မေးမြန်းသူ- Rain, Program Host
ဖြေဆိုသူ- Stephen Shing Thang, Formal CDF-Kanpetlet Leader
Rain – မင်္ဂလာပါ ဆရာ။ The Kaladan Post ရဲ့ Youth and Women’s Affairs Program လေးမှာ လာရောက်ပြီး အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ အရင်ဆုံးအနေနဲ့ ဆရာ့ရဲ့နာမည်လေးရယ် ပြီးတော့ ဆရာ အခုလက်ရှိ ပါဝင်နေတဲ့ အဖွဲ့အစည်းနဲ့ ပါဝင်နေတဲ့ အခန်းကဏ္ဍလေးတွေကို အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင့်။
Stephen Shing Thang – ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျ။ ကျွန်တော့်နာမည်ကတော့ Stephen Shing Thang ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မိခင်အဖွဲ့အစည်းကတော့ Chin Defense Force Kanpetlet ဖြစ်ပါတယ်။ ကျွန်တော်လက်ရှိ ချင်းညီနောင်မှာ သဘာပတိ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်နေသလို ကျွန်တော်တို့ ကြားကာလ ချင်းအမျိုးသား တိုင်ပင်ခံကောင်စီ ICNCC ရဲ့ member ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
Rain – ဟုတ်ကဲ့ပါ ကျေးဇူးပါ။ ဆိုတော့ ဒီ ၂၀၂၁ အာဏာမသိမ်းခင်မှာပေါ့နော် ဆရာ ဘာတွေလုပ်ခဲ့ပြီးတော့မှ ဆရာ့ရဲ့ ဘယ်လိုလုပ်ငန်းအတွေ့အကြုံနဲ့ ဒါမှမဟုတ်ရင် ဆရာ့ရဲ့ ဘယ်လိုမျိုး အခြေအနေတွေကြောင့် ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဖြစ်အောင်လို့ လှုံ့ဆော်ဖြစ်ခဲ့တာဖြစ်မလဲရှင့်။
Stephen Shing Thang – ဟုတ်ကဲ့။ တော်လှန်ရေးမတိုင်ခင်မှာတော့ ကျွန်တော်ကတော့ ကျမ်းစာကျောင်း တစ်ခုမှာပေါ့နော်၊ ကျမ်းစာကျောင်းဆင်းဖြစ်တယ်ပေါ့နော်။ ပြီးတော့ ကျမ်းစာကျောင်းပြီးတဲ့ အချိန်မှာလည်းပဲ ကျွန်တော်တို့ ချင်းပြည်အနေအထား၊ ကျွန်တော်တို့ ကန်ပက်လက်အနေ အထားမှာပေါ့၊ ကျောင်းတက်ဖို့အခက်အခဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ မြို့နယ်ဝေးတဲ့ နေရာတွေမှာပေါ့နော်၊ အရင်က NLD ခေတ်မတိုင်ခင်မှာ ဆိုရင်တော့ ကျွန်တော်တို့ ကန်ပက်လက်မြို့နဲ့ တခြားမြို့တွေလည်း အတူတူပဲဖြစ်မှာပါ၊ ဒီအလယ်တန်းနဲ့ အထက်တန်းဆိုတာ အထက ကန်ပက်လက်မှာပဲရှိတယ်ပေါ့နော်။ ဒီရွာပေါင်းများစွာမှာ အလယ်တန်းလည်းမရောက်နိုင်ဘူး၊ မဖွင့်နိုင်ဘူး။ အဲ့လိုမျိုးအချိန်မှာ လေးတန်းအောင်ပြီးမှ ပညာရေးအဆုံးသတ်သွားတဲ့၊ ကျောင်းနားသွားတဲ့ဟာတွေ အများတဲ့အချိန်ကာလ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ ဒီ လေးတန်းအောင်ပြီးသား၊ ငါးတန်းကနေ အထက်ပေါ့နော်၊ အဲ့လိုမျိုး ပညာသင်မယ့်အရွယ်တွေကို အဲ့ဒီ လေးတန်းအောင်ပြီးမှ မြို့မှာအိမ်မငှားနိုင်တဲ့ဟာတွေ၊ ကျောင်းမတက်နိုင်တဲ့ဟာတွေ၊ မိဘကကြည့်ရှုဖို့အတွက် အရမ်းဝေးတဲ့ အဲ့လိုမျိုးအခက်အခဲကြုံတဲ့ဟာတွေကို ကျွန်တော်တို့ ကူညီနိုင်ဖို့အတွက် ဘော်ဒါဆောင်တစ်ခုပုံစံနဲ့ပေါ့နော်၊ အဲ့လိုလုပ်ပြီးမှ အဲ့ဒီမှာပဲ ကျွန်တော်ပါဝင်ခဲ့တယ်ပေါ့နော်။ အဆောင်လည်းပိတ်လိုက်ရတယ်၊ နောက်တော့ covid-19 ကြောင့် ပိတ်တဲ့ကျောင်းတွေ ပြန်မဖွင့်ခင်မှာ အာဏာသိမ်းမှုတွေလည်း ထပ်ဖြစ်လာတော့ ပြည်သူလူထု တစ်ရပ်လုံး ကလည်းပဲ ဆန္ဒပြပြီးမှ စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့အခါမှာ လူငယ်တွေပေါ့နော်၊ ဘာသာ၊ လူမျိုးမရွေး အကုန်လုံးက ဒီစစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ဖြစ်လာတော့ ကျွန်တော်လည်းပဲ အဲ့လိုနဲ့ပဲ ဆန္ဒပြရင်းနဲ့ပေါ့နော်၊ ဆန္ဒပြပြီးမှ နောက်မှာတော့ ဒီဆန္ဒပြခေါင်းဆောင်တွေကို SAC က ပစ်မှတ်ထားပြီးခါမှ ဖမ်းဆီးမှုတွေ၊ ချိန်းခြောက်မှုတွေ ရှိလာတဲ့အချိန်မှာ မြို့နယ်ပြည်သူ့လုံခြုံရေးဆိုတဲ့ဟာ ကျွန်တော်တို့ ထပ်ပြီးဖွဲ့ပြီးမှ ဒီမြို့နယ်ပြည်သူ့လုံခြုံရေးမှာလည်း ဆန္ဒပြတဲ့အချိန်ကနေ တစ်ဆင့်ပေါ့နော်၊ မြို့နယ် လုံခြုံရေး၊ အဲ့ဒီမြို့နယ်လုံခြုံရေးကနေတစ်ဆင့် နောက်မှာတော့ လက်နက်ကိုင်အထိ ဖြစ်သွားတာပေါ့နော်။ ဒီလိုနဲ့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ကျေးဇူးပါခင်ဗျ။
Rain – ဟုတ်ကဲ့ပါ။ အာဏာသိမ်းပြီးတော့ ဒီတော်လှန်ရေးကာလအတွင်းမှာ ဆရာပါဝင် လှုပ်ရှားခဲ့တဲ့ စစ်ရေး ဒါမှမဟုတ်ရင် နိုင်ငံရေး လှုပ်ရှားမှုဆိုရင်ရော ဘာတွေ ဖြစ်မလဲ။ အဲ့ဒီလှုပ်ရှားမှုတွေမှာ ဆရာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဒါ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို လည်း မျှဝေပေးပါဦးရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ ဒီအာဏာသိမ်းမှုဖြစ်တဲ့နောက်ပိုင်းမှာ နိုင်ငံရေး အနေနဲ့တော့ ကျွန်တော် သိပ်ပြီးမှ မပါဝင်ဘူးပေါ့နော်။ ဒီတော်လှန်ရေးအနေနဲ့ဆိုရင်တော့ ကျွန်တော်က ဒီ CDF-Kanpetlet ရဲ့ တပ်မဟာမှူးတစ်ယောက်အနေနဲ့ တာဝန် ထမ်းဆောင်ပြီးမှ ကျရာကဏ္ဍမှာ အတတ်နိုင်ဆုံး ပါဝင်ခဲ့တယ်၊ နွေဦးတော်လှန်ရေးဖြစ်ဖို့ SAC ကို တော်လှန်ဖို့ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ ရရာ တူမီးလက်နက်ဆွဲကိုင်ပြီးမှ အားလုံးထွက် လာကြတယ်။ ကျွန်တော်တို့ စုဖွဲ့ပြီး သင်တန်းတွေဘာတွေဖွင့်ပြီးမှ စုဖွဲ့ပြီးမှ တိုက်ရတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ တိုက်ပွဲတွေပြီးမှ တူမီးကိုင်ပြီးထွက်လာတဲ့ လူတွေပေါ့နော်၊ အားလုံးတိုက်ပွဲဖြစ်ပြီးမှ ပြန်လည်စုစည်းရတာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကိုယ့်မြို့နယ်အနေအထားမှာလည်းပဲ တတ်နိုင်ဆုံး စုစုစည်းစည်းနဲ့ဖြစ်အောင်ပေါ့နော်။ စုစုစည်းစည်းဖြစ်မှသာလျှင် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်ဆိုပြီးမှ တစ်မြို့ထဲမှာ သုံးလေးဖွဲ့မဖြစ်ရလေအောင်ပေါ့၊ အတတ်နိုင်ဆုံး ဒီလိုနဲ့ ပါဝင်ခဲ့တယ်၊ ကြိုးစားခဲ့တယ်။ ဆက်လက်ပြီးမှလည်းပဲ ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသထဲမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ချင်းပြည်အနေအထားမှာလည်းပဲ ချင်းတစ်ခုလုံး တစ်စုတစ်ဖွဲ့ထဲ ဖြစ်နိုင်ဖို့အတွက် တတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ အားလုံးသိတဲ့အတိုင်း CJDC လည်း ပေါ်ပေါက်ခဲ့တယ်။ အားလုံးပူးပေါင်းနိုင်ဖို့အရေး ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒီမှာ စိန်ခေါ်မှုတွေ တွေ့မြင်ရတာက အချင်းချင်း ယုံကြည်မှု မတည် ဆောက်တာပေါ့နော်။ မတည်ဆောက်နိုင်တာမဟုတ်ဘူး၊ ယုံကြည်မှုမတည် ဆောက်တာပေါ့နော်။ ဆိုတော့ ကိုယ့်ရဲ့အဖွဲ့ကပဲ တစ်ဖက်ကနေ ဦးဆောင်ချင်တယ်ပေါ့နော်။ တစ်ဖက်အဖွဲ့အစည်းကို မယုံကြည်တာ၊ ယုံကြည်အောင်လည်း မလုပ်တာပေါ့နော်။ CJDC မှာ ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ အငြင်းပွားဖွယ်ရာတွေ ကျွန်တော်တို့ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ CJDC ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးထာဟေးပေါ့နော်၊ CNA/CNF က သူကပြောဖူးတယ်၊ ကျွန်တော်တို့ ဒီလိုငြင်းခုံတာကောင်းပါတယ်။ ကျွန်တော်တို့ ချင်းတွေ ဘယ်တုန်းကမှ ဒီလိုမျိုး ကိုယ့်ရဲ့ ချင်းပြည်အရေးကို ဒီလောက်ငြင်းခုံပြီးမှ ဆွေးနွေးရတဲ့ platform မပေါ်ခဲ့တော့ ဒီမှာပဲ ကျွန်တော်တို့ ဒီလိုဆွေးနွေးငြင်းခုံရတာလည်း ကောင်းပါတယ်ဆိုပြီးမှ ပြောသလိုပေါ့လေ။ ကျွန်တော်တို့တတ်နိုင်ဆုံး အဖြေရှာဖို့လည်း လုပ်ခဲ့ကြတယ်။ ဒီမှာ စိန်ခေါ်မှုအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်နိုင်တာ၊ ချင်းတွေ မြို့နယ်စုများပြားလွန်းတာပေါ့နော်။ အဖွဲ့အစည်းလည်း အများကြီး ပေါ်ပေါက် လာတာတွေက ကျွန်တော်တို့ ကြုံခဲ့ရတယ်ပေါ့လေ။ ဒါက တော်လှန်ရေးအနေနဲ့ လက်နက်ကိုင်အနေနဲ့ပေါ့နော်။ နိုင်ငံရေးအနေနဲ့လည်းပဲ ဒီလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍက တော်လှန်ရေး ဒီ ၂၀၂၁ ကနေ အခုအချိန်အထိပေါ့လေ၊ သက်ရောက်မှု ရှိနေတော့ တော်လှန်ရေးက နိုင်ငံရေးဖြစ်သလို ပြောရမယ်ပေါ့နော်။ အဲ့ဒါကြောင့် ဒီ အချင်းချင်း ယုံကြည်မှုမတည်ဆောက်နိုင်တာတွေက နိုင်ငံရေးမှာလည်းပဲ သွားထိတယ် ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ အခုအချိန်အထိ မစည်းလုံးနိုင်တဲ့၊ မစည်းလုံးနိုင်တဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတုန်းပဲပေါ့နော်။ ဒီဟာက အကြီးမားဆုံး စိန်ခေါ်မှုလို့ ကျွန်တော်ကတော့ မြင်ပါတယ် ဟုတ်။
Rain – ဟုတ်ကဲ့ပါ အခု ဆရာဆွေးနွေးသွားတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ ဒီတော်လှန်ရေးရဲ့ အဓိက ပုံရည်မှန်းချက်က ဟို စစ်ကောင်စီ ပြုတ်ကျရေးအတွက် ဖြစ်ပေမယ့်လည်းပဲ ဒီလိုမျိုး တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ တော်လှန်အဖွဲ့အစည်းတွေကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ ဒီလိုမျိုး ပြဿနာတွေ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရှိရတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး သဘောထားကွဲလွဲမှုတွေက ကျွန်မတို့ရဲ့ ပုံရည်မှန်းချက်ဖြစ်တဲ့ စကစ ဟို ပြုတ်ကျဖို့ အတွက် ဘယ်လောက်အထိ ဟန့်တားဖြစ်စေတယ်လို့ ဆရာမြင်ပါသလဲ။ ဆိုတော့ ဒီလိုမျိုး ပြဿနာတွေကိုရော ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ပါသလဲရှင့်။
Stephen Shing Thang – ဟုတ်ကဲ့၊ ကျွန်တော့်အနေနဲ့ နွေဦးတော်လှန်ရေး အစစချင်းမှာ မြန်မာပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ၊ တော်လှန်ရေးကို အားပေးတဲ့ ညီအစ်ကို မောင်နှမအားလုံးက ကျွန်တော်တို့ ချင်းပြည်ဟာ ပထမဦးဆုံး လွတ်မြောက်နယ်မြေ ဖြစ်မယ်ဆိုပြီးမှ ရည်မှန်းခဲ့ကြတယ်။ ကျွန်တော်တို့လည်းပဲ တစ်မြို့နယ် နှစ်မြို့နယ် ထဲမဟုတ်ဘဲနဲ့ ချင်းပြည်တစ်ခုလုံးမှာ တစ်ပြိုင်တည်းလိုလိုနဲ့ တူမီးဆွဲကိုင်ပြီးမှ တော်လှန်ရေး လုပ်လာကြတယ်ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ လက်နက်ကိုင် အချင်းချင်းဖြစ်ဖြစ်၊ ပြန်လည်ပြီးမှ စုစည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပုံရည်မှန်းချက် စကစ ကျဆုံးဖို့ဖြစ်တဲ့ ကျွန်တော်တို့ ချင်းပြည်အတွက် သီးသန့်ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ချင်းပြည်တွင်းက စကစ ကင်းစင်ဖို့အတွက် ကျွန်တော်တို့ ဘုံရည်မှန်းချက်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီဘုံ ရည်မှန်းချက်ကို ဒီမညီညွတ်မှုတွေက ဘယ်လောက်အထိ ထိခိုက်သလဲဆိုရင်တော့ ချင်းတွေအတွင်းမှာဆိုရင် ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ် မတူပီပေါ့နော်၊ ဖလမ်း လွတ်မြောက်သွားပြီ။ တီးတိန်ကတော့ မလွတ်မြောက်သေးဘူး။ ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်။ အဲ့မှာ ကျွန်တော် တစ်ခုပြောချင် တာကတော့ ကျွန်တော်တို့မညီညွတ်ခြင်းရဲ့ အဓိကက ချင်းအသိုင်းဝိုင်းထဲမှာပဲ ပြောမယ် ဆိုရင်တော့ ဟားခါးနဲ့ ထန်တလန် အခုထိမလွတ်မြောက်သေးဘူးပေါ့နော်၊ ကျွန်တော်တို့ ကန်ပက်လက် အနေနဲ့ ၂၀၂၁-၂၂ နွေဦးတော်လှန်ရေးမှာဆိုရင် ရန်ပုံငွေအနေနဲ့ပြောမယ်ဆိုရင် ကျွန်တော်တို့ သိန်း ၅၀၀၀ လောက်သုံးနိုင်တဲ့ချိန်မှာ သိန်းပေါင်း သုံးသောင်း သုံးသောင်းခွဲ လောက်သုံးနိုင်တဲ့ CDF- Hakha CDF- Thanglang တို့ ခုထိမလွတ်မြောက်သေးဘူးပေါ့နော် ကျွန်တော်တို့ထက် ရန်ပုံငွေလည်း အများကြီးရှိတယ်၊ သုံးနိုင်တယ်၊ အင်အားလည်းရှိတယ်၊ လက်နက်အင်အားလည်း ကျွန်တော်တို့ထက်ရှိတယ်၊ ကျွန်တော်ဆိုရင်တော့ တပ်မဟာမှူး တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတော့ CJDC အစည်းအဝေးသွားရင်းနဲ့ ဟားခါးခေါင်းဆောင်တွေ ထန်တလန် ခေါင်းဆောင်တေဖက်ကနဲ့ ခါးချိုးတေပေါ့နော် လက်နက်တေ အဲ့ဒီလိုတေ အကူအညီ တောင်းပြီးတော့ သူတို့အကူအညီလည်းပေးတယ်၊ ဆိုလိုတာက ကျွန်တော်တို့ထက် အများကြီးသာကြတယ်ပေါ့နော် ဒါပေမယ့် အခုလွတ်မြောက်သလား မလွတ်မြောက်ဘူးလား ဆိုတဲ့ဟာနဲ့ ပြောမယ်ဆိုရင်တော့ ဒီဟားခါးနဲ့ထန်တလန်က မလွတ်မြောက်သေးဘူး CNAနဲ့လည်းပဲ အနီးဆုံးမှာရှိတယ်၊ ဆိုတော့ ဒါကတော့ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုကြောင့်ပေါ့နော်။ အခုလောက်ဆိုရင်တော့ လွတ်မြောက်နယ် မြေဖြစ်ရမယ့်ဟာပေါ့။ တချို့ဝိဝါဒကွဲပြားမှုပေါ့နော်၊ မစုစည်းနိုင်တဲ့အတွက် ကြောင့် ဒီစိန်ခေါ်မှုတွေကြောင့် ကျွန်တော်တို့ရဲ့ လုပ်နေတဲ့ ဘုံရည်မှန်းချက် ဆုံးရှုံးနစ်နာခဲ့တာကို ပြောတာပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ မညီညွတ်ခြင်းရဲ့ ကျွန်တော်တို့ရဲ့ ပုံရည်မှန်းချက် အဟန့်အတားတစ်ခုပေါ့လေ။ အာ ဒီဟာတွေကို ဆက်လက်ပြီးမှ ဘယ်လိုအဖြေရှာရမလဲ ဆိုရင်တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုပေါ့နော်၊ တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြေထွက်မယ်ပေါ့နော်။ ဒီမေးခွန်းမှာ ကျွန်တော်တို့ ချင်းအနေနဲ့ပဲ ကျွန်တော်ဖြေတာဖြစ်တယ်။ ကျွန်တော်တို့ ချင်းအနေနဲ့ အခုအားလုံးသိတဲ့ ချင်း National Council ပေါ်ပေါက်ဖို့ရန်အတွက် ICCNCC နဲ့ ချင်းလန်းကောင်စီ ညှိပြီးမှ CNC ဆိုတဲ့ဟာ ပြန်လုပ်ဖို့ ကျွန်တော်တို့ တစ်ဖက်စီကနေ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆင့်မရောက်ခင်မှာ ယုံကြည်မှုတွေ ပြန်တည်ဆောက်သင့်တယ်။ မှားတဲ့သူကလည်းပဲ ကိုယ်ကျိုးအတွက် မဟုတ်သလို ဘယ်အဖွဲ့အစည်းအတွက်မှလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ချင်းပြည်ရဲ့အရေးဖြစ်တယ်၊ ချင်းရဲ့အနာဂတ်အရေးဖြစ်တယ်၊ ချင်းအမျိုးသားရေးဖြစ်တဲ့ အတွက်ကြောင့် ကိုယ်အမှားရှိရင်လည်း ဝန်ခံပြီးမှ ချင်းအချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုပြန်တည်ဆောက်ပြီးမှပေါ့နော်၊ ဖြစ်ခဲ့ပြီးသားအပေါ်မှာ ဘာကြောင့်မညီညွတ် ခဲ့ကြသလဲ။ ပွင့်ပွင့်လင်းလင်းပြောရင် CJDC မှာ ဘာလို့မပေါင်းနိုင်ခဲ့သလဲ။ ဘာလို့ပြိုကွဲ သွားသလဲ။ ICNCC မှာ ဘာလို့ ဒီလိုမျိုး ကွဲပြားနေသလဲပေါ့နော်။ ICNCC လည်း အလုပ်မဖြစ်၊ တစ်ဖက်မှာရှိတဲ့ CJDC လည်း ပြိုကွဲ၊ ဒီဟာတွေ ဘာကြောင့်လဲဆိုတဲ့ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပွင့်ပွင့်လင်းလင်း ကိုယ်မှားရင်လည်း မှားတဲ့အကြောင်း ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ရမယ်။ Personal လည်း ပြန်သုံးသပ်ရမယ်၊ ကိုယ့်အဖွဲ့အစည်းကိုလည်း ပြန်သုံးသပ်ရမယ်။ ဒီလိုပြန်သုံးသပ်ပြီးမှပဲ မှားတဲ့သူကလည်းပဲ အမှားဝန်ခံပြီးမှ တစ်ဖက်နဲ့တစ်ဖက် အားလုံးက ချင်းပြည်လွတ်မြောက်စေချင်လို့၊ ချင်းအမျိုးသား လွတ်မြောက်စေချင်လို့ ဖြစ်တဲ့အတွက် ကြောင့် တူညီတဲ့ဟာကို ယုံယုံကြည်ကြည် ညှိနှိုင်းမှသာလျှင် ရှေ့ဆက်ပြီးမှ လက်နက်ကိုင် ဖြစ်ဖြစ် နိုင်ငံရေးဖြစ်ဖြစ် ပြန်ပေါင်းစည်းပြီးခါမှ ချင်းပြည်သူတွေ လိုချင်တဲ့ လွတ်လပ်မှုမျိုးကို လုပ်နိုင်မယ်ပေါ့နော်။ ဒီလိုမျိုး ယုံကြည်မှု ပြန်တည်ဆောက်ရမယ်။ ကိုယ့်ဟာကိုယ် ပြန်စမ်းစစ်ရမယ်။ ကိုယ့်အဖွဲ့အစည်းကို ပြန်စမ်းစစ်ရမယ်။ ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်က ယုံကြည်မှုတွေ ပြန်တည်ဆောက်နိုင်မယ်လို့ ကျွန်တော့် personal အနေနဲ့တော့ ဒီလိုပဲမြင်ပါတယ်။ ဟုတ်ကဲ့။
Rain – ဟုတ်ကဲ့ပါ နောက်ထပ်မေးခွန်းအနေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဒီ ထိုင်း၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့တော်လှန်ရေးအပေါ်မှာ သူတို့ရဲ့ အမြင်သဘော ထားကို ဆရာ့အနေနဲ့ ဘယ်လိုများသုံးသပ်ပါသလဲပေါ့နော်။ သူတို့ရဲ့ တော်လှန်ရေးအပေါ်မှာ ရပ်တည်ချက်ကရော တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်အတိုင်း အတာအထိ ဟို အကျိုးသက်ရောက်မှုရှိမလဲပေါ့နော်။ ဆိုတော့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ လက်ရှိ သူတို့ရဲ့ တုံ့ပြန်မှု၊ ဆောင်ရွက်ချက်တွေကို ကြည့်ခြင်းအားဖြင့် ဆရာ့အနေနဲ့ ဘယ်နိုင်ငံရဲ့ ဆောင်ရွက်ချက်ကိုတော့ အားအရဆုံးဖြစ်မလဲရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ တရုတ်ကို ကြည့်မယ်ဆိုရင်တော့ ဘယ်နိုင်ငံရဲ့ တုံ့ပြန်မှုကိုမှ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေကတော့ အားရစရာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျွန်တော်တို့ အရေးတော် နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အများကြီး ထိရောက်မှုရှိတယ်။ သူတို့ရဲ့ ပူးပေါင်းပါဝင်ခြင်းအားဖြင့်ကတော့ ကျွန်တော်တို့ အများကြီး အလုပ်ဖြစ်နိုင်တယ်ပေါ့နော်၊ ရှေ့ရောက်နိုင်တယ်။ ကျွန်တော်တို့အားလုံး အဲ့လို ယုံကြည်မျှော်လင့်တယ်။ ဆိုတော့ သူတို့ရဲ့ လက်ရှိပါဝင်မှုအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်တဲ့ NUG အစိုးရကိုယ်တိုင်က ဒီအိမ်နီးချင်း တွေကို ချဉ်းကပ်တဲ့အခါမှာ ဘယ်လိုပြောမလဲ ဟိုအနောက်ဘက် ဥရောပဘက်တွေပေါ့နော်၊ ဦးစားပေးပြီးမှ US တို့ဘာတို့ အချိတ်အဆက်ပဲလို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ နွေဦးတော်လှန်ရေး စစ်နွှဲလာတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုက ဘယ်နိုင်ငံမဆို၊ ဘယ်တော်လှန်ရေးမှာမဆို၊ တော်လှန်ရေးက တချို့ဆိုရင်တော့ သူများနိုင်ငံမှာ အစပြုတာလည်း ရှိတာပဲ။ ဆိုတော့ ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံးတွေကို NUG အနေနဲ့ ပထမဦးဆုံးအရင် ချဉ်းကပ်ခဲ့သင့်တယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ ချဉ်းကပ်ခဲ့တာလည်း ဖြစ်မယ်၊ ကျွန်တော်တို့ မသိနိုင်ဘူးပေါ့နော်။ မသိနိုင်တဲ့သူတွေအနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီအိမ်နီးနားချင်းတွေကို ကျော်သွားသလိုမျိုး မြင်တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ တတ်နိုင်သလောက် နယ်မြေချင်းထိစပ်တဲ့နိုင်ငံတွေကို ပြန်ပြီးခါမှ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေတာ မြင်ရတယ်။ ဒါပေမဲ့ မလွှဲသာမရှောင်သာလို့ ကျွန်တော်တို့ရဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း လက်ခံပေးတာရှိတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်တဲ့အတွက် NUG ကို တွေ့အဆုံ စကားပြောတာတွေလည်း ရှိသော်ငြားလည်းပဲ တကယ့်တကယ် လက်တွေ့မှာတော့ ဘယ်နိုင်ငံရဲ့ ဆောင်ရွက်မှုက တော်လှန်ရေးကို အားပေးတဲ့ ပိုပြီးခါမှ အားရကျေနပ်တယ်ဆိုပြီးမှတော့ ပြောစရာတော့ မရှိဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဟုတ်ကဲ့။
Rain – ဟုတ်ကဲ့ပါ ဒီတော်လှန်ရေးကို ကြည့်မယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးဟာ လူငယ်တွေ စခဲ့တဲ့ တော်လှန်ရေးလို့ပြောရင်လည်း မမှားဘူးပေါ့နော်။ ဆိုတော့ ဆရာကိုယ်တိုင်လည်း လူငယ်တစ်ဦးဖြစ်တဲ့အခါကြတော့ ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ ဦးဆောင်မှုကဏ္ဍကို ဆရာ့အနေနဲ့ ဘယ်လိုများ ဟို သုံးသပ်ပါသလဲပေါ့နော်။ ဆိုတော့ လူငယ်တွေအနေနဲ့ ဒီအဖွဲ့အစည်းတွေကို ဦးဆောင်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲ တွေကိုလည်း ပြောပြပေးပါဦးရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ နွေဦးတော်လှန်ရေးမှာတော့ အားရစရာ အကောင်းဆုံးကတော့ လူငယ်တွေပေါ့နော်။ လူငယ်တွေက ဘယ်ဒေသမှာမဆို အရှေ့ထွက် လာကြတယ်၊ ဦးဆောင်လာကြတယ်။ အဲ့ဒီဦးဆောင်လာတဲ့အပေါ်မှာ စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ကျွန်တော့်ရဲ့ ဒီနွေဦးတော်လှန်ရေး လေးနှစ်တာအတွေ့အကြုံနဲ့ ပြောမယ်ဆိုရင်တော့ ဝါရင့်နိုင်ငံရေး သမားလို့ပဲပြောပြော၊ ဝါရင့်တော်လှန်ရေး သမားလို့ ပဲပြောပြောပေါ့နော်၊ လူကြီးတွေပေါ့နော်။ သူတို့ လူငယ်တွေကို ယုံကြည်မှုအပြည့်အဝ မပေးတာက စိန်ခေါ်မှု အကြီးမားဆုံးလို့ မြင်တယ်။ မြန်မာ့တော်လှန်ရေး ပြန်ကြည့်မယ် ဆိုရင်တော့ စစ်တပ်က အာဏာခဏခဏ သိမ်းတယ်။ ဒီစစ်တပ်က အာဏာသိမ်း တိုင်းသိမ်းတိုင်းမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါ်လာတယ်၊ ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးဘာဖြစ်သလဲဆိုရင်တော့ စစ်တပ်က အာဏာသိမ်းတာက အမြဲတမ်း အောင်မြင်ပြီးခါမှ တော်လှန်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေက အမြဲတမ်းကျဆုံးတယ်၊ အမြဲတမ်း ကျရှုံးတယ်။ ဆိုတော့ အဲ့ဒါကတော့ နှစ်ပေါင်း၊ အနည်းဆုံးပြောမယ်ဆိုရင် ရှစ်ဆယ့်ရှစ် ကနေစပြီးမှ တော်လှန်ရေးလုပ်လာတဲ့သူတွေ အခုအချိန်အထိ တော်လှန်ရေးမှာ တာဝန်ရှိ တဲ့သူတွေ ဖြစ်နေသေးတယ်ပေါ့နော်။ ဖြစ်နေသေးတော့ လက်ရှိလူငယ်တွေက ဒီမှာပဲ ကျရှုံးသွားခဲ့လို့ရှိရင် ဘယ်လောက် အန္တရာယ်ကြီးမားတယ်ဆိုတဲ့ အရာအပေါ်မှာ အခြေခံပြီး တော့မှပေါ့နော်၊ လက်ရှိလူငယ်တွေက တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ မအောင်မြင်တဲ့ တော်လှန်ရေး ရပ်ဝန်းကနေ ဖောက်ထွက်ချင်ကြတယ်ပေါ့နော်။ ဒီလိုမှမလုပ်ရင်မရဘူး၊ ဒီလိုလုပ်မှ ရမယ်ဆိုပြီးမှ ဒီလူငယ်တွေက ဖောက်ထွက်နိုင်ဖို့အတွက် မအောင်မြင်တဲ့ အတွေးအခေါ်၊ မအောင်မြင်တဲ့ theory၊ မအောင်မြင်တဲ့ တော်လှန်ရေး ကနေ ဖောက်ထွက်ပြီးမှ အမြန်ဆုံး ကျွန်တော်တို့ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ လုပ်လာတဲ့အချိန်မှာ သက်ဆိုင်ရာ ဝါရင့် တော်လှန်ရေးလုပ်လာတဲ့ ဒီအနှစ် ၇၀ လုံးလုံး လုပ်လာတယ် ဆိုပြီးမှ ပြောကြတယ်ပေါ့နော်။ တကယ့်တကယ် အနှစ် ၇၀ လုံးလုံး ဟုတ်မဟုတ် ကတော့ ကျွန်တော်တို့ ပြည်သူအားလုံးကပဲ အဖြေပေးဖို့ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ လူငယ်တွေအပေါ်မှာ ခင်ဗျားတို့က တော်လှန်ရေးအတွေ့အကြုံနုနယ်သေးတယ်၊ ကျွန်တော်တို့က ဒီလောက် ဒီလောက် လုပ်လာတာ သက်တမ်းဘယ်လောက်ရှိပြီဆိုတဲ့ဟာ လူထုရှေ့မှာ ဒီစကားတွေ ရောက်စေတယ်။ အဲ့ဒါတွေက ဘာတွေထိခိုက်သလဲဆိုရင်တော့ လူငယ်တွေကို ကိုယ်ကနေရာ မပေးတဲ့အပြင်မှာ ပြည်သူလူထုရဲ့ယုံကြည်မှုလည်း သွားထိခိုက်တယ်။ ဆိုတော့ ဒီလိုနဲ့ပဲ လူငယ်တွေကို နေရာပေးမှုလည်းပဲ နည်းပါးတယ်၊ ယုံကြည်မှုနည်းပါးတယ်။ ဆိုတော့ ဒီမှာပဲ လူငယ်တွေနဲ့ ဒီတော်လှန်ရေးအတွေ့အကြုံသမားတွေနဲ့ ကွဲလွဲမှုတွေနဲ့ ဖြစ်လာတယ်ပေါ့နော်။ ဒီဟာက အကြီးမားဆုံး စိန်ခေါ်မှု ၂၀၂၁ နောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ လူငယ်တွေ အဓိကကြုံတွေ့နေရတဲ့ ပြဿနာလို့ မြင်ပါတယ်။ ဟုတ်။
Rain – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမတိုင်ခင်မှာဆိုလို့ရှိရင် ဒါ ကျွန်တော်တို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍတွေကို အများအားဖြင့် ကန့်သတ်ထားတာမျိုး တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒါပေမဲ့လည်းပဲ ဒီတော်လှန်ရေး ကာလအတွင်းမှာ အမျိုးသမီးတွေအနေနဲ့ ကဏ္ဍစုံမှာ ဦးဆောင်ပါဝင်နေတာကိုလည်းပဲ တွေ့ရှိနေရတယ် ပေါ့နော်။ ဆိုတော့ အမျိုးသမီးတွေအနေနဲ့ ဒီစစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍတွေမှာ ပါဝင်ဦးဆောင်လာမှုအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုများ သုံးသပ်ပါသလဲပေါ့နော်။ ဒီထက်ပိုပြီးတော့မှ အမျိုးသမီးတွေအနေနဲ့ ကဏ္ဍစုံမှာ ဟို အားကောင်းကောင်းနဲ့ ပါဝင်လာနိုင်ဖို့အတွက်ရော ဆရာ့အနေနဲ့ ဘယ်လိုများ အကြံပြုလိုပါသလဲရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ ဒီနွေဦးတော်လှန်ရေးမှာတော့ ဒီနိုင်ငံ တစ်ဝှမ်းလုံး အနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သူကပိုပြီး ပေးဆပ်တယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ ပြီးတော့ အမျိုးသမီးကပိုပြီး ပေးဆပ်တယ်၊ အမျိုးသားကပိုပြီး ပေးဆပ်တယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ အားလုံးကတော့ နိုင်ရာဝန်ထမ်းနေကြတယ်။ ဆိုတော့ အမျိုးသမီးတွေလည်း ရောက်တဲ့နေရာကနေ အတတ်နိုင်ဆုံး ကိုယ်လုပ်နိုင်တဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင် အတတ်နိုင်ဆုံး အားထည့်ပြီးမှ ကိုယ့်ရှေ့က မအောင်မြင်ခဲ့တဲ့ ကျွန်တော်တို့ မြန်မာ့တော်လှန်ရေး သမိုင်းတစ်လျှောက်ကလိုမဟုတ်ဘဲနဲ့ အခု ၂၀၂၁ နောက်ပိုင်းမှာဆိုရင် အမျိုးသမီးတွေလည်း နိုင်ငံခြားရောက်တာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် တော်လှန်ရေးမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေပေါ့နော်၊ CDM ကတော့ အားလုံး မိန်ကလေးတွေတောင်မှ ပိုများသေးတယ်။ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေး စာရင်းကြည့်မယ်ဆိုရင်ပေါ့နော်။ ဆိုတော့ အားလုံးက အတူတကွ ဆောင်ရွက်နေကြတယ်ပေါ့နော်။ တချို့အမျိုးသမီးတွေကတော့ CDM လုပ်တဲ့အဆင့်လည်းကျော်ပြီးမှ လက်နက်ကိုင်ထဲမှာအထိ စိတ်ဝင်စားတယ်၊ သင်တန်းတက် ကြတယ်၊ အမျိုးသားတွေနဲ့ တန်းတူပဲ စစ်သင်တန်းတွေဘာတွေနဲ့ တက်ကြတယ်ပေါ့နော်။ ဆိုတော့ ရှေ့တန်းသွားမယ့်အချိန်မှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ချင်းမှာဆိုရင်တော့ ကျွန်တော်တွေ့ကြုံရသလောက် ကျွန်တော်တို့ အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျွန်တော်တို့က လက်နက်အင်အားမရှိတာ၊ မရှိတဲ့အချိန်မှာ ယောက်ျားလေးတွေမှာ တောင်မှ လူရွေးရတယ် ရှေ့တန်းသွားမယ်ဆိုရင်ပေါ့နော်။ အဲ့တော့ အမျိုးသမီးတွေက အဲ့ဒီမှာ ပြန်ကျန်ကျန်ခဲ့ကြတယ်။ သူတို့က အမျိုးသမီးမို့လို့ ကျန်ခဲ့တာ မဟုတ်ဘူး၊ လက်နက်က တစ်လက်နှစ်လက်၊ ဟို မောင်းပြန်ကလည်း နှစ်လက်သုံး လက်ပဲရှိတာပေါ့နော်။ အဲ့ဒါနဲ့မဖြစ်သလို စစ်တိုက်ရမယ့်အချိန်မှာဆိုရင် ယောက်ျားလေး ရဲဘော်တွေ အများကြီးစုတဲ့အချိန်မှာ အဲ့မှာအမျိုးသမီးတွေက အလိုလိုနဲ့ပေါ့နော်၊ ဒီလို ကျန်ကျန်ဖြစ်သွားတယ်။ ဆိုတော့ ဒါကတော့ အမျိုးသမီးဖြစ်လို့ကျန်ခဲ့တာတော့ မဟုတ်ဘူး၊ အခက်အခဲအမျိုးမျိုးကြောင့်ပေါ့နော်။ ချင်းညီနောင် စစ်ဆင်ရေး ဖလမ်းမှာဆိုရင်လည်းပဲ အားလုံးသိတဲ့အတိုင်းပဲပေါ့နော် တကယ့်အမျိုးသမီး ဖလမ်းရဲ့ CNO/CNF ရဲ့ Defense ထဲမှာလည်းပဲ ဒီအမျိုးသမီးပေါ့နော်။ ပြီးတော့ ရှေ့တန်းမှာလည်းပဲ Sniper တွေနဲ့ တိုက်ပွဲဝင်နေကြတာ တွေ့ရတယ်။ တော်တော်လေး အားကျစရာကောင်းတယ်။ CDM မဟုတ်သည့်တိုင်အောင် ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့သူတွေကလည်း တတ်နိုင်သလောက် တော်လှန်ရေးကို support ပေးကြတယ်၊ CDM တွေလည်း CDM မှာလည်း အင်အားကောင်းတယ်၊ လက်နက်ကိုင်မှာလည်းပဲ တတ်နိုင်ဆုံး ပါဝင်ကြတယ်ပေါ့နော်။ ဆိုတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပြောမယ်ဆိုရင် ဒီလိုမျိုး Fund မရှိဘဲနဲ့ ဘယ်တော်လှန်ရေးမှ အဆင်မပြေဘူးပေါ့နော်။ ဆိုတော့ ဒီလိုမျိုး fundraising လုပ်မယ့်ဆိုရင်လည်းပဲ အမျိုးသမီးတွေပဲ ပိုပြီးမှ ကြိုးစားတယ်၊ ပိုပြီးမှ အချိန်ပေးတယ်၊ ပိုပြီးမှ စီစဉ်သူတွေကတော့ အမျိုးသမီးတွေ ပိုများတယ်။ အဖက်ဖက်ကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဒီနွေဦးတော်လှန်ရေးမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရတာပေါ့နော်။ တကယ်အားရ စရာကောင်းတယ်။ ကျွန်တော်တို့ အနာဂတ်မှာလည်းပဲ ကျွန်တော်တို့ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဒီလိုမျိုး ကျွန်တော်တို့ နောင်လာမယ့် constitution ပြောမလား၊ charter ပြောမလား၊ ဒီလိုမျိုး မူဝါဒမှာကိုလည်းပဲ တကယ် ဟိုအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြီးမှ ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ လျော့နည်းခဲ့တဲ့ဟာတွေ ဒီဟာတွေ ပြုပြင်စရာတွေ ပြုပြင်ပြီးမှ ဒီလိုမျိုးမူဝါဒမှာရော ဒီလိုမျိုး ထိန်းကျောင်းပြီးမှ ဆက်လက်ပြီး အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အားပေးသင့်တယ်လို့ ကျွန်တော်အနေနဲ့တော့ မြင်ပါတယ်။
Rain – ဟုတ်ကဲ့ပါ ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်လေးနဲ့ ပတ်သက်ပြီးတော့ အနည်းငယ်လေး မေးချင်ပါတယ်။ ဆိုတော့ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ အားလုံးပေါင်းစည်းပြီးတော့ ချင်းပြည်နဲ့ချင်းတစ်မျိုးသားလုံးကို အကာအကွယ်ပေးနိုင်တဲ့ ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ်အဖြစ် တိုးချဲ့ဖွဲ့စည်းဖို့ အခြေခံမူတွေ ချမှတ်ထားတယ်လို့ ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တချို့ကလည်းပဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်တဲ့သူတွေရှိသလိုပဲ တစ်ဖက်မှာလည်းပဲ ဘယ်လိုမူတွေနဲ့ ဟို ဘယ်လိုမျိုး ရှေ့ဆက်အကောင်အထည်ဖော်မလဲဆိုပြီးတော့ စောင့်မျှော်နေကြတဲ့သူ တွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ ဟို ဘယ်လိုမျိုး မူတွေ ချမှတ်ခဲ့ကြသလဲဆိုတာလည်း ဆရာ့အနေနဲ့ ဆက်လက်ဆွေးနွေးပေးပါဦးရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ ချင်းညီနောင်ရဲ့ ဝမ်းအာမီ နဲ့ ပတ်သက်လို့ သူတို့ ချင်းညီနောင် မြေပြင် တွေ့ဆုံပွဲ ညီလာခံ မှာ အားလုံး သဘောတူညီ ပြီးမှ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီ အစည်းအဝေးရဲ့ သဘောသဘာဝ အရ အာဂျင်ဒါ မှာ ပါ လို့ ကျွန်တော် တို့ တည်ထောင်ပေး ထားတာ မဟုတ်ပါဘူး။ ကျွန်တော် တို့ ချင်းညီနောင် တွေ ရဲ့ ချင်းညီနောင် ခေါင်းဆောင် တိုင်း အားလုံး မှာ ကျွန်တော် တို့ ဝမ်းအာမီ သွား ဖို့ ဆိုတာ အစ ကတည်းက နဲ့ လည်း ယုံကြည်ချက် ရှိပါတယ်။ အဲ့ဒီမှာ တစ်ခု ဆက်စပ်ပြီး ပြန်ပြော မယ် ဆိုရင် ကျွန်တော် တို့ နွေဦးတော်လှန်ရေး အစမှာ ကျွန်တော် တို့ချင်းတွေ တစ်စုတစ်စည်းတည်း ဖြစ်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက် ကိုယ်စီနဲ့ ပေါ့နော်။ ဥပမာ ကျွန်တော် က CDF ကန်ပက်လက် မှာ စစ်ဦးစီးချုပ် ဖြစ်ခဲ့ တယ် ပေါ့ နော်။ ဒါပေမယ့် စစ်ဦးစီးချုပ်လို့ မသုံးနှုန်းခဲ့ဘူး ။ တပ်မဟာမှူး ဆိုတဲ့ဟာပဲ သုံးခဲ့တယ်။ မင်းတပ်မှာလည်း အခု စစ်ဦးစီးချုပ်လည်း တပ်မဟာမှူးလို့ပဲ သုံးခဲ့တယ်ပေါ့နော်။ အဲ့ဒါ ဘာ ကို အဓိပ္ပာယ်လဲ ဆိုရင်တော့ ကျွန်တော်တို့ ချင်းတစ်ခုလုံး ချုံငုံပြီးမှ ဝမ်းအာမီ ဖြစ်မယ်။ ပြီး ရင် အဲ့ဒီ တပ်မဟာလိုက် ပေါ့နော်။ အဲ့ဒီ မြို့နယ် အလိုက်ပဲ ဖြစ်ဖြစ် ဒေသကို ကြည့်ပြီး လိုအပ် သလို ကာကွယ်ရေးက တပ်မဟာချမယ် ။ အဲ့ဒါ တပ်မဟာမှူး ဆိုတဲ့ ဟာ အဲ့လို သုံးခဲ့ တယ် ။ အဲ့ဒီ အသုံးအနှုန်း ရဲ့ ရည်ရွယ်ချက် ကို က ကျွန်တော် တို့ ချင်း တွေ က ဝမ်း command ဝမ်းအာမီ ပဲ ဖြစ်သင့် တယ် ဆိုတဲ့ ဟာ ကျွန်တော် တို့ မှာ ယုံကြည်ခဲ့ တယ်။ အဲ့ဒါ ကျွန်တော် CJDC မှာ လည်း အားလုံး ထက်ထက် ကြွကြွ နဲ့ ပါဝင်ခဲ့ကြ တယ်ပေါ့နော် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်ဒီဟာ မအောင်မြင်ခဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ အခု ချင်းညီနောင် ခေါင်းဆောင် တွေထဲမှာ ဒီဝမ်းအာမီ ဖြစ်ဖို့က တော့ အားလုံး တကယ့်စိတ်ရင်း အမှန်နဲ့ ပေါ့နော် ။ တကယ့် တကယ် အလုပ်ဖြစ်ဖို့ ခက်ခဲမယ် ဆိုတာ တော့သိတယ် ။ ဒါပေမယ့် မဖြစ်မနေလုပ်ရ မယ်ဆိုတဲ့ဟာ အားလုံးရဲ့ စိတ်ဆန္ဒဖြစ် မယ်လို့ မြင်တယ် ။ အဲ့ဒီ အတွက် ကြောင့် ဒီမြေပြင် တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက်ချ တယ် ။ လိုအပ်မယ့် အသေးစိတ် မူဝါဒ ပိုင်းဆိုင်ရာ ကတော့ဒီ တာဝန်ယူတဲ့ အဖွဲ့အစည်း ကဏ္ဍရှိတာ ပေါ့နော် ။ ချင်းညီနောင် ရဲ့ အတွင်းရေးမှူး အဖွဲ့ဖြစ်ဖြစ် အဲ့လိုမျိုး အဖွဲ့အစည်း တာဝန်ယူတော့ အသေးစိတ် အချက်အလက်တော့ ကျွန်တော် တို့ မပြောနိုင်သေး ဘူးပေါ့နော် ။ ဒါပေမယ့် ဆုံးဖြတ်ချက် အနေနဲ့တော့ ဆုံးဖြတ်ထားတယ် ။ ပြည်သူလူထုလည်း သိအောင် ကျွန်တော်တို့ အားလုံး ထုတ်ပြန်လာတဲ့ အချိန်မှာကျတော့ တချို့ကတော့ ထောက်ခံတယ် ပေါ့နော် ။ ဒါဖြစ်ရမယ်လို့ ပြောကြတယ် ။ တချို့ကတော့ မဖြစ်နိုင်ဘူး ဆိုပြီးမှ ဘာကြောင့် မဖြစ်နိုင်မှာလဲ ဆိုတဲ့ဟာ တွေနဲ့ဒီ ဝေဖန်မှုတွေ လည်း အများကြီးရှိ ပါတယ် ။ မဖြစ်နိုင်ဘူး ဆိုတာထက်ပေါ့နော် ။ အရမ်း ခက်ခဲမယ် ဆိုတာတော့ ကျွန်တော်တို့လည်း သိတယ် ။ ကျွန်တော် တို့ တော်လှန်ရေး စစချင်း ကတည်းကနဲ့ တူမီးနဲ့ တော်လှန်လာတော့လည်း အောင်မြင်မှာမဟုတ်ဘူး ပေါ့နော် ပြောခဲ့တဲ့ သူတွေရှိတယ် ။ ကိုယ့်မြို့နယ် ကိုယ့်ကိုယ့် တပ်ဖွဲ့အလိုက်နဲ့ ဒီထိုးစစ် ပြန်ဆင်ဖို့ရာ အတွက် ဖြစ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ ချုံခိုတိုက်ပွဲတွေ လောက်ပဲလုပ်နိုင်တယ် ၂၀၂၁ -၂၂ ပေါ့ နော်။ ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မပေါင်းစည်းဘူး ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုမှ ဒီ ချင်းညီနောင် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကျွန်တော်တို့ ပူးပေါင်းတဲ့အချိန်မှာ လည်းပဲ ဒါ အောင်မြင်မှာ မဟုတ်ဘူး ပေါ့နော် ။ ဆိုတော့ ဒီစစ်ဆင်ရေး လုပ်လုပ်ရင်လည်း ပထမဦးဆုံး ချင်းညီနောင်ရဲ့ စစ်ဆင်ရေး ကျင်ဒွေးပေါ့နော် ။ ကျင်ဒွေးoperation က ကြာလည်းကြာတော့ အဲ့မှာ မသိမ်းနိုင်ဘူး ။ အဲ့မှာ ခေါင်းဆောင်တွေက အသုံးမကျကြ တာပါ ။ ကျင်ဒွေးက ဘာမြို့ကြီး လည်းမဟုတ်ဘူး ။ သေးသေးလေး ဒီဟာက သူတို့ နိုင်မှာ မဟုတ်ဘူး ။ ကျွန်တော် တို့ ရဲဘော်တွေလည်း ကျတယ်တယ် ။ လိုင်းပေါ်မှာလည်း ထိန်းလို့မရဘူး ပေါ့နော် ။ စကစ ဘက်ကလည်း သတင်းထုတ်တော့ အမျိုးမျိုး ဝေဖန်ခဲ့ကြတယ် ။ ဒါပေမယ့် ရအောင် သိမ်းနိုင်တယ် ။ ဒါရုံမကဘူး ။ ကျန်တဲ့ မြို့နယ်တွေလည်းပဲ တစ်ခုပြီးတစ်ခု သိမ်းခဲ့တယ် ။ ဒီ ချင်းညီနောင် လည်းပဲ အလုပ်မဖြစ်ပါ ဘူး ။ တချို့ဆိုရင် တော့ ဒီလူနည်းစု လူနည်းစုတောင်မှ မဟုတ်ဘူး ။ တကယ့် လူနည်းစုထဲက လူနည်းစုပဲ ပြောခဲ့ကြတယ် ။ ဒါပေမယ့် တကယ့် တကယ်မှာတော့ ပြည်သူတွေက မြင်တွေ့တဲ့ အတိုင်းပဲ ပေါ့နော် ။ အောင်မြင် သလား မအောင်မြင်ဘူးလား ။ ဆိုတော့ ကျွန်တော်တို့ အခု ဝမ်းအာမီလည်းပဲ ကျွန်တော် တို့ အများကြီး စဉ်းစားပြီးမှ ပေါ့နော် ။ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာထက် ကျွန်တော် တို့ အားလုံးက တော်တော်လေး ခက်ခဲမယ်ဆိုတာ သိတယ် ။ ဒါပေမယ့် မလုပ်လို့လည်း မဖြစ်ဘူး ပေါ့နော် ။ အခု စကစရဲ့ အခြေအနေ ကြည့်မယ်ဆိုရင်လည်း အချိန်မရွေး ထိုးစစ် ပြန်ဆင်လာနိုင်တဲ့ အခြေအနေမှာ ရှိတယ် ။ ကျွန်တော်တို့ ဝမ်းအာမီ ဒီလိုမျိုးဝမ်း command နဲ့ မလုပ်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့နယ်မြေတွေကို ဘယ်လောက်ထိ ထိန်းသိမ်းကာကွယ်နိုင် မလဲ ဆိုတာလည်းပဲ စဉ်းစားစရာ ဖြစ်တယ် ။ မဖြစ်မနေကို လွယ်ကူလို့ ကျွန်တော်တို့ လုပ်နိုင်မယ် ဆိုပြီးမှ လွယ်ကူလို့ လုပ်တာ မဟုတ်ဘူး ။ မလွယ်ကူရင်လည်း လွယ်ကူရင်လည်း လုပ်ကို လုပ်ရမယ့်ဟာ ဖြစ်တဲ့အတွက်ကြောင့် အားပေးတဲ့သူတွေ အနေနဲ့တော့ ကိုယ်ကိုယ်တိုင်က ဝိုင်းဝန်းပေးဖို့ လိုမှာပေါ့နော် ။ အပြင်ဘက်ကနဲ့ ကျွန်တော်တို့ကို အမြဲတမ်းဝါဒ ကွဲပြားမှု ကြောင့် တိုက်ခိုက်တဲ့သူတွေ ကတော့ မဖြစ်နိုင်ဘူး ဆိုပြီးမှ အလွယ်လေးနဲ့ ပြောလိုက်တာပေါ့ လေ။ အနာဂတ်မှာလည်းပဲ ကျွန်တော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် unit ဖက်ဒရယ် state ဖြစ်ချင်တယ် ။ အဲ့လိုဆိုရင် ကျွန်တော်တို့ ဒီ ကိုယ့် အာမီနဲ့ကိုယ်က မဖြစ်နိုင်တာ ပေါ့နော် ။ ဝမ်းအာမီ ဆိုတဲ့ဟာမှာ ပေါင်းနိုင်မှ ဒီလိုမျိုး ပေါင်းနိုင်မှ ပဲ ဒီလိုမျိုး ကျွန်တော်တို့လိုချင်တဲ့ အနာဂတ်လည်း ပုံဖော်လို့ရမယ် ။ ဆိုတော့ မဖြစ်နိုင်ဘူး ဆိုပြီးမှ ပေါ့ပေါ့တန်တန်နဲ့ ပြောတာ ထက်ပေါ့နော် ။ တကယ့်ချင်းအတွက် အရမ်း လိုအပ်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲ နဲ့ ဟိုကြိုးစားတဲ့ အချိန်မှာ ဒီမဖြစ်နိုင်ဘူး ဆိုတဲ့ လူကတောင်မှ ပါဝင်ဖို့ပေါ့နော်။ အတတ်နိုင်ဆုံး ဒီအားပေးထောက် အားပေးထောက်ခံ ဖို့ လိုအပ်တယ်လို့ ကျွန်တော်က တော့ ပြန်ပြီးမှ ပြောချင်ပါတယ် ဟုတ် ။
Rain – ဟုတ်ကဲ့ ပါ ။ ဆက်လက် ပြီး တော့ ဒီ မဟာမိတ် ဆက်ဆံရေး နိုင်ငံတကာ ဆက်ဆံရေး စီးပွားရေး နိုင်ငံရေး လူမှု စီးပွားရေး စတဲ့ အခြေခံမူ တွေ ကို ရေးဆွဲနိုင် ဖို့ အတွက် အခြေခံမူ တွေ ကို လည်း ချမှတ်ခဲ့ကြ တယ် လို့ ထုတ်ပြန်ချက် မှာ ပါရှိ တယ် ပေါ့ နော် ။ ဆိုတော့ အဲ့ဒါ တွေ ကို ရော ဘယ်လို သဘောတူညီမှု တွေ နဲ့ ဟို ဘယ်လိုမျိုး ရှေ့ဆက် အကောင်အထည် ဖော် ဆောင်ရွက် ဖို့ ရှိ မလဲ ဆိုတာလေး လည်း ဆက်လက် ဆွေးနွေးပေးပါဦးရှင့် ။
Stephen Shing Thang – ဟုတ်ကဲ့ ပါ ။ မြေပြင်တွေ့ဆုံမှု ညီလာခံ ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ ဒီအရာတွေကို ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ် ပေါ့နော် ။ ဘယ်လိုမျိုး အခြေခံကနေ စပြီးမှ ဆောင်ရွက်မလဲ ဆိုတဲ့မူဝါဒကို ကျွန်တော်တို့ ဒီတာဝန်ပေးထားတဲ့ ဟိုရှိတယ် ပေါ့နော်။ ချင်းညီနောင်ထဲကနေ ဆိုတော့ သူတို့ဘက်ကနေ ဒီအခြေခံ အသေးစိတ်ကစတွေ တင်ပြလာမှာ ပြီးတဲ့အချိန်မှာ သူတို့ ဒီချင်းညီနောင်ကို တင်ပြလာတဲ့ အချိန်မှာပဲ ဒီဟာ အသေးစိတ် ပြောလို့ အဆင်ပြေမယ်ထင်တယ် ။ လောလောဆယ်တော့ ကျွန်တော်တို့ အစည်းအဝေး ဆုံးဖြတ်ချက်မှာတော့ ဒီဘုံသဘောတူညီချက် အားလုံး ရဲ့ သဘောတူညီချက် ပေါ့နော် ။ အသေးစိတ် အချက်အလက် တွေ ကို တော့ မပြီးသေးဘူး ပေါ့နော် ။ ဟုတ် ။
Rain – ဟုတ်ကဲ့ပါ ။ ဒီတော်လှန်ရေးအလွန်မှာ ဆရာ မျှော်မှန်းထားတဲ့ အနာဂတ် မြန်မာ နိုင်ငံတော်ရဲ့ လူ့ဘောင်အဖွဲ့အစည်းက ဘယ်လိုမျိုးဖြစ်မလဲ ပေါ့နော် ။ အဲအဲ့ဒီမှာ အာဏာရှင် စနစ် ဆက်လက်ပြီးတော့မှ မရှိဖို့ပေါ့လေ ။ မရှိစေဖို့အတွက်ကိုရော ဘယ်လိုမျိုးမူဝါဒတွေကို ချမှတ်သင့်တယ်လို့ ဆရာအနေနဲ့ဟို မြင်ပါသလဲရှင့် ။
Stephen Shing Thang – ဟုတ်ကဲ့ပါ ။ အနာဂတ်မှာတော့ ကျွန်တော်တို့ ပြည်ထောင်စု ပြန်စု မယ်ဆိုရင်လည်းပဲပေါ့နော် ။ personal အနေနဲ့ ပြောမယ်ဆိုရင်တော့ တကယ့် ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြန်ခေါ်မယ်ဆိုရင်လည်းပဲ ဒီပြည်ထောင်စု အတွင်းမှာ ရှိတဲ့သူတွေ အားလုံး ဘယ်စနစ်ဆိုတာထက် ပေါ့နော် ။ လူသား တစ်ယောက်ချင်းစီဖြစ်တဲ့ အတွက်ကြောင့် ဒီလူ့ အခွင့်အရေး အပြည့်အဝတဲ့စနစ် တစ်ခုပေါ့နော် ။ နိုင်ငံတစ်ခု အနေနဲ့တော့ မြင်ချင်ပါတယ် ။ ဒီလိုမျိုးဖြစ်ဖို့ရာအတွက် မူဝါဒတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းတဲ့ အခါမှာ ပြည်ထောင်စု အတွင်းမှာ နေထိုင်တဲ့ ဒီလူမျိုးစုတိုင်းမှာ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးနဲ့ ဒီမူဝါဒတွေ ပြောဆို ဆွေးနွေးသင့်တယ် ရေးဆွဲချမှတ်သင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်ဟုတ် ။
Rain – ဟုတ်ကဲ့ပါ ။ နောက်ဆုံး အနေနဲ့ပေါ့နော် ဆရာဒီ တော်လှန်ရေးကာလ အတွင်းမှာ ဆရာ့အနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော သင်္ခန်းစာဆိုရင်တော့ ဘာဖြစ်မလဲ ရှင့်။ အာ မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကိုလည်း ဆရာ့အနေနဲ့ဟို ဘယ်လို message များ ပို့လိုပါသလဲ ရှင့် ။
Stephen Shing Thang – ဟုတ်ကဲ့ပါ။ နွေဦးတော်လှန်ရေးမှာ ဆိုတာထက် အဲ့ဒီမတိုင်ခင် ကတည်းကနဲ့ ကျွန်တော်တို့ တော်လှန်ရေးအဆင့်ဆင့်ကို ကျွန်တော်တို့ ပုံဥပမာယူပြီးမှ ပေါ့နော်၊ အချင်းချင်းကြားမှာ ယုံကြည်မှု ပိုပြီးခါမှ တည်ဆောက်စေချင်တယ် ပေါ့နော်။ အခု ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာပဲဖြစ်ဖြစ်၊ ဘယ်ဒေသ၊ ဘယ်တိုင်းဒေသမှာဖြစ်ဖြစ်၊ ဘယ်ပြည်နယ်မှာ ပဲဖြစ်ဖြစ်ပေါ့နော်၊ ယုံကြည်မှုတည်ဆောက်တဲ့ အခန်းကဏ္ဍပေါ့နော်၊ သင်ခန်းစာ ယူစရာတွေ အများကြီးရှိတယ်ပေါ့နော်။ အကြီးမားဆုံးသင်ခန်းစာကတော့ မစုစည်း နိုင်တာ၊ တချို့အဖွဲ့တွေဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ခံယူချက်၊ ရပ်တည်ချက် ယိမ်းယိုင်တယ်ပေါ့နော်။ တချို့အင်အားကြီးလာတဲ့သူတွေကလည်းပဲ အပြန်အလှန် ထိန်းညှိမှုကို မေ့လျော့တယ်ဆိုတဲ့ဟာတွေ ကျွန်တော်တို့ အဲ့ဒါနဲ့ပတ်သက်ပြီးမှ ကျွန်တော်တို့ ဘယ်ဒေသ၊ ဘယ်နေရာမှာဖြစ်တယ်ဆိုတာထက်ပေါ့နော်၊ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကို ကျွန်တော်တို့ အကြီးမားဆုံး သင်ခန်းစာတစ်ခု အနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးအားပေးတဲ့ ပြည်သူတွေသော်လည်းကောင်း၊ တော်လှန်ရေး အားပေးတဲ့ အဖွဲ့အစည်း ထောက်ပို့သော်လည်းကောင်း ဒီဟာကို ဖြစ်ခဲ့ပြီးသားအပေါ်မှာ ဒီတော်လှန်ရေးအောင်မြင်တဲ့အထိ သင်ခန်းစာတစ်ခုအနေနဲ့ အမြဲတမ်းမမေ့ဘဲနဲ့ပေါ့နော်၊ ဒီတော်လှန်ရေးကို ဆက်လက်ပြီး သစ္စာရှိပြီးခါမှ အောင်မြင်တဲ့အထိ အားလုံး ဆက်လက်ပါဝင်ကြဖို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။
Rain (Host) – ဟုတ်ကဲ့ပါ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူး တင်ပါတယ်ရှင့်။
Stephen Shing Thang – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။