Author: Salai

ဟားခါးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၀ The Kaladan Post ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-ဟားခါးသည် ဇူလိုင် ၈ ရက်တွင် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွ ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်တွင် ဖမ်းဆီးခဲ့ာကြောင်း Chinland Defence Force-Hakha ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး CDF-Hakha Central Council အထွေထွေအတွင်းရေးမှူးက “ ဒီမူးယစ်ဆေးဝါးဟာ ဘယ် သူပိုင်ဆိုတာကျွန်တော်တို့ အတည်အပြုနိုင်သေးပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ဖွဲ့အပိုင်ဆိုပြီးတော့လည်းပြောလို့မရဘူးဗျ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးဟာ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုခုနဲ့တော့ ဆက်စပ်မှုရှိတယ် ဆိုတာတော့ ကျွန်တော်တို့ ယုံကြည်တယ် ယခုအချိန်မှာ ကျွန်တော်တို့က ဒီမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံ စမ်းနေ ဆဲဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ Chinland Defence Force-Hakha သည် ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော် တို့ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဂန်ဂေါ့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှာဖွယ်နေဆဲဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသော တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၁ ဦး ပါဝင်ပြီး မောင်းပြန် သေနတ် ၂ လက်နှင့် Mini Starlink ၂ခုလည်း သိမ်းဆည်းရမိပြီး ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဆေးဝါးများသည် ဆားလင်းကြီးမြို့နယ်မှ သယ်ယူလာခြင်းဖြစ်ပြီး ယင်းမာပင်တပ်ရင်း(၁၅)နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ CDF-ဟားခါးက ဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ပြီး၊ မူးယစ် ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှုများကို ဆက်လက်ထိန်းချုပ်ရန် ပြည်သူများအား ပူးပေါင်းပါဝင်ပေးကြရန် ၎င်းထုန်ပြန်ချက်တွင်...

Read More

စကစ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး (၃)ယောက်သေဆုံး

ဇူလိုင် ၉ The Kaladan Post ပဲခူးတိုင်းဒေသကြီး ၊ အောင်သပြေကုန်းရွာသို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းအား ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့မှ နံနက် (၈) နာရီ ဝန်းကျင်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန် တပ်ဖွဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဝရဇိန်တပ်ဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ဒီတိုက်ပွဲ့မှာ စစ်ကောင်စီဘက်က (၃) ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ တွေလည်းရှိပါတယ် ဒဏ်ရာရသူကိုတော့ စာရင်းအတိအကျမသိရသေးပါဘူး ပြီးတော့ သူတို့ဟာ သေဆုံးသူတွေနဲ့ လူနာများကိုဆွဲပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ပြန်လည်ဆုတ်ခွာ သွားပါတယ် ” ဟု The Kaladan Post သို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် လိပ်သိုလ် ဘက်သို့ ဦးတည်ပြီး အင်အားဖြည့်ရန် ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးတာဖြစ်ကြောင်း ၎င်း စစ်ကြောင်းသည် တောင်ငူလေဆိပ်အား ရှော့တိုက်ဒုံးနဲ့ပစ်ခံရသောကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုး လာကြတာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုကြောင် ဒေသခံများ အထိ အခိုက်မရှိသလို ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များလည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်းစီ စစ်ကြောင်းသည် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်နိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲသတင်းအား အစဥ်အမြဲ သတိပြုနေထိုင်ကြရန် လိုအပ်နေပါသည်။ ဝရဇိန်တပ်ဖွဲ့သည် မင်းအောင်လှိုင်၏ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ လက်နက်ကိုင်လမ်းစဥ်ကိုရွေးပြီး အာဏာရှင်စနစ်ပြီးဆုံးသည်အထိ ပြည်သူ ဘက်ကရပ်တည်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သိရသည်။...

Read More

ဇူလိုင် (၉) သတင်းတိုကဏ္ဍ

၁။ ချင်းလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းစွာ အဖြေရှာရန် NUG သမ္မတ တိုက်တွန်း ဇူလိုင် ၉ The Kaladan Post ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) အကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်လ ၈ ရက်တွင် လေးနက်စွာ တိုက်တွန်းခဲ့သည်။ ယခုအချိန်သည် အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူများ စုပေါင်းတော်လှန်နေချိန်ဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့များအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။ ပဋိပက္ခများကို လက်နက်ဖြင့် ဖြေရှင်းမည့်အစား နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။ ချင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ခြင်းရပ်တန့်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရန် NUG သမ္မတက အလေးအနက်တောင်းဆိုထားသည်။ ၎င်းက ချင်းလူထုတရပ်လုံး၏ အကျိုးအတွက် စုစည်းညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်နှင့် တော်လှန်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ဆန္ဒပြုကြောင်း ဖော်ပြခဲ့သည်။     ၂။ တရုတ်၏ မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းရန် ခြိမ်းခြောက်မှုကြောင့် KIA အပေါ် ဖိအားများ တိုးလာ ဇူလိုင် ၉ The Kaladan Post ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲများကို ရပ်တန့်ရန် တရုတ်နိုင်ငံက ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အား မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက် ဖိအားပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်အရ...

