အဖွဲ့ဟာ တရုတ်-မြန်မာ ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ မြေရှားသတ္တု တင်ပို့မှုတွေအကြောင်းကို အဓိကထား သုတေသနပြု ရေးသားနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။...

Read More

ငြိမ်းချမ်းရေးစာချုပ်ချုပ်ရန် နီးစပ်နေချိန် အမေရိကန်နှင့် အီရန်ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား

ဇွန် ၁၃၊ ၂၀၂၆ The Kaladan Post   အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ နှစ်ဖက်စလုံးက ဇွန်လ ၁၂ ရက်နေ့မှာ အရိပ်အယောင်ပြလိုက်ပေမဲ့ ဟောမုဇ်ရေလက်ကြားအနီးမှာတော့ စစ်ရေးတင်းမာမှုတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   အမေရိကန် အစိုးရအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ နှစ်ဖက်စလုံးဟာ သဘောတူညီချက်မူကြမ်း (Text) အပေါ်မှာ သဘောတူခဲ့ကြပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ကနဦးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ဝါရှင်တန်ဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ အခုစာချုပ်မှာ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ဘက်က ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။   အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီကလည်း ဒီသဘောတူညီချက်ဟာ အီရန်နိုင်ငံကို ပိုပြီးအင်အားတောင့်တင်းလာစေတယ်လို့ ဆိုပါတယ်။ “အမေရိကန်နဲ့ဖြစ်တဲ့ စစ်ပွဲမှာ အီရန်ဟာ အောင်နိုင်သူဖြစ်ပါတယ်” လို့ သူက အစိုးရရုပ်သံမှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ထဲက အချက်အလက်တွေကိုတော့ အနည်းငယ် ပြင်ဆင်ပြောင်းလဲမှုတွေ ရှိနေနိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။   ထူးခြားချက်အနေနဲ့ အဲဒီလို ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ ဟောမုဇ်ရေလက်ကြားဘက်ကို ဦးတည်လာတဲ့ အီရန်ရဲ့ တိုက်ခိုက်ရေးဒရုန်းအများအပြားကို အမေရိကန်တပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီဒရုန်းတွေဟာ ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က အတည်ပြုထားပါတယ်။   တစ်ဖက်မှာလည်း အီရန်ရဲ့ စီရစ်ဆိပ်ကမ်းနဲ့ ကွက်ရှ်မ်းကျွန်းအနီးမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။...

Read More

ဇွန်လ (၁၂) ရက် သတင်းတိုပေါင်းချုပ်

ခမရ (၅၆၂) မှ ဒုတပ်စိတ်မှူးတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်   ဇွန် ၁၂ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် မစခ (၉၀၅) လက်အောက်ခံ ခမရ (၅၆၂) တပ်ရင်းမှ ဒုတပ်စိတ်မှူးအဆင့်ရှိ တပ်သား အောင်မင်းဦးသည် ဇွန်လ ၆ ရက်နေ့တွင် MA-2 တစ်လက်၊ MA-3 တစ်လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၃၂၈ တောင့်၊ ကျည်အိမ် ၇ ခုနှင့် ကိုယ်ကာဝတ်စုံ ၁ စုံတို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်းက ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသည့် တပ်သား အောင်မင်းဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးရန် စီစဉ် ထားကြောင်း သိရပြီး၊ စစ်ကောင်စီတပ်မှ လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူများကိုလည်း ဆက်လက်လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်းက ထုတ်ပြန်ထား သည်။ ထို့ပြင် အလင်းဝင်လာသူများအား လူ့အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် မိသားစုများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေး ကူညီပေးသွားမည်ဟု ဆိုသည်။ ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် မေလအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၁၄၃ ဦးမှာ အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းအနက် အလင်းဝင်ပူးပေါင်းလာသူ ၄၀ ဦးရှိပြီး...

Read More

ဒရုန်းအရှုပ်တော်ပုံကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုးလ်ကို ထောင်ဒဏ် အနှစ် ၃၀ ထပ်မံချမှတ်

ဇွန် ၁၂၊ ၂၀၂၆ The Kaladan Post   တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုးလ် (Yoon Suk Yeol) ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းကို စစ်ဘက်သုံးဒရုန်းတွေ ကျူးကျော်ဝင်ရောက်ဖို့ အမိန့်ပေးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၃၀ ထပ်မံချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ယွန်းဆက်ယိုးလ်ကို ရန်သူကို ကူညီမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သူကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အတွက် အကြောင်းပြချက်ကောင်းရအောင် ၂၀၂၄ အောက်တိုဘာလကတည်းက ပြုံယမ်းမြို့ပေါ်ကို ဒရုန်းတွေစေလွှတ်ဖို့ သူကိုယ်တိုင် ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီစီရင်ချက်ဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ရှေးရိုးစွဲခေါင်းဆောင် ယွန်းဆက်ယိုးလ်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲက နောက်ထပ်တစ်ခုဖြစ်လာတာပါ။ သူကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြောင့် အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ယွန်းဆက်ယိုးလ်ဘက်ကတော့ ဒီဒရုန်းကိစ္စမှာ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ သူ့ရဲ့ရှေ့နေတွေကတော့ “ဒီဒရုန်းစစ်ဆင်ရေးဟာ စစ်အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်ပါဘူး။ မြောက်ကိုရီးယားဘက်က အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေနဲ့ လပေါင်းများစွာ ရန်စခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ယွန်းဆက်ယိုးလ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ပုန်ကန်မှုလုပ်ဖို့ ကြိုးစားတဲ့အမှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။ အခုအခါမှာတော့ တရားရုံးက...

Read More

Recent Comments

No comments to show.
https://www.youtube.com/watch?v=L0PYZwAg8uQ&ab_channel=TheKaladanPost

Subscribe

en_USEnglish