မေးမြန်းသူ- Rain, Program Host

ဖြေကြားသူ- Salai Thang Loon, ဗိုလ်ကြီး

 

Rainမင်္ဂလာပါ ဆရာ The Kaladan Post ရဲ့ Youth and Women’s Affairs Pogram လေးမှာ လာရောက်ပြီး တော့ အချိန် ပေး တဲ့ အတွက် ကျေးဇူးတင် ရှိပါတယ် ဆိုတော့ ပထမဦးဆုံး အနေနဲ့ ဆရာ ရဲ့ နာမည် ရယ် ပြီးတော့ ဆရာ အခု လက်ရှိ လုပ် ကိုင် နေ တဲ့ အဖွဲ့အစည်း နဲ့ ဆရာ ရဲ့ ရာထူး တာဝန် ကို အရင်ဦးဆုံး အနေနဲ့ မိတ်ဆက် ပေးပါဦး ရှင့်

 

Salai Thang Loonဟုတ်ကဲ့ မင်္ဂလာပါ ကျွန်တော့်နာမည်က ဆလိုင်းထန်းလွန်းပါ အခု လက်ရှိ အလုပ်အကိုင် ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ကတော့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မတော်မှာ ဗိုလ်ကြီးရာထူးနဲ့ တာဝန် ထမ်းဆောင် နေ တဲ့ အရာရှိ တယောက် ဖြစ် ပါ တယ်

 

Rainဟုတ်ကဲ့ပါ ဆိုတော့ ၂၀၂၁ အာဏာ မသိမ်း ခင် မှာ ဆရာ ဘာတွေ လုပ် ကိုင် ခဲ့ ပြီး တော့ မှ ဘယ် လို အ လုပ်ငန်း အတွေ့အကြုံတွေ ကနေ ပြီးတော့ ဆရာ လက်ရှိရှု ထောင့် နဲ့ တော်လှန် ရေးမှာ ပါဝင် လာ ဖို့ လွှမ်းမိုး ခဲ့ တာ ဖြစ် မလဲရှင့်

 

Salai Thang Loon၂၀၂၁ အာဏာ မသိမ်း ခင် ပါဝင်လှုပ်ရှားခဲ့ တဲ့ အဖွဲ့အစည်း နဲ့ လှုပ်ရှားမှုတွေ ကတော့ အကျဉ်းချုပ် နဲ့ ဖော်ပြ ရ မယ် ဆို ရင် တော့ ၂၀၁၀ မှာ ကျွန်တော် တက္ကသိုလ် ရောက် ရောက်ခဲ့တယ် ၂၀၁၃ မှာ ချင်းတိုင်းရင်းသားစာပေ နဲ့ ယဉ်ကျေး မှု ဆို တဲ့ အဖွဲ့အစည်း မှာ ပေါ့ အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင် ခဲ့ ပြီး တော့ ၂၀၁၅ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ တစ်နိုင်ငံလုံး မှာ ရှိ တဲ့ ဟာ တက္ကသိုလ် အသီးသီး ချင်း ကျောင်းသား ကျောင်းသူတွေ နဲ့ ပူးပေါင်းဖွဲ့စည်းကြပြီးတော့မှ အဲဒီမှာ plan ၂၀၁၅ ကနေ ၂၀၁၈ အထိ ပေါ့ အတွင်းရေးမှူး တာဝန် ထမ်းဆောင် ခဲ့ တဲ့ ထဲ မှာ ၂၀၁၅ အောက်တိုဘာလ အန် စီ အေ လက်မှတ် ရေးထိုး လာ တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး က လည်း ရှိ လာ တော့ အဲဒီ မှာ လည်း ကျွန်တော်တို့ ရှေ့ အမျိုးသားတပ်ဦး ကလည်း NCA လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ် လာ တာ အဲ့ဒီ အချိန် ကနေ ကျနော်တို့ လူမျိုး တစ်မျိုး ဖြစ်ခြင်း ရဲ့ လူငယ် လူလတ်ပေါ့နော် အသက်အရွယ်မရွေး အမျိုးသားရေး လွတ်မြောက် ရေး မှာ ပါဝင် ရ မယ် ဆို တဲ့ နိုင်ငံသား တစ်ယောက် ရဲ့ ဪ ခံယူရမယ် ဒီမိုကရေစီ လူ့အခွင့်အရေး နိုင်ငံရေး အရ လူသား ရ ပိုင်ခွင့် တွေ ပေါ့ နော် ဒီ ဟာ တွေ လေ့လာ ရင်း နဲ့ ကျွန်တော် နားလည် သဘောပေါက် လာ ပြီး တော့ မှ ၂၀၁၆ ကနေ ချင်းအမျိုးသား တပ်ဦးမှာ ချိတ်ဆက်ခဲ့တာပေါ့ အဲဒီ နောက်ပိုင်း NLD အစိုးရတက်လာတော့ national policy ဆိုတဲ့ အမျိုးသား လူငယ်ရေးရာ မူဝါဒပေါ့နော် အဲ့ဒီ မှာ လည်း ချင်း လူငယ် ကိုယ်စားလှယ် အနေနဲ့ တစ်ဦး ထဲ မှာ မူကြမ်းကော်မတီ မှာ လည်း ပါဝင် ခဲ့ တယ် ပြီးတော့ မင်းတပ် တက္ကသိုလ် ကျောင်းသူ ကျောင်းသား များ ဖွဲ့စည်း ခြင်း မှာလည်း ပါဝင် ဦးဆောင်ခဲ့ တယ် နောက် ပိုင်းကျ တော့ ကျွန်တော့် ရဲ့ မိခင် မြို့နယ် အဖွဲ့အစည်း ပေါ့ ကန်ပက်လက်မှာ လည်းပဲ Kanpetlet University Fellowship ဆိုပြီးတော့ ကျောင်းသားအဖွဲ့အစည်း ကို စတင် ဖွဲ့စည်း ပြီး တော့ မှ အဲဒီ မှာ လည်း အတွင်းရေးမှူးတာဝန်နဲ့ ဦးဆောင်ခဲ့တယ် လှုပ်ရှားမှုတွေ က တော့ မျိုးနွယ်စု ဒေသ အဆင့် စသဖြင့်ပါဝင်မှုတွေ ကတော့ အကျဉ်းချုံးနဲ့ပြော ရရင် ကတော့ ဒီလောက် ပါပဲ ဟုတ်ကဲ့

 

Rainဟုတ် ကဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဆရာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး ဒါမှမဟုတ်ရင် စစ်ရေး လှုပ်ရှားမှု ဆို ရင် ကော ဘာတွေ ဖြစ်မလဲ ပြီးတော့ အဲ့ဒီ အဲ့ဒီ လှုပ်ရှား မှု တွေ မှာ ဆရာ ရင်ဆိုင် ခဲ့ ရ တဲ့ အဓိက အခက်အခဲ တွေ ကို လည်း မျှဝေ ပေးပါဦး ရှင့်

 

Salai Thang Loonအဓိက ကတော့ ဘယ်သူ မှ ဒီ ခိုင်း လို့ လုပ် တယ် ဆို တဲ့ အရာ တော့ မဟုတ်ပါဘူး အမျိုးသားရေးဆိုတဲ့ဟာက ကိုယ့်အသိ စိတ် နဲ့ ကိုယ် လုပ် ရ တဲ့ ပေးဆပ်မှု တစ်ခုသက်သက် ပေါ့ နော် လိုအပ် ရင် အသက် လည်း ပေးရမယ် အရာရာ ကို စွန့်လွှတ် ပြီး မှ လုပ် ကိုင်ရတဲ့  အမျိုးသားရေး အမျိုးသား လွတ်မြောက်ရေး လက်နက်ကိုင် လမ်းစဉ် ဆို တဲ့ နေရာ မှာ စစ်ရေး၊ နိုင်ငံရေး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရမယ် စစ်ရေး နဲ့ ဖြေရှင်းလို့ရတဲ့ ပြည်တွင်းစစ်ရဲ့ အနိဌာရုံက တော် တော် ကြာ လာ ခဲ့ ပြီ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ချင်း လူမျိုး မှာလည်း အားကောင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်း က လိုအပ်တယ် ဆိုတဲ့ အသိ စိတ် နဲ့ အရင်းခံအမျိုးသားရေး စိတ်ဓာတ် နဲ့ ပေါ့ ကျွန်တော်တက္ကသိုလ် ပြီး တာ နဲ့ ၂၀၁၆ ကနေ တောက် လျှောက်ပါဝင်လာ ခဲ့ တယ် စစ်ရေး၊ နိုင်ငံရေး အတွေ့အကြုံ က တော့ တတ် နိုင် သလောက် တော့ ကြိုးစား ဆောင်ရွက် ခဲ့ တယ် ဒါပေ မယ့် အခု ချိန် ထိ က တော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အပိုင်းတွေ အားရ သလို အား မ ရ တဲ့ အပိုင်း က လည်း အများ ကြီး ရှိ တာ ပေါ့ အမျိုးသားရေးကို ဒီလို မျိုး အဓိက လုပ်ဆောင်ဖို့ရန်အတွက် တွန်းပို့ခဲ့တဲ့ အဓိက အရင်းခံ က တော့ မိမိ ကိုယ် ကိုယ် ကိုယ့် လူမျိုးအတွက်ပေါ့ ပေးဆပ်ဖို့ ပါဝင် ဖို့ လိုအပ်တယ် ဆိုတဲ့ ဘယ်သူမ မလုပ်ချင် ဆုံး ပေါ့ နော် ဒီ ဟာ ကို ဘယ်သူ မှ မ ရွေးချယ် ချင် ပါ ဘူး တကယ်တမ်း လူတိုင်း ကိုမေးကြည့်ရင်ပေါ့ ဆိုတော့ စစ်ရေး နိုင်ငံရေး လှုပ်ရှားမှုတွေ ဖက်ကို အကျဉ်းချုံးနဲ့ ဖော်ပြရမယ်ဆိုရင်တော့ အာဏာ မသိမ်း ခင် ၂၀၂၁ မတိုင်ခင် ပေါ့ နော် ကျွန်တော် လည်း ၂၀၁၇-၁၈-၁၉  တောက်လျှောက် ပြည်နယ်မြို့နယ် ဒေသ ကျေးရွာ တွေ ကို သွား ပြီး တော့ စည်းရုံးရေး စုဆောင်းရေး ဗိုလ်လောင်းတက်ဖို့ ရဲဘော် လုပ်ဖို့ စသဖြင့် ကြိုးစားပြီးမှ စည်းရုံး လှုံ့ဆော် ‌ဟောပြော မှုတွေ ဆောင်ရွက် ခဲ့ တယ် အဲ့ဒီချိန်မှာက ခေတ် ကောင်း တယ် လို့ ပြော ကြ မှာ ပေါ့ နိုင်ငံရေး က အခုလို မျိုး မပျက်သုဉ်း သေးတဲ့ကာလ ဆို တော့ လက်နက်ကိုင်လမ်းစဉ်ကို တော်တော်များများ က အား မပေး ကြ ဘူး ဒါပေ မယ့် ၄ နှစ်ပြည့် NCA ကာလ ဆိုတဲ့ 2019မှာ NCA ကတက် လုပ် ပေါ့ ဆွေးနွေး လို့ မ ရ တော့ မယ့် ဘာကို ခွဲထွက်ရေး မခွဲထွက်ရေး ပြည်ထောင်စုရေး တစ်ပြည်ထောင်စု စသဖြစ်သည့် မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန်းခွန်းတို့ ကိုယ့်ဟာကိုယ် သုံးသပ် လာ တာ ပေါ့ ကျွန်တော် ဘာလုပ် နေသလဲ ဆို တဲ့ ဟာ ကိုယ့် ကိုလည်း မေးခွန်းထုတ် လိုက်ပြီး သုံးသပ်လာ တဲ့ အခါ တခြားလက်နက်ကိုင်တွေက အင်အားရှိတယ် ကောင်း တယ် ကျွန်တော် တို့ က မပြော ပလောက် တဲ့ ရာဂဏန်း လောက် ပဲ ရှိ တာကိုး ဒီ အာဏာ မသိမ်း ခင် မှာ ဆိုရင် ကျွန်တော်တို့ ချင်းလက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ CAN/CNF ဆိုလည်း ကျွန်တော် အဲဒီမှာ ကျွန်တော် လည်း ကိုယ့် အမျိုးသား လွတ်မြောက်ရေး အတွက် ကိုယ်တိုင်ပါမှ ရ မယ် အခု ချိန် မှာ မ လုပ် ရင် ဘယ် အချိန် မှာ လုပ်ရမလဲ ကိုယ်တိုင် မလုပ် ရင် ဘယ်သူ လုပ် မ လဲ ဆို တဲ့ ခံယူချက် နဲ့ ခြေစုံပစ် ပြီးမှ ဝယ် လိုက် တဲ့ အချိန် က နေ စပြီး တော့မှ အာ အာဏာသိမ်း လာ မယ် ဆို တဲ့ ဟာ ကို ကျွန်တော် က ရိပ်တော့ရိပ်မိ ခဲ့ တယ်. ဪ နိုင်ငံရေး အသိစိတ်ဓာတ် ပေါ့နော် ဟော ကိန်း ထုတ် တာလည်း မ ဟုတ် ပါ ဘူး ကျွန်တော် တချို့ ကျေးရွာ မှာဆိုရင် အာဏာသိမ်းမှုတွေဖြစ်လာမယ် ကျွန်တော်တို့ အိမ်နီးနားချင်း ရခိုင်ပြည်ဖက်မှာလည်း တော်တော်လေး စစ်ရေးတွေက ဖြစ်ပျက်နေပြီ အဲဒီ စစ်တပ် က နောင်တစ်ချိန် အာဏာ ပြန်မသိမ်းဘူး ပြော လို့ မ ရ ဘူး ကျွန်တော်တို့ အဆင်သင့် စစ်ရေးအရ ပြင်ဆင် ထား ဖို့ လိုအပ် တယ် ဆို တဲ့ ဟာ တွေ နဲ့ အဓိက စည်းရုံး သွားလာ လှုပ်ရှား ခဲ့ တာ ပေါ့ အဲ့ မှာ ကျွန်တော် ကိုယ်တိုင် လည်း ၂၀၁၉ မှာ အခြေခံ စစ်ပညာ သင်တန်း ပြန် ယူ ပြီး မှ ရဲဘော်ဘဝကနေ ၂၀၂၀ အစော ပိုင်း မှာ တော့ ဗိုလ်လောင်းတက်ဖို့က အဆင်ပြေ လူငယ်မောင်မယ်များစွာ ချိတ်ဆက်ပြီးတော့မှ ကျွန်တော်တို့ ရောက် သွားတယ် အာဏာသိမ်း နောက်ပိုင်း တစ်ဆက်တည်း ကျနော်တို့ လှုပ်ရှား မှု တွေ ပေါ့ နော် ပြော ရ မယ် ဆို ရင် တော့ ကျွန်တော်တို့ သုံးနှစ် နီးပါး ကချင်ပြည်မှာ ကြာသွားတယ် ပြန် ရောက်ရောက်ချင်း နှစ်ပတ် လောက် ပဲ နား ပြီးတော့မှ တိုက်ပွဲ ရှေ့တန်း မှ ပဲ ကျွန်တော် တို့ မြန်မာ ပြည် မှာ အင်မတန်မှ နာမည်ကြီး ခဲ့ တဲ့ ဆီ မွန် operation ပေါ့ နော် တင့်ကားတွေ ပထမဆုံး ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းလိုက် တဲ့ ကား တွေ အကုန် လုံး မီးရှို့ အဲ့ဒါ နဲ့ ကြုံ ရ တယ် အဲ့ဒီကနေ တောက်လျှောက် ကိုယ် ကိုယ်တိုင် ဦးဆောင် စခန်းသိမ်း ရ တဲ့ ဟာလည်း ၃ ခု ရှိ တယ် အားလုံး လည်း သိရှိ ကျွန်တော် ရဲ့ personal ကိစ္စ လှုပ်ရှားမှု တစ်ခု ကိုပဲ Focus ထားပြီး တော့ မေး တဲ့ အခါ ကျတော့ အားအရဆုံးကတော့ ဆီမွန် operation တို့ မှာ နောက် ပိုင်း ရေဇွာမြို့သိမ်းတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် ခြံဖောက်ပြီးတော့ ဦးစီးဦးဆောင် အမိန့်ပေး ပြီးတော့ အဲ့ မှာ ကျွန်တော်တို့ ရေဇွာစကစစခန်း ကို ကျနော်တို့သိမ်းတယ် နောက်ပိုင်း ဘုံဇုံးကို သိမ်းတယ် ဘုံဇုံးမှာလည်း ကိုယ်တိုင်ခြံတံခါးဖောက် ရှေ့မှာ ပစ်ခတ် အမိန့်ပေး ကိုယ့်ရဲဘော် တွေ ကျဆုံး နေ တဲ့ ဟာ တွေ မြင် ကြ တော့ စိတ်တော့ မ ကောင်း ဘူး လေ စစ်သုံ့ပန်းတွေလည်း သူတို့ဖမ်းတဲ့အချိန်မှာ သူတို့ကို သတ်ရမလိုလို စစ်သုံ့ပန်းဥပဒေ ဂျီနီဗာ ကွန်ဗဲင်းရှင်းတို့စသဖြင့် လည်း ကျွန်တော်တို့ ဗိုလ်လောင်းကျောင်း မှာလည်း သင်ကြတယ် စစ်သားတိုင်း လိုက်နာရမယ့် ဟာ ကျင့်ဝတ်တွေလည်းရှိတဲ့ခါကျတော့ အမှန်တိုင်းဝန်ခံရရင် သူတို့ကို သတ်ချင်စိတ်ပေါက်တယ် ဘယ်ရဲဘော်မှ စိတ်မထိန်းနိုင်ဘူး စိတ်ကထိန်းလို့မရဘူး လက်သီး တော့ ကျွေးတာပေါ့နော် တစ်ချက်နှစ်ချက် အဲဒါမျိုးတွေ နဲ့ ကိုယ် က လုပ်ပြီဆိုတော့ ရဲဘော် တွေ က လည်း လုပ် လာ ချင် ပြီ အဲ့ မှာ ပြန်ထိန်း အမိန့် ပြန်ပေး အဲ့ဒီနောက်ပိုင်း တွန်းဇံပွဲတို့ စသဖြင့် ပေါ့ နော် တော် တော် စစ်ရေး လှုပ်ရှားမှု အတွေ့အကြုံ နဲ့ ဆိုရင်တော့ ကလည်း ၃ ခါ လောက် ဖြစ်ဖြစ် ဆိုတော့ ဒါက စစ်ရေး အကျဉ်းချုပ် အတွေ့အကြုံ အပိုင်း ကို ဖော်ပြတဲ့ အချက်ပေါ့ နော် နိုင်ငံရေးအပိုင်း မှာ ဆို ရင် တော့ ကျွန်တော်တို့ စစ်သား တွေ က နိုင်ငံရေး ပြော ဖို့ က လည်း တာဝန်လည်းမဟုတ်ဘူး လက်နက်ကိုင် ဆိုတော့လေ မြန်မာ ပြည်ကို ကြည့်မယ်ဆိုရင်လည်း စစ်တပ် က နိုင်ငံရေး မှာ ပတ်သက် နေ လို့ ဒီနိုင်ငံတော်က  ပျက် နေ တယ် ဆို တော့ နိုင်ငံရေး အပိုင်း ကတော့ သိရှိနားလည် လေ့လာ သုံးသပ် ရ တဲ့ အပိုင်း တွေ တော့ ရှိ ပေ မယ့် လည်း သိပ် မ ပြောတာပဲ ကောင်းသလိုလို ရှိတာပေါ့နော် ကျနော်တို့ စစ် သားတွေ အနေနဲ့ ကတော့ ဒီလောက်

 

Rainဟုတ်ကဲ့ပါ ဆိုတော့ ကျွန်တော် တို့ ရဲ့ ဒီ တော်လှန်ရေး ရဲ့ အဓိက ရည်မှန်းချက် က စစ်အာဏာရှင် စနစ် ပြုတ်ကျ ရေး ဖြစ် တယ် ပေါ့ နော် ဆိုတော့ တဆက်တည်း မှာ ပဲ တော်လှန်ရေး ကာလ ကြာမြင့် လာတာ နဲ့အမျှ သည် တော်လှန်ရေး အင်အားစုတွေ ကြားမှာ သဘောထား ကွဲလွဲ မှု ပြဿနာလေးတွေ ကို လည်း ကြုံတွေ့ နေ ရ တယ် ပေါ့ နော် ဆိုတော့ ဒီလို မျိုး သဘောထား ကွဲလွဲ မှု တွေ ဟာ တော်လှန်ရေး ပေါ်မှာ ဘယ်လောက် ထိ ထိခိုက် စေနိုင် တယ်လို့ ဆရာ မြင့် လည်း ဒီလို မျိုး ပြဿနာတွေ ကိုရော ဘယ်လို အကောင်းဆုံး ဖြေရှင်းသင့် တယ်လို့ ဆရာ ထင် ပါသလဲ ရှင်

 

Salai Thang Loon၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ တိုင်းရင်းသား ဒေသ တွေ မှာ လည်း အဖွဲ့အစည်း ပေါင်းများစွာ ရှိ တယ် ဒီပြည်မပိုင်း ကို ကြည့် မယ် ဆို ရင် တော့ လည်း အဖွဲ့အစည်းက တပ်ရင်းလိုက် တပ်ဖွဲ့လိုက် လက်နက်ကိုင် အဖွဲ့အစည်း ကတော့ ထောင်ဂဏန်း သောင်းဂဏန်း ထိ မြင့်တက်သွား တာ ပေါ့ နော် အခု နောက် ပိုင်း မှာ နည်းနည်း ပြန်ကျစ်လစ်လာ တယ် ဆို တဲ့ အပိုင်း တွေ လည်း ရှိ သလို တော် တော်လေးကို ဖရိုဖရဲ ဖြစ် သွား တဲ့ အပိုင်း တွေလည်း တွေ့လိုက် ရ တယ် ဆို တော့ ကျွန်တော် တို့ ရဲ့ နံပါတ် ၁ ဦးတည်ချက်က နိုင်ငံ့ ဝန်ထမ်း တွေ ကအစ cdm လုပ် ပြီး တော့ မှ အရာရာပေးဆပ်စွန့်လွှတ်ပြီးမှ စစ်အာဏာရှင် ပြုတ် ကျရေး အတွက် လက်သုံးချောင်း ထောင် ပြီး cdm လုပ် ခဲ့ ကြတယ် ဒါတင်မကဘဲနဲ့ လက်နက်ကိုင်လမ်းစဉ်ထဲနည်းမျိုးစုံ နဲ့ ကျွန်တော် တို့ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကို ဖြုတ် ချဖို့ ကြိုးစား လာ ခဲ့ တဲ့ ကြား ထဲ က လေးနှစ် ကျော် ရှိ လာ ပြီ ပေါ့ ဒီ ဖြတ်သန်းမှု ၄ နှစ်ကျော် အတွင်း မှာ မညီညွတ် မှု တွေ ပြိုကွဲ မှုတွေ စသဖြင့် အမျိုးမျိုး ရှိ လာ တယ် ဒါက ကျွန်တော်တို့ ကြုံတွေ့ရမယ့် ဟာလည်း ဖြစ်တယ် ပြည်တွင်းစစ် ဖြစ် တဲ့ နိုင်ငံတိုင်းကို ကြည့် ရင် ဒီ သဘောတရား တွေ က တော် တော် များများ ကို ရှိပါတယ် ဖြစ်ပျက်ပါတယ် ကျွန်တော်တို့ ရည်မှန်းချက် က ဘာ လဲ ကျွန်တော်တို့ ရဲ့ ပန်းတိုင် ဆိုတာ ဘာလဲ အဲဒါကို စိတ်နှလုံးထဲ ဦးနှောက်ခေါင်းထဲမှာ မပျောက် ဖို့ လိုတယ် လို့ ကျွန်တော့်ခံယူချက်က မပြောင်းလဲ ဖို့လိုတယ် စစ်ကောင်စီက သူ့ကို တော်လှန် တိုက်ခိုက် တဲ့ အဖွဲ့အစည်းတေ လက်နက်ကိုင်တေ လူပုဂ္ဂိုလ် တွေ ယန္တရား မျိုးစုံ ဒီလိုမျိုး ဖရိုဖရဲ ယိုယွင်း မှု ပေါ့ နော် ပြို ကွဲမှု ပုံစံ တွေ က သူ့ ရဲ့တကယ့်အကြိုက် ဖြစ် တယ် အဲဒါကြောင့်လည်း သူ က ဒီအာဏာ ကို မစွန့်လွှတ် ချင်တာ ဘာ လို့ လဲ ဆို တော့ ကျွန်တော်တို့ ၁၉၄၈ လွတ်လပ်ရေးရ ပြီးနောက် ပိုင်း ကနေ အခု ၂၀၂၅ အထိပေါ့ ပြည်တွင်းစစ်ရဲ့ အနိဌာရုံကိုဖြစ်စေတဲ့ မြန်မာ့တပ်မတော် ပဲခေါ်ခေါ် ဗမာ့ တပ်မတော်ခေါ်ခေါ် ကျွန်တော် တို့ အခုတော်လှန်နေတဲ့ စစ်ကောင်စီက ပျက်စီးရမယ် ခေတ်အဆက်ဆက် အာဏာသိမ်းမှု လေးကြိမ်ရှိတယ် ဆိုတော့ အဲဒီ မှာ သူ့ မှာ လည်း သင်ခန်းစာ အများ ကြီး တွေ့ကြုံ ရ တယ် သူ့ကို တော်လှန် တဲ့ အဖွဲ့အစည်း တွေ က သူ တို့ က လည်း အခွင့်အရေးတွေ ပေး တယ် မျှားခေါ်တယ် စည်းရုံး မည် ဆွေးနွေးတယ် ပြန်လည် သိမ်းသွင်း တယ် အဲ့လို နည်း နဲ့ တဖြည်းဖြည်း နဲ့ နောက်ဆုံးတော့ သူက အာဏာရှင် တည်မြဲရေး က ပြန် ဖြစ် ဖြစ် သွား တယ် အဲ့ဒါ ကို တော် တော် လည်း ကျနော် တို့က သင်ခန်းစာ သမိုင်း ကို သိရှိနားလည်ကြဖို့လိုတယ် နိုင်ငံတော် အာဏာသိမ်းမှု တော် တော် များများ မှာ ပေါ့ နော် နိုင်ငံ တစ်ခု မှာ ပြည်တွင်းစစ်က နှစ်ပေါင်း(၅၀)ဖြစ်တယ်ဆိုရင် အဲ့ဒီ နှစ်ငါးဆယ် နဲ့ ပြန် ကု စား ရ တယ် ဆို တဲ့ ဟာ ဆို တော့ ကုစားဖို့နှစ်ကို က နှစ်နှစ်ဆယ် လောက် ကြာဦး မယ် ဆို တဲ့ အပိုင်း ထဲ မှာ မ ပါ သေးဘူး နှစ်ဆယ်လောက် ကတော့ ကျနော်တို့ တောင့်ခံ ကြ ဖို့ လိုတယ် ဒီ ကြား ထဲ မှာ မြို့ တစ်မြို့ အလိုက် ဖြစ်စေ ပေါ့နော် ဒေသ အလိုက် ဖြစ်စေ ကျွန်တော် တို့ က ဘယ်သူ့ကို တော်လှန်နေသလဲဆိုတာ ကျနော်တို့ ရဲ့ ရည်မှန်းချက် ပန်းတိုင် က ဘာ လဲ ဆို တဲ့ အိပ်မက်တွေ ပန်းတိုင် အသိမပျောက်ဖို့လိုတယ် အဲဒါကို နားလည် တယ် ဆို ရင် တော့ ကျွန်တော် တို့ က ထမင်းပဲ ချက်ရချက်ချ ပေါ့ နော် ကျွန်တော် တို့ ဘယ် နည်းလမ်းကပဲပါပါ ကျွန်တော်တို့ ခံယူချက် နဲ့ လုပ် ရ တာ ဖြစ် တဲ့ အတွက် ကြောင့် ပျော်စရာ ကြီး ပါ အဲဒီမှာ တယောက် နဲ့ တယောက် တဖွဲ့ နဲ့ တဖွဲ့ ချစ်ခင်မှု လေးစားမှု အသိအမှတ်ပြုမှု အပြန်အလှန် ဆွေးနွေး ဖလှယ် အဖြေ ရှာဖို့ က အင်မတန် မှ အရေးကြီးတယ် အခု ကွဲပြဲ နေ တဲ့ သဘောတရား နဲ့ ကျွန်တော်တို့ ဆက် ပြီးမှ သွား တယ် ဆို ရင် ဒီစစ်ကောင်စီက သူတို့ အချင်းချင်းတောင် မတည့်ဘူး ကျွန်တော်တို့ အိုး ဖြတ်သန်းခဲ့တဲ့ ခေတ်အဆက်ဆက် အာဏာသိမ်းမှု လို မျိုးပဲ ကျွန်တော်တို့ပဲ ပြန်နိုင် သွားလိမ့် မယ် ဆို ပြီး တော့ မှ သူ့အတွက် ခွန်အားရ စ ရာ ဖြစ် နေ ပြီး တော့ မှ international ရော diplomacyပိုင်း မှာ ရော အာဏာသိမ်းမတရားလုပ်တာ  အစိုးရ လုပ် တာ ကျွန်တော် တို့ ပြော နေ တာ တကယ် တမ်း က သူ့ မှာ မတရားအာဏာက သူ့ မှာ ပဲ ရှိ တယ်ဘယ်နိုင်ငံနဲ့စကားပြောမယ်လဲ ကျွန်တော်တို့ NUG ဆို တဲ့ ဟာ က စင်ပြိုင် အစိုးရ အနေနဲ့ လည်း ပြည်ဝင်ခွင့်တောင်မှမလွယ် တဲ့ အနေအထား မှာ အားလုံးအနေနဲ့ စိတ်ဓာတ်ကျ ဖို့ ရည်မှန်းချက် မျှော်မှန်းချက် သည် ပျောက်ဆုံး ဖို့ ပြော ချင် တာမဟုတ် ဘူး ကျွန်တော် တို့ ရဲ့ အင်အား နဲ့ ရန်သူ့ ရဲ့ထုထည်က ဘယ်လောက် ကြီးမား သေး သလဲ ဆို တဲ့ ချိန်ဆပြီးတော့ မှ ရည်မှန်းချက် ပန်းတိုင် ကို အပျောက် မခံ ဘဲ နဲ့ ပေါ့ ကျွန်တော်တို့ စုစည်း ညီညွတ်စွာ နဲ့ အပြန်အလှန် လေးစား နားလည်မှု နဲ့ အဖြေ ရှာ ပြီး တော့ တွေ့ဆုံ ဆွေးနွေးမှု တွေ လုပ်ဖို့ လိုတယ်

 

Rainဟုတ်ကဲ့ပါ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ဥပမာအားဖြင့် တရုတ် ထိုင်း အိန္ဒိယ စတဲ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒီ မြန်မာ့တော်လှန်ရေး အပေါ်မှာ ဘယ်လို တွေ မြန်တယ်လို့ ဆရာ အနေနဲ့ သုံးသပ်သလဲပေါ့နော် သူ တို့ ရဲ့ ရပ်တည်ချက် ကရော ဒီ တော်လှန်ရေး အောင်မြင်မှု အပေါ်မှာ ဘယ်လို အကျိုး သက်ရောက် နိုင်ပါသလဲရှင့်

 

Salai Thang Loonကျွန်တော်တို့နဲ့ လုံးဝ ဆက်စပ် နေ တဲ့ နိုင်ငံ ကြီး ၂ နိုင်ငံ တရုတ် နဲ့ အိန္ဒိယရယ် ပြီးတော့ထိုင်းရယ် ဒီ သုံးခုသည် ကျွန်တော်တို့ နိုင်ငံ အပေါ်မှာ ကောင်းခြင်း ဆိုးခြင်း ကို သုံးသပ် ရ မယ် ဆို ရင် တော့ တော် တော် လေးတော့ ကျယ်ပြန့်တယ် စစ်ရေးအရကော နိုင်ငံရေးအရကော legitimacy အရကော diplomacy အပိုင်းမှာကော ကျွန်တော် တော့ ကျွန်တော် တို့ နိုင်ငံ က ပြည်တွင်းစစ် ဖြစ်နေ ပဋိပက္ခများ လေ တရုတ် ကတော့ အကျိုးစီးပွား ဖြစ်လေပါပဲ ဘာ ဖြစ် လို့ လဲ ဆို တော့ ကျွန်တော် တို့ နိုင်ငံ မှာ သာ တကယ့်ကို ပြည်သူအားလုံး အတွက် အသက်ဝင်တဲ့ နိုင်ငံတကာ နဲ့ ယှဉ်နိုင်တဲ့အစိုးရတရပ်ရှိတယ်ဆိုရင် ဒီတရုတ်က အခွင့်အလန်းတွေ နေရာတော်တော်များများကို ဆုံးရှုံးနစ်နာရမယ်ဆိုတာ သူကသိတယ်အဲဒါကြောင့် တချို့ပြောတာတရုတ်ပြည်သူ့ သမ္မတမြန်မာနိုင်ငံတော်ဆိုပြီးတော့ တကယ်တမ်းအဲဒီလိုဖြစ်နေတာ တရုတ်ကမြန်မာပြည်နိုင်ငံရေးမှာက လုံးဝပါဝင်ပတ်သက် စွက်ဖက်မှုက တော်လှန်ရေးရောနိုင်ငံရေးအခင်းအကျင်း လေ့လာသုံးသပ်တဲ့သူတိုင်းက သိရှိနားလည်ပါလိမ့်မယ် ပြည်တွင်းစစ်မြန်မာပြည်မှာ ဖြစ်လေတရုတ်ကတို့ အကျိုးစီးပွားဖြစ်လေ  အိန္ဒိယကတော့ဒီမိုကရေစီနိုင်ငံကျင့်သုံးတဲ့အခါကျတော့ ဘယ်စစ်ပွဲ ဘယ်တော်လှန်ရေး အဖွဲ့အစည်းမှသူကအားပေးတဲ့နိုင်ငံမျိုးမဟုတ်ဘူး ထိုင်းကျတော့လည်း သူကလက်နက်ပွဲစားလုပ်အင်မတန်မှ ကောင်းတဲ့နိုင်ငံတခုဖြစ်နