ဇူလိုင် ၄
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် Myingyan Black Tiger တပ်ဖွဲ့သည် ကျားမဲဟိန်းသံမြို့သို့ညံကမ်ပိန်းမှ ရရှိငွေဖြင့် လက်နက်တစ်ချို့ ဝယ်ယူပြီဖြစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသမှ သေနတ်သုံးလက် လက် ဆောင်ရရှိထားကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Myingyan Black Tiger ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးကူညီ ဆောင်ရွက်နေတာတွေမရှိသေးပါဘူး ဒါပေမယ့် ဆက်စံရေးတစ်ချို့ တော့ရှိနေပါတယ် ကျွန်တော်တို့ မူပေါ်လစီမှာ အဓိကအားဖြင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့နဲ့မဆို ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားဖို့ရှိပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ မြောက်ပိုင်းဒေသနှင့် တောင်ပိုင်း ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း လှုပ်ရှားခွင့်ရမည် ဆိုင်ရင် MBT တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင် ကို အတူတကွ တိုက်ခိုက်လိုကြောင်း သိရသည်။
Myingyan Black Tiger တပ်ဖွဲ့အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့တချို့နှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ကျန်နေသေးသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို လုပ်နေတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး ၁၀၀ရာခိုင်နှုန်း လွတ်မြေက် စေလိုသော ဆန္ဒရှိသဖြင့် Myingyan Black Tiger တပ်ဖွဲ့ထက် စစ်ရေးတတ်ကျွမ်းတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လိုစိတ်ရှိကြောင်း တပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။ Myingyan Black Tiger(MBT)တပ်ဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ရေးပြင်ဆင်နေတာဖြစ်ပြီး လိုအပ်နေတဲ့ အဝေးပစ်လက်နက်တွေ၊ ဘန်ကာဖြိုချဖို့ လက်နက် ကြီးတွေ အတော်အသင့်ပြည့်စုံပေမယ့် အဓိကချေမှုန်းရေး ကွန်မန်ဒို အသေခံတပ်ဖွဲ့တွေအတွက် ကျည်ကာ Level 4အဆင့် အစုံ၅၀၊ ကျည်ကာ ဦးထုတ်အလုံး ၅၀နှင့် AK47 ရိုင်ဖယ် ၅၀လိုအပ် နေသောကြောင့် “ကျားမဲဟိန်းသံမြို့သို့ညံ” သိန်း၇၀၀၀ ကမ်ပိန်းကို ၂၀၂၅ခုနှစ်၊ ဇွန် ၅ရက်နေ့မှ စပြီး ဩဂုတ် ၅ရက်နေ့ အထိ ၂လတာ ကမ်ပိန်းကို ခေါ်ယူနေချိန် ဖြစ်ပါသည်။