မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – U Kyee Myint၊ နိုင်ငံရေးလေ့လာသုံးသပ်သူ
ဆလိုင်းဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ ဒီအပတ်စဉ် The Kaladan Post တင်ဆက်နေကျ Exclusive အင်တာဗျူးကို ကြည့်ရှုပေးတဲ့ မိဘပြည်သူများ ခင်ဗျာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ ဒါ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြည်မြင့်ကို အခု လက်ရှိ မြန်မာနိုင်ငံ တော်လှန်ရေး အခြေအနေ NUG ရဲ့ လုပ်ပုံကိုင်ပုံတွေ အပေါ်မှာ ဒါ အများပြည်သူ ပိုပြီးတော့မှ လေ့လာသိရှိနိုင်အောင် သုံးသပ်ပေးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်။ ဆရာ အခုလို ကျွန်တော်တို့ အချိန်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။
U Kyee Myint – ဟုတ်ပါပြီ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆရာ။ ပထမဆုံးအနေနဲ့ ကျွန်တော် ဆရာ့ကို ဆွေးနွေးဖို့ ဖိတ်ခေါ်လိုတာကတော့ ဒါ အခုအချိန်မှာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အင်အားစုရှိပြီးတော့မှ ပူးပေါင်းတပ် ဟာမျိုးတွေ ဖော်ဆောင်ဖို့ ဖြစ်စေ၊ NUG အပြောင်းအလဲ လုပ်ဖို့ ဆိုပြီးတော့မှ အသံမျိုးစုံ ထွက်နေကြတယ်။ ဒါပေမဲ့ အခုချိန်ထိ ဒါ လာမယ့် မကြာခင်မှာပဲ နှစ်ကုန်တော့မယ့် ဘာမှ တိတိပပ ပြည်သူကို ချပြပေးနိုင်တဲ့ ဟာ မရှိသေးမှုပေါ့။ ဒီဟာ ဒီလို ဟာမျိုးတွေက တကယ် ဖြစ်လာနိုင်ဖို့ ခက်ခဲတဲ့ ဟာ ဘာ့ကြောင့် ဒီလို ကြန့်ကြာနေတာလဲဆိုတဲ့ ဟာ ဆရာ ဒါ ဆွေးနွေးသုံးသပ်ပေးပါဦး ခင်ဗျာ။
U Kyee Myint – NUG က သူ့ဘာသာသူ မူချထားပြီးသား ရှိတယ်။ သူက ဒီ ဒေသန္တရကြားဖြတ် အစိုးရဆို ဖွဲ့မယ်။ ဆက်ဖွဲ့ပြီး သူတို့ပဲ အဲ့ဒီအစိုးရမှာ ပါပြီးတော့ အဲ့ဒီအစိုးရနဲ့ ဆက်ပြီးတော့ သူတို့ Run သွားမယ်ပေါ့။ အဲ အဲ့ဒီလို အစီအစဉ် သူတို့ ချထားပြီးသား ဖြစ်တယ်။ ဒါ့ကြောင့် ဘယ်သူပြောတာကိုမှ နားမထောင်တော့ဘူး။ သူတို့ အစိုးရက ကြားဖြတ်အစိုးရ ဆက်ဖွဲ့မယ်။ အဲ့ဒါ သူတို့ လူတွေနဲ့ပဲ ဆက်ဖွဲ့မယ်။ စစ်အနိုင်တိုက်ဖို့ ဘာညာဆို သူတို့ အာရုံ သိပ်မထားတော့ဘူး။ အရပ်စကား ပုံစံပေါ့။ ပွင့်ပွင့်လင်းလင်း ပြောင်ပြောမယ်ဆိုရင် သူတို့ စစ်တိုက်ဖို့၊ အနိုင်တိုက်ဖို့ စိတ် မရှိတော့ဘူး။ စစ် အနိုင်တိုက်မယ်လို့လည်း ရမယ်လို့ သူတို့ မယုံကြည်တော့ဘူး။ ဘာလို့လဲဆိုတော့ နောက်တစ်ချက်ကလည်း ဘာလဲဆိုတော့ သူတို့တွေက အားလုံး မိသားစု၊ သူတို့ ကိုယ်တိုင်ကို မိသားစု အားလုံးက အထူးသဖြင့် အမေရိကန်ပေါ့။ နိုင်ငံခြား ရောက်နေကြပြီ။ လူ ၃,၀၀၀ လောက် ရှိတယ်။ ဩစတြေးလျ ရောက်နေကြပြီဆိုတော့ သူတို့ ဘဝတွေက လုံခြုံသွားပြီ။ ဆိုတဲ့အခါမှာ သူတို့ စစ်အနိုင်တိုက်ဖို့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ ဆိုတဲ့ စိတ်က ဒုတိယတန်းစား ရောက်သွားပြီပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ဦးရည်မွန်ရဲ့ စကားလေးပေါ့လေ။ မပွင့်တပွင့် ပြောကြားချက် အရဆိုလို့ရှိရင် ဒါ စကမ ကသာ ဆွေးနွေးမယ်လို့ ပြောလာရင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ငြင်းပယ်မယ် မထင်ဘူးလို့ အထိအထိ ပြောလာပြီ။ အဲ့ဒါ ဂိတ်ဆုံးသွားပြီ။ ဂိတ်ဆုံးပြောနေတာပဲ။ အဲ့ဒီလို လောလောဆယ်တော့ အဲ့ဒီလို အခြေအနေ ရှိပါတယ်နော်။
ဆလိုင်းဒိုခါရ် – ဆိုတော့ အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ဒီ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အဲ့ဒါနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ULA ရဲ့ ခေါင်းဆောင်ပေါ့နော်။ အင်တာဗျူးလုပ်တဲ့ အပေါ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မှတ်ချက် တချို့ ရှိပါတယ်။ အဲ့ဒါက ဗမာ့အင်အားစုတွေ အနေနဲ့ အတိတ်က နိုင်ငံရေး အရသာ တိုင်းရင်းသားတွေနဲ့ သစ္စာကတိ တည်ကြည်စွာ မတည်ဘဲနဲ့ သူတို့ဘာသာသူတို့ အချင်းချင်း တည့်တဲ့ အခါကျ ကျွန်တော်တို့ ပြန်ထားခဲ့ ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တူတဲ့ မှတ်ချက်တစ်ခု ပါလာပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ အဲ့ဒီလို မှတ်ချက် ပေါ်ထွက်လာတဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။ အံ့ဩသွားလား။ ဒီ အခု လက်ရှိ NUG ဆိုပြီးတော့မှ အဲ အများစု ဗမာ့အင်အားစုတွေကို အများစု ကိုယ်စားပြုနေတဲ့ တိုင်းရင်းသား လူမျိုး တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းနေတဲ့ အင်အားစုတွေ အနေနဲ့ အဲ့ဒီ မှတ်ချက်အပေါ်မှာ ဘယ်လို သုံးသပ်သင့်လဲလို့ ဆရာ မြင်သလဲဗျ။
