——————————————————————–
ဇူလိုင် ၃
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂:၃၀ ခန့်မှစ၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား Satawm၊ Lianhna နှင့် Tuichirh ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများဖော်ပြချက်အရသိရသည်။ ဤဖြစ်စဥ်နှင့်ပတ်သက်ပြီး CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ အဆိုပါ ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော CNO/CNDF နှင့် CDF-Hualngoram ထိတွေ့ပစ်ခတ်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရောက် အမည်မဖော်လိုတဲ့ ချင်းလူငယ် တစ်ဦးက “ ဒီတိုက်ပွဲကိုအခြေခံပြီး ကျွန်တော်ပြောမည်ဆိုရင် လူဆိုတာဘယ်သူမဆိုအမှားနဲ့ မကင်းကြပါဘူး ဒါပေမယ့် ယခုလိုမျိုး ပြသာနာ၏အရင်းအမြစ်ကိုမရှာဖွယ်ပြီး တွေ့ဆုံဖြေရှင်းခြင်းမဟုန်ဘဲ သူကအရင်မှားလိုဆိုပြီး အချင်းချင်းကြားလက်နက်နဲ့ဖြေရှင်းနေတာဟာ လက်နက်ကိုအားကိုးပြီး ပြည်သူအာဏာကို သိမ်းခဲ့တဲ့ စစ်ကောင်စီနဲ့ အတူတူပါဘဲ ဥပမာပြောရရင် ခေါင်းကိုက်တဲ့သူကို ခေါင်းကိုက်ပျောက်ဆေးတိုက်တာဟာ မှန်သလိုလိုဘဲ ဖြစ်ပေမယ့် ခေါင်းကိုက်ရခြင်းအကြောင်းရင်းကို အရင်သိမှ တကယ့်ရော့ဂါကို ပျောက်အောင်ကုလို့ရမည် ဆိုတာကို အားလုံးနားလည်ဖို့လိုတယ်ဟု” The Kaladan Post သို့ပြောဆို သည်။ ကျွန်တော်တို့ ချင်းတော်လှန်ရေးခေါင်းဆောင်တိုင်းသည် သမိုင်းနှင့် ပြည်သူတွေ လွတ်မြောက်ရေးကို အကြောင်းပြပြီး အလှူခံကာ အာဏာလုနေကြတယ်လို့တောင်ပြောဆို လို့ရမည့်အခြေအနေတောင်ဖြစ်နေပြီ ပြည်သူတွေကိုအကြောင်းပြီး အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး ဆောင်ပုဒ်ကိုကိုင်ဆောင်ကာ အလှူငွေတွေရှာပြီး မိမိပြည်သူတွေ ကျေးရွာထဲမှာ မနေနိုင်ဘဲ ထွက်ပြေးနေကြ တာတွေဟာ စိတ်မကောင်းဆရာဖြစ်တယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ဒါ့အပြင် CC နှင့် CB တို့သည် အိန္ဒယားနိုင်ငံ မီရိုရမ်းပြည်နယ်ဦးဆောင်မှုဖြင့် ၂၀၂၅ခုနှစ် အစောပိုင်းက အချင်းချင်းအကြား ပြသာနာများအား လက်နက်ဖြင့် မဖြေရှင်းကြရန်ဆိုတဲ့ သဘောတူညီချက်ရပြီး လက်မှတ်ရေးထိုးထား ကြသော အဖွဲ့အစည်းများဖြစ်ကြသည်။