—————————————————————–
မေ ၃၀
The Kaladan Post
Chinland Defence Force – Lautu သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ တွင် အခြေခံစစ်ပညာ အပတ်စဥ် (၇) ရက်ရှည်သင်တန်းအား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသည် သင်တန်းသား ၁၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ပါသည်။ ၎င်းသင်တန်း အတွင်း သောက်သုံးရေမှအစ အခက်အခဲများစွာရှိသော်လည်း ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ယခုကဲ့သို့ အောင်မြင်စွာ ပြီးမြောက်နိုင်ခြင်းဖြစ်ကြောင်း CDF-Lautu တာဝန် ရှိသူ သင်တန်းမှူး ဆလိုင်း KC က The Kaladan Post သို့ ပြောကြားသည်။
ထို့ပြင် ၎င်းသင်တန်းသည် ယခင်နှစ်များနှင့် မတူညီဘဲ ရက်ရှည်သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများ ခံနိုင်ရည်ရှိမည်လားဟု စိုးရိမ်ခဲ့ရသော်လည်း သင်တန်းသားအားလုံး သည် မျိုးချစ်စိတ်ကို အရှေ့တန်းတင်ကာ စိတ်ညီလက်ညီ ကြိုးစားခဲ့ကြသဖြင့် အခက်အခဲ များကို ပျော်ရွှင်ကြည်နူးစွာဖြင့် ကျော်လွှားနိုင်ခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် သင်တန်းသားများအား စံပြဆု၊ လက်ဖြောင့်ဆု၊ အခက်အခဲကျော်လွှားဆု၊ ဇွဲအရှိဆုံးဆု နှင့် စစ်ရေးပြအလှဆုံးဆု စသည့် ဆုငါးမျိုးကို အဖွဲ့အစည်းမှ မှတ်တမ်းတင်ချီးမြှင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုပြင် ဒီတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည်နှင့်အညီ ပြည်သူအားလုံး ကြရာ ကဏ္ဍကနေ ဆက်လက်ပူးပေါင်းပါဝင်ပြီး ဒီထက်မက တော်လှန်ရေးခြေလှမ်း မြန်ဆန်နိုင်ရေး ကြိုးစားကြရန်လိုအပ်ပြီဖြစ်ကြောင်းပြောဆိုသည်။
ဒါ့အပြင် မိမိသားသမီးအား လက်နက်ကိုင်ကာ အသက်အာမခံချက်မရှိသည့် ဒီတော်လှန်ရေးမျိုးကို မည်ကဲ့သို့သော် မိဘမှ လက်ခံအားပေးမှာ မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဒီ(GZ) မျိုးဆက်အတွင်း ပြည်သူအခွန်ကိုစားပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ ဒီအာဏာရှင်အား ဖြုတ်ချကာ ထာဝရတည် မြဲသွားမည့် ဖယ်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်ရေးကြိုးစားသွားမဖြစ်သည်။ ဒီ ဖယ်ဒရယ် ဒီမိုကရေစီထူထောင်ရာတွင်လည်း မည်ကဲ့သို့သော်အဖွဲ့အစည်းထံကမှ မတောင်းဆိုဘဲ အရယူနိုင်ရေးသည် အဓိကအားဖြင့် ကျွန်တော်တို့လူငယ်တွေရဲ့ တာဝန် ဖြစ်သည့်အတွက် မျိုးချစ်လူငယ်တွေအနေနဲ့ မိမိကြရာကဏ္ဍကနေ ဒီတော်လှန် ရေးတာဝန်ကို ရက်အကန့်အသတ်မရှိဘဲ မိမိတတ်နိုင်သမျှဖြင့် ပူးပေါင်းပါဝင်ကာ တာဝန် ထမ်းဆောင်ပေးကြရန်နှင့် တော်လှန်ရေးတာဝန်ကို စိတ်ဝင်စားကာ တာဝန်ထမ်းဆောင် လိုသူ မည်သူ့ကိုမဆို မိဘများက တားမြစ်ပိတ်ပင်ခြင်းများ မပြုလုပ်ပါကြရန် ဆလိုင်း KC က မေတ္တာရပ်ထားသည်။ ထို့အပြင် ယခုကဲ့သို့ ရက်ရှည်သင်တန်းမျိုးကို မကြာမီပြန်လည် ဖွင့်လှစ်နိုင်ရန် စီမံလျက်ရှိသောကြောင့် တော်လှန်ရေးတာဝန် ထမ်းဆောင်လိုသူ အားလုံး မိမိစိတ်ဆန္ဒအလျှောက် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းကထည့်သွင်း ပြောဆိုသည်။