U Kyee Myint – သူတို့က ဘဝနဲ့ ခံစားရတာလေ။ သဘောတရားနဲ့ ခံစားရတာ မဟုတ်ဘူး။ တကယ် ခံစားရတာ။ ခုနက သူတို့ကို လိုအပ်တဲ့ အချိန်မှာ အလုပ်သမားခေါ်သလို ခေါ်တယ်။ ထမင်းစားပွဲကျတော့ မပါတော့ဘူးဆိုတာ ဒါ အရိုးအရှင်းဆုံး ပြောလိုက်တာပဲ။ ရှင်းရှင်းပြောရင် နိုင်ငံရေး စကားတွေနဲ့ တိုက်ခိုက်တယ် မလုပ်ချင်ဘူး။ ရှေ့ကြောင်း နောက်ကြောင်းတွေလည်း ပြောမနေချင်တော့ဘူး။ အဲ့ဒါကို မလို့ သူတို့က အဲ့ဒီလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က NUG ကို ပုံပြီးတော့ မယုံရဲဘူး။ ယုံလိုက်ရင် ဗိုက်တစ်လုံးတည်း ကျန်ခဲ့လိမ့်မယ်။ အဲ့ဒါကိုလည်း စိုးရိမ်တယ်ဆိုတာ။ ဒီ့ထက်ရှင်းတာတော့ မရှိဘူးပေါ့။ အဲ့တော့ အဲ့ဒီဟာကို NUG အနေနဲ့ ဘယ်လို ပြုပြင်မလဲ။ တချို့ ဗမာတွေ တချို့ အနည်းအပါးပေါ့လေ။ ဘုန်းကြီးတစ်ပါးဆိုရင် ဒါ ဒီလို မပြောသင့်ဘူးပေါ့။ ဒါ လူမျိုးရေး ဆန်တဲ့ စိတ်တွေ အခုထိ မပျောက်သေးဘူးဆိုတော့ ကျွန်တော်ကတော့ မှတ်ချက် ရေးလိုက်သေးတယ်။ ဟာ မဟုတ်ဘူး။ သူတို့က ခံစားချက်ရှိလို့၊ ခံစား ခံစားရတဲ့ လူတွေဟာ ကိုယ်တိုင် ခံစားရထားတဲ့ လူမှ ပြောပိုင်ခွင့်ရှိတယ်။ အမှန်လည်း အမှန်ပဲ။ အဲ့တော့ ကျွန်တော်တို့က NUG အနေနဲ့ ဒါကို သင်ခန်းစာယူပြီးတော့ ပြုပြင်သင့်တယ်။ ကျွန်တော် ဒီလို မှတ်ချက်တောင် ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အခု NUG လုပ်နေတာက ပြည်မမှာကတော့ မင်းတို့ ငါ့အောက်ဝင်ကြ ဒါပဲ။ ငါ့အောက်မဝင်ရင် အဲ့ဒါ မင်းတို့ ရန်သူပဲ ဟိုတုန်းက။ အခုတော့ ရန်သူတော့ မဟုတ်တော့ပါဘူး။ ငါ့အောက်မဝင်ရင် ငါ့နယ် မဖြတ်နဲ့။ ငါ ဘာမှ မပေးဘူး။ အဲ့ဒီလို သဘောထားရှိတယ်ပေါ့လေ။ အဲ့တော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ကတော့ သူတို့ လျှော့လိုက်ပါပြီ။ ဘယ်လို လျှော့လိုက်လဲဆိုတော့ သူတို့ ကိုယ်တိုင် လိုက်ဆွေးနွေးတယ်ပေါ့လေ။ ကေအိုင်အို သွားတယ်၊ နောက်တစ်ခါ ပလောင်ဘက် PNLA တွေ ကိုသွားတယ်၊ ချင်းကိုသွားတယ်၊ ကရင်ကိုသွားတယ်။ သူတို့ ကိုယ်တိုင် တော်တော်လျှော့ပြီးတော့ ကျွန်တော်တို့ လျှော့ပေးဖို့ အဆင်သင့်ပဲလို့ အဲ့ဒီလိုတော့ ထင်မြင်ယူဆရတယ်ပေါ့လေ။ သို့သော်လည်းပဲ ဒီလောက်နဲ့ မရဘူးလေ။ အဲ့ဒါ အခြေခံဥပဒေ မူကြမ်းကို တင်ပြချင် တင်ပြ၊ မတင်ပြရင်လည်းပဲ ကျွန်တော်တို့ ဒီ လွတ်မြောက်သွားတဲ့ အခါမှာ တစ်က ကျွန်တော်တို့ အခြေခံဥပဒေ ဆွဲမယ်။ ဆွဲတဲ့ အခြေခံဥပဒေမှာ ဒါတွေ ပါမယ်။ နော်။ တစ်က ခင်ဗျားတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လုံးဝ လွတ်လပ်စေရမယ်။ နော်။ နောက်တစ်ခါ အဲ့ဒီအဆင့်ကနေပြီးတော့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ကျော်တဲ့ ဟာမျိုးကိုလည်းပဲ ခွဲထွက်ခွင့်က လွဲလို့ ယူမယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ အဆင်သင့်ပဲ မကန့်ကွက်ဘူး။ ဒါမျိုးတွေပေါ့။ ဒါမျိုးတွေ အပါအဝင် နောက်တစ်ခါ ကျွန်တော်တို့ Federal တပ်မတော်ဖွဲ့တဲ့ အခါမှာလည်းပဲ စစ်ဦးစီးချုပ်တွေကို အလှည့်ကျ ထားမယ်နော်။ အဲ့တော့ ကိုယ့်အခြေခံဥပဒေနဲ့ ကိုယ် ခင်ဗျား တို့ကို ကိုယ်ပိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမယ်။ ကျွန်တော်တို့ အခြေခံဥပဒေ ဆွဲရင်လည်း Bottom Up ပေါ့။ ခင်ဗျားတို့ သဘောမတူဘဲနဲ့ ကျွန်တော်တို့ ဒီအခြေခံဥပဒေကို အတည် မပြုဘူး။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ တသီးတတူတည်းပဲ။ အဲ့လို တိတိပပ အာမခံတဲ့ ဟာမျိုး ဒီနေ့ထိ လုံးဝ ပြောထားတာ မရှိဘူး။ ဘယ်လိုလုပ် ယုံမလဲ။ အဲ့ဒါကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကတော့ အသေးစိတ် ပြောမနေတော့ဘူးပေါ့ဗျာ။ နော်။ မယုံရဲဘူး ဆိုတာလောက်နဲ့ပဲ သူ ဖြတ်ထားလိမ့်မယ်။ အဲ့ဒီလို ဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြောစကားတွေဟာ NUG ကို ကြီးစွာသော သတိပေးလိုက်တယ်။ ခင်ဗျားတို့ အချိန်မီ ပြင်ကြတော့။ အဲ မဟုတ်ဘူး ဆိုရင် ကျွန်တော်တို့ ဒီစစ်မှာ စစ်အာဏာရှင် ဖြုတ်ချဖို့၊ တပေါင်းတစည်းတည်း ဖြုတ်ချဖို့ ခက်ခဲလိမ့်မယ်။ ကျွန်တော် ဒီလိုလည်း မြင်ပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ တစ်ဖက်မှာ ဒါ တိုင်းရင်းသားတွေဆိုရင်တော့ အခုချိန်မှာ ရခိုင်ဆို ULA နဲ့ ညှိရင် အတိုင်းအတာ တစ်ခုထိ ပြေတယ်။ ကချင်ဆို KIO, KIA နဲ့ ညှိရင် အတိုင်းအတာ တစ်ခုထိ ပြေတယ်။ စသဖြင့် သူတို့ တိုင်းရင်းသားနဲ့ သူတို့ တစ်ဖွဲ့က ကိုယ်စားပြုနိုင်တဲ့ ဟာ ရှိသလို Federal Unit က ကိုယ်စားပြုနိုင်တဲ့ ဟာ ရှိတယ်။ ဒါပေမဲ့ ဒီ အဲ့လို ကတိကဝတ် ပြုနိုင်ဖို့အတွက် ဗမာမှာ အင်အားစုက NUG ကို သွားပေးမယ်ဆိုရင် NUG ရဲ့ နောက်ကွယ်က နိုင်ငံရေးက CRPH လား၊ မဟုတ်ပြန်ဘူး။ NUG ရဲ့ နောက်ကွယ်က နိုင်ငံရေး အာမခံချက် ပေးမယ့် ဟာက NLD လားဆိုရင်လည်း NLD ရဲ့ လက်ရှိ နိုင်ငံရေးရပ်တည်ချက်က အဲ့လို မပြတ်သားပြန်ဘူးဖြစ်နေတယ်။ အဲ့ဒီဟာကို ဘယ်လို အဖြေရှာရမလဲ။ ဒီ ကိုယ်စားပြုမှုပိုင်း နိုင်ငံရေး ကတိကဝတ် ပြုနိုင်တဲ့ အင်အား NUG မှာ မရှိတာလား။ အဲ့ဒီ ကတိကဝတ်ကို ဘယ်အင်အားစုက ကတိကဝတ်ပြုရမလဲ ဗမာကိုယ်စားပေါ့နော်။
U Kyee Myint – အဲ့ဒါပေါ့။ အဲ အဲ့ဒီဟာက အဓိက Key Question ပဲလေ။ Key Question ပဲ။ သူ လွှဲချ ငါ့ လွှဲချ လို့မရဘူးလေ။ သူ လွှဲချလည်း အဲ NLD လုပ်လိမ့်မယ်။ NUG လုပ်လိမ့်မယ်။ ဘယ်သူလုပ်ရမလဲ။ CRPH လုပ်မယ်။ အဲ သူ လွှဲချ ငါ့ လွှဲချ လို့မရဘူးလေ။ အဲ့လိုလုပ်လို့ မရဘူး။ ဒီနေ့ ပိုက်ဆံတွေ ယူပြီးတော့ ပိုက်ဆံတွေ ယူသုံးနေတာ ဘယ်သူလဲ။ ပြည်သူလူထု လှူဒါန်းငွေကို ဘယ်သူ ယူသုံးနေလဲ။ ပြည်သူလူထုကို ဘယ်သူက ကတိပြုထားလဲ။ စစ်အာဏာရှင် အောက်က လွတ်မယ်လို့ ဘယ်လို ကတိပြုထားလဲ။ ဘယ်သူတွေ ဝန်ကြီး တွေနဲ့ အစိုးရ အဖွဲ့တွေ ဖွဲ့ပြီးတော့ အဲ့ဒါ ဘယ်သူတွေ လုပ်နေလဲ။ အဲ့ဒီလူတွေ တာဝန်ယူရမှာ ပဲလေ။ ဟို လွှဲချ ဒီ လွှဲချ တော့ အဲ ဟို တာဝန်ယူစရာ ရှိတော့မှ လွှဲချလို့ မရဘူးလေ။ အဲ့ဒီ အစိုးရ အဖွဲ့ကြီး ဖွဲ့ပြီးတော့ ပိုက်ဆံတွေ သုံးပြီးတော့ ပြည်သူလူထုကို အာမခံထားတာ ဘယ်သူလဲ။ အဲ့ဒီ အဖွဲ့က တာဝန်ခံရမှာပဲ။ ဟို လွှဲချ ဒီ လွှဲချ လား မရဘူး။ ဒါ နိုင်ငံရေး လုပ်နေတာ နော်။ ဟိုအဲ့ဒီလို လွှဲချလို့ မရဘူး။ အဲ့ဒီအပေါ်မှာ ကြည့်လိုက်ရင်တော့ NUG မှာ လုံးဝ တာဝန်ရှိတယ်။ အဲ့ဒါကို NUG လုံးဝ တာဝန်ခံရမယ်။ အဲ့ဒါ တာဝန်ခံဖို့ ကျွန်တော်တို့ ကလည်း အကြိမ်ကြိမ်အခါခါ ပြောနေတယ်။ ကျွန်တော်ဆိုရင် အကြိမ်ဖန်များစွာ ပြောနေ တယ်။ ကျွန်တော့်ကိုလည်း သူတို့ မကြိုက်ဘူးပေါ့ဗျာ။ ထားပါတော့။ ဒါတွေကတော့ အကြိုက်ခြင်း မကြိုက်ခြင်း။ ကျွန်တော်တို့လည်း ကြိုက်အောင် ပြောနေတာလည်း မဟုတ်ပါ ဘူး။ နော်။ အဲ့တော့ သူတို့မှာ NUG မှာ ဘာ မူဝါဒ မှ မရှိတော့ဘူး။ ဝေဝါးနေပြီ။ နော်။ နောက်ဆုံး စကမ က ဆွေးနွေးလာရင်တောင် မှ တော်လှန်ရေး အင်အားစုတွေက ငြင်းပယ် မယ် မထင်ပါဘူးလို့ ပြောလာပြီဆိုတော့ အရိပ်ပြအကောင်ထင်ပေါ့ဗျာ။ သူတို့ကတော့ ဘာ ကတိမှလည်း ပေးမှာ မဟုတ်ဘူး။ စစ်လည်း နိုင်မှာ မဟုတ်တော့ဘူး။ အခု တိုင်းရင်းသားတွေ သွားပြတာလည်းပဲ နော် ဘာသိကျတဲ့ ကျင့်ဝတ်တွေ၊ အာမခံချက်တွေလည်း ပေးနိုင်တာ မဟုတ်ဘူး။ အဲ့ဒီအပေါ်မှာ NLD ပါတီကြီးက ခွင့်မပြုလို့ အဲ့ဒါ CRPH က ဘာမှ အဲ့လို ဆင်ခြေပေးနေမယ်ဆိုရင်တော့ ဒါ ဘယ်သူက တာဝန်ခံပြီးတော့ လုပ်နေလဲဆိုတဲ့ မှာ မြင်သာ နေတာပဲ။ အဲ့ဒါကတော့ NLD ပဲလေ။
ဆလိုင်းဒိုခါရ် – အဲ ဆိုတော့ ဒီ NUG ပဲ ဆိုပြီးတော့မှ ကျွန်တော်တို့ သွားသုံးသပ်တဲ့ အချိန်မှာ တစ်ဖက်မှာ ဒါ NUG ရဲ့ လက်ရှိ ပေါ်ထွက်လာမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ဝိုင်းထုတ်ကြတယ်။ CRPH က ဝန်ကြီးတွေ ခန့်ပေးသလို သို့မဟုတ် NUCC စီ ကပဲ ချာတာ ရွေးဆွေပြီးတော့မှ နောက်ကွယ်က နိုင်ငံရေးက အရ Balance လုပ်သလိုလို ဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာ NUCC ခေါ်ထားတဲ့ ညီလာခံ ဟာမျိုးကနေတောင် ထွက်လိုက်ပြီးတော့မှ ဘာမှ NUCC ကို လျစ်လျူရှုပစ်လိုက်တဲ့ ဟာမျိုးတွေလည်း ရှိပြန်တယ်။ ဆိုတော့ အခု NUG ကို သွားပြီးတော့မှ တာဝန်ခံခိုင်းမယ်ဆိုရင် NUG မှာ ပါဝင်တဲ့ တသီးပုဂ္ဂလနဲ့ ပြောမယ်ဆိုရင် သမ္မတကြီး ဒူဝါ လရှီးလား၊ သို့မဟုတ် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းလား။ အဲ့ဒီလူတွေရဲ့ ခေါင်းပေါ် ပြန်ရောက်မယ့် အနေအထား ဖြစ်နေပြန်တယ်။ ဆိုတော့ ဒီ နိုင်ငံရေးက တာဝန်ယူ တာဝန်ခံစိတ် မရှိဘဲနဲ့ ပြင်ဆင်လာတဲ့ ဟာလား။ သို့မဟုတ် တမင်တကာ ဝေဝါးအောင် လုပ်ပြီးတော့မှ လွှဲချစရာရှိတဲ့ ဟာ လက်ညှိုးထိုးစရာ ကျန်ခဲ့အောင် လုပ်တဲ့ သဘောမျိုးလား။ ဘာဖြစ်လို့ Structure က မရှိနေဘူးဖြစ်တော့ ဆရာ အဲ့ဒီဟာကို ဥပဒေ ရှုထောင့်အရ ဒီဟာကို မှန်တကယ် အနေနဲ့ အရှေ့မတိုးဘဲနဲ့ နောက်ဆုတ်လာတဲ့ အနေအထားဆိုရင် ဆရာ့အနေနဲ့ ဘယ်သူတွေမှာ တာဝန်အကြီးဆုံးလို့ ယူဆသလဲ။
U Kyee Myint – ဘယ်သူက တာဝန်ခံပြီး ဝန်ကြီးအဖွဲ့ ဖွဲ့လဲ။ ဘယ်သူတွေက ပြည်သူလူထု ပိုက်ဆံတွေနဲ့ အာမခံလဲ။ အဲ့ဒီလူတွေက တာဝန်ခံရမှာပဲလေ။ CRPH စကားလည်း သူတို့ ပြောတဲ့ စကားက CRPH ပြောတဲ့ စကား ဘယ်တုန်းက နားထောင်လို့လဲ။ နားမထောင်ပါဘူး။ CRPH ကို မေးကြည့်ပါ။ နောက်တစ်ခါ NUCC ဆိုတာ ရှိတယ်။ NUCC ရဲ့ စကားကိုလည်း နားထောင်ခဲ့လား။ NUCC ကရော နှစ်နှစ်လောက်ကြာမှ ညီလာခံ တစ်ခါလောက် ခေါ်နိုင်တာလေ။ ဒါမျိုးတွေ ရှိတာပေါ့။ အဲ့ဒီဟာကို ဟို လွှဲချ အဲ့ဒီလူတွေကလည်း ဘယ်သူတွေလဲဆိုတော့ ဒီ NLD က လူတွေပဲလေ။ NLD က လူတွေပဲ။ အဲ့ဒီဟာတွေ အားလုံး ပေါင်းလိုက်ရင်တော့ တကယ့်ကို ငွေစာရင်း ရှင်းတမ်းတွေက အစပေါ့ဗျာ။ အစိုးရ အဖွဲ့ ဖွဲ့တယ်ဆိုလို့ရှိရင် အစိုးရဆိုတာ ငွေစာရင်း စာရင်းစစ်ချုပ် ရှိရမယ်လေ။ စာရင်းစစ်ချုပ်လည်း မထားဘူး။ ပိုက်ဆံတွေလည်း မရှင်းဘူးနော်။ အဲ့ဒီ့ထဲက ဥပဒေရှုထောင့်နဲ့ ကြည့်မယ်ဆိုလို့ ရှိရင်တော့ NUG ဟာ အစိုးရ အင်္ဂါရပ်တွေနဲ့လည်း မညီဘူး။ ဒါဖြင့် တော်လှန်ရေး အင်အားစုတွေလည်း အင်္ဂါရပ်တွေနဲ့ ညီလဲဆိုတော့ သူက တော်လှန်ရေး အစိုးရလို့၊ တော်လှန်ရေး အဖွဲ့လို့ အမည်ခံတာ မဟုတ်ဘူးလေ။ တော်လှန်ရေးလို့ အမည်ခံတာ မဟုတ်ဘူးလေ။ နွေဦးတော်လှန်ရေးလို့သာ ခေါင်းစဉ်တပ်တာ။ တကယ်ကျတော့ အစိုးရအဖွဲ့ အနေနဲ့ ငါတို့က Legitimacy ရတယ်ဆိုပြီးတော့ ပြည်တွင်း ပြည်ပမှာ Legitimacy နဲ့ ငါတို့က တာဝန်ခံတယ်။ ငါတို့ တာဝန်ခံတဲ့ Legitimacy ရထားတာလို့ ပြောထားပြီးတော့မှ ဟာ မဟုတ်ဘူး။ အဲ့ဒါတော့ ကျွန်တော်တို့ တာဝန်မခံနိုင်ဘူး။ ပြောလို့မရဘူးလေ။ Legitimacy ပါလို့ အော်နေတာပဲလေ။ ပြည်တွင်း ပြည်ပကို။ အဲ့ဒီ Legitimacy ပါဆိုတဲ့ လူက တာဝန်ခံရမှာလေ။ နော်။ ဘာမှ ဆင်ခြေထိုးစရာ မရှိပါဘူး။ နော်။
ဆလိုင်းဒိုခါရ် – တစ်ဖက်မှာ ဒါ အခု လောလောလတ်လတ် ဆရာ ငွေကြေး ကိစ္စနဲ့လည်း ပြောတော့ PRF ဆိုပြီးတော့မှ တရားဝင် ပုံစံမျိုး ဖွဲ့ထားတဲ့ ဟာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ “မမများနဲ့ ပွဲကမယ်”ဆိုပြီးတော့မှ We Love Myanmar Foundation လား။ အဲ ဒါနဲ့ပဲ တိကျစွာပြောရရင် အဲ့ဒီအဖွဲ့နဲ့ အခု ဘဏ္ဍာရေး အရှုပ်ထွေး ရှိနေတဲ့ အချိန်မှာတောင်မှ NUG ဝန်ကြီး တချို့ ကိုယ်တိုင် ထွက်လာပြီးတော့မှ ဒါ ကျွန်တော်တို့နဲ့ မဆိုင်ခဲ့ပါဘူး။ ပွဲဖိတ်လို့ လုပ်ပေး တာပါဆိုတဲ့ ဟာမျိုး ဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်းဆို အဲ့ဒီဟာကို ကျွန်တော်တို့ လေ့လာရသလောက်ဆိုရင်တော့ PRF ရဲ့ အစိတ်အပိုင်းပေါ့နော်။ NUG တို့ CRPH တို့က တရားဝင် ဖွဲ့ထားတဲ့ Fundraising Committee ရဲ့ အစိတ်အပိုင်းနဲ့ လှုပ်ရှားမှုလို့ ကျွန်တော်တို့ သိထားရတယ်။ ဆိုတော့ ဘဏ္ဍာရေး အဖွဲ့ အသေးစားကိစ္စ အသေးစားပေါ့နော်။ ဒါ တော်လှန်ရေးနဲ့ ပတ်သက်လာရင် ဒီဟာလေး တောင်မှ ဒါ ဝင်မဖြေရှင်းဘဲနဲ့ ရှောင်ဖယ်ဖို့ လုပ်နေတဲ့ ပုံစံမျိုး ဖြစ်တော့ ဒီ နိုင်ငံရေး အရ သမိုင်းနဲ့ချီ တာဝန်ခံရမယ့် အပိုင်းမှာရော ဒါ တကယ့် ဆရာ ပြောသလို ကျွန်တော်တို့ လွယ်ပါ့မလား။ အဲ့ဒီဟာကို ကျွန်တော်တို့ အနေနဲ့ တခြား တော်လှန်ရေး အင်အားစုတွေ အနေနဲ့ရော ပြည်သူတွေ အနေနဲ့ရော ဘယ်လို အဲ တာဝန်ယူ တာဝန်ခံစေနိုင်ဖို့အတွက် ဘာတွေ သိထားဖို့ လိုသလဲ ဆရာ။
U Kyee Myint – ဒါ့ကြောင့်မို့ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အကြိမ်ကြိမ်အခါခါ တင်ပြတယ်။ ကျွန်တော့်သဘောထားလေ။ ခင်ဗျားတို့ NUG က စစ်မနိုင်တော့ဘူး။ စစ်မနိုင်တော့ဘူး။ စစ်နိုင်အောင်လည်း တိုက်ဖို့ စိတ်ဓာတ်လည်း မရှိတော့ဘူး။ အဲ့ဒီအခါမှာ ခင်ဗျားတို့ တပ်ပေါင်းစုနဲ့ တိုက်ရတော့မယ်။ တပ်ပေါင်းစုနဲ့ တိုက်ရင် ဒီလို ဒီလို တိုက်။ LPDF တွေကို အမိန့်ပေး တစ်ခုတည်း အောက်ရောက်အောင် လုပ်။ သူတို့လည်း ကူညီ။ နောက်တစ်ခါ ကိုယ့်ဘာသာကိုယ် သီးခြား ဖွဲ့ထားတဲ့ တပ်တွေ ရှိတယ် အများကြီးပဲ။ အဲ့ဒီ တပ်တွေနဲ့လည်း မဟာမိတ် လုပ်။ စုပေါင်းတိုက်ပြီး ဗမာပြည်မကြီး ပြည်မ တပ်တော်ဆိုပြီးဖွဲ့။ အညာဒေသကို သိမ်းထားလိုက်။ နယ်မြေလည်း ရပြီ။ ပြည်မ တပ်တော်လည်း ရပြီဆိုတဲ့ အခါမှာ အဲ့ကျတော့မှ EAO တွေနဲ့ နေပြည်တော်ကို စုစည်းပြီးတော့ တိုက်။ တိုင်ပင်ပြီးတော့ ခုနက ကျွန်တော်တို့ လိုအပ်တဲ့ ကတိကဝတ်တွေ ရပြီ ပေးပြီးတော့ နေပြည်တော်ကို ဝိုင်းပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချ။ အတိအကျပေးတာပဲ။ အတိအကျ ပြောတာပဲ။ နော်။ အတိအကျ ဘာမှ သူတို့ ဟာ မလုပ်ပါဘူး။ ဝိုင်းဆဲတာပဲ။ အဝိုင်းဆဲတာပဲ။ သူတို့က သူက အဲ့ဒီ ပြန်ဆဲတဲ့ နေရာမှာတော့ သူတို့ တော်တော်တော်တယ်ဗျ။ သူတို့ လူတွေလည်း မွေးထားတယ်လို့ ပြောတယ်။ အဲ့ဒီ ပြန်ဆဲတဲ့ အလုပ်က လွဲလို့ တိတိကျကျ လူလိုသူလို မပြန်ကြားပါဘူးနော်။ လိုက်လည်း မလုပ်ပါဘူး။ သူတို့ဟာနဲ့ သူတို့ ကြားဖြတ်အစိုးရဖွဲ့မယ်။ ဆက်သွားမယ်။ ဒါပဲ။
ဆလိုင်းဒိုခါရ် – ဆိုရင် ဒီ အခုချိန်မှာ စောန ကျွန်တော်တို့ ဘဏ္ဍာရေးကိစ္စ ဟာမျိုးမှာလည်း တာဝန်ယူ တာဝန်ခံမှု စိတ်က သိပ်မရှိလာဘူး။ သို့သော် တစ်ဖက်မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကလည်း NUG ကို အတိုင်းအတာ တစ်ခုထိ အဆင့် ဆွဲခေါ်ပြီးတော့မှ လက်တွဲနေတဲ့ ဟာမျိုးတွေ ရှိပြန်တဲ့ အခါကျတော့ ဟို ဒါ စောန ကျွန်တော်တို့ ပြောသလို အကောင်းဖက်အကြံပြုတဲ့ ဟာမျိုး သို့မဟုတ် ဝေဖန်သုံးသပ်တဲ့ ဟာမျိုး ရှိရင် ကန့်လန့်တိုက်ပြီးတော့မှ ပြန်ပြီးတော့မှ ဝေဖန်ထုတ်ပြမယ့် ဒါ ဆဲဆိုမယ်ဆိုတဲ့ ဟာမျိုး ပိုများနေတဲ့ အခါကျတော့ ဒါကြီးက တော်လှန်ရေးသားကိုလျှောစေမယ့် ဟာလား။ သို့မဟုတ် ဘယ်လိုမှ တိုးတက်လာနိုင်တော့ဘူးလား။ သူတို့ ပြိုလဲတဲ့ ဟာကို အရင်စောင့်ပြီးတော့မှ တော်လှန်ရေးရဲ့ အင်အားစု အသိပေါ်အောင် လုပ်ရမလား။ သို့မဟုတ် အခုလို မဖြစ်မနေ ဗမာတွေ အနေနဲ့ အင်အားတွေ စုစည်းပြီးတော့မှ ဗမာကို ကိုယ်စားပြုနိုင်တဲ့ တော်လှန်ရေး အင်အားစု ပေါ်အောင် မဖြစ်မနေ လုပ်ကို လုပ်ရမလား။ NUG ပြိုလဲတဲ့ ဟာကိုပဲ ထိုင်ပြီးတော့မှ စောင့်ရမလား။ ဘယ်လို ဖြေရှင်းရမလဲ။ နည်းလမ်း မရှိတော့ဘူးလား။
U Kyee Myint – ပြဿနာရှိရင် နည်းလမ်း ရှိတာပေါ့။ နည်းလမ်း မရှိစရာအကြောင်း မရှိဘူး။ ကျွန်တော်တို့က ရှေ့နေ လုပ်နေတာပဲ။ ကျွန်တော်တို့ အမှု လာအပ်ရင် အမှု ၁၀၀ လာအပ်ရင် ၉၀ က အမှု မကောင်းဘူး။ အဲ့ဒီ မကောင်းတဲ့ အမှုတွေကို ကြမ်းပတ်ဖောက်ထွက်ပြီးတော့ ဥပဒေနဲ့ တိုက်ရတာ။ ၉၀ လောက်က အမှန်တရားကြီးပဲ။ အဲ့ဒီ အမှန်တရားကြီးပဲ ခင်ဗျား တကယ် ကျူးလွန်ထားတာ ပြစ်မှုဆိုရင်လည်းပဲ တကယ့် အဲ့ဒီ ဟာတွေကို ကျွန်တော်တို့ ကနေပြီးတော့ ဥပဒေ မျက်စိနဲ့ ပြန်သက်သာအောင် လုပ်ရတယ်။ အဲ့ဒါ သက်သာခွင့် ဘယ်လို လုပ်ရလဲ။ ကင်းလွတ်ခွင့်တွေ ဘယ်လို အကျုံးဝင်လဲ။ အဲ့ဒါ လုပ်ပြီး ဖောက်ထွက်ရတာ။ နော်။ ကျွန်တော်တို့ ရှေ့နေလိုက်တဲ့ နေရာမှာ ရှေ့နေလိုက်တဲ့ နေရာမှာ ဟို ဒီလို လာဘ်ထိုးပြီးတော့ လိုက်တာတော့ လွယ်တာပေါ့ဗျာ။ တကယ် ဥပဒေနဲ့ လိုက်မယ်ဆိုရင် အင်မတန် ခက်ခဲပါ တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖောက်ထွက်တာပဲ။ အဲ့လိုပဲ အခု နိုင်ငံရေးမှာလည်း ခင်ဗျား ဘာ ဖောက်မထွက်နိုင်စရာရှိလဲ။ အခု ကျွန်တော် ပြောတာ ဘယ်လောက် မလိုက်နာစရာရှိလဲ။ ခင်ဗျားတို့ NUG က ဦးဆောင်နိုင်ရင် ဦးဆောင်။ ဘယ်လို ဦးဆောင်မလဲ။ PDF တွေ ကို ခင်ဗျားတို့ ကွန်မန်တစ်ခုတည်း ရောက်အောင် ထောက်ပံ့ ခင်ဗျားတို့ စည်းရုံး။ နောက် သီးခြားတပ်တွေကိုလည်း စည်းရုံး။ မြန်မာပြည်မကြီး တပ်ဆိုပြီးတော့ ခင်ဗျား တပ်တော် ဆိုပြီးတော့ ဖွဲ့။ ဖွဲ့ပြီးတော့ အညာဒေသကို သိမ်း။ သိမ်းနိုင်တဲ့ နေရာတွေကို သိမ်း။ သိမ်းပြီး တော့မှ EAO တွေနဲ့ တွဲပြီးတော့ နေပြည်တော်ကို ဝိုင်း။ အဲ့ဒီလောက် ဗမာလို ပြောတာဗျာ။ ဒီလောက် သူတို့လည်း ဗမာတွေပဲ။ ဗမာစကား တတ်ပါတယ်။ မလုပ်ပါဘူးနော်။ ငါတို့ အောက်ဝင်။ ငါတို့ အောက်ဝင်ဆိုတော့လည်း သူတို့က ဘယ်လောက် ပိုက်ဆံပေးတဲ့ သူလဲ။ ခင်ဗျားက လက်အောက်ခံ တပ်လုပ်မှာလား။ ခင်ဗျား လက်နက်တွေ မစုံဘူး။ ကျည်ဦ ဆေးတွေ မစုံဘူး။ ရိက္ခာတွေ မစုံဘူး ခင်ဗျား။ အဲ့ဒါ ဘယ်လိုလုပ်ပြီးတော့ နိုင်အောင် တိုက် မလဲ ခင်ဗျား အဲ့ဒါ။ ဒါ့ကြောင့် ကျွန်တော်တို့ စာရင်း တိကျစွာ သုံး။ ခင်ဗျားတို့ ပိုက်ဆံတွေ ရတဲ့ ပိုက်ဆံတွေကို ခင်ဗျားတို့ စာရင်းဇယားတွေ ထား ကျနလုပ်။ နောက်တစ်ခါ ခင်ဗျား သယံဇာတ က ရတဲ့ ငွေတွေက နည်းတာ မဟုတ်ဘူး။ ကဲ ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့က ထုတ်တဲ့ NLD ရဲ့ တရားဝင် ထုတ်တဲ့ စာမှာ သယံဇာတက ရတဲ့ ငွေတွေက ကျပ်ငွေ ကုဋေပေါင်း ၄၇၀ ရှိတယ်။ ဘီလီယံ ဘီလီယံ ဘီလီယံ ၄၇၀ ရှိတယ်။ ရွှေ ၁၇ ပိဿာ ရှိတယ်။ တစ်နှစ်ထဲ ရတာ နော်။ အဲ့ဒီ ငွေတွေလည်း စစ်တိုက်နိုင်တာပေါ့။ ဒါပေမဲ့ စာရင်းမရှိ အင်းမရှိဘူး။ ဘယ်လိုလုပ် စစ်နိုင်တိုက်မလဲ။
ဆလိုင်းဒိုခါရ် – တစ်ဖက်မှာ ဆရာတို့ အကြံပြုတာတွေ ပင် နားမထောင်ဘူး။ အပြောင်းအလဲ လည်း မလုပ်တဲ့ အခါကျတော့ တဖြည်းဖြည်း ဒီတိုင်းသွားရင် ပြိုလဲမယ့်လမ်းကို ဦးတည်တော့ မှာကိုး။ ဆိုတော့ NUG ကလည်း ကျွန်တော်တို့ အကြံပြုချက်တွေ ဝေဖန်သုံးသပ်ချက်တွေ လက်မခံတော့ဘူးဆိုတော့ တခြားနည်းကို ထိုးဖောက်ပြီးတော့မှ ဟို တစ်ဖက်က ပေါ်လာတဲ့ ဥပမာ ဟို NRA ပေါ့နော်။ Nation Wide Revolution Alliance ပုံစံ ဟာမျိုးနဲ့ကို ဖောက်ထွက် ပြီးတော့မှ ဒီ ဗမာ့အင်အားစု အခု စုစည်းမယ့် အင်အားစု လိုနေတာလား။ အဲ့လို မလုပ်ပြန်ဘူး ဆိုရင်လည်း NUG နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ လူတွေကို အများပြည်သူ အများစုကလည်း NUG မှ NUG ဆိုတဲ့ ပုံစံမျိုး အရူးမူး ဖြစ်နေကြတဲ့ အခါကျတော့ ဘဏ္ဍာငွေ အရ ကူညီတဲ့ ဟာမျိုးတွေ အခက်အခဲ ရင်ဆိုင်တဲ့ Local အင်အားစု ဟာမျိုးတွေ ကျွန်တော်တို့ ရှိခဲ့တယ်။ ဆိုတဲ့ဟာ လည်း အထောက်အထား ရှိတဲ့ အခါကျတော့ NUG ကလည်း အပြောင်းအလဲ မလုပ်ချင်ဘူး။ NUG က အပြောင်းအလဲ မလုပ်တရွေ့ကတော့ ဘယ်တော့မှ အကောင်းဖက် ဦးတည်တော့မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး အခြေအနေ ရောက်တယ်ဆို တခြားနည်း မရှိတော့ဘူးလား။ ဒါ ဒါ အဆုံး လက်လျှော့ရတော့မှာလား။
U Kyee Myint – မဟုတ်ဘူး။ ကျွန်တော်က အဲ့ဒီဟာကို စာတမ်းလည်း ရေးထားပါတယ်။ ဒီမိုလည်း စီစဉ်ရှိပါတယ်။ ရှင်းရှင်းပဲဗျ။ NUG ကို သွားပြီးတော့ ကျွန်တော်တို့က ဟာ မဟုတ်ဘူး။ မင်းတို့ မလုပ်နဲ့တော့။ ငါ လုပ်မယ်ဆိုလိုလည်း မရဘူး။ ဒါလည်း မရဘူး။ မဖြစ်လည်း မဖြစ်နိုင်ဘူးလေ။ လုပ်မယ်ဆို ပိုက်ဆံ ရှိဦးမှာ ကိုး။ ပိုက်ဆံက သူတို့ ကိုင်ထားတာ ကိုး။ အဲ တစ်အချက်ပေါ့ဗျာ။ နှစ်ချက် အနေနဲ့ကတော့ ဘာလဲဆိုတော့ NUG ကလည်း မလုပ်တော့ဘူး။ ဒါဆို ဒီတိုင်း ထိုင်ကြည့်နေမှာလားဆိုတော့ မဟုတ်ဘူး။ NUG အောက်မှာ တပ်တွေ ရှိတယ် အများကြီးပဲနော်။ ရိက္ခာ မပြည့်စုံဘူး၊ လက်နက်မပြည့်စုံဘူး။ ကျည်မ ပြည့်စုံ တာ ဒါ တစ်မျိုးပေါ့ဗျာ။ တပ်တွေ အများကြီး ရှိတယ်။ နောက်တစ်ခါ သီးခြား တပ်တွေလည်း အများကြီးပဲ။ မောင်ဆောင်းခတို့ တပ်တွေ၊ BLA တွေ တပ်တွေ၊ ဇေယျာဝင်းတို့ တပ်တွေ။ နောက် PLA တွေ တပ်တွေ၊ ဗိုလ်နဂါးတို့ တပ်တွေ စပြီးတော့ အဲ့လို အများကြီးပဲ။ နောက်တစ်ခါ NRA တွေလို အဖွဲ့အစည်းမျိုးလို ဟာမျိုးတွေ။ လူဘောင်သစ်လို ပေါ့ဗျာ။ တပ်ဖွဲ့ထားတဲ့ တပ်တွေ။ အဲ့ဒီ တပ်တွေလည်း ရှိတာပဲ။ အဲ့တော့ အဲ့ဒီ တပ်တွေကို ကျွန်တော်ပြောချင်တာကတော့ အထူးသဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အောက်က တပ်တွေကို သီးခြားတပ်တွေကို ကျွန်တော် ပြန်ပြောချင်တာကတော့ ခင်ဗျားတို့ NUG ဗဟိုဆိုတဲ့ဟာကို ခင်ဗျားတို့ သိပ်ပြီးတော့ ခေါင်းထဲ သိပ်မထည့်နေတော့ဘူး။ ကိုယ့်ဘာသာကိုယ် ကိုယ်ရောက်တဲ့ နေရာတွေမှာ နယ်မြေတွေကို သိမ်းထားပြီးတော့ ကိုယ့်တပ်တွေနဲ့ကိုယ် အုပ်ချုပ်ရေးတွေ ထူထောင်ပြီးတော့ ပြီးတော့မှ ကိုယ့်အချင်းချင်းတွေ၊ တပ်အချင်းချင်းတွေကို လက်ချင်းချိတ် ချိတ်ပြီးတော့မှ အဲ့မှာ ကိုယ့်နယ်မြေတွေနဲ့ တပ်တွေနဲ့ ချိတ်ထားပြီဆိုရင် NUG ထိပ်ပိုင်းဆိုတဲ့ NUG ဗဟိုဆိုတာကြီးကို သိပ်ခေါင်းထဲမှာ ထည့်မထားနဲ့တော့။ အဲ့ဒီတပ်ပေါင်းစုံတွေနဲ့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစု (EROs) တွေနဲ့ ပေါင်းပြီးတော့ စစ်အာဏာရှင် ဖြုတ်ချလို့ရတယ်။ ခင်ဗျားတို့ ဆီးရီးယားကို ကြည့်လေ။ အဲ့ဒီတပ်တစ်တပ်က ချွန်းထွက်သွားပြီးတော့ တိုက်တာပဲ။ တိုက်တာပြီးတော့ အကုန်လုံးပြီးတော့ မြို့တော်သိမ်းပစ်တာပဲ။ အဲ့တော့ သူတို့က ခုနကပြောလို NUG လို တပ်ကြီးရှိတာမဟုတ်ဘူး၊ ဆီးရီးယားမှာ။ အဲ့လိုပဲ အဲ့ဒီတပ်ထဲက ထူးချွန်တဲ့တပ်ကနေ တပ်ကနေပြီးတော့ တိုက်ပြီးတော့ သိမ်းပစ်လိုက်တာ။ ဆီးရီးယား ဒါမတ်စကပ် သိမ်းပစ်လိုက်တာ။ အခုလည်းပဲ နယ်မြေမှာရှိတဲ့ တပ်တော်စုတွေကို ပေါင်းပစ်လိုက်။ NUG ဘာတွေဆိုတော့ သိပ်တိုင်ပင်မနေနဲ့တော့ ထိပ်ပိုင်းတွေကို။ တပ်တွေကို ပေါင်းပစ်လိုက်၊ ပေါင်းပြီးတော့ နယ်မြေတွေ သိမ်းပစ်လိုက်။ သိမ်းပြီးတော့ EROsတွေနဲ့ တိုင်ပင်ပြီးတော့ ဟုတ်လား ကျွန်တော်တို့ နေပြည်တော်သိမ်းဖို့ ကိစ္စတွေကို လုပ်မယ်ဆိုရင် ရတယ်။ အဓိက တပ်တွေရှိတယ်၊ နယ်မြေတွေရှိတယ် ဆိုလို့ရှိရင် ရတာပဲလေ။ ဖောက်ထွက်လို့ရတာပဲ။ ခင်ဗျားတို့ NUG က ထိပ်ပိုင်းက အချောင်သမားတွေကို ဘာစောင့်နေစရာလိုလဲ ခင်ဗျား။ ရပါတယ်။ ဖောက်ထွက်လို့ရတယ်။ ဒါပေမဲ့ ဖောက်ထွက်ချင်တဲ့ စိတ်ရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုတယ်လေ။
ဆလိုင်းဒိုခါရ် – ဟုတ်တယ် ဆရာ ခုနကပြောသလို ဒီဆီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ အဓိက ပေါ့နော် အောင်မြင်မှုရခဲ့တဲ့ဟာ ဒါ မြေပြင်က သူတို့ရဲ့ ပြည်ပြေးအစိုးရ ဦးဆောင်မှု မဟုတ်ဘဲ နဲ့ မြေပြင်က တော်လှန်ရေး အင်အားစုတွေကပဲ ထိုးဖောက်တယ်ဆိုပြီးတော့ လည်းဆိုတဲ့ ဟာမျိုး ကျွန်တော်တို့ ဟိုဒါ ဆရာထည့်သွင်း ဆွေးနွေးခဲ့တယ်ဆိုတော့ ကျွန်တော်တို့ သိထားရတာပေါ့နော်။ ဆိုတော့ ဒီလိုဖြစ်လာနိုင်ဖို့အတွက်ကို ကျွန်တော်တို့မှာ ခေါင်းဆောင် ကောင်းတွေ အများကြီးလိုလား။ ဒီအခုလက်ရှိ အင်အားစုတွေ သီးသီးတွေမှာ ရှိတဲ့ ဒါ စစ်ဦးစီးချုပ်လေးတွေပေါ့နော်။ ဒါလေးတွေ စုစည်းအားနဲ့ ရသလား။ သူတို့ကို နိုင်ငံရေးအရက လမ်းပြပေးနိုင်တဲ့ ခေါင်းဆောင်လိုသလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဒါမတ်စကပ် တိုက်ခိုက်အောင်မြင်မှုကို ကျွန်တော်တို့ကြည့်မယ်ဆိုရင် သူတို့ မြို့တော်ကို သိမ်းပြီးတဲ့ နောက်ပိုင်းမှာ တခြားတော်လှန်ရေး အင်အားစု အကွဲပြဲတွေကိုပါ အခုဆို ပြန်လည် စုစည်း နိုင်တဲ့ အနေအထားထိ ရောက်အောင်ကို နိုင်ငံရေးပါ တကယ့်ကို ဦးဆောင်မှုကောင်းခဲ့တဲ့ ဟာမျိုး ကျွန်တော်တို့ တွေ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ အခု NUG ကို ကျော်လွန်ပြီးတော့မှ နိုင်ငံရေး၊ စစ်ရေးအရ စုစည်းပေးမယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင် တချို့နှုန်းကို အပြည့်အဝလိုက်မှ ဟိုမှာ ဒါ ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ အများပြည်သူ သိပြီးသား ယုံကြည်ပြီးသား ခေါင်းဆောင်တချို့ရှိတယ်။ မဟုတ်ဘူးဆိုရင် ဒီ မြေပြင် ဗမာအင်အားစုတွေကြားမှာ NUG မှာ အခုတာဝန်ယူထားတဲ့သူ မဟုတ်ဘူးဆိုရင်တော့ ယုံကြည်ရလောက်တဲ့ ခေါင်းဆောင်တွေက သိပ် တော်လှန်ရေး မှာ မပါဝင်ကြဘူးဆိုတဲ့ ဟာမျိုးတွေ သုံးသပ်ချက်တချို့လည်းရှိတော့ အဲ့ဒီပုံမှာရော ဆရာ ဘယ်လို မှတ်ချက်ပြု လိုပါသလဲ။
U Kyee Myint – မဟုတ်ဘူး ခင်ဗျား ခုပြောတဲ့ ဥစ္စာတွေဟာ တကယ့် အရေးကြီးတဲ့ ကိစ္စပဲ။ အရေးကြီးတဲ့ ကိစ္စပဲ။ ကျွန်တော်တို့က အသက်ကြီးပြီလေ။ ဘဝတွေ အများကြီးဖြတ်ခဲ့တာ။ ဘယ်တော့မှ စိတ်ကူးမယဉ်ဘူး။ စိတ်ကူးယဉ်စကားတွေပြောရမယ့် အရွယ်လည်းမဟုတ် တော့ဘူး။ အခုပြောတာ ဓမ္မဒိဋ္ဌာန်ကျတယ်။ အဲ့တော့ အဲ့ဒါကို ပြန်ဆွေးနွေး ဆွေးနွေးမယ် ဆိုရင် NUG က အပြု သဘောဘက်က ရပ်မလား။ အဖျက်သဘောဘက်က ရပ်မလား။ NUG ခေါင်းဆောင်တွေ စဉ်းစားကြရတော့မယ်။ ပြည်သူ လူထုကြီးလည်း စဉ်းစားကြနော်။ သူက အပြုသဘောနဲ့ဆိုရင် တပ်ပေါင်းစုဖွဲ့ပြီး သူကိုယ်တိုင်ဦးဆောင်တိုက်။ အဖျက်သဘောနဲ့ဆို လို့ရှိရင် ကျွန်တော်ပြောတဲ့ အစီအစဉ် တပ်တွေကနေပြီး စုစည်းပြီးတော့ တိုက်မယ့် အစီအစဉ်ကို သူကဖျက်မှာပဲ။ အဲ့တော့ အဲ့ဒီ သူဖျက်ရင်လည်း ပျက်မှာပဲ။ ဘာလို့လဲဆိုတော့ ဗိုလ်နဂါးကိုကြည့်လေ။ ဗိုလ်နဂါးက သူ့ဟာသူ တော်တော် အရှိန်ရလာပြီ။ လူထုကလည်း ထောက်ခံလာပြီ။ ဒါပေမဲ့ ပန်းဆယ်လိုနဲ့ တိုက်ပေးပြီးတော့ ခင်ဗျား ငွေကြေးကိစ္စနဲ့ သိက္ခာချပြီး ဗိုလ်နဂါး တက်မရအောင်လုပ်လိုက်တယ်။ အဲ့ဒါ ဘယ်သူလုပ်တာလဲ။ NUG လုပ်တာလေ။ အဲ့တော့ NUG က အဲ့လို အဖျက်တွေ လုပ်ငန်းတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ အပြုသဘောနဲ့ လုပ်မလားဆိုတော့ မလုပ်နိုင်ဘူး။ အပြုသဘောနဲ့လည်း မလုပ်နိုင်ဘူး။ အဖျက်ဘက်ပဲ လုပ်နိုင်တယ်ဆိုရင် သူ့ကို ကျွန်တော်တို့က ဘယ်လောက်လောက် စောင့်ကြည့်နေရမှာလဲနော်။ အဲ့တော့ အောက်က သဘောပေါက်တဲ့လူတွေက တပ်မှူးတွေက အများကြီးရှိတာပဲ။ မောင်ဆောင်းခတို့လည်းရှိတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်။ အခုပြောပြီ သူတို့ အသံတွေ ထွက်နေပြီ။ ဗိုလ်နဂါးတို့ ရှိတယ်။ ဇေယျာဝန်တို့လည်း ရှိတယ်။ နောက်တစ်ခါ NRA တပ်တွေရှိလာပြီ။ လူ့ဘောင်သစ်တပ်တွေရှိလာပြီ။ နောက် PDF တွေလည်း အများကြီးပဲ။ အဲ့ဒီ တပ်တွေကို နောက်တစ်ခါ မန္တလေး PDF တို့ လို ဟုတ်လား မန်း မလေး PDF တို့ဟာပြောတာတော့ NUG လက်အောက်မှာ တစ်ဝက်လောက် ရှိနေသေး တာပေါ့ဗျာ။ အဲ့ဒီ ကောင်းတာကတော့ အဲ့လို တကယ်တမ်း စုမိပြီဆိုရင် မန္တလေး PDF ကလည်း ကူးပြောင်းလာပြီဆိုရင် NUG ဆိုတာ ခေါင်းထဲထည့်စရာ မလိုတော့ဘူး။ အဲ့လိုနဲ့ အညာဒေသကို သိမ်းထားပြီး တပ်တွေလည်းရှိနေပြီဆိုရင် NUG က သူ့ဟာသူ နောက်က လိုက်လိမ့်မယ်။ သူ ခေါင်းမဆောင်လည်း နောက်ကလိုက်ပေါ့။ အဖျက်လုပ်မယ်ဆိုရင်လည်း ကျွန်တော့် တိုင်းပြည်က နာမှာပေါ့ဗျာ။ အဲ နော်။ သူက အဖျက်လုပ်ဖို့ကတော့ သူ့မှာ အားရှိတယ်။ ဘာလို့လဲဆိုတော့ သူ လူထုထောက်ခံမှုရထားတာကိုး။ အဖျက်လုပ်မယ်ဆိုရင်။ အဲ့လို အပြုသဘောဘက်ကလုပ်မယ်ဆိုရင် တပ်ပေါင်းစုကို သူ ခေါင်းဆောင်တိုက်ရမယ်။ ဒါပေမဲ့ သူ တပ်ပေါင်းစုကို ခေါင်းဆောင်တိုက်တဲ့အလုပ် မလုပ်ဘူးဆိုတော့ သူက အဖျက်လုပ်မယ့် လုပ်ငန်းဘက်ကိုပဲ လုပ်ဖို့ဘက်ပဲ ရှိတော့တယ်။ အဲ့တော့ အဲ့ဒီဟာကို လူထုကြီးက ရပ်ကြည့်နေမယ်ဆိုရင်လည်း လူထုကြီးက အချိန်ကိုစောင့်ပေါ့ဗျာ။ ခင်ဗျားတို့ စောင့်ကြပေါ့ ကြာမှာပေါ့။ ဟုတ်ပြီ။
ဆလိုင်းဒိုခါရ် – ဆိုတော့ တစ်ဖက်မှာ ကျွန်တော်တို့ ဒီ နိုင်ငံတကာနဲ့ နိုင်ငံရေး အရ ကျွန်တော်တို့ စစ်ကောင်စီကို အသာစီးနဲ့ ရလာခဲ့တဲ့ ဟာ အခု ငါးနှစ် ရောက်တော့မယ့် အချိန်မှာ ကျွန်တော်တို့ အောက်ပြန် ရောက်သွားတယ်။ တစ်ဖက်မှာ တီမောလို နိုင်ငံ အပြည့်အဝ ထောက်ခံခဲ့တဲ့ နိုင်ငံလေး တောင်မှ စစ်ကောင်စီနဲ့ကို ပူးပေါင်းပစ်လိုက်တဲ့ အနေအထား ရုံးပါ ကူဖွင့်ပေးမှု မပေးဘူးဆိုပြီးတော့မှ စစ်ကောင်စီ ရှိမှာ ပြောထွက်လာတဲ့ အနေအထား ဖြစ်တယ်။ ဆိုတော့ ဒါ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ဖို့ အတွက် တော်လှန်ရေး ဦးဆောင် ခေါင်းဆောင်တွေ အပေါ်မှာ မူတည်တာလား။ ပြည်သူတွေ အနေနဲ့ NUG ကို အပြောင်းအလဲ လုပ်ဖို့ကို သို့မဟုတ် NUG ဒါ ပညာရှင်တွေ ထောက်ပြ ဝေဖန်မှု ကို ပြည်သူတွေ အနေနဲ့လည်း လက်ခံဖို့ လိုလာသလား။ ဘာ အားနည်းချက်တွေ ရှိလာလဲ။ ဒီ ကျွန်တော်တို့ ဒီဟာကို ဆရာ့ အနေနဲ့ ဒီလို ဟာကွက်လေးတွေကို ဘယ်လို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲ လုပ်မှ အဆင်ပြေမလဲဆိုတဲ့ ဟာမျိုး ဆင်ခြင်မိတာ ရှိလား။
U Kyee Myint – အချုပ်ပဲ ပြောလိုက်မယ်။ ဗမာစကား ရှိတယ်။ အမေ နွားကျောင်းသား အဖြေ ဘုရားလောင်းတဲ့။ ဟုတ်လား။ အမေအဖေ နွားကျောင်းသား အဖြေဘုရားလောင်း။ နွားကျောင်းသား မေးတဲ့ ဟာကို ဘုရားလောင်းမှာပဲ ဖြေနိုင်တယ်။ တချို့ ဟာတွေက။ အခုလည်း ဒီတိုင်းပဲ။ ကျွန်တော်လည်း မဖြေနိုင်ဘူး။ အဲ့တော့ အချိန် သုံးလ ရှိတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ NUG ဟာ သူဟာ ပြည်သူလူထု ထောက်ခံထိုက်တဲ့ အဖွဲ့အစည်း ဟုတ်လား၊ မဟုတ်လားဆိုတာကို သုံးလ အတွင်းမှာ အဖြေပေးလိမ့်မယ်။ စစ်နိုင်အောင် ဘယ်လောက် တိုက်နိုင်လဲ။ ဆို မတိုက်နိုင်တော့ဘူး။ သူက ဒီတိုင်းပဲ။ သူ့ဘာသာသူ နောက်ထပ် အစိုးရတစ်ဖွဲ့ ဖွဲ့ပြီး ဆက် အုပ်ချုပ်သွားမယ်ဆိုရင် သူ့သဘောပေါ့ဗျာ။ ဒါပေမဲ့ ၂၀၂၆ ကုန်မှာတော့ ဟိုဘက်ကတော့ အစိုးရ ဖွဲ့တော့မှာ။ Legitimacy ယူတော့မှာ။ အဲ့ဒီအခါ ၂၀၂၆ မှာတော့ NUG က မဖြေချင်လည်း အဲ့ဒီမေးခွန်းကို သူ ဖြေရတော့မယ်။ ပြည်သူလူထုကြီးကလည်း မဖြေချင်လည်း ဖြေရတော့မယ်။ အဲ့ဒါပဲ ကျွန်တော်တို့ အချုပ် ပြောချင်တယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆရာ။ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် အခုလို ကျွန်တော်တို့ကို ဒေါင့်ပေါင်းစုံနဲ့ သုံးသပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။