Author: The Kaladan

အာဏာဖြင့် စရိုက်စစ်မှန်မှု စမ်းသပ်ခံနေရသော တော်လှန်ရေးခေါင်းဆောင်များ

ဇူလိုင် ၅ The Kaladan Post “လူတိုင်းနီးပါး ဒုက္ခတွေကို ခံနိုင်ရည်ရှိကြပေမဲ့ လူတစ်ယောက်ရဲ့ စရိုက်စစ်မှန်မှုကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့်ပါ” ဟူသော ဆိုရိုးစကားသည် မြန်မာ့လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များအပေါ် ကျရောက်နေသည့် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး လက်ရှိ မြင်တွေ့နေရသော ရလဒ်များမှာမူ ရင်လေးဖွယ်ရာ ဖြစ်နေပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် နယ်မြေပြဿနာကို လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အစောပိုင်း ကာလများတွင် ရိုးသားစွာဖြင့် တော်လှန်ရေး၌ ပါဝင်ခဲ့ကြသူများပင် အချိန်ကြာလာသည် နှင့်အမျှ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို တစ်စုတစ်စည်းတည်း ကိုင်တွယ်လာကြသည်။ မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများမှာ အာဏာသိမ်းသည့် အချိန်ကတည်းက အာဏာ၏အရသာကို ငမ်းငမ်းတက် မက်မောခဲ့ကြသည်မှာ ထင်ရှားပြီး ဖြစ်၍ ပြည်သူလူထုက ၎င်းတို့အား “အာဏာရူးအုပ်စု” အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများဘက်၌လည်း အာဏာနှင့် ထိတွေ့လာသည့်အခါ ပြဿနာများ ပေါ်ပေါက်လာသည်ကို မြင်တွေ့နေရသည်။ ဤအချက်က တော်လှန်ရေးကို ဦးဆောင်နေသူ တစ်ဦးချင်းစီ၏ စရိုက်စစ်မှန်မှုကို အာဏာဖြင့် စမ်းသပ်ရာတွင် အောင်မြင်မှု နည်းပါးနေသည်ကို ဖော်ပြနေပါသည်။ လက်နက်အင်အားကို အခြေခံသည့် “လက်နက် အားကြီးလျှင် အာဏာကျယ်ပြန့်မည်” ဟူသော အတွေးအခေါ်ကြောင့် တော်လှန်ရေး၏ မူလ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ဖြုတ်ချရေးသည် ဒုတိယဦးစားပေး ဖြစ်သွားမည် ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာပါသည်။ နယ်မြေအငြင်းပွားမှုများ ရှုပ်ထွေးလာခြင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊...

Read More

ငါန်းဇွန်နှင့် မြို့သာအကြား ရိက္ခာပို့စကစ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃၀ခန့် သေဆုံး

  ဇူလိုင် ၅ The Kaladan Post ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွား ကား လမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်း နှင့် စစ်ကြောင်းကို Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက် သွားပြီး စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးသွားကြောင်း  Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ ၏  ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ တပ်ရင်းမှူး ကို သက်ကြီး က “ ဒီစစ်ကောင်စီ စစ်ကြောင်းမှာက အင်အား ၁၅၀ခန့် ပါဝင်တဲ့ ရိက္ခာပို့ စစ်ကြောင်းတိုက်ခိုက်တာဖြစ်ပါတယ် စစ်ကောင်စီဘက်မှ MA 1 ၂လက်၊ MA 3 ၁လက်၊ MA 11 ၊ 5.5 ကျည် ၁၈၀၀ ခန့် နှင့် ကားတစ်စီး  အပါအဝင် တခြား အစားအသောက်များစွာကိုပါ သိမ်းစည်း ခဲ့ပါတယ် လို့ “ The Kaladan Post သို့ပြောဆိုသည်။ တိုက်ပွဲ့အတွင်း ဖမ်းဆီးရမိသော စကစ ၄ဦးအနက် တစ်ဦး သည် စစ်မှူးထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုကြောင့် စစ်ကောင်စီတပ်ထဲသို့ ရောက်နေတာဖြစ်ပြီး သူသည်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို ဘက်ပြောင်းခိုလှုန်လာသလိုဖြစ်ကြောင်းသိရပါသည်။ ကျန်တဲ့ တပ်ကြပ်ကြီး နှင့် ရဲဘော်နှစ်ယောက်ကိုတော့ စစ်ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာ ခရိုင်ကွက်ကဲရေးရုံးကို အပ်နှံမည်ဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီ အင်အား ၁၅၀ခန့် တပ်ပျက်ခဲ့သော် လည်း ပြည်သူတွေအတွက် စိုရိမ်စရာမရှိကြောင်းနှင့် ဒေသတွင်း လုံခြုံ ရေးအတွက် ပြည်သူံကာကွယ်ရေးတပ်မတော်တွေဘက်က သိအောင်တစ်မျိုး မသိအောင်တစ်မျိုး မြို့ပြ ပျောက်ကျားစနစ်နှင့် ကျေးလက် ပြောက်ကျားစနစ် ပုံစံနေထိုင်ပြီး ပြည်သူတွေလုံခြုံရေးကို တာဝန်ယူ လှုပ်ရှားသွားလာနေတာ ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ပြည်သူတွေအနေနဲ့ လေကြောင်းကိုသာ အစဉ်သတိထားရန်လိုအပ်ပါတယ်ဟုသိရသည်။ အဆိုပါ တိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ် များ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဒါ့အပြင် Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းချိန်တန်ပြီဟု စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ဖိအားပေး အသိပေးနေတဲ့တပ်ဖွဲ့...

Read More

MBT တပ်ဖွဲ့သည် တောင်ပိုင်းစစ်ဒေသမှ သေနတ်သုံးလက် လက်ဆောင်ရရှိ

  ဇူလိုင် ၄ The Kaladan Post ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် Myingyan Black Tiger တပ်ဖွဲ့သည် ကျားမဲဟိန်းသံမြို့သို့ညံကမ်ပိန်းမှ ရရှိငွေဖြင့် လက်နက်တစ်ချို့ ဝယ်ယူပြီဖြစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသမှ သေနတ်သုံးလက် လက် ဆောင်ရရှိထားကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Myingyan Black Tiger ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးကူညီ ဆောင်ရွက်နေတာတွေမရှိသေးပါဘူး ဒါပေမယ့် ဆက်စံရေးတစ်ချို့ တော့ရှိနေပါတယ် ကျွန်တော်တို့ မူပေါ်လစီမှာ အဓိကအားဖြင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့နဲ့မဆို ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားဖို့ရှိပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ မြောက်ပိုင်းဒေသနှင့် တောင်ပိုင်း ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း လှုပ်ရှားခွင့်ရမည် ဆိုင်ရင် MBT တပ်ဖွဲ့အနေနဲ့  စစ်အာဏာရှင် ကို အတူတကွ တိုက်ခိုက်လိုကြောင်း သိရသည်။ Myingyan Black Tiger တပ်ဖွဲ့အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့တချို့နှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ကျန်နေသေးသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို လုပ်နေတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး  ၁၀၀ရာခိုင်နှုန်း လွတ်မြေက် စေလိုသော ဆန္ဒရှိသဖြင့် Myingyan Black Tiger တပ်ဖွဲ့ထက် စစ်ရေးတတ်ကျွမ်းတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လိုစိတ်ရှိကြောင်း တပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။ Myingyan Black Tiger(MBT)တပ်ဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ရေးပြင်ဆင်နေတာဖြစ်ပြီး လိုအပ်နေတဲ့ အဝေးပစ်လက်နက်တွေ၊ ဘန်ကာဖြိုချဖို့ လက်နက် ကြီးတွေ အတော်အသင့်ပြည့်စုံပေမယ့် အဓိကချေမှုန်းရေး ကွန်မန်ဒို အသေခံတပ်ဖွဲ့တွေအတွက် ကျည်ကာ Level 4အဆင့် အစုံ၅၀၊ ကျည်ကာ ဦးထုတ်အလုံး ၅၀နှင့် AK47 ရိုင်ဖယ် ၅၀လိုအပ် နေသောကြောင့် “ကျားမဲဟိန်းသံမြို့သို့ညံ” သိန်း၇၀၀၀ ကမ်ပိန်းကို ၂၀၂၅ခုနှစ်၊ ဇွန် ၅ရက်နေ့မှ စပြီး ဩဂုတ် ၅ရက်နေ့ အထိ ၂လတာ ကမ်ပိန်းကို ခေါ်ယူနေချိန် ဖြစ်ပါသည်။...

Read More

ဇူလိုင်(၄) သတင်းတိုကဏ္ဍ

၁။ ခမောက်ကြီးတွင် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးသူ ပစ်ခတ်ခံရပြီး သေဆုံး ဇူလိုင် ၄ The Kaladan Post တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှနိုင်နှင့် စစ်တပ်အတွက် သတင်းပေးသူ မြင့်ရှိန်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် အေးချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာ တို့တွင် ၎င်းတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ မြင့်ရှိန်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သတင်းပေးမှုနှင့် ပြည်သူများအား အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သည်။ လှနိုင်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် အာဏာအလွဲသုံးစားပြုကာ စစ်တပ်ထံ သတင်းပေးခဲ့သည်။ သတိပေးမှုများကို လျစ်လျူရှုခဲ့သဖြင့် ၎င်းတို့အား ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် စစ်ကောင်စီအတွက် လုပ်ဆောင်နေသူများအား ဆက်လက်အရေးယူမည်ဟု အသိပေးထားသည်။ ကော့သောင်း မြို့နယ်အတွင်း လူငယ်များအား ပျက်စီးစေသော စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲမှု တိုးပွားလာနေသဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန်နှင့် စစ်ကောင်စီ ယန္တယားမှ ခွဲထွက်ကာ ပြည်သူ့ဘက်သို့ အမြန်ဆုံးပြန်လှည့်ရန် တိုက်တွန်းထားသည်။     ၂။ စစ်ဆေးရေးဂိတ်အပြောင်းအလဲလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံး ဇူလိုင် ၄ The Kaladan Post မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်အချိန်း အပြောင်းလုပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈...

Read More

ဇူလိုင် (၃) သတင်းကဏ္ဍ

၁။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ညပျံသန်းနေစဉ် ပျောက်ဆုံးသွား ဇူလိုင် ၃ The Kaladan Post အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဇူလိုင် ၁ ရက် ညပိုင်းတွင် နေပြည်တော်အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ရုတ်တရက် ရေဒါမှပျောက်ကွယ်ကာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။ ယင်းလေယာဉ်မှာ ခရီးဝေးလေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယူဆထားသည်။ လက်ရှိတွင် ရာသီဥတုဆိုးဝါးနေသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်ရပ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ပျက်ကျမှု ၄ ကြိမ်မြောက်ဖြစ်သည်။ လေတပ်မှ အငြိမ်းစားစစ်အင်ဂျင်နီယာအရာရှိဟောင်းတစ်ဦးက ယင်းနေရာမှာ ပဲခူးတိုင်း အတွင်း ရွှေကျင်၊ ကျောက်ကြီးအနီးဖြစ်နိုင်ပြီး ကယ်ဆယ်ရေးအတွက် သွားလာရခက်ခဲသည့် နေရာဖြစ်သည်ဟု သုံးသပ်သည်။ ယခင်ဖြစ်ရပ်များတွင် ဇွန်လ ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က တရုတ်လုပ် F-7 တိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့သည်။ ထို့ပြင် မေလ ၂၀ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA က စစ်ကူရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးကာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ လက်ရှိပျောက်ဆုံးနေသော တိုက်လေယာဉ်ကို ရှာဖွေနိုင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုများကို ဆက်လက်စောင့်ကြည့်နေရဦးမည်ဖြစ်သည်။   ၂။ စစ်ကောင်စီတပ်သား...

Read More
en_USEnglish