ဒီဇင် ၂၂

The Kaladan Post

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ပလက်ဝမြို့နယ် အတွင်းရှိ လူငယ်များအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ် ပလက်ဝတွင် ပူးပေါင်းပါဝင်ပြီး ဒေသ ကာကွယ်‌ရေးတာဝန်ထမ်းဆောင်ကြရန်နှင့် ကျန်းမာရေးနှင့် ပညာရေးကိစ္စများမှအပ လူငယ်များအား ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်းကို ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး ပလက်ဝကောင်စီ တွဲဖက်အတွင်းရေးမှူး ဆလိုင်းလုကာက “ကျွန်တော်တို့ ထုတ်ပြန်ချက်ဟာ ထုတ်ပြန်သည့်နေမှစ၍ စတင်အသက်ဝင်သွားပြီဖြစ်ပြီး လူငယ်တွေ ခရီးထွက်ခွင့် ကာလဟာဆိုရင်လိုအပ်ပါက တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိဖြစ်နိုင်ပါတယ် ဒီထုတ်ပြန်ကို တော်လှန်ရေး ကာလဖြစ်သည်နှင့်အညီ တော်လှန်ပြည်သူတိုင်း နားလည်လက်ခံမည်လို့ ယုံကြည်ပါ တယ် ကျွန်တော်တို့ အနေဖြင့်လည်း ပြည်သူဝန်ဆောင်မှုအတွက်လည်း တတ်စွမ်းသမျှ ပြုလုပ် ပေးထားပါတယ် ပြောခြင်တာက ဒီ အကြမ်းဖက် အာဏာရှင်ကို ဖြုတ်ချဖို့ဆိုရင် ပြည်သူတိုင်းမှာ တာဝန်ရှိတယ် ” ဟု The Kaladan Post သို့ ပြောဆိုသည်။ IKACC− ဥက္ကဋ္ဌ ဆလိုင်းစောမြ က ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့–ပလက်ဝ အနေဖြင့် တော်လှန်ရေးအင်အားစုအဖြစ် ယနေ့ (၅) နှစ်တာ အထိ ရပ်တည်လာနိုင်တာဟာ ကိုယ်ကျိုးစွန့်၊ ကိုယ်ကျိုးမျှော်ကိုးတာမျိုး မရှိဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဆိုတဲ့ တော်လှန်ရေး ရည်မှန်းချက် တစ်ခုတည်းကို တစိုက်မတ်မတ် လိုက်ကိုင်ထားပြီး ပေးဆပ်လာကြတဲ့ လူငယ်တွေနှင့် ပြည်သူ့တော် လှန်ရေးဆိုတဲ့အတိုင်း ပြည်သူတွေက ဒီတော်လှန်ရေးကို ပံ့ပိုးပေးတဲ့ ကဏ္ဍကနေ မဆုတ်မနစ် ပါဝင်လာခဲ့ကြသလို ယနေ့အထိဆက်လက်ပါဝင်နေကြောင်းကြ ပြောဆိုသည်။ ထို့ပြင် ၂၀၂၁ မှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဆိုတာ ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ပါတီတစ်ခု၊ အစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်စု လွတ်မြောက်ရေးသာ မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ပြီး ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ရည်မှန်းတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်ကြောင်း ဒေသကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းသည် ပြည်သူတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးမှာ ပြည်သူတိုင်းပါဝင်ဖို့က ပြည်သူတိုင်းရဲ့ သမိုင်း ပေးတာဝန် ပြည်သူတိုင်း ခံယူသင့်ကြောင်း IKACC− ဥက္ကဋ္ဌ ဆလိုင်းစောမြ က တိုက်တွန်းနှိုးဆော်ထား ပါသည်။