Category: Editorial
သမိုင်းအမှားများကို ပြင်ဆင်၍ ချင်းညီညွတ်ရေးကို တည်ဆောက်မည့် လက်တွေ့ကျသော နိုင်ငံရေးလမ်းပြမြေပုံ
နိုဝင် ၂၉ The Kaladan Post ချင်းလူမျိုးများအကြား ပစ္စုပ္ပန်ကာလတွင် ကြုံတွေ့နေရသော ပဋိပက္ခသည် ချင်းအမျိုးသား ထုတစ်ရပ်လုံး၏ အနာဂတ်ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံး လမ်းဆုံလမ်းခွတစ်ခု ဖြစ်သည်။ ကိုလိုနီခေတ်က သုံးနိုင်ငံအဖြစ် ပိုင်းခြားခံခဲ့ရသည့် သမိုင်း သင်ခန်းစာနှင့် ဒုတိယကမ္ဘာစစ်ကာလ ချင်းခေါင်းဆောင်များ၏ နိုင်ငံရေး၊ စစ်ရေးအမှား များကို ပြန်လည်ပြင်ဆင်နိုင်မည့် ရွှေရောင်အခွင့်အရေးသည် ယနေ့ မြန်မာ့နွေဦး တော်လှန်ရေးကာလတွင် ရှိနေပါသည်။ မြန်မာနိုင်ငံတော်လှန်ရေးအလွန်ကာလတွင် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် ချင်းညီညွတ်ရေးသည် ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်သည်။ လက်ရှိအချိန်သည် သမိုင်းအမှားများကို ပြန်လည်ပြင်ဆင်ပြီး ညီညွတ်စွာချဉ်းကပ်ပါက အနာဂတ်အတွက် ခိုင်မာသော အုတ်မြစ်ချနိုင်မည့် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်နေသဖြင့် အချင်းချင်း ပဋိပက္ခများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန် အချိန်ကျရောက်နေပြီဖြစ်သည်။ ယနေ့ရင်ဆိုင်နေရသော ချင်းပဋိပက္ခများ၏ မြစ်ဖျားခံရာသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးသဘောထား ကွဲလွဲမှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ မင်းတပ် မြို့နယ်မှ လူငယ်များက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော်လည်း ချင်းအမျိုးသားတပ်ဦး (CNF) ကမူ အာဏာသိမ်းမှုကို ဗမာအချင်းချင်းပြဿနာအဖြစ် ရှုမြင်ပြီး NCA လမ်းကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်သွားလိုခဲ့ရာမှ အမြင်မတူညီမှုများ စတင်ခဲ့သည်။ ဤကနဦး သဘောထားကွဲလွဲမှုမှ သည် ချင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာသောအခါ Chin Defense Force၊ Chinland Defense Force၊ People Defense...
Read More“စည်းလုံးညီညွတ်ရေးသာလျှင် တော်လှန်ရေးအောင်ပွဲ၏ တစ်ခုတည်းသော သော့ချက်”
နိုဝင် ၁၅ The Kaladan Post မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ခဲ့ရာ ယခုအခါ ၄ နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး မြန်မာ့သမိုင်းတွင် အရေးကြီးဆုံးသော အလှည့်အပြောင်းတစ်ခုတွင် ရပ်တည်နေပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်လိုသည့် ပြင်းပြသောဆန္ဒဖြင့် ပေါ်ပေါက်လာသည့် ဤတော်လှန်ရေးသည် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ဆက်လက် ချီတက်နေဆဲဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ရန် ပြတ်သားသော ရည်မှန်းချက်ဖြင့် စုစည်းခဲ့ကြသော်လည်း ရေရှည်တိုက်ပွဲဝင်လာရမှု၊ နိုင်ငံရေးနှင့် စစ်ရေးရှုပ်ထွေးမှုများကြောင့် စည်းလုံးညီညွတ်မှု အားနည်းလာခြင်း စသည့် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ဤသည်မှာ တော်လှန်ရေး၏ အနာဂတ်အတွက် လွန်စွာစိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ညီညွတ်မှုမရှိခြင်းကြောင့် စစ်ရေးအရ အားသာချက်ကို ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ စိုးမိုးထိန်းချုပ်ထားသော နယ်မြေအချို့ကို ရန်သူဖြစ်သည့် စစ်ကောင်စီသို့ ပြန်လည်စွန့်လွှတ်နေရသည့် အခြေအနေများ ပေါ်ပေါက်လာနေခြင်း ပင်ဖြစ်သည်။ ဤသည်မှာ စစ်ကောင်စီကို အခွင့်ကောင်းယူစေပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေသည့် အကျိုးဆက်ပင် ဖြစ်သည်။ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ လုပ်ရပ်များ၊ ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်များကြောင့် အရပ်သားပြည်သူများ အကြား စိတ်သဘောထား ကွဲလွဲမှုများ မြင့်တက်လာသည်။ အချို့သော ဒေသများတွင် အရပ်သားများအပေါ် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်များ ဆုံးရှုံးနေရခြင်းတို့သည် တော်လှန်ရေး၏...
Read Moreနွေဦးတော်လှန်ရေးကာလ လွဲမှားနေသော အုပ်ချုပ်ရေးအယူအဆများ
နိုဝင် ၈ The Kaladan Post နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ သာယာဝပြောရေးနှင့် တောက်ပသည့် ဒီမိုကရေစီအနာဂတ်အတွက် ခိုင်မာကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုသည် အသက်သွေးကြောပင်ဖြစ်သည်။ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ဘုရင်ခေတ်မှ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီခေတ်၊ တပ်မတော်အစိုးရခေတ်မှ ယနေ့ ပါတီစုံဒီမိုကရေစီခေတ် (နွေဦးတော်လှန်ရေးကာလ) အထိ အသွင်သဏ္ဌာန်များစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ ဤခေတ်အဆက်ဆက်မှ သင်ခန်းစာယူကာ ယနေ့ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ စိန်ခေါ်မှုများကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ဖြေရှင်းကြမည်နည်းဟူသည်မှာ အရေးကြီးသော မေးခွန်းဖြစ်သည်။ အစိုးရအဖွဲ့သည် ဥပဒေပြုလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်းနှင့် တရားစီရင်မှုလုပ်ငန်းများကို အာဏာသုံးရပ်ခွဲဝေ၍ ဆောင်ရွက်ရမည်ဟု ဂရိပညာရှင် ပလေတိုက ဆိုခဲ့သည်။ အုပ်ချုပ်ရေးဟူသည် ဆုံးဖြတ်ချက်များချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် (Authority) ဖြစ်ပြီး ယင်းသည် ဥပဒေမှ ပေါက်ပွားလာသည်ဖြစ်စေ၊ အလိုအလျောက် ဖြစ်ပေါ်လာသည်ဖြစ်စေ အမိန့်ပေးခြင်း (Command) သဘောဖြစ်၍ မလုပ်လျှင်မနေရဟူသော သဘောသက်ရောက်သည်။ သို့သော် ဆွဲဆောင်ခြင်း (Persuasion) နှင့် အကြံပေးခြင်း (Suggestion) စသော သဘောများ ပါဝင်သော ဩဇာပေးခံရသူတွင် မလုပ်လျှင်မနေရဟူသော သဘောမရှိပေ။ စစ်မှန်သော ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ “လူတိုင်းလူတိုင်းသည် လူ့ဘဝ၊ လူ့ဇာတိ၊ လူ့အဖြစ်ကို အကြောင်းပြု၍ ရိုသေအပ်၊ လေးစားအပ်သူချည်းသာ ဖြစ်သည်။ မည်သူ့ကို မည်သူကမှ မထီမဲ့မြင် မလေးမစား မပြုအပ်၊ လူဆိုလျှင် တန်းတူချည်းဖြစ်သည်” ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေး (Public...
Read Moreကျားဖြန့်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို နိုင်ငံတကာစင်မြင့်တွင် စိန်ခေါ်နိုင်ခြင်း မရှိသေးသော NUG နှင့် အပေါင်းအပါများ
အောက်တို ၂၅ The Kaladan Post အယ်ဒီတာ့အာဘေ် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအပြီးတွင် တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကို ထောက်ခံသူများအကြား “..မြို့ SOLD OUT” ဆိုပြီး အောင်ပွဲခံခြင်းများ ငြိမ်သက်သွားပြီးနောက် “..ပြည်သူ့ငွေသူခိုး” ဆိုသည့် မှတ်ချက်များက လူမှုကွန်ရက်စာမျက်နှာများတွင် အစားထိုး များပြားလာသည်။ ထိုနည်းတူ မင်းအောင်လှိုင်နှင့် အပေါင်းအပါများအကြားတွင်လည်း “မြို့အချို့ ပြန်လည်ရရှိပြီဟု အောင်ပွဲခံ” ခြင်း သတင်းများနှင့်အတူ “ကျားဖြန့်ရာဇဝတ်သားများနှင့် အမျိုးဘာသာသာသနာ အစွန်းရောက်အုပ်စုများ လက်တွဲထားသည့် ဓာတ်ပုံမှတ်တမ်းများ” တိုးလာခြင်း ဖြစ်သည်။ ယခင်က အကြမ်းဖက်မြန်မာစစ်အုပ်စု၏ လက်ကိုင်တုတ်ဖြစ်ခဲ့သော ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း၏ တရုတ်တရားရုံးတွင် ထွက်ဆိုချက် အသံဖိုင်ကို တရုတ်အစိုးရက တရားဝင်ထုတ်ပြန်လာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “လူပုံလယ်တော့ သူတို့ဟာ အစိုးရလစာ ရပြီး နယ်စပ် လုံခြုံရေး ကာကွယ်စောင့်ရှောက်တယ်။ သိုသိုသိပ်သိပ်အားဖြင့်တော့ သူတို့ဟာ မိသားစု အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစိုးရ ယန္တရားကို ဖြန့်ကျက်အသုံးချတယ်” ဟု စီစီတီဗွီက ဖော်ပြသည်။ “ကိုးကန့်မှာ ကျွန်တော်က နယ်ခြားစောင့်တပ်ရဲ့ အမြင့်ဆုံးကွပ်ကဲသူ ဖြစ်တယ်” ဟု ဝေဆန်းက စီစီတီဗွီကို ပြောသည်။ ထို့အပြင် ရွှေကုက္ကိုလ် ကျားဖြန့်ခေါင်းဆောင် ရှီကျိကျန်း (၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ စောချစ်သူဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု ငွေကျပ် သန်း ၅၀၀,၀၀၀ ကျော် အကုန်အကျခံကာ အထူးစီးပွားရေးဇုန်ကြီးကို...
Read Moreနွေဦးတော်လှန်ရေး- စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်
အောက်တို ၁၈ The Kaladan Post လူ့သမိုင်းတစ်လျှောက်တွင် ဖိနှိပ်မှု၊ မတရားမှုနှင့် လွတ်လပ်မှုကင်းမဲ့ခြင်းတို့ကို ခေါင်းငုံ့မခံဘဲ၊ “လွတ်လပ်မှု”၊ “တရားမျှတမှု” နှင့် “လူသားဂုဏ်သိက္ခာ” တို့အတွက် ရပ်တည်လိုသည့် မဆုတ်မနစ်သော စိတ်ဓာတ်သည် အမြဲတစေ ထွန်းကားခဲ့ပါသည်။ ထိုစိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်ရှိလာသည့်အခါ “ပြည်သူ့ခုခံတွန်းလှန်မှု” သို့မဟုတ် “တော်လှန်ရေး” ဟုခေါ်သော ကြီးမားသည့် သမိုင်းလှုပ်ရှားမှုကြီးများ ပေါ်ပေါက်လာစမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ “နွေဦးတော်လှန်ရေး” သည်လည်း ထိုသမိုင်းစာမျက်နှာများတွင် ခိုင်မာစွာ ထင်ရှားစွာ ပါဝင်လာခဲ့သည့် ခေတ်သစ်ခုခံတွန်းလှန်မှုတစ်ရပ် ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးသည် ကြီးမားသော မျှော်လင့်ချက်များနှင့်အတူ စတင်ခဲ့ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားပြီး လွတ်လပ်၍ တရားမျှတသော လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်လိုသည့် ထက်သန်သော ဆန္ဒသည် ပြည်သူအပေါင်း၏ ပင်ကိုရည်မှန်းချက် ဖြစ်သည်။ တော်လှန်ရေး၏ အစဦးတွင် နိုင်ငံရေးအမြင်နှင့် နောက်ခံအမျိုးမျိုး ကွဲပြားကြသော လူငယ်၊ လူလတ်၊ လူကြီး၊ ကျောင်းသား၊ ဝန်ထမ်း၊ တောင်သူလယ်သမား၊ အနုပညာရှင် စသည့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးမှ ပြည်သူများအားလုံး “ကျွန်ုပ်တို့၏ အနာဂတ်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးမည်” ဟူသော စိတ်ဓာတ်ဖြင့် တစ်စုတစ်စည်းတည်း ရပ်တည်ခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများမှသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် နည်းမျိုးစုံဖြင့် လက်နက်ကိုင် ခုခံတွန်းလှန်မှုများအထိ အမျိုးမျိုးသော ပုံသဏ္ဍာန်များဖြင့် ၎င်းတို့၏ ခိုင်မာသော ဆန္ဒများနှင့် ရည်မှန်းချက်များကို ထုတ်ဖော်ပြသခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးကိုပါ တစ်ပါတည်း တောင်းဆိုရင်း ဤတော်လှန်ရေးကြီးတွင်...
Read Moreအားပြိုင်မှုတွေကြားက ပြည်သူများအား မြေစာပင်မဖြစ်စေလို
အောက်တို ၄ The Kaladan Post မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မရေရာမသေချာသော အနာဂတ်၊ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝ အတိဒုက္ခများဖြင့် ရင်ဆိုင်နေရပါသည်။ ဤအားပြိုင်မှုများကြားတွင် အပြစ်မဲ့ပြည်သူများမှာ မြေစာပင်အဖြစ် မည်သို့မျှ မခံစားရစေလိုပါ။ ၎င်းတို့၏ ဘဝလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုသည် တော်လှန်ရေး၏ အဓိက ရည်မှန်းချက် ဖြစ်ရပါမည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ကျေးရွာများ၊ မြို့ပြနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ရာနှင့်ချီသောပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ အာဏာသိမ်းအဖွဲ့သည် ငလျင်ဘေးဒဏ်အတွက် ရည်ရွယ်သည့် နိုင်ငံတကာအကူအညီများကိုပင် အလွဲသုံးစားပြု၍ အတုအယောင်ရွေးကောက်ပွဲလုပ်ရန် ကြံရွယ်နေသည်ဟူသော သတင်းများက ပြည်သူများအပေါ်ထားရှိသည့် ၎င်းတို့၏ တာဝန်မဲ့မှုကို ပိုမိုထင်ရှားစေပါသည်။ ထို့အပြင်၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ ငွေကြေးအဆမတန် ကောက်ခံခြင်းစသည့် လုပ်ရပ်များသည် လူငယ်များ၏ အနာဂတ်နှင့် ပြည်သူလူထု၏ ဘဝကို ပိုမိုခက်ခဲစေပြီး လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် ရည်မှန်းချက်ကြီးမားသော ထိုးစစ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆင်နွှဲလျက်ရှိသည်။ ဤအခြေအနေများကြားတွင် ပြည်သူများမှာ ၎င်းတို့၏ ချွေးနည်းစာဖြင့် တတိုင်းပြည်လုံး လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အလှူငွေများ အစွမ်းကုန် ထည့်ဝင်လျက်ရှိကြသည်။ သို့သော် အချို့သော Fundraiser များမှ...
Read Moreတော်လှန်ရေးဘဏ္ဍငွေခိုးတာကို ပြည်သူနာမည်တိုင်တည်ပြီး အပြစ်ကင်းအောင်မရှောင်ကြစေလို
စက်တင် ၂၇ The Kaladan Post အယ်ဒီတာ့အာဘော် ယခုလက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများအတွက် ရည်ရွယ်၍ စုဆောင်းထားသော ဘဏ္ဍာငွေများနှင့်ပတ်သက်၍ ရှာဖွေရေးအဖွဲ့အချင်းချင်းကြား အလွဲသုံးစားပြုမှု စွပ်စွဲချက်သတင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပြည့်နှက်လျက်ရှိပါသည်။ ယခင်က ဖြစ်ပွားခဲ့သော ဘဏ္ဍာငွေအလွဲသုံးစားမှု စွပ်စွဲချက်များနှင့်မတူဘဲ၊ ယခုတစ်ကြိမ်တွင် အနုပညာရှင်အချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပုဂ္ဂိုလ်အချို့တို့က ၎င်းတို့သည် ပွဲတက်သူများသာဖြစ်ပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း အပြိုင်အဆိုင် ရှင်းလင်းချက်များ ထုတ်ပြန်လာကြကို တွေ့ရှိရသည်။ လက်ရှိစွပ်စွဲခံရမှုပမာဏမှာ ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြားရှိနိုင်သည်ဟု ရေးသားဖော်ပြမှုများ ရှိနေပြီး ယခင်က ဒေါ်လာသိန်းချီ၊ သန်းချီ ပမာဏများစွာ ပျောက်ဆုံးခဲ့ရချိန်တွင် တိတ်ဆိတ်နေခဲ့ကြသူများက ယခုကဲ့သို့ ပမာဏ အနည်းငယ်မျှအတွက်မှ ရှင်းလင်းချက်များ ပြုလုပ်နေခြင်းကို ကြည့်ပါက ယခင်ကမူ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပြီး ယခုမှသာ အစအနဖျောက်ရန် ကြိုးစားခြင်းဖြစ်နိုင်သလားဟု မေးခွန်းထုတ်စရာဖြစ်နေပါသည်။ ဤသို့သော အဖြစ်အပျက်များသည် အပေါ်ယံအားဖြင့် သာမန်ကိစ္စဟု ထင်ရသော်လည်း နက်နက်နဲနဲစဉ်းစားပါက ကျွန်တော်တို့တိုင်းပြည် ကြုံတွေ့နေရသော အန္တရာယ် မည်မျှကြီးမားသည်ကို ထင်ရှားစေပါသည်။ လက်ရှိအချိန်တွင် မျိုးဆက်ပေါင်းများစွာ သုံးစွဲမကုန်အောင် ခိုးထားကြသည့် အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် တော်လှန်ရေးဘဏ္ဍာငွေ ခိုးယူမှုများနှင့်ပတ်သက်၍ အချင်းချင်း စွပ်စွဲပြစ်တင်နေကြသော Post များကို Messenger မှတစ်ဆင့် မျှဝေ၍ ရယ်မောပျော်ရွှင်နေကြပေလိမ့်မည်။ ထို့ပြင် အနာဂတ်တွင် မိမိတို့အချင်းချင်း ပြဿနာဖြစ်ပွားပါက မည်သို့ မိမိအပြစ်ကင်းအောင် Post တင်ရမည်ကိုပင် လေ့လာမှတ်သားနေကြပေလိမ့်ဦးမည်။ ကျွန်ုပ်တို့ ယခင်အယ်ဒီတာ့အာဘော်တွင် တင်ပြခဲ့သလိုပင်...
Read Moreလော်ဘီများ၏ လွှမ်းမိုးမှုမှရုန်းထွက်ပြီး ပညာရှင်များ၏ အကြံပြုချက်များဖြင့် ပြည်သူ့ဘက်သို့ မျက်နှာမူရန် တော်လှန်ရေးခေါင်းဆောင်များ လိုအပ်နေပြီ
ဩဂုတ် ၂၃ The Kaladan Post လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးအင်အားစုများသည် ပြည်သူများ၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသည်ဟု ယူဆထားကြသည်။ သို့ရာတွင် ငါးနှစ်ခန့် ကြာမြင့်လာသည့် အချိန်ကာလအတွင်း CDM ဝန်ထမ်းများ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများဖြင့် စတင်ခဲ့သော ပြည်သူများသည် ရံဖန်ရံခါ ဘဏ္ဍာရေးအကူအညီ တောင်းခံချိန်မှလွဲ၍ ဦးတည်ချက်မဲ့သကဲ့သို့ ဖြစ်လာခဲ့သည်။ ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှတစ်ခုမှာ “တော်လှန်ရေးအောင်မြင်ရန် စစ်ရေးသည် အဓိကကျဆုံးဖြစ်သည်” ဟူသော အယူအဆဖြင့် စစ်ရေးကဏ္ဍဦးဆောင်သူများကို အလွန်အကျွံ မြှောက်ပင့်ခြင်းနှင့် ၎င်းတို့အတွက် လိုအပ်သည်ထက်ပို၍ လှုပ်ရှားဆောင်ရွက်ပေးနေသည့် လော်ဘီများ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ၏ လော်ဘီများနှင့် အပြိုင်လုပ်ဆောင်ရင်း လက်နက်ကိုင်ခေါင်းဆောင်များကို လမ်းမှားသို့ ပို့ဆောင်သည့် အမှားများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဤအခြေအနေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် မည်သည့်ဝေဖန်ထောက်ပြမှုကိုမျှ လက်မခံသည့် အခြေအနေဖြစ်ပေါ်လာပြီး စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီမှု ပျက်ယွင်းကာ ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများကို စည်းလုံးညီညွတ်စွာ ကိုယ်စားပြုနိုင်မည့် မူဝါဒတစ်ရပ်ကိုပင် ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ဤအချက်များသည် တော်လှန်ရေးအင်အားစုများအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု လျော့နည်းလာစေသည့်အပြင် နိုင်ငံတကာထောက်ခံမှုကိုပါ ဆုံးရှုံးစေခဲ့ပြီး ငါးနှစ်အတွင်း မည်သည့်နိုင်ငံကမှ NUG အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိသည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဆင်ရေးများကို လိုအပ်သည်ထက်ပို၍ ထောက်ခံအားပေးခြင်း၊ အားနည်းချက်များကို ဖုံးကွယ်ရန် လော်ဘီလုပ်ခြင်းများ...
Read Moreအာဏာရှင်နှင့် အာဏာပိုင်များကြားက မြန်မာနိုင်ငံ၏ မရေရာသော အနာဂတ်
အာဏာရှင်နှင့် အာဏာပိုင်များကြားက မြန်မာနိုင်ငံ၏ မရေရာသော အနာဂတ် ဩဂုတ် ၂ The Kaladan Post မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများဟူ၍ နှစ်ခြမ်းကွဲနေပြီး နှစ်ဖက်စလုံး၏ အာဏာကိုင်စွဲမှုများမှာ အကန့်အသတ် မဲ့လာနေသည်ကို စိုးရိမ်ဖွယ်မြင်တွေ့နေရသည်။ ဤအခြေအနေသည် နွေဦးတော်လှန်ရေး၏ မူလရည်မှန်းချက်များနှင့် တဖြည်းဖြည်းကင်းကွာလာပြီး တိုင်းပြည်၏ အနာဂတ်ကို မရေရာမှုများဆီသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာသက်တမ်းကို တရားမဝင်နည်းလမ်းများဖြင့် ဆက်တိုက်သက်တမ်းတိုးနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသက်တမ်းတစ်ခုစာမျှ အာဏာယူထားပြီးနောက်ပိုင်းတွင်လည်း အရေးပေါ်ကာလအကြောင်းပြချက်ဖြင့် သက်တမ်းကို ဆက်လက်ဆွဲဆန့်ခဲ့သည်။ ယခုအခါ “အိမ်စောင့်အစိုးရ” အမည်ခံကာ မိမိကိုယ်တိုင်ထံသို့ပင် အာဏာပြန်လွှဲသည့် ဟာသဇာတ်လမ်းဆန်ဆန် ပြကွက်များဖြင့် နောက်ထပ်အာဏာသက်တမ်းတစ်ခုအတွက် ပြင်ဆင်နေသည်။ သူ၏ အနာဂတ်အစိုးရအဖွဲ့တွင်လည်း သူ့အား အာဏာလုနိုင်ခြေရှိသူများကို ဖယ်ရှားပြီး သစ္စာခံလူသစ်များဖြင့် အစားထိုးကာ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် စစ်ဝတ်စုံအစား တိုက်ပုံဝတ် ပုံစံပြောင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည်မှာ ထင်ရှားသည်။ ထိုနည်းတူစွာပင် တော်လှန်ရေးအင်အားစုများဘက်တွင်လည်း စိုးရိမ်ဖွယ်ရာ အလားအလာများကို မြင်တွေ့နေရသည်။ နွေဦးတော်လှန်ရေးအစတွင် ပြည်သူလူထုတစ်ရပ်လုံးက အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး စနစ်သစ်၊ တိုင်းပြည်သစ် တည်ဆောက်ရန် မျှော်လင့်ချက်ကြီးစွာဖြင့် တော်လှန်ရေးကို ထောက်ခံခဲ့ကြသည်။ ထိုစဉ်က ပြည်သူများက မိမိတို့၏ အချုပ်အခြာအာဏာကို CRPH, NUCC, NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ တော်လှန်ရေးကို ဦးဆောင်ရန် ယုံကြည်စွာ ယာယီအပ်နှံခဲ့ကြသည်။ သို့သော် ယခုအခါ အဆိုပါအဖွဲ့အစည်းများ၏ အာဏာကိုင်စွဲမှုပုံစံများမှာ စတင်မေးခွန်းထုတ်စရာ...
Read Moreလူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ
လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ ——————————————————————————————– အယ်ဒီတာ့အာဘော် ဇူလိုင် ၂၇ The Kaladan Post မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများ၏ ဗဟိုချက်တွင် ရှိနေသည်။ ဤအာဏာသိမ်းမှုသည် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။ ဤတော်လှန်ရေးတွင် လူငယ်များ သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒီမိုကရေစီအတွက် စွန့်လွှတ်စွန့်စားမှုများနှင့် နည်းပညာအခြေပြု လှုပ်ရှားမှုများဖြင့် သမိုင်းတွင် ထူးခြားသော ခြေလှမ်းများကို ချန်ထားနေသည်။ တော်လှန်ရေး၏ လက်ရှိအခြေအနေ (က) ပြည်သူ့ခုခံမှုနှင့် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန်အဟုန် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့နွေဦးတော်လှန်ရေးသည် အကြမ်းမဖက်ရေးလှုပ်ရှားမှုများမှ လက်နက်ကိုင်တိုက်ပွဲများအထိ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရာတွင် အရေးပါသော အစပြုမှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး များကြောင့် တော်လှန်ရေးသည် ထူးခြားသော အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ အထူးသဖြင့် ‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတစ်ဝန်းရှိ...
Read Moreအာဇာနည်နေ့ကို ကျော်လွန်၍… ယနေ့ခေတ် တော်လှန်ရေးမျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန်
အာဇာနည်နေ့ကို ကျော်လွန်၍… ယနေ့ခေတ် တော်လှန်ရေးမျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန် ဇူလိုင် (၁၉) အယ်ဒီတာ့အာဘော် ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် ကြီးစွာသော ဝမ်းနည်းခြင်း၊ နှမြောတသခြင်းတို့နှင့်အတူ အဖိုးမဖြတ်နိုင်သော သင်ခန်းစာ များကို ပြန်လည်ကမ္ပည်းတင်ရမည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖြစ်ရပ်သည် သမိုင်းစာမျက်နှာပေါ်မှ ဖြစ်ရပ်တစ်ခုမျှသာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်၏ အမှောင်ဆုံးကာလကို ဖြတ်သန်းနေရသော ယနေ့မြန်မာနိုင်ငံအတွက် လမ်းပြကြယ်၊ မီးရှူး တန်ဆောင်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။ ၁။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်သည် တော်လှန်ရေး၏ အသက်သွေးကြောဖြစ်သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖဆပလအစိုးရအဖွဲ့သည် တိုင်းရင်းသားပေါင်းစုံ၏ စုစည်းညီညွတ်မှုကို အကောင်းဆုံးပြသခဲ့သည့် သမိုင်းဝင်သာဓကဖြစ်သည်။ ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်း၊ ကရင်အမျိုးသား မန်းဘခိုင်၊ ရှမ်းစော်ဘွားကြီး စဝ်စံထွန်း၊ မြန်မာ မွတ်စလင် ပညာရေးဝန်ကြီး ဦးရာဇတ် စသည်ဖြင့် လူမျိုး၊ ဘာသာ၊ နောက်ခံသမိုင်းမခွဲခြားဘဲ “နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး” ဟူသော ဘုံရည်မှန်းချက်အတွက် အတူတကွ လက်တွဲခဲ့ကြသည်။ ဤပြည်ထောင်စုစိတ်ဓာတ်သည်ပင်လျှင် လွတ်လပ်ရေး၏ အဓိက သော့ချက်ဖြစ်ခဲ့သည်။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF/LPDF)၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ (ပအဖ) နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော ညီညွတ်မှုအပေါ်တွင် တည်မှီ နေသည်။ အာဇာနည်ခေါင်းဆောင်များ ချမှတ်ခဲ့သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် ကို လက်တွေ့ကျင့်သုံးမှသာလျှင်...
Read Moreပြိုလဲနေသော စတုတ္ထမဏ္ဍိုင်- ချင်းတော်လှန်ရေးအတွင်းမှ အုပ်စုဖွဲ့မီဒီယာများ၏ အန္တရာယ်
ပြိုလဲနေသော စတုတ္ထမဏ္ဍိုင်- ချင်းတော်လှန်ရေးအတွင်းမှ အုပ်စုဖွဲ့မီဒီယာများ၏ အန္တရာယ် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းစောင့်ကြည့်ရန်နှင့် ပြည်သူ့အသံကို ဖော်ထုတ်ရန် “စတုတ္ထမဏ္ဍိုင်” ဖြစ်သော သတင်းမီဒီယာသည် မရှိမဖြစ်လိုအပ်ပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် မြန်မာ့ပင်မမီဒီယာလောကကြီး ပြိုလဲခဲ့ရသော်လည်း ပို၍စိုးရိမ် ဖွယ်ရာမှာ တော်လှန်ရေးနယ်ပယ်အတွင်း၌ပင် အထူးသဖြင့် ချင်းတော်လှန်ရေးအတွင်း၌ စတုတ္ထမဏ္ဍိုင်၏ အနှစ်သာရကို မိမိတို့ကိုယ်တိုင် ပြန်လည်ဖြိုဖျက်နေသည့် အန္တရာယ်ကြီး တစ်ခု ပေါ်ပေါက်လာနေခြင်းဖြစ်သည်။ တော်လှန်ရေးအောင်ပွဲများနောက်ကွယ်မှ အုပ်စုဖွဲ့မီဒီယာစစ်ပွဲ ချင်းပြည်နယ်သည် စစ်အာဏာရှင်ကို အစောဆုံးနှင့် အပြင်းထန်ဆုံး ခုခံတော်လှန်ခဲ့သော ဒေသတစ်ခုဖြစ်သည်။ CNF/CNA နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF)များ၏ ကြိုးပမ်းမှု ကြောင့် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုအောင်မြင်မှုများ နောက်ကွယ် တွင် အုပ်ချုပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် သဘောတရားရေးရာ အငြင်းပွားမှုများက ချင်းတော် လှန်ရေးအင်အားစုများကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ ဤအက်ကွဲမှုများသည် ယနေ့အချိန်တွင် “မီဒီယာစစ်ပွဲ” အသွင်ဖြင့် လူမှုကွန်ရက်ပေါ်သို့ ကူးစက်ရောက်ရှိ လာခဲ့သည်။ လော်ဘီမီဒီယာများ၏ မွေးဖွားခြင်းနှင့် မီဒီယာကျင့်ဝတ်များ၏ သေဆုံးခြင်း ချင်းအချင်းချင်း အုပ်စုဖွဲ့အငြင်းပွားမှုများမှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် အပုပ်ချတိုက်ခိုက် ရန် ရည်ရွယ်သည့် Social Media စာမျက်နှာများ၊ YouTube ချန်နယ်များနှင့် Telegram Group များ မှိုလိုပေါက်လာခဲ့သည်။ ၎င်းတို့သည် သတင်းမီဒီယာ၏ အခြေခံတာဝန်ဖြစ်သော ဘက်မလိုက်မှု၊ မျှတမှုနှင့် အချက်အလက်မှန်ကန်မှုတို့ကို လုံးဝမျက်ကွယ်ပြုကာ...
Read Moreတော်လှန်ရေး အောင်ပွဲခရီး : မင်းအောင်လှိုင်အာဏာမစွန့်လိုလည်း NUG ဝန်ကြီးများ အာဏာစွန့်ခြင်းက သော့ချက်
လက်ရှိ တော်လှန်ရေးကာလမှ စတင်ပြီး အသွင်ကူးပြောင်းရေးကာလအထိ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဖို့အတွက် “ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” ကို စတင်ရေးဆွဲနေပြီဟု တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် အရပ်ဘက်အဖွဲ့ ကိုးဖွဲ့က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်တွင် ပါဝင်သောအဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း(ပဒေါင်)နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အဖွဲ့တို့ ဖြစ်ပါသည်။ ယခုလို ထုတ်ပြန်ချက် မထွက်လာမီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်သော ဘုံနိုင်ငံရေး သဘောတူညီချက် လုပ်ငန်းစဉ် အဆင့်ဆင့် (ဂ) တွင် အသွင်ကူးပြောင်းရေးကာလ NUG အစိုးရ ဖွဲ့စည်းရေးသည် ပါဝင်ခဲ့ပါသည်။ ဤအထက်ဖော်ပြပါ အဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရစတင် ဖွဲ့စည်းချိန်တို့တွင် အရေးပါသော အင်အားစုများ ဖြစ်ခဲ့သောကြောင့် အများပြည်သူ မျှော်လင့်ချက် အားကောင်းခဲ့ပြီး မြန်မာနိုင်ငံတော်လှန်ရေး ဦးဆောင်မှုကဏ္ဍ ပိုမိုအားကောင်း လာရေးအတွက် မျှော်လင့်နေသော နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများကလည်း အသွင်ကူးပြောင်းရေး NUG...
Read Moreအာဏာဖြင့် စရိုက်စစ်မှန်မှု စမ်းသပ်ခံနေရသော တော်လှန်ရေးခေါင်းဆောင်များ
ဇူလိုင် ၅ The Kaladan Post “လူတိုင်းနီးပါး ဒုက္ခတွေကို ခံနိုင်ရည်ရှိကြပေမဲ့ လူတစ်ယောက်ရဲ့ စရိုက်စစ်မှန်မှုကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့်ပါ” ဟူသော ဆိုရိုးစကားသည် မြန်မာ့လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များအပေါ် ကျရောက်နေသည့် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး လက်ရှိ မြင်တွေ့နေရသော ရလဒ်များမှာမူ ရင်လေးဖွယ်ရာ ဖြစ်နေပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် နယ်မြေပြဿနာကို လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အစောပိုင်း ကာလများတွင် ရိုးသားစွာဖြင့် တော်လှန်ရေး၌ ပါဝင်ခဲ့ကြသူများပင် အချိန်ကြာလာသည် နှင့်အမျှ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို တစ်စုတစ်စည်းတည်း ကိုင်တွယ်လာကြသည်။ မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများမှာ အာဏာသိမ်းသည့် အချိန်ကတည်းက အာဏာ၏အရသာကို ငမ်းငမ်းတက် မက်မောခဲ့ကြသည်မှာ ထင်ရှားပြီး ဖြစ်၍ ပြည်သူလူထုက ၎င်းတို့အား “အာဏာရူးအုပ်စု” အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများဘက်၌လည်း အာဏာနှင့် ထိတွေ့လာသည့်အခါ ပြဿနာများ ပေါ်ပေါက်လာသည်ကို မြင်တွေ့နေရသည်။ ဤအချက်က တော်လှန်ရေးကို ဦးဆောင်နေသူ တစ်ဦးချင်းစီ၏ စရိုက်စစ်မှန်မှုကို အာဏာဖြင့် စမ်းသပ်ရာတွင် အောင်မြင်မှု နည်းပါးနေသည်ကို ဖော်ပြနေပါသည်။ လက်နက်အင်အားကို အခြေခံသည့် “လက်နက် အားကြီးလျှင် အာဏာကျယ်ပြန့်မည်” ဟူသော အတွေးအခေါ်ကြောင့် တော်လှန်ရေး၏ မူလ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ဖြုတ်ချရေးသည် ဒုတိယဦးစားပေး ဖြစ်သွားမည် ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာပါသည်။ နယ်မြေအငြင်းပွားမှုများ ရှုပ်ထွေးလာခြင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊...
Read Moreတော်လှန်ပြည်သူစစ်မှန်ဖို့ အယူအဆလွဲများ ရိုက်သွင်းခံရခြင်းမှ သတိထားကြပါစို့
တော်လှန်ပြည်သူစစ်မှန်ဖို့ အယူအဆလွဲများ ရိုက်သွင်းခံရခြင်းမှ သတိထားကြပါစို့
Read Moreမြန်မာ့လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြေရှင်းရန် တော်လှန်ရေးအင်အားစုများ တာဝန်ယူမှုရှိပြီလား
မြန်မာ့လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြေရှင်းရန် တော်လှန်ရေးအင်အားစုများ တာဝန်ယူမှုရှိပြီလား
Read More“မဲပေးစရာမလို၊ အတုအယောင်ကို ဆန့်ကျင်၊ အနာဂတ်အမှန် တည်ဆောက်ကြ”
မြန်မာပြည်သူအပေါင်းတို့ ခင်ဗျာ ….. ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့သည် ကျွန်ုပ်တို့နိုင်ငံ၏သမိုင်းတွင် အမည်းစက် ထင်ကျန်ရစ်စေမည့်နေ့တစ်နေ့ဖြစ်သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ ထိုနေ့တွင် ပြည်သူ လူထုက လွတ်လပ်တရားမျှတစွာ ရွေးချယ်တင်မြှောက်ထားသော တရားဝင်အစိုးရကို စစ်အာဏာရှင်အဖွဲ့က အတင်းအဓမ္မဖြုတ်ချကာ အာဏာကို မတရားသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့၏နိုင်ငံသည် အမှောင်ထုထဲသို့ နစ်မြုပ်ခဲ့ရပြီး ပြည်သူလူထု တစ်ရပ်လုံးသည် မကြုံစဖူးသော ဆင်းရဲဒုက္ခမျိုးစုံ၊ သွေးစွန်းသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသော်လည်း နွေဦးတော်လှန်ရေး၏ ပြင်းပြသောစိတ်ဓာတ်ဖြင့် ယနေ့တိုင် အာဏာသိမ်းအဖွဲ့ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေဆဲဖြစ်သည်။ စစ်အာဏာရှင်အဖွဲ့သည် ၎င်းတို့၏လက်ထဲသို့ အာဏာရောက်ရှိပြီးနောက် မည်သည့် လူ့အခွင့်အရေး၊ မည်သည့်တရားဥပဒေကိုမျှ အလေးမထားဘဲ ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများမှာ ထောင်နှင့်ချီနေပြီဖြစ်ပြီး ရာဇဝတ်မှုများသည်လည်း အချိန်နှင့်အမျှ တိုးပွားလျက်ရှိသည်။ ဤသည်မှာ ကျွန်ုပ်တို့ပြည်သူလူထုအပေါ် ဆက်တိုက်ကျူးလွန် နေသော စစ်ရာဇဝတ်မှုများသာဖြစ်သည်။ လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ- ငြိမ်းချမ်းစွာနေထိုင် ကြသော ကျေးရွာများ၊ မြို့ပြများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံ များ၊ ဆေးရုံများကိုပါမချန် နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူများစွာ အသက် ဆုံးရှုံးခဲ့ရပြီး လူနေအိမ်ရာပေါင်းများစွာ ပြာပုံဘဝသို့ရောက်ခဲ့ရသည်။ ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဘဝသို့ ရောက်ရှိခဲ့ရသည်။ ဤလုပ်ရပ်များသည် မြန်မာပြည်သူ လူထုကို အကြောက်တရားဖြင့် ဖိနှိပ်ရန် ရည်ရွယ်သည့်...
Read Moreခံရသူအဆင့်မှ အုပ်ချုပ်သူအဆင့်သို့ တော်လှန်ရေးအင်အားစုများ ကူးပြောင်းရန် အရေးတကြီးလိုအပ်နေ
ခံရသူအဆင့်မှ အုပ်ချုပ်သူအဆင့်သို့ တော်လှန်ရေးအင်အားစုများ ကူးပြောင်းရန် အရေးတကြီးလိုအပ်နေ
Read More
Recent Posts
- ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်
- “အောင်ပွဲနားနီးလေ မုန်တိုင်းပြင်းလေဖြစ်လို့ ပြည်သူတွေ စိတ်မယိုင်ကြဖို့ လိုတယ်”
- ၂၀၂၅ ခုနှစ်တွင် PRA-Magway ၏ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်သား ၁၆၃ ဦးကျော် ရှင်းလင်းနိုင်
- တော်လှန်ရေးကာလမှာ ရန်သူနည်းတထက်နည်းအောင် လုပ်ရမည်၊ ဘုံရန်သူ တစ်ခုတည်းရှိသင့်တယ်
- စစ်ရေးအပိုင်းအနေနဲ့ အောင်မြင်ဖို့ စနစ်တကျတည်ဆောက်ထားတဲ့ SRA လိုမျိုး တပ်တွေကို ဝန်းရံဖို့ လိုတယ်