Category: Daily News
“အောင်ပွဲနားနီးလေ မုန်တိုင်းပြင်းလေဖြစ်လို့ ပြည်သူတွေ စိတ်မယိုင်ကြဖို့ လိုတယ်”...
Posted by Salai | Jan 14, 2026 | Youth and Women | 0 |
တော်လှန်ရေးကာလမှာ ရန်သူနည်းတထက်နည်းအောင် လုပ်ရမည်၊ ဘုံရန်သူ တစ်ခုတည်းရှိသင့်တယ်...
Posted by Salai | Jan 13, 2026 | Youth and Women | 0 |
စစ်ရေးအပိုင်းအနေနဲ့ အောင်မြင်ဖို့ စနစ်တကျတည်ဆောက်ထားတဲ့ SRA လိုမျိုး တပ်တွေကို ဝန်းရံဖို့ လိုတယ်...
Posted by Salai | Jan 13, 2026 | Interviews | 0 |
ဇန်နဝါရီလ (၁၃) ရက် သတင်းပေါင်းချုပ်
Posted by Salai | Jan 13, 2026 | Daily News | 0 |
ကိုယ်ထူမှ ကိုယ်ထရမည့် နွေဦးတော်လှန်ရေးသည် ပြည်သူ့ညီညွတ်မှုကြောင့် ဧကန်မုချ အောင်မြင်မည် The Kaladan Post/ Episode-019...
Posted by Salai | Jan 13, 2026 | Interviews | 0 |
The greatest challenge the revolution faces is the military’s so-called general election.
Posted by Salai | Jan 12, 2026 | English Interview | 0 |
ဇန်နဝရီလ (၁၂) ရက် သတင်းတိုပေါင်းချုပ်
Posted by Salai | Jan 12, 2026 | Daily News | 0 |
ဇန်နဝါရီလ (၁၁) ရက် သတင်းတိုပေါင်းချုပ်
Posted by Salai | Jan 11, 2026 | Daily News | 0 |
ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 14, 2026 | Daily News | 0 |
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင် ဇန်န ၁၄ The Kaladan Post မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းမှ တပ်သားတစ်ဦး စုစုပေါင်း သုံးဦး အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင် ရောက် ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ တပ်သား ကျော်ဇင်ကို၊ တပ်သား ဝင်းမိုးကျော်နှင့် တပ်သား သန့်ထွေးအောင် တို့ ဖြစ်ပြီး သူတို့သည် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများ ဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ ဆင်းသက်သူများ ဖြစ်ကြောင်းသိရသည်။ ခလရ ၂၉၉ မှ တပ်သားနှစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ စကခ(၁၉) မှ တပ်သားတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်းကောင်း အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တပ်သားများသည် လွန်ခဲ့သည့် ၆ လခန့်က ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။ အလင်းဝင်လာသူများသည် နည်းဗျူဟာ ၃၃ မှ တစ်ဆင့် YGF အမှတ်(၈၀၀၁) တပ်ရင်းသို့ ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောဆိုသည်။ အလင်းဝင်ရောက်လာသူများအား...
Read More၂၀၂၅ ခုနှစ်တွင် PRA-Magway ၏ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်သား ၁၆၃ ဦးကျော် ရှင်းလင်းနိုင်
by Salai | Jan 14, 2026 | Daily News | 0 |
ဇန်န ၁၄ The Kaladan Post မကွေးတိုင်း ငဖဲနှင့် စေတုတ္တရာမြို့နယ်များတွင် လှုပ်ရှားနေသော လူထုတော်လှန်ရေး မဟာမိတ်အင် အားစု (PRA-Magway) က ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း တိုက်ပွဲ ၂၆ ကြိမ် ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တစ်နှစ်တာစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ဒီကျွန်တော်လှုပ်ရှားတဲ့တစ်နှစ်တာအတွင်းမှာ အခက်အခဲများစွာကြုံရတဲ့အထက်မှ အဓိကအားဖြင့် ကျွန်တော်တို့တောင်ပေါ်ဒေသဖြစ်တဲ့အခါမှာ ရာသီဥတုဒဏ်မှအစ ရိက္ခာရမှုအပိုင်းနှင့် ထောက်ပို့မှု အပိုင်းတွေ ပြီးတော့ ဒဏ်ရာရ ရဲဘော်တွေသယ်ထုတ်တဲ့အခါမှာ လူကိုင်တိုင်ထမ်းဆောင်တာတွေ ပေါ့ဗျ သို့ပေမယ်လည်း ဒီလိုအခက်အခဲတွေကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနှင့် အချင်းချင်း ကူညီဖြေရှင်းခဲ့ကြပါတယ် “ ဟု The Kaladan Post သို့ပြောဆိုသည်။ ၂၀၂၅ ခုနှစ် အတွင်း စစ်ရေးလှုပ်ရှားမှုများ အဲ့လောက်အားမရခဲ့ပါဘူး ဒါပေမယ့် လွန်ခဲ့တဲ့စစ်ရေးလှုပ်ရှားမှုမှရရှိထားတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ ၂၀၂၆ခုနှစ်အတွင်း ဒီထက်ပိုပြီးတော့ ပိုမိုကြယ်ပြန့်တဲ့ စစ်ဆေးလှုပ်နိုင်မှု၊ အာမခံဒေသတွေတည်ဆောက်နိုင်မှုနှင့် အဓိကအားဖြင့် စစ်အာဏာရှင်ကို ပိုမိုတိုက်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်ကြောင်း (PRA-Magway) တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ယင်းတိုက်ပွဲများတွင် ခြုံခို တိုက်ပွဲ ၉ ကြိမ်၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၁၄ ကြိမ်နှင့် စခန်းသိမ်း တိုက်ပွဲ ၃ ကြိမ် ပါဝင်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း သို့မဟုတ် သီးသန့် ဆောင်ရွက်ခဲ့ကြောင်း တပ်ဖွဲ့က ဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီး အဆင့် ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၆၃ ဦး ကို အရှင်ဖမ်းမိ ခဲ့ကာ အခြား စစ်သား ၄ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် လက်နက်ခဲ ယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အထူးသဖြင့် MA အမျိုးအစား သေနတ်များ၊ ဗုံးသီးများ၊ ကျည်ဆန်များနှင့် အခြား လက်နက်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရသည်။ PRA-Magway က ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၆၃ ဦးကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့် စည်းမျဉ်းများအတိုင်း ထိန်းသိမ်းထားကာ အလင်းဝင် ၄ ဦးကိုလည်း မိသားစုနှင့် ပေါင်းစည်းရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။ တစ်ဖက်တွင် PRA-Magway ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း စနစ်တကျ မှတ်တမ်းတင်ထားကာ မိသားစုများကို အသိပေး၊ စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။ ကျဆုံးသွားသော ရဲဘော်များအတွက် တော်လှန်ရေး အလွန်ကာလ တွင် လူမှုဖူလုံရေး အစီအစဉ်များ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။ PRA-Magway သည် စစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှု ဖော်ဆောင်ရေး မူဝါဒ ၃ ချက်ကို ကိုင်စွဲကာ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့ဖြစ်ကြောင်း...
Read Moreဇန်နဝါရီလ (၁၃) ရက် သတင်းပေါင်းချုပ်
by Salai | Jan 13, 2026 | Daily News | 0 |
ရေဦးမြို့အနီး ရွှေကျီးမင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး ဇန်န ၁၃ The Kaladan Post စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ ရွှေကျီးမင်းဂိတ် (ယခင်ကုန်စုံဆိုင်တည်ရာ)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ရက် မနက်၅နာရီခန့်က ရေဦးကော်လံစစ်ကြောင်း ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်း တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၄ က ထုတ်ပြန်သည်။ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦး အပါအဝင် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း ရေဦးကော်လံ စစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ ဂိတ်အတွင်း ကျန်ရှိ နေသော စစ်ကောင်စီတပ်သားများမှာ ဆိုင်ကယ်ဖြင့် ရေဦးမြို့ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။ ထို့အပြင် ပွိုင့် ၅ တင်လာသော ကားတစ်စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ယာဉ်မောင်းသူ ကျည်ထိမှန်သေဆုံးပြီး ကားတိမ်းမှောက်ကာ ကားပေါ်ပါ စစ်ကောင်စီတပ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့သည်။ စုစုပေါင်း စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဤ တိုက်ခိုက်မှုကို ရေဦးကော်လံ စစ်ကြောင်း ဦးဆောင်ပြီး ရွှေဘိုခရိုင် တပ်ရင်း (၁၁)၊ (၁၄)၊ (၂၄) နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်သည်။ စစ်တပ်၏ရွေးကောက်ပွဲ အောင်မြင်မှုကို နိုင်ငံတကာ အံ့ဩဟု ဇော်မင်းထွန်း ပြောဆို ဇန်န...
Read Moreဇန်နဝရီလ (၁၂) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 12, 2026 | Daily News | 0 |
ဖြူးနှင့် ထန်းတပင်မြို့နယ်များတွင် စစ်တပ်တိုက်ခိုက်ခံရပြီး ခရိုင်ဒု-ညွှန်ကြားရေးမှူး အပါအဝင် ၃ ဦး သေဆုံး ဇန်န ၁၂ The Kaladan Post ပဲခူးတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ လက်အောက်ခံ တပ်ရင်းများနှင့် ဒေသန္တရပကဖ တပ်ဖွဲ့များ ပူးပေါင်း၍ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်း များကို ယနေ့ ဇန်နဝါရီ ၁၁ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန် သည်။ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆာဂွန်း ဂိတ်အထိုင်စခန်း ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အပြင် ထန်းတပင်မြို့နယ်ရှိ စစ်တပ် ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖော်ဆောင်ရေး အထွေထွေ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက် စဉ် အစည်းအဝေးလုပ်နေသည့် ခရိုင်ဒု-ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် ထန်းတပင်မြို့နယ် ရဲစခန်းကို တိုက်ခိုက် ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပဲခူးခရိုင် တိုင်းစစ်ဌာနက ပြောဆိုသည်။ မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲ လုံခြုံရေးယူနေသည့် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ ခမရ ၁၀ တပ်ရင်းကို လည်း...
Read Moreဇန်နဝါရီလ (၁၁) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 11, 2026 | Daily News | 0 |
ဂန့်ဂေါခရိုင်တွင် ပျူစောထီးကျေးရွာ နှစ်ရွာ သိမ်းပိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၂ ဦး သေဆုံး ဇန်န ၁၁ The Kaladan Post မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် ပျူစောထီး ကျေးရွာ နှစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန် သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ခဲ့သော Yawland Operation စစ်ဆင်ရေးအတွင်း ဝင်ဝ ပျူစောထီးရွာ၊ ရွှေမြစ်သာရွာ အပါအဝင် ပျူစောထီးကျေးရွာများနှင့် စစ်စခန်းများကို တပြိုင်နက်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။ တိုက်ပွဲများအတွင်း G3 သေနတ် ၄ လက်၊ ကာဘိုင် ၂ လက်၊ ခါးချိုး ၂ လက်၊ Jumber ၁ လုံး အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ဝင်ဝရွာသိမ်းပွဲတွင် လက်နက် ၆ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် ရဲဘော် တစ်ဦးက ပြောဆိုသည်။ ဒေသခံပြည်သူများကို လုံခြုံရာသို့ ကြိုတင်ရွှေ့ပြောင်းထားပြီး ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံ...
Read Moreဇန်နဝါရီလ (၁၀) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 10, 2026 | Daily News | 0 |
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွင် PDF နှင့် KNLA ပူးပေါင်းတပ်များ စစ်ကောင်စီ စခန်း ၁၄ ခု တိုက်ခိုက်သိမ်းပိုက် ဇန်န ၁၀ The Kaladan Post ပဲခူးတိုင်း၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) လက်အောက်ခံ တပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဂိတ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါ အဝင် နေရာများကို ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ တိုက်ခိုက်သည့် နေရာများတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲ ကြား စည်ပင်သာကျေးရွာဂိတ်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့ မီးရထားတံတားကင်းစခန်း နှင့် တောကျွဲအင်းမြို့အတွင်း ရဲစခန်း၊ ဘူတာဂိတ်များ ပါဝင်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်တပ် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများ အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်ဟု PDF ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောကျွဲ အင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်၏ အုပ်ချုပ်ရေးအဆောက်အအုံများ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲစခန်းအတွင်း မတရားဖမ်းဆီးချုပ်နှောင် ထားသည့် ပြည်သူ ၈ ဦးကို စိစစ်လွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ဤစစ်ဆင်ရေးကို ဗျူဟာ(၂၃) လက်အောက်ခံ တပ်ရင်း ၃၅၀၂၊ ဗျူဟာ(၂၄) လက်အောက်ခံ P27803 အာဠာဝက တပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) လက်အောက်ခံ တပ်ရင်း ၃၇၀၂ နှင့် P29914 အထူးကွန်မန်ဒို၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့၊ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ် ပကဖ တို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး ဇန်န ၁၀ The Kaladan Post ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ ကာကင်းပွိုင့် ၂ ခုကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်း အင်အား ၁၅၀ ခန့်က ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၈၀၈ – နေပြည်တော်က ထုတ်ပြန်သည်။ ဆွာမြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းမှ စစ်ကြောင်းထိုးလာသော ပူးပေါင်းတပ်ဖွဲ့ သည် ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် မြစ်အနောက်ဘက်ကမ်းမှ ပွိုင့်ဖိုက်များဖြင့် ပစ်ခတ်ကူညီပြီး RPG၊ ၄၀ မမ နှင့် ချိုးနှိမ်ပစ်ခတ်မှုများဖြင့် စတင်တိုက်ခိုက်ခဲ့ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အင်အားမမျှမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ ခေတ္တဆုတ်ခွာပေးခဲ့ရသော်လည်း နောက်ပိုင်းတွင် အဆိုပါနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၀ ဦးကျော် ထိခိုက်ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု တပ်ရင်း ၈၀၈ – နေပြည် တော် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် အင်အား မလုံလောက်မှုကြောင့် PNO အင်အားများ အသုံးပြုလာသည်ကို တွေ့ရှိရပြီး...
Read Moreလောင်းလုံးမြို့နယ် အောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းများ ဆက်တိုက်ဖြစ်ပွားပြီး အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး
by Salai | Jan 10, 2026 | Daily News | 0 |
ဇန်န ၁၀ The Kaladan Post တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာများသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့အပါအဝင် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်ရှိပါတယ် လက်ရှိအချိန်တွင် အဆိုပါ စစ်ကြောင်းဟာ လောင်းလုံးမြို့ အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အပြီးသတ်ဆုတ်ခွာ မသွားသေးသတဲ့အတွက် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကာ သတိရှိရှိ နေထိုင်ရန်နှင့် စစ်ကြောင်းနှင့် ဝေးဝေး ရှောင်ရှားရန် တိုက်တွန်း တောင်းဆိုထား ပါတယ် ဟု “ The Kaladan Post သို့ ပြောဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် အကြမ်းဖက် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ရေကြောင်းပစ်ကူများ အသုံးပြု ခဲ့ရာ ပြည်သူ့နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ ဤကာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ကို နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး မြင့်မြတ်စွာ...
Read Moreဇန်နဝါရီလ (၉) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 9, 2026 | Daily News | 0 |
ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦး သေဆုံး ဇန်န ၉ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာတွင် ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရှိမ်းမကားရွာ စစ်တပ်စခန်းမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဒေသခံ အမျိုးသမီး ၉ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်းမတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မတ္တရာမြို့နယ် ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၈ တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း မရှိဘဲ စစ်ကြောင်း၏ စနိုက်ပါ၊ လက်နက်ကြီး ပစ်ကူနှင့် သံခွန်ပွိုင့်ဖိုက်တို့ကြောင့် ဆုတ်ခွာရ အခက်အခဲ ဖြစ်ခဲ့ကာ ရဲဘော်များ၏ ရုပ်အလောင်းများပင် ပြန်မယူနိုင်ခဲ့ကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ဝက်လက်မြို့နယ်အတွင်း လှုပ်ရှားနေပြီး အင်ဒေါင်းရွာတွင်လည်း အမျိုးသမီးများကို မုဒိမ်းကျင့်ကာ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်အပြင် ဇန်နဝါရီ ၃ ရက်တွင် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ နေအိမ် ၄...
Read Moreမီးကောက်မင်ကျေးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
by Salai | Jan 9, 2026 | Daily News | 0 |
ဇန်န ၉ The Kaladan Post ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်မြို့နယ်ရှိ မီးကောက်ကျေးရွာ ပျူးစောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသော စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း YOMA GBK . PDF က ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YOMA GBK . PDF တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ဘော်ဘင်ကျေးရွာ ပျူရွာဘတ် ကို ထက်မံ ထွက်ပြေးသွားကြတယ် ကျွန်တော်တို့ စခန်းသိမ်းပြီးချိန်မှာပဲ ဘော်ဘင်ကျေးရွာ ဘတ်ကနေ အင်အား ၇၀ ဝန်းကျင်လောက် ထပ်မံ စစ်ကြောင်း ထိုးလာပါတယ်ဗျ အစစ်ကြောင်းကိုလဲ ထပ်မံ တိုက်ခိုက်ပြီး ပြန်ဆုတ်ခဲ့ရပါတယ်ဗျ” ဟု The Kaladan Post သို့ပြောဆိုသည်။ ကျွန်တော်တို့သိမ်းနိုင်ခဲ့ မီးကောက်ပင်စခန်းဟာ စစ်ရေးဗျူဟာအရ ဇီးကုန်မြို့နယ် အတွက် စစ်တပ်အတွက် အမာခံ အသက်အသေခံပြီး ပြည်သူများအပေါ် ထင်တိုင်လုပ်နေတာတေ နောက်တခု မီးကောက်ပင်နဲ့ ဘော်ဘင်ဟာ ဇီးကုန်းမြို့နယ်အတွက် အရမ်းအရေးပါတယ် ပျူစောထီး အမာခံ ကျေးရွာတွေဖြစ် ကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အခုလက်ရှိ စစ်ရေးအချိန်နေကတော တင်းမာနေဆဲပါပဲ စစ်တပ်ဖက်က တန်ပြန် စစ်ကြာင်း ထိုးဖို့ လုပ်နေတယ် ခွေးဘတ်က စစ်အင်အားတေလဲ ထက်မံ ဖြည့်နေကြောင်းသိရသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးနှင့် စစ်တပ်ဖက်က ၄ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတိုက်ပွဲကို ဗျူဟာ ၂၂ လက်အောက်ရှိ သာယာဝတီခရိုင် တပ်ရင်း ၉(၁) တပ်ခွဲ-၁ YOMA GBK . PDF တပ်ဖွဲ့မှ ဦး ဆောင်ပြီး တပ်ခွဲ(၅) သာယာဝတီခရိုင် တပ်ရင်း (၂) တပ်ခွဲ-၁ သာယာဝတီခရိုင် တပ်ရင်း (၂) BTZM GBK တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ ဇီးကုန်မို့နယ် ပကဖတို့က မဟာမိတ်အဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြည်သူများအပေါ် အတင်းအဓမ္မမဲထည့်ခိုင်းခြင်း မတရားစစ်မှုထမ်း ငွေကျေးကောက်ခံခြင်းနှင့် ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတပ်ဖွဲက ပြောဆိုသည်။ ပြည်သူများအနေဖြင့် ပျူစောထီးများ စစ်ကောင်စီတပ်များနှင့် အသွားအလာ ရှောင်ကြည်ကြရန် တပ်ဖွဲ့က...
Read Moreဇန်နဝါရီလ (၈) ရက် သတင်းတိုပေါင်းချုပ်
by Salai | Jan 8, 2026 | Daily News | 0 |
ပခုက္ကူမြို့နယ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န ၈ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်း စက်မှုဇုန်နယ်မြေတွင် ဇန်နဝါရီ ၆ရက် မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း ဆက်ကြေးကောက်ခံနေသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ စနိုက်ပါနှင့် ၄၀ မမ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များ က ယာယီ ဆုတ်ခွာခဲ့ရပြီး ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ပြောဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EAGLE (PDF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံ၍ ဖိနှိပ်နေသော စစ်ကောင်စီ ဂိတ်များကို ဆက်လက် တုံ့ပြန်သွားမည့်ဟု တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုကြသည်။ တောင်သာမြို့ စစ်တပ်ဝန်ထမ်းအိမ်ရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န...
Read More
Recent Posts
- ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်
- “အောင်ပွဲနားနီးလေ မုန်တိုင်းပြင်းလေဖြစ်လို့ ပြည်သူတွေ စိတ်မယိုင်ကြဖို့ လိုတယ်”
- ၂၀၂၅ ခုနှစ်တွင် PRA-Magway ၏ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်သား ၁၆၃ ဦးကျော် ရှင်းလင်းနိုင်
- တော်လှန်ရေးကာလမှာ ရန်သူနည်းတထက်နည်းအောင် လုပ်ရမည်၊ ဘုံရန်သူ တစ်ခုတည်းရှိသင့်တယ်
- စစ်ရေးအပိုင်းအနေနဲ့ အောင်မြင်ဖို့ စနစ်တကျတည်ဆောက်ထားတဲ့ SRA လိုမျိုး တပ်တွေကို ဝန်းရံဖို့ လိုတယ်