ဒီဇင် ၂၃
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စစ်တပ်အဖွဲ့ဝင် ၄၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ဒီဇင် ဘာလ ၂၁ ရက်နေတွင်ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး နာမည်မဖော်လိုသော ချင်းတော်လှန်ရေးခေါင်းဆေင်တစ်ဦးက” ကျွန်တော်တို့ နိုင်ငံမှာ ၂၀၂၁ခုနှစ်က ပြည်သူ့ဆန္ဒကို သိမ်းပြီး သူ့ဟာသူ အစိုးရအဖြစ်သတ်မှတ်သော မင်းအောင်လှိုင်အစိုးရနှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ခုရှိတယ်ပေါ့နော် ဒီအစိုးရနှစ်ရပ်မှာ စစ်ကောင်စီဖက်ကလည်း အမျိုးသားညီညွတ်ရေးအဖွဲ့ဝင်တွေ အပါအဝင် တော်လှန်ရေးခေါင်းဆောင်တွေကို အကြမ်းဖက်အဖြစ်ကြေညာပြီးသားဖြစ်တယ် ထိုနည်း တူ ကျွန်တော်တို့ NUG ဖက်ကလည်း ပြည်သူတွေထောက်ခံတဲ့အဖွဲ့အစည်းဖြစ်သည်နှင့် အညီ အစိုးရ အဖြစ် ကြေညာထားခြင်းဖြစ်ပြီးပါတယ်။ အဲ့ဒါကြောင့် ဒီ NUG ကလည်း သူ့ရဲ့လုပ်ငန်းဟန့်တားတဲ့ အဖွဲ့အစည်းကို အကြမ်းဖက်အဖြစ် ပြန်ပြီးကြေညာတာဖြစ်တယ် ကျွန်တော်ပြောခြင်တာက ပြည်သူ တွေရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်ဇလှယ်တွေကို မတရားဖမ်းဆီးချုပ်နှောင် ထားပြီး စစ်ကောင်စီက ပါတီစုံ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင့်ပမယ်ဟုထုတ်ပြန်ပြီးသားဖြစ်တယ် အဲ့ဒါကြောင့် ဒီ NUG ရဲ့ ဒီကြေညာချက်သည် ပြည်သူတွေကို အားရှိစေသည့်အပြင် အကောင် အထည်ဖော်နိုင်ရေးအတွက် ကျွန်တော်တို့ တော်လှန်ရေးသမားတွေအားလုံး ပူးပေါင်းကူညီဖို့လို ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ယင်းကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ဖွဲ့စည်းခဲ့သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” (SAC) အဖွဲ့ဝင်များကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ (င) နှင့် ပုဒ်မ ၇၂ (ခ) အရ အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ NUG က ယင်းအကြမ်းဖက် သမားများကို ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။ ကြေညာချက်ပါ အကြမ်းဖက်သမား စာရင်းတွင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စုစုပေါင်း ၄၃ ဦး ပါဝင်သည်။