The Kaladan Post

 

၂၀၂၅နှစ်၊ဇူလိုင်လ ၂၆ရက်နေ့တွင် Myingyan Black Tiger (MBT) အခြေခံစစ်ပညာသင်တန်း အပတ် စဉ် (၁၉) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း Myingyan Black Tiger (MBT) ၏ ထုတ်ပြန်ချက်အရသိ ရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ရဲ့ အခြေခံ စစ်ပညာသင်တန်းမှာ သင်တန်းသူ သင်တန်းသားပေါင်း ၉၀ကျော် တက်ရောက်ခဲ့ကြပါတယ် ဟုတ် သင် တန်းကာလဆိုရင်တော့ ၂လနီးပါး ပြုလုပ်ခဲ့ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်း သင်တန်းကို တခြားသော်လက်နက်ကိုင် အဖွဲ့အစည်းမှ အကူအညီမယူဘဲ Myingyan Black Tiger (MBT) တပ်ဖွဲ့အတွင်း ဗျူဟာမှူးအပါအဝင် Senior တွေက သင်ကြားပေးတာဖြစ်ကြောင်းသိရသည်။  တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲသည် အကြမ်းဖက် စစ်ကောင်စီတိုက်ခိုက်ဖြုတ်ချနိုင်ရေးအတွက် မရပ် မနားဘဲ တပ်ဖွဲ့အင်အားကို အမြန်မဆန်တည်ဆောက်နေသူဖြစ်သည့်အပြင် တော်လှန်ရေး သမားများ အမြန်ဆုံး ပူးပေါင်းနိုင်‌ရေးကို အလေးထားသူဖြစ်ပါသည်။ Myingyan Black Tiger (MBT) တပ်ဖွဲ့သည် အကြမ်း ဖက် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သော် လည်း ၄ နှစ် ကျော်ကာလအတွင်း မင်းအောင်လှိုင်ကို‌ စနစ်တကျတော်လှန်နိုင်သော တပ်ဖွဲ့ဖြစ်သည်။