—————————————————————–
ဩဂုတ် ၁၇
The Kaladan Post
ဖလမ်းမြို့နယ်၊ Belawi ကျေးရွာမှ ကျဆုံးသွားသော CNDF ရဲဘော် Uk Lian Piang ၏ ရုပ်အလောင်းကို ရှာဖွေရန် မိခင်ဖြစ်သူ၏ ညွှန်ကြားမှုအရ ဆွေမျိုး သူငယ်ချင်း ၅ ဦးတို့သည် ရှာဖွေရန် ထွက်ခွာခဲ့ပြီးအပြန်တွင် CDF- Hualngoram က ၎င်းတို့ကိုဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းမီဒီယာ ဖော်ပြချက်အရသိရသည်။
အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး CDF- Hualngoram တပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအတွင်းအရေးမှူး Salai Venpuia က “ကျွန်တော်တို့ ဖမ်းဆီးထားတဲ့သူတွေဟာ အရက်အလွန်အကျွန် မူးတာကြောင့် ဖမ်းဆီးစစ်ဆေး တာဖြစ်ပါတယ် စစ်ဆေးချိန်တွင် ကျွန်တော်တို့သည် CNDFတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ် အဲ့ဒါကြောင့် ဖလမ်းမြို့နယ် တစ်ခုလုံးကို ကြိုက်သလိုသွားလို့ရတယ်ဟု ပြောလို့ ခဏထိန်းသိမ်းထားတာဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာအမူးပြေလာတော့ သူ့တို့သိတဲ့သူတွေကို ခေါ်ပြီးတော့ စစ်ဆေးရာ CNDF တပ်ဖွဲ့ဝင် တွေမဖြစ်တော့ သူတို့ကို လွှတ်ပေးလိုက်ပါပြီး ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါ သတင်းမီဒီယာ ဖော်ပြချက်များသည် CDF- Hualngoram ကို ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး CDF- Hualngoram တပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအတွင်းအရေးမှူး Salai Venpuia က “ကျွန်တော်တို့ ဖမ်းဆီးထားတဲ့သူတွေဟာ အရက်အလွန်အကျွန် မူးတာကြောင့် ဖမ်းဆီးစစ်ဆေး တာဖြစ်ပါတယ် စစ်ဆေးချိန်တွင် ကျွန်တော်တို့သည် CNDFတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ် အဲ့ဒါကြောင့် ဖလမ်းမြို့နယ် တစ်ခုလုံးကို ကြိုက်သလိုသွားလို့ရတယ်ဟု ပြောလို့ ခဏထိန်းသိမ်းထားတာဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာအမူးပြေလာတော့ သူ့တို့သိတဲ့သူတွေကို ခေါ်ပြီးတော့ စစ်ဆေးရာ CNDF တပ်ဖွဲ့ဝင် တွေမဖြစ်တော့ သူတို့ကို လွှတ်ပေးလိုက်ပါပြီး ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါ သတင်းမီဒီယာ ဖော်ပြချက်များသည် CDF- Hualngoram ကို ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။၎င်းသတင်းဖော်ပြထားချက်တွင် ၎င်းတို့သည် ရိခေါ်ဒါရ်မြို့ရှိ CDF Ngawn ခေါင်းဆောင်တစ်ဦး၏ အကူအညီဖြင့် ရုပ်အလောင်းကို ရှာဖွေရန် ရိခေါ်ဒါရ်မြို့သို့ သွားရောက်ခဲ့သော်လည်း အလောင်းကို မတွေ့ရှိဘဲ ပြန်လှည့်လာစဉ် ရိခေါ်ဒါရ်မြို့နှင့် Lianhna ကျေးရွာကြားရှိ CDF Hualngoram ၏ ဂိတ်တွင် ၎င်းတို့ကို CNDF အဖွဲ့ဝင်များဟု စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက CDF Hualngo တွေက သူတို့ကို ဘယ်ကိုသွားမလဲလို့ မေးတဲ့အခါ ဦးလေးရဲ့ အလောင်းကို လေးလက်ရွာဘက်မှာ သွားရှာမယ် လို့ဖြေတယ် အဲဒါကြောင့် ခင်ဗျားတို့က CNDF တွေပဲဆိုပြီး ဖမ်းကြတယ်။ တုတ်နဲ့လည်း ရိုက်ပြီးတော့ သေနတ်တွေကို ဘယ်မှာ ဖွက်ထား လဲ လို့မေးတယ်ဟု ၎င်းသတင်းတွင်ဖော်ပြထားပါသည်။