Category: Articles
မြင်းခြံခရိုင်အတွင်း စစ်တပ်နှစ်ကြိမ် တိုက်ခိုက်ခံရပြီး တပ်သား ၁၃ ဦး သေဆုံး ၂ ဦး အရှင်ဖမ်းမိ
ဇန်န ၈ The Kaladan Post မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ဇန်နဝါရီ ၆ ရက်နေ့တွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး နှစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပြတ်သက်ပြီး Myingyan Black Tiger (MBT) ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ တိုက်ခိုက်ခဲတာနှစ်ကြိမ်ပေါဗျ ဒုတိယအကြိမ်တိုက်ခိုက်တဲ့ အချိန်မှာ စစ်တပ်ဖက်က ၁၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ် ဒါပေမယ့် အတည်ပြုနိုင်တာ ၁၀ယောက်ဆိုတော့ ကျွန်တော်တို့က ထုတ်ပြန်ချက်မှာ အဲ့လောက်ဘဲထည့်တာပါ ဒီတိုက်ပွဲနှစ်ကြိမ်အတွင်း ကျွန်တော်တို့နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအားလုံး အထိအခိုက်မရှိဘဲ အားလုံးဘေးကင်းပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြင်းခြံမြို့ အနောက်ဘက် ပိုက်တဲကုန်း ကျေးရွာအနီး လာရောက်ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုတွင်း MA1 သေနတ် ၁ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ဤစစ်ဆင် ရေးကို MBT အမှတ်(၉) တပ်ရင်းနှင့် MGN အညာသားပြောက်ကျားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ အလားတူနေ့တွင် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ် ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီ တပ်ကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးကို MBT အမှတ်(၉) တပ်ရင်းအပြင် Onemore စစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့ နှင့် အမေ့လက်ရုံးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း...
Read Moreဇန်နဝါရီလ (၇)ရက် သတင်းတိုပေါင်းချုပ်
မကွေးနှင့် မန္တလေးတိုင်းများတွင် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး ဇန်န ၇ The Kaladan Post မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၁၀၀ ကျော် အထိုင်ချ) ကို ဇန်နဝါရီ ၅ ရက်နေ့တွင် Salingyi Revolution Army ရဲဘော်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သော်လာ်း အရေအတွက်အတိအကျကို အတည်မပြုရသေးဘဲ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Salingyi Revolution Army တာဝန်ရှိသူက ပြောဆိုသည်။ ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး ကျောက်ပြုတ်ရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၃၅ ဦးခန့်) ကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ အပါအဝင် MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger (MBT) နှင့် Myingyan Danger Dynamiter တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၅ ဦး သေဆုံး၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိ သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ပြောဆိုသည်။...
Read Moreနွားထိုးကြီးမြို့နယ် ကုကုန်းကျေးရွာတွင် စစ်တပ် စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး
ဇန်န ၇ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ် တပ် များကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၃၁ ရက်တို့တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက The Kaladan Post သို့ ပြောဆိုသည်။ ပထမအကြိမ် ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် ကုကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်သား ၃၀ ခန့်သည် ကြက်ခြံမှ ကြက်များ ခိုးယူရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး၊ ၅ ဦးခန့် ဒဏ်ရာရရှိကာ ကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဒုတိယအကြိမ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် စစ်သား ၆၀ ခန့်ပါ စစ်ကြောင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားရာ နေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့သည်။ ဤတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ကုကုန်းကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ထို့ပြင် နွားထိုးကြီးနှင့် မြင်းခြံမြို့မှ လက်နက်ကြီး ပစ်ကူများစွာ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ တစ်ကြိမ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့် Burmese Guerrilla Force (BGF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ အတိအကျ သေဆုံးအရေအတွက်ကို အတည်ပြုရန် မရသေးကြောင်း ဆက်လက်စုံစမ်းနေဆဲဟု MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။...
Read Moreဇန်နဝါရီလ (၆) ရက် သတင်းတိုပေါင်းချုပ်
တောင်ငူမြို့ပေါ် ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး ဇန်န ၆ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် ည ၇ နာရီ ၄၂ မိနစ်ခန့်က အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူနှင့် တောင်ငူပကဖ တို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စခန်းသိမ်းပိုက်ရန်နီးကပ်ချိန်တွင် စစ်ကူများလျင်မြန်စွာ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ပြန်ဆုတ်ခဲ့ရပြီး...
Read Moreဇန်နဝါရီလ (၅) ရက် သတင်းတိုပေါင်းချုပ်
DKBA အဖွဲ့က မြဝတီ ကျောက်ခတ်ဒေသတွင် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီး ဇန်န ၅ The Kaladan Post ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသတွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ဗိုလ်မှူးချုပ် စိုင်းကျော်လှ ဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီ ၃ ရက် ည ၇ နာရီခန့်က ဒေသနေ လူငယ်များနှင့် အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူ လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွား ကြောင်း ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများနှင့် ကရင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖမ်းဆီးမှုအတွင်း ၁၂ ဘီးကားများဖြင့် လူငယ်များကို တင်ဆောင်သွားပြီး လမ်းပေါ်တွေ့ရှိသူများ၊ ဆိုင်များတွင် အလုပ်လုပ်နေသူများကို သေနတ်ချိန်ပြီး ဖမ်းဆီးခဲ့ကာ အချို့လူငယ်များမှာ ထွက်ပြေး ပုန်းအောင်းနေရကြောင်း သိရသည်။ DKBA ဗိုလ်မှူးချုပ် စိုင်းကျော်လှ စိုးမိုးအုပ်ချုပ်နေသော ဒေသဖြစ်ပြီး ပေါ်တာဆွဲမှုကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဝက်လက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီး အမျိုးသမီး ၄ ဦး မုဒိမ်းကျင့်ခဲ့ပြီး ပြည်သူ ၆ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီး ဇန်န ၅ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အင်ဒေါင်းရွာကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်း ပြီး အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ ကိုယ်ဝန်တားဆေးများပါ ထိုးပေးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးကို...
Read Moreဇန်နဝါရီလ (၄)ရက် သတင်းတိုပေါင်းချုပ်
မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် စစ်တပ်၏ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်များတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး ဇန်န ၄ The Kaladan Post မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တပည့်များက စစ်ရှောင်အရပ်သားများကို အတင်းအကြပ်ပြန်လာခိုင်း၊ ငွေညှစ်ယူ၊ ပြန်ပေးဆွဲခြင်းများ ဆိုးရွားစွာ ကျူးလွန်နေမှုကြောင့် ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များက ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းတွင် ဘုန်းကြီးကျောင်းဝန်းထဲ ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် ၃ ဦးစလုံး နေရာတင် သေဆုံးခဲ့ကြောင်း Myaylatt Bamar Defense Force က ထုတ်ပြန်ထားသည်။ သေဆုံးသူများသည် သစ်ချိုကုန်းအထွက် ဂိတ်တွင် ဖုန်းစစ်ဆေး၊ ငွေညှစ်ယူ၊ ပြန်ပေးဆွဲခြင်းများအပြင် စစ်ရှောင်ပြည်သူများကို လူသားဒိုင်း အဖြစ် အသုံးပြုရန် မလာမနေ ပြန်လာခိုင်းကာ မလာပါက ငွေ ၅ သိန်း ဒဏ်ရိုက်ခံရမှုများကို ကျူးလွန် နေသူများဖြစ်ကြောင်း တိုက်ခိုက်မှုကို ရှင်းလင်းရခြင်း ဖြစ်ကြောင်းသိရသည်။ တိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့များက ကာဘိုင်သေနတ် ၁ လက်၊ ဓားရှည် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ဗုံးသီး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ကျည်ဆံနှင့် ပိုက်ဆံအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ပြည်သူများကိုပါ အဲ့ဒီတွင် ဖမ်းထားနေမှုကြောင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။ ကျောင်းကုန်းကြီးနှင့် ဆင်လူးကျေးရွာတို့သည်...
Read More၂၀၂၅ခုနှစ်အတွင်း အကြမ်းဖက်စစ်သား ၅၄ ဦး ရှင်းလင်းခဲ့ပြီး ၁၁၅ ဦး ဒဏ်ရာရှိစေခဲ့ကြောင့် Popa Guerilla Force အသိပေးထုတ်ပြန်
————————————————————————— ဇန်န ၃ The Kaladan Post Popa Guerilla Force တပ်ဖွဲ့က ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း စစ်ရေးဖော်ဆောင်မှုကို ယမန်နေ့ ဇန်နဝါရီ လ ၂ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။ အဆိုပါထုတ်ပြန်ချက်အရ Popa Guerilla Force သည် တော်လှန်ရေးမဟာမိတ်များနှင့် အတူ တိုက်ပွဲဖော်ပေါင်း ၁၂ ကြိမ်ဖော်ဆောင်ခဲ့ပြီး ၎င်းတစ်နှစ်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်အင်အား ၅၄ ဦးကို အဖြတ်ရှင်းလင်းနိုင်ခဲ့သည့် အပြင် ၁၁၅ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်းသိရသည်။ အဆိုပါထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက “ ကျွန်တော်တို့ တပ်ဖွဲ့ဟာ ရပ်တည်လာကတည်းက ငွေကြေး ငါးသိန်းနဲ့စတင်ခဲ့တာဖြစ်ပါတယ် ရှိတာလည်းနဲ့ဘဲ စားဝန်နေရေးမှအစ ရေတွက်လို့မကုန်နိုင်တဲ့ အခက်အခဲပေါင်းများစွာကို တော်လှန်ရေးစိတ်ကို အပြည့်အဝရှေ့တန်းတင်ပြီးတော့ ခွန်အားယူကာ ဒီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရပါတယ်။ ထမင်းမစားဘဲနေခဲ့ရတဲ့အချိန်တွေလည်းမနည်းပါဘူး သို့သော် ဒီတော်လှန်ရေးကို ဦးစားပေးရှေ့တန်းတင်ပြီး ရှိတာလည်းတွေကို စုဆောင်းထားပြီး တိုက်ပွဲတိုင်းတွင် ကုန်ကျစရိတ်နည်းပြီးထိခိုက်မှုအားကောင်းတဲ့ ပြောက်ကြားစနစ်ကိုဘဲကျင့်သုံးခဲ့ပါ တယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး ဖြုတ်ချနိုင်မည့်အချိန်တွေလည်းရှိပါတယ် ဒါပေမယ့် ငွေကြေးအခက်အခဲများကြောင့် ကျည်ဆံမလုံလောက်တာကြောင့် ကျွန်တော်တို့ဘက်က ပြန်လည်ဆုတ်ခွါပေးတဲ့ အခြေအနေတွေကြီးဘဲဖြစ်ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် ကျွန်တော်တို့ကြုံတွေ့ခဲရတဲ့ အခက်အခဲတွေကို ရဲဘော်တွေတောင် ပေးမသိရဘူး သို့သော် လည်း ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့် ယခုအချိန်မှ စစ်ကောင်စီက ကျွန်တော်တို့ ကြောက်နေရတဲ့ အခြေအနေထိရောက်နေပါပြီ ကျွန်တော်တို့မှာ ပြောက်ကြားတပ်ကနေပြီး မြို့သိမ်းခဲ့တာတွေရှိသလို ပြန်အသိမ်းခံတဲ့ဟာလည်းရှိခဲ့တယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အပြည့်အဝ ထောက်ခံမှု ရရှိအောင် ရဲဘော်တွေကို စိတ်ခွန်အားတွေပေးတဲ့အချိန်တိုင်း မူးယစ်ဆေးဝါးကို လုံးဝမသုံးစွဲအောင်ကို အဓိကထားပြီး သွန်သင်ပေးသလိုရဲဘော်တွေကလည်း လိုက်နာကြတယ်။ ဒီတော်လှန်ရေးကို အမြန် ဆုံးအပြီးသတ်နိုင်ရန်အတွက် ပြည်သူတွေထောက်ပံ့မှုက အဓိကမှာပါဝင်နေပါတယ် အဲ့ဒါကြောင့် ပြည်သူတွေအနေဖြင့် ဒီထက်မက ဆက်လက်ထောက်ပံ့ပေးကြရန်နှင့် ပြည်သူ့တွေနဲ့တစ်သားတည်း ရပ်တည်ပြီးတော့ ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တူထောင်နိုင်ရန် အတွက် လိုအပ်တဲ့တပ်အင်အားနှင့် လက်နက်အင်အားများကို ပိုမိုကျစ်လစ်အောင် တည်ဆောက်ပြီး ကျန်ရှိနေသေးတဲ့ တော်လှန်ရေးခရီးကို အဆုံးထိတိုင် မဟာမိတ်များနှင့် အတူ ဆက်လက်ပြီး ရှိသမျှအင်အားကို ထုတ်ပြီး တော်လှန်သွားမည်ဖြစ်ကြောင်း တော်လှန်ပြည်သူတွေကို သစ္စာပေးထားကြောင်း Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက...
Read Moreဇန်နဝါရီလ (၃)ရက် သတင်းတိုပေါင်းချုပ်
BGF တပ်များ KNA ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်က ကြောက်လန့်သဖြင့် ပူးတွဲတပ်များ ချက်ချင်းရုပ်သိမ်း ဇန်န ၃ The Kaladan Post ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ကရင်အမျိုးသားတပ်မတော် (KNA) ဘက်တံဆိပ်သို့ ပြောင်းလဲဝတ်ဆင် ခဲ့မှုကို မြန်မာစစ်တပ်က သဘောမတူကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်ထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် စစ်တပ်ဘက်က ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အချို့ BGF တပ်များက အသိပေးရုံသာ ပြုလုပ်ခဲ့ပြီး ညှိနှိုင်းမခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စစ်တပ်က BGF တပ်များနှင့် ပူးတွဲထားသော စစ်သားများ ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းနေပြီး လှိုင်းဘွဲ့မြို့နယ် BGF တပ်ရင်း ၁၀၁၆ နှင့် အခြားတပ်ရင်းများ တွင် တွဲဖက်ထားသည့် စစ်သား ၂၀ ကျော်အပါအဝင် မိသားစုဝင်များကို ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်း တွင် စစ်ကားများဖြင့် လာရောက်ခေါ်ယူသွားခဲ့ကြောင်းသိရသည်။ ရွှေကုက္ကိုလ်၊ KK Parks နှင့် BGF တပ်နယ် ၂၊ တပ်နယ် ၃ တို့တွင်လည်း ပူးတွဲစစ်သားများကို မြဝတီမြို့ဘက်သို့ ပြန်ခေါ်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ BGF ဘက်က စစ်သားများကို ကြည်ကြည်ဖြူဖြူ ထွက်ခွင့်ပေးထား ပြီး တပ်ပြန်ရုပ်သိမ်းမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေသည်ဟု...
Read Moreဇန်နဝါရီလ (၂) ရက် သတင်းတိုပေါင်းချုပ်
ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ဂိတ်နှင့် ယာဉ်တန်းကို တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံး ဇန်န ၂ The Kaladan Post မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာလအတွင်း ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် စုဖွဲ့စစ်ကြောင်းများက စစ်ကောင်စီတပ်များကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူ ခရိုင်စစ်ဌာနက ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ပခုက္ကူခရိုင် အမှတ် (၄)၊ (၁၁) နှင့် (၁၉) တပ်ရင်းများက ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် ကပစ ၂၂ ကိုပါ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် သံဇလုံကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁ နှင့် အမှတ် (၄)၊ (၁၉) တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၃၀ ရက်တွင် ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကား ၄ စီးပါ ယာဉ်တန်းနှင့် လိုက်ပါလာသော သံပြားကာကား ၁စီး၊ အိမ်စီးကား ၁စီးကို ပခုက္ကူခရိုင် စုဖွဲ့စစ်ကြောင်း ၂ (PDF + ပကဖ + LDF)၊...
Read Moreနိုဝင် (၁၈) သတင်းတိုပေါင်းချုပ်
ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်က အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ နိုဝင် ၁၈ The Kaladan Post ကျောက်ဖြူမြို့နယ်အတွင်း နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းနှင့် အမြောက်ဆွဲ တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့သည်ဟု ရခိုင့်တပ်တော် AA က ယမန်ညနေပိုင်းတွင် ထုတ်ပြန်သည်။ မွန်းလွဲ ၁၂:၃၀ ခန့်တွင် မင်းရပ်တိုက်နယ် လိပ်တင်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကျဲခဲ့ရာ ဗုံးမှာ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသေခံဒရုန်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ကျောင်းသားကျောင်းသူများကို အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သဖြင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ ကျောင်းအဆောက်အအုံ ပျက်စီးခဲ့ကြောင်း AA က ပြောဆိုသည်။ ထို့နောက် မွန်းလွဲ ၁၂:၃၅ ခန့်တွင် ကျောက်ကလေ ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ညနေ ၄:၃၀ ခန့်တွင် အမြင့်ကျွန်းတံတားအနီးသို့ Y-12 လေယာဉ်ဖြင့် ထပ်မံ ဗုံး ၆၀ ခန့် ကျဲချခဲ့ကြောင်းသိရသည်။ ည ၈:၁၇ ခန့်တွင်လည်း မင်းရပ်ရွာ၊ သံချောင်းရွာပတ်ဝန်းကျင်သို့ လေကြောင်းမှ ဗုံးကျဲခဲ့သည့်အပြင် ဇင်ချောင်းကမ်းခြေရှိ စစ်သင်္ဘော ၂ စီးက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ယင်းတိုက်ခိုက်မှုများတွင် ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ် အတွင်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လာနေသဖြင့် ပြည်သူများ လေကြောင်းရန်ကို ပိုမိုသတိထားကြရန်...
Read Moreနိုဝင် (၁၂) သတင်းတိုပေါင်းချုပ်
TNLA ဆုတ်ခွာမည့် မိုးမိတ်ရှိ ABSDF နှင့် PDF တို့ကို စစ်ရေးကူညီမည်ဟု KIO ပြော နိုဝင် ၁၂ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် တအာင်း TNLA တပ်မတော်က ဆုတ်ခွာမည်ဖြစ် သဖြင့် ယင်းနေရာတွင် ရှိနေသည့် ABSDF နှင့် PDF တပ်ဖွဲ့များကို ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) က စစ်ရေး ကူညီဆောင်ရွက်သွားမည်ဟု KIO အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ က ပြောကြားခဲ့သည်။ ဗိုလ်မှူးကြီး နော်ဘူ၏ အဆိုအရ မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်း ၃၄ ရှိနေပြီး ABSDF၊ PDF တပ်ဖွဲ့များနှင့် ပူးပေါင်း အခြေချ နေထိုင်နေကြောင်း၊ မိုးမိတ်မြို့နှင့် ပတ်သက် ပြီး KIA အနေဖြင့် သီးခြား စစ်ဆင်ရေး ဆောင်ရွက်ရန် မရှိသော်လည်း မဟာမိတ်များ ဖြစ်သည့် ABSDF နှင့် PDF တို့၏ စစ်ရေး လှုပ်ရှားမှုများတွင် ကူညီပံ့ပိုး သွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူက မိုးမိတ်မြို့နယ်ထဲမှာ ကျနော်တို့ KIA တပ်ရင်း ၃၄ ရှိပြီး KIA PDF တပ်ပေါင်း စု အတူတကွ အခြေချထားကြောင်း မိုးမိတ်မြို့နဲ့ပတ်သက်လို့ သီးသန့် KIA ကတော့ ဘာမှ လုပ်ဖို့မရှိသော်လည်း မဟာမိတ်များဖြစ်ကြသော ABSDF နဲ့ PDF...
Read Moreစက်တင် (၂၄) သတင်းတိုပေါင်းချုပ်
KIA ပူးပေါင်းတပ်များ လန်ဆယ်စခန်းကုန်းပြန်သိမ်းပြီး စစ်တပ်ထိခိုက်မှုများ စက်တင် ၂၄ The Kaladan Post ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ စစ်တပ်နှင့် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် စခန်းကုန်းကို KIA ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ခေါင်လန်ဖူးမြို့နယ်မှ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်း အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာခဲ့သည်။ KIA ပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်တွင် KIA တပ်များသည် စခန်းကုန်းတစ်ခုကို ယာယီဆုတ်ခွာခဲ့ရသော်လည်း နှစ်ရက်အကြာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA က ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ်အတွင်း KIA၊ PDF Putao နှင့် KPF ပူးပေါင်းတပ်များသည် လာဟီဆင်နှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းများကို သိမ်းပိုက်ထားခဲ့သည်။ KIA ရှေ့တန်းသတင်းရင်းမြစ်က ယခုဖြစ်ရပ်များကို အတည်ပြုပြောကြားခဲ့သည်။ မင်းအောင်လှိုင် ကမ္ဘာ့အဏုမြူဖိုရမ်တက်ရောက်ရန် ရုရှားသို့ထွက်ခွာ စက်တင် ၂၄...
Read More
Recent Posts
- ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်
- “အောင်ပွဲနားနီးလေ မုန်တိုင်းပြင်းလေဖြစ်လို့ ပြည်သူတွေ စိတ်မယိုင်ကြဖို့ လိုတယ်”
- ၂၀၂၅ ခုနှစ်တွင် PRA-Magway ၏ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်သား ၁၆၃ ဦးကျော် ရှင်းလင်းနိုင်
- တော်လှန်ရေးကာလမှာ ရန်သူနည်းတထက်နည်းအောင် လုပ်ရမည်၊ ဘုံရန်သူ တစ်ခုတည်းရှိသင့်တယ်
- စစ်ရေးအပိုင်းအနေနဲ့ အောင်မြင်ဖို့ စနစ်တကျတည်ဆောက်ထားတဲ့ SRA လိုမျိုး တပ်တွေကို ဝန်းရံဖို့ လိုတယ်