—————————————————————-
ဇူလိုင် ၆
The Kaladan Post
MDF +AA တပ်ဖွဲ့ များသည် အောက်လာအိုကျေးရွာမှ အင်အားအလုံးရင်းဖြင့် တက်လာပြီး CDF-Mara ဌါနချုပ် ဝင်စီးရန် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက်လာအိုကျေးရွာနားရှိ CDF-Mara စခန်း နှင့် ၁မိုင်ခန့် အကွာအထိ ထိုးစစ်ဆင်လာကြောင်း CDF-Mara ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သပ်ပြီး CDF-Mara ၏ စစ်ဘက်ဆိုင်ရာအတွင်းရေးမှူးက “ MDF+AA တပ်ဖွဲ့ များသည် ကျွန်တော်တို့ ထိန်းချုပ်နေမြေတွေကိုသိမ်းပိုက်ခြင်လို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့ ကနေစတင်စစ်ကြောင်းထိုးတာဖြစ်ပါတယ် ပြီးတော့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက် လာအို ကျေးရွာသား နွားနောက်ကြောင်းတဲ့သူကို ဖမ်းဆီးထိန်သိမ်းခဲ့ပါ သေးတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ယခုစစ်ကြောင်းမှ MDFဘက်က အတတ်နိုင်ဆုံး လျှို့ဝှက်ထားတယ် ဒါပေမယ့် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဆုံစမ်းသိရှိသလောက်ဆိုရင် AA တပ်ဖွဲ့ ၂၀ခန့်ပါဝင်တယ် AA တပ်ဖွဲ့ဝင်များသည် ယခင်က မာရာဒေသ၌ အင်အား ၃၀၀ကျော်နေထိုင်ခဲ့ပြီး လက်ရှိမှာ ၁၀၀ ဝန်းကျင် ကျန်သေးတယ် ပြီးတော့ ကျွန်တော်တို့ ထုန်ပြန်ချက်အတိုင်း နောက်ပြန်မဆုတ်ဘဲ ဆက်လက်စစ်ကြောင်းထိုးလာပါက အချင်းချင်းကြား ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတော်လှန်ရေးကို အနောက်ကနေ ထောက်ပံ့ပေးနေသော ပြည်သူတွေကို အနည်းနဲ့ဲ့များ ထိခိုက်မှာ ဖြစ်ပြီး တော်လှန်ရေးကို နှောင်းနှေးစေတာဘဲ အဖတ်တင်မယ် ဟု ဆက်လက်ပြောဆိုသည်။

ဒီဖြစ်စဥ်တွေနှင့် ပတ်သက်ပြီး MDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဒီထုတ်ပြန်ချက်ဟာ လုံးဝမှန်ကန်မှု မရှိပါဘူး ကျွန်တော်တို့ဟာ မိမိတို့ထိန်းချုပ်နေမြေတွေကို လုံခြုံမှုရှိအောင် ကိန်းလှည့်တာဘဲရှိပါတယ် ပြီးတော့ အထက်လာအိုကျေးရွာသားကိုတော့ ကိန်းလှည့်ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့လို့ စစ်ဆေးခဲ့တာတွေရှိ ပေမယ့် သူတို့ပြောသလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာမရှိပါဘူး” လို့ ငြိမ်းဆိုခဲ့ပါသည်။ ချင်းပြည်တွင်ကြုံတွေ့နေသော အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြသနာများအား ကျော်လွှားနိုင်ရန် မီဇိုးရာမ်ပြည်နယ် ဝန်ကြီးချုပ်မှ တာဝန်ယူပြီး ငြိမ်းချမ်းရး ဖော်ဆောင်နေဖြစ်တာ ဖြစ်သောကြောင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွါးအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွါသွားရန်နှင့် ပြန်လည်ဆုတ်ခွါခြင်းမပြုပဲ ပစ်ခတ်မှုရှိလာပါက မိမိတို့ တာဝန်သာ ဖြစ်မည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။