Author: The Kaladan

ဇူလိုင် (၈) သတင်းတိုကဏ္ဍ

၁။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ ဇူလိုင် ၈ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့နံနက် ၉ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း ကျောက်မဲအသင်းခွဲမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဗုံးကြဲမှုသည် ငြိမ်းချမ်းရေးကုန်းရှိ အောက်ဆီဂျင်စက်ရုံအနီးသို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများထဲမှ ၁ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ ယခင်လများတွင်လည်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။ ဇွန်လ ၂၉ ရက်က ၁ ကွက် ပင်လုံလမ်း ကမ္ဘောဇရှမ်းကျောင်းအနီးသို့ ဗုံးကြဲချခဲ့ရာ ပြည်သူ ၅ ဦးဒဏ်ရာရခဲ့သည်။ ထို့ပြင် ဇွန်လ ၂၇ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဗုံးကြဲမှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့သည်။ ယခုဖြစ်စဉ်များသည် စစ်ကောင်စီ၏ အရပ်သားများပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များအဖြစ် ဒေသခံများက ရှုတ်ချလျက်ရှိသည်။       ၂။ နတ်မောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ဇူလိုင် ၈ The Kaladan Post မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ...

Read More

အိန္ဒိယရောက် မြန်မာဒုက္ခသည်များမှ အခွင့်အရေးရရှိရေးတောင်းဆို

  ဇူလိုင် ၇ The Kaladan Post အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာဒုက္ခသည်များသည် ၎င်းတို့၏အခြေခံအခွင့်အရေးများကို အပြည့်အဝရရှိရန် UNHCR India ထံ ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် Chin Refugee Committee (CRC) Delhi ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များအားလုံး ဆန္ဒပြတောင်းဆိုနေ ကြကြောင်း မြန်မာဒုက္ခသည် တစ်ဦးထံမှသိရသည်။ အဆိုပါ ဆန္ဒပြမှုသည် ” ကျွန်တော်တို့ အိန္ဒိယ နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအနေဖြင့် ကျွန်တော်တို့ရရှိသင့်သော အခြေခံအခွင့် အရေးများ အပြည့်အဝရရှိနိုင်ရန် နှင့်  UNHCR India အနေဖြင့် ကျွန်တော်တို့ ဒုက္ခသည်များ ဘေးကင်းလုံခြုံမှုရရှိနိုင်ရန်အတွက်  တောင်းဆိုတာဖြစ်ပါတယ် “ဟု ဆိုသည်။ ဒါ့အပြင် ဒီဆန္ဒပြမှုသည် တောင်းဆိုထားသော အချက်အလက်များအား အပြည့်အဝရရှိသည် အထိမရပ်မနားဘဲ ဆက်လက်တောင်းဆိုသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။  အိန္ဒယားနိုင်ငံရောက် မြန်မာဒုက္ခသည်များအပေါ် UNHCR India အနေဖြင့် ပညာရေး၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်း ကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ ကူညီပံ့ပို့မှုတွင် ပျက်ကွက်မှုတွေများနေ ကြောင်းသိရသည်။ အိန္ဒယားနိုင်ငံရောက် မြန်မာဒုက္ခသည်များသည် အိန္ဒယားအစိုးရမှ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများခံနေရသည့်အပြင် တစ်ချို့သောသူများမှာမှု တရားမဝင် ပြည်နှင်ဒဏ် ပေးခြင်းပါ ခံနေကြကြောင်း India For Myanmar ၏ ထုန်ပြန်ချက်အရသိရသည်။ ထိုသို့ကြုံတွေ့နေ ရသည်မှာ UNHCR India က  ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံ    လွှဲပေးခြင်းကြောင်းသာဖြစ်တယ်ဟု ၎င်းထုတ်ပြန်ချက်တွင်...

Read More

ဇူလိုင် (၇) သတင်းတိုကဏ္ဍ

၁။ မိုးဗြဲတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ စစ်တပ်က နေအိမ်များ မီးရှို့ ဇူလိုင် ၇ The Kaladan Post စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ထားပြီဟု ကြေညာထားသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေ ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် မိုးဗြဲမြို့၏ တောင်ဘက်ရှိ မြို့မရပ်ကွက်နှင့် အရှေ့ဘက်ရှိ ညောင်ဝိုင်းရပ်ကွက်များကို စစ်ကောင်စီ တပ်က ထိန်းချုပ်ခဲ့သည်။ စစ်ကောင်စီတပ်သည် PNO ပြည်သူ့စစ်သားများ၊ ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး များဖြင့် ထိုးစစ်ဆင်ခဲ့သဖြင့် တော်လှန်ရေးတပ်များ ယာယီဆုတ်ခွာခဲ့ရသည်ဟု KA စစ်ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောကြားသည်။ “ထိန်းချုပ်ထားပြီဟု ပြောသူများမှာ လော်ဘီသမားများသာ ဖြစ်မည်။ ပအိုဝ်းလူမျိုးများပါဝင်သဖြင့် စစ်ကောင်စီအင်အားမှာ ပိုမိုအားကောင်းလာသည်” ဟု ၎င်းက ဆိုသည်။ သို့သော် တော်လှန်ရေးတပ်များက မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနိုင်သည်ဟု ယုံကြည်ထားသည်။     ၂။ သပိတ်ကျင်းတွင် စစ်တပ်က Cluster ဗုံးများဖြင့် လေကြောင်းတိုက်ခိုက် ဇူလိုင် ၇ The Kaladan Post မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကွင်း ၂၉...

Read More

ဇူလိုင် (၆) သတင်းတိုကဏ္ဍ

၁။ ပခုက္ကူလေယာဉ်ကွင်း ရော့ကတ်ဖြင့် တိုက်ခိုက်မှုရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ဇူလိုင် ၆ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းကို ဇူလိုင် ၅ ရက် နံနက် ၁၀:၄၈ ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးနှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရော့ကတ် ၅ လုံးသည် လေယာဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ်ပြေးလမ်း ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲမှ ၄ ဦး သေဆုံးခဲ့ကြောင်း ပခုက္ကူ ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE မှ ဗိုလ်မြွေဟောက်က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် လေယာဉ်ကွင်းမှ Y-12 လေယာဉ်နှင့် စက်တပ်လေထီးများဖြင့် ပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများနှင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို တုံ့ပြန်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို COBRA ONE၊ ပခုက္ကူမြို့နယ်တပ်ရင်း ၁ ပကဖ၊ Colum 1၊ BA NYEIN GUERRILLA FORCE၊ ဧရာဒေါင်းနယ်မြေ (၁) ကာကွယ်ရေး Ploplo Young Force၊ ဒေါင်းညီနောင် (PKU)၊ Southern (YSO)၊ Yesagyo Revolution Group (YRG) နှင့် King Cobra တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။...

Read More

CDF-Mara ဌါနချုပ် ဝင်စီးရန် MDF+AA တပ်ဖွဲ့များ စစ်ကြောင်းထိုးဟုဆို

—————————————————————- ဇူလိုင် ၆ The Kaladan Post MDF +AA တပ်ဖွဲ့ များသည် အောက်လာအိုကျေးရွာမှ အင်အားအလုံးရင်းဖြင့် တက်လာပြီး CDF-Mara ဌါနချုပ် ဝင်စီးရန် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက်လာအိုကျေးရွာနားရှိ CDF-Mara စခန်း နှင့် ၁မိုင်ခန့် အကွာအထိ ထိုးစစ်ဆင်လာကြောင်း CDF-Mara ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သပ်ပြီး CDF-Mara ၏ စစ်ဘက်ဆိုင်ရာအတွင်းရေးမှူးက “ MDF+AA တပ်ဖွဲ့ များသည် ကျွန်တော်တို့ ထိန်းချုပ်နေမြေတွေကိုသိမ်းပိုက်ခြင်လို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့ ကနေစတင်စစ်ကြောင်းထိုးတာဖြစ်ပါတယ် ပြီးတော့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက် လာအို ကျေးရွာသား နွားနောက်ကြောင်းတဲ့သူကို ဖမ်းဆီးထိန်သိမ်းခဲ့ပါ သေးတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ယခုစစ်ကြောင်းမှ MDFဘက်က အတတ်နိုင်ဆုံး လျှို့ဝှက်ထားတယ် ဒါပေမယ့် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဆုံစမ်းသိရှိသလောက်ဆိုရင် AA တပ်ဖွဲ့ ၂၀ခန့်ပါဝင်တယ် AA တပ်ဖွဲ့ဝင်များသည် ယခင်က မာရာဒေသ၌ အင်အား ၃၀၀ကျော်နေထိုင်ခဲ့ပြီး လက်ရှိမှာ ၁၀၀ ဝန်းကျင် ကျန်သေးတယ် ပြီးတော့ ကျွန်တော်တို့ ထုန်ပြန်ချက်အတိုင်း နောက်ပြန်မဆုတ်ဘဲ ဆက်လက်စစ်ကြောင်းထိုးလာပါက အချင်းချင်းကြား ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတော်လှန်ရေးကို အနောက်ကနေ ထောက်ပံ့ပေးနေသော ပြည်သူတွေကို အနည်းနဲ့ဲ့များ ထိခိုက်မှာ ဖြစ်ပြီး တော်လှန်ရေးကို နှောင်းနှေးစေတာဘဲ အဖတ်တင်မယ် ဟု ဆက်လက်ပြောဆိုသည်။ ဒီဖြစ်စဥ်တွေနှင့် ပတ်သက်ပြီး MDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဒီထုတ်ပြန်ချက်ဟာ လုံးဝမှန်ကန်မှု မရှိပါဘူး ကျွန်တော်တို့ဟာ မိမိတို့ထိန်းချုပ်နေမြေတွေကို လုံခြုံမှုရှိအောင် ကိန်းလှည့်တာဘဲရှိပါတယ် ပြီးတော့ အထက်လာအိုကျေးရွာသားကိုတော့ ကိန်းလှည့်ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့လို့ စစ်ဆေးခဲ့တာတွေရှိ ပေမယ့် သူတို့ပြောသလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာမရှိပါဘူး” လို့ ငြိမ်းဆိုခဲ့ပါသည်။ ချင်းပြည်တွင်ကြုံတွေ့နေသော အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြသနာများအား ကျော်လွှားနိုင်ရန် မီဇိုးရာမ်ပြည်နယ် ဝန်ကြီးချုပ်မှ တာဝန်ယူပြီး ငြိမ်းချမ်းရး ဖော်ဆောင်နေဖြစ်တာ ဖြစ်သောကြောင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွါးအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွါသွားရန်နှင့် ပြန်လည်ဆုတ်ခွါခြင်းမပြုပဲ ပစ်ခတ်မှုရှိလာပါက မိမိတို့ တာဝန်သာ ဖြစ်မည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်...

Read More
en_USEnglish