အောက်တို ၇
The Kaladan Post
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းသို့ Chindwin Rocket Brother (CRB) ဦးဆောင်သော မဟာမိတ်အဖွဲ့များသည် သီတင်း ကျွတ်အကြို အနေဖြင့် ၉ ကြိမ်မြောက် ဒုံးကျည် ၁၀ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်မှု တစ်ခုပြုလုပ်ခဲ့ ကြောင်း CBR က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး (CRB) Chindwin Rocket Brother တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက် ခဲ့တဲ့ ဒုံးကျည် ၁၀ လုံးဟာ (နမခ) အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပါတယ် ဒီတိုက် ခိုက်မှုအတွင်းမှာ စစ်တိုင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီ အရာရှိ (၅)ဦးနှင့် ရိက္ခာဂိုဒေါင် စောင့် စစ်သား ၂ဦးတို့ဟာ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားပါတယ်’ဟု The Kaladan Post သို့ ပြောဆို သည်။ ဤ တိုက် ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များအတွက် သိသာထင်ရှားသော ထိခိုက်မှု များ ဖြစ်ပေါ်စေခဲ့သည့် အပြင် အဆိုပါတိုက်ခိုက်မှုတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်တွင်း မိသားစု ၅ စုထိခိုက်ခဲ့ပြီး၊ ထိုအထဲမှ မိသားစုဝင် ၅ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျန်ရှိမိသားစုဝင် များကို အရေးပေါ်အခြေအနေဖြင့် ၄/၃၀၀ တပ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်းသိရသည်။ ထို့အပြင် တိုက်ခိုက်မှုကြောင့် စစ်ဌာနချုပ် အတွင်းရှိ ရိက္ခာဂိုထောင် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့၏ ထောက်ပံ့ရေးစနစ်ကို သိသာထင်ရှားစွာ ထိခိုက်စေခဲ့သည်။ ဤတိုက်ခိုက်မှုကို Chindwin Rocket Brother (CRB) ဦးဆောင်ပြီး၊ မဟာမိတ်အဖွဲ့များဖြစ်သည့် ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ မုံရွာခရိုင်တပ်ရင်း (၁၄) ဗိုလ်လက်ကောက်နှင့် ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ စည်းလုံး ညီညွတ်မှုနှင့် ဗျူဟာမြောက်စွမ်းရည်ကို ထင်ဟပ်ပြသခဲ့သည်။ သီတင်းကျွတ်အကြို ဤတိုက်ခိုက် မှုသည် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထိရောက်စွာ ဟန့်တားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ CRB နှင့် မဟာမိတ်အဖွဲ့များသည် ဒေသတွင်း စစ်ရေးအရ အရေးပါသော ရိက္ခာထောက်ပံ့ရေးစနစ် ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့၏ စွမ်းရည်ကို အားနည်းစေရန် ရည်မှန်းခဲ့သည်။ ဤတိုက်ခိုက်မှုသည် ဒေသတွင်းရှိ ပြည်သူများ အကြား တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးခဲ့သည်။