Read More

“လက်ရှိတော်လှန်ရေးနှင့် မြန်မာ့အရေးအပေါ် နိုင်ငံတကာ ရပ်တည်ချက်အား စစ်တပ်အရာရှိ CDM တစ်ဦးအမြင်” Exclusive Interview/ Episode-006/ The Kaladan Post

“လက်ရှိတော်လှန်ရေးနှင့် မြန်မာ့အရေးအပေါ် နိုင်ငံတကာ ရပ်တည်ချက်အား စစ်တပ်အရာရှိ CDM တစ်ဦးအင်” Exclusive Interview/ Episode-006/ The Kaladan Post

Read More

MBT နှင့် RYDF ပူးပေါင်း၍ MB -16 မောင်းပြန်သေနတ် အောင်မြင်စွာ ထုတ်လုပ်

  ဇူလိုင် ၈ The Kaladan Post Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် Royal Brother Defence Force တပ်ဖွဲ့ပူးပေါင်း၍ AK103 မောင်းပြန်သေနတ်ကို အဆင့်မြှင့်တင်ထုတ်လုပ်ထားသော MB-16 ရိုင်ဖယ်အသစ်ကို ၂၀၂၅၊ ဇူလိုင် ၈ တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း Royal Brother Defence  Force ၏ထုန်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သပ်ပြီး  Royal Brother Defence  Force တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုရဲကြီးက “ကျွန်တော်တို့ ပထမဆုံး ဒီသေနတ်ထုတ်လုပ်တာ စမ်းသပ်တာနဲ့ဆို လချီ ကြခဲ့ပါတယ် အခုကြတော့လုံးဝအောင်မြင်သွားပြီဖြစ်ပြီး တိုက်ပွဲမှာ အသုံးပြုလို့ အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းကို ကျွန်တော်တို့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ယခုလို  MB -16 ဟု နာမည်ပေးရခြင်းဟာ MBT ရဲဘော်တွေကိုရည်ညွန်းပြီး ထုတ်လုပ်ခြင်းဖြစ်သောကြောင်း MB-16 ဟုအမည်ပေးထားခြင်းဖြစ်ပြီး ဒီသေနတ်ကို နှစ်ဖွဲ့ရဲဘော် များလုံလောက်သည်အထိ ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၄ရက် တွင်ထုတ်လုပ်ခဲ့သော AK103သည် အားလုံးက လက်လုပ်တွေကကြီးဖြစ်သည့်အတွက် အနည်းငယ်အားနည်းချက်တွေရှိခဲ့တယ် ဒါကြောင့် အဲ့ဒီ update ပြုလုပ်ပြီး second generation  အဖြစ်ထုတ်လုပ်တဲ့အတွက် ကောင်းမွန်ကြောင်းသိရသည်။ ထို့အပြင် MB-16 ကိုဆက်လက်ထုတ်လုပ်နိင်ရန်အတွက် လိုအပ်နေသေးသည့်အတွက် တော်လှန် ပြည်သူများ အနေဖြင့် မိမိတတ်နိုင်သမျှဖြင့် ပါဝင်ကူညီပေးကြပါရန် Royal Brother Defence  Force တပ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုရဲကြီးက တိုက်တွန်းထားပါသည်။ ယခုရိုင်ဖယ်သည် လက်ရှိ စစ်ဒေသများ တွင် တိုက်ပွဲများအတွက် အသုံးပြုနေပြီး အနာဂတ်တိုက်ပွဲများတွင်လည်း ဆက်လက်အသုံးပြုမည် ဖြစ်သည်။ MBT နှင့် ဆက်လက်ပူးပေါင်း၍ နည်းပညာပြည့်ဝသော လက်နက်များ ထုတ်လုပ်သွား မည်ဖြစ်သည်။ ထို့အပြင် MB-16 တစ်လက် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၅ သိန်းကျပ်ရှိပြီး ပြည်သူများအနေဖြင့် သေနတ်တစ်လက်စာ ထောက်ပံ့ပါက ၎င်းသေနတ်ပေါ်တွင် ထောက်ပံ့သူ၏ နာမည်ကို အမှတ်တရရေးထိုးပေးမည်ဖြစ်ကြောင်း...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish