Author: Salai

မေလ (၂၅) သတင်းတို ကဏ္ဍ

  ——————————— ၁။ ရန်ကုန်-မော်လမြိုင် ရထားလမ်းတွင် စစ်တပ်ရိက္ခာသယ်ယူသော ကုန်တင်ရထား မိုင်းခွဲခံရပြီး တိမ်းမှောက် —————————————————————————– မေ ၂၅ The Kaladan Post မေလ ၂၅ ရက် နံနက် ၉:၃၀ ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်ရှိ ကုန်တင်ရထားအမှတ် ၆၈၇ သည် မိုင်းခွဲခံရပြီး အတွဲ ၄ တွဲ လမ်းချော်ပျက်စီးကာ ရထားလမ်း ၂၅၀ ပေခန့် ပြတ်တောက်သွားခဲ့သည်။ ယင်းရထားသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ သယ်ယူလေ့ရှိသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။ လူထိခိုက်မှုမရှိသော်လည်း ရထားခရီးစဉ်များအားလုံး ရပ်နားထားရသည်။ ယခင် မေလ ၆ ရက်ကလည်း ဘီးလင်းမြို့နယ်တွင် အလားတူ မိုင်းခွဲမှုဖြစ်ပွားခဲ့ပြီး တံတားတစ်စင်း ပျက်စီးခဲ့သည်။   ၂။ မလိဝမ်းကျေးရွာတွင် ပျူစောထီးအချင်းချင်း ရန်ဖြစ်ပြီး ဓားထိုးသတ်မှုကြောင့် တစ်ဦးသေဆုံး —————————————————————————— မေ ၂၅ The Kaladan Post မေလ ၂၂ ရက် ညပိုင်းတွင် တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ် စကားများရန်ဖြစ်မှု ဖြစ်ပွားခဲ့သည်။ ယင်းအခါ ပျူစောထီးအဖွဲ့ဝင် ကုလားက ပရှူးအား စကေဘာဖြင့် ၆ ချက်ထိုးသတ်ရာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ကုလားကို ဖမ်းဆီးထားပြီး ရန်ဖြစ်မှု၏ အကြောင်းအမှန်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish