——————————————————–
ဇွန် ၁၀
The Kaladan Post
တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း(၅) လက်အောက်ခံ People Defence Force Thandaung၊ MLB စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်များကို ၂၀၂၅ ခုနှစ် ဧပြီလမှ မေလအတွင်း အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း PDF Thandaung ၏ ထုတ်ပြန်ချက်အ ရသိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဧပြီ ၁၃ ရက်မှမေ ၂၈ ရက်အတွင်း အဓိကအားဖြင့် ၅ ကြိမ်ပြုလုပ်ခဲ့ရာ စကစဘက်က ၃ဦးသေဆုံးပြီး ၁၂ဦး ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး PDF Thandaung တာဝန်ရှိသူက “ကျွန်ေတာ်တို့တော်လှန်ေရးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိသည့်အပြင် ယခုအချိန်မှာအခြားမစ်ရှင်များ ဆောင်ရွက်လျက်ပြီး စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း The Kaladan Post သို့ ပြောဆိုသည်။ ထိုအပြင် PDF Thandaung တပ်ဖွဲ့သည် ၂၀၂၄ခုနှစ်အတွင်း သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် စကစ တပ်များ ၅၁ ဦး အထိသေဆုံးသူရှိခဲ့ပြီး ဒဏ်ရာရရှိသူ များပြားခဲ့သည့် အပြင် စကစ လက်နက်အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းတို့၏ ယခင်ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နေရာအနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးအရှိန်မြှင့်တင်လျက်ရှိပြီး PDF Thandaung သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
PDF Thandaug ၏တိုက်ခိုက်မှု ကြောင့် စကစ ၃ဦးသေဆုံး
