ဇူလိုင် ၈

The Kaladan Post

Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် Royal Brother Defence Force တပ်ဖွဲ့ပူးပေါင်း၍ AK103 မောင်းပြန်သေနတ်ကို အဆင့်မြှင့်တင်ထုတ်လုပ်ထားသော MB-16 ရိုင်ဖယ်အသစ်ကို ၂၀၂၅၊ ဇူလိုင် ၈ တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း Royal Brother Defence  Force ၏ထုန်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သပ်ပြီး  Royal Brother Defence  Force တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုရဲကြီးက “ကျွန်တော်တို့ ပထမဆုံး ဒီသေနတ်ထုတ်လုပ်တာ စမ်းသပ်တာနဲ့ဆို လချီ ကြခဲ့ပါတယ် အခုကြတော့လုံးဝအောင်မြင်သွားပြီဖြစ်ပြီး တိုက်ပွဲမှာ အသုံးပြုလို့ အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းကို ကျွန်တော်တို့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။

ယခုလို  MB -16 ဟု နာမည်ပေးရခြင်းဟာ MBT ရဲဘော်တွေကိုရည်ညွန်းပြီး ထုတ်လုပ်ခြင်းဖြစ်သောကြောင်း MB-16 ဟုအမည်ပေးထားခြင်းဖြစ်ပြီး ဒီသေနတ်ကို နှစ်ဖွဲ့ရဲဘော် များလုံလောက်သည်အထိ ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၄ရက် တွင်ထုတ်လုပ်ခဲ့သော AK103သည် အားလုံးက လက်လုပ်တွေကကြီးဖြစ်သည့်အတွက် အနည်းငယ်အားနည်းချက်တွေရှိခဲ့တယ် ဒါကြောင့် အဲ့ဒီ update ပြုလုပ်ပြီး second generation  အဖြစ်ထုတ်လုပ်တဲ့အတွက် ကောင်းမွန်ကြောင်းသိရသည်။ ထို့အပြင် MB-16 ကိုဆက်လက်ထုတ်လုပ်နိင်ရန်အတွက် လိုအပ်နေသေးသည့်အတွက် တော်လှန် ပြည်သူများ အနေဖြင့် မိမိတတ်နိုင်သမျှဖြင့် ပါဝင်ကူညီပေးကြပါရန် Royal Brother Defence  Force တပ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုရဲကြီးက တိုက်တွန်းထားပါသည်။ ယခုရိုင်ဖယ်သည် လက်ရှိ စစ်ဒေသများ တွင် တိုက်ပွဲများအတွက် အသုံးပြုနေပြီး အနာဂတ်တိုက်ပွဲများတွင်လည်း ဆက်လက်အသုံးပြုမည် ဖြစ်သည်။ MBT နှင့် ဆက်လက်ပူးပေါင်း၍ နည်းပညာပြည့်ဝသော လက်နက်များ ထုတ်လုပ်သွား မည်ဖြစ်သည်။ ထို့အပြင် MB-16 တစ်လက် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၅ သိန်းကျပ်ရှိပြီး ပြည်သူများအနေဖြင့် သေနတ်တစ်လက်စာ ထောက်ပံ့ပါက ၎င်းသေနတ်ပေါ်တွင် ထောက်ပံ့သူ၏ နာမည်ကို အမှတ်တရရေးထိုးပေးမည်ဖြစ်ကြောင်း ၎င်းထုပြန်ချက်တွင်ဖော်ပြထားပါသည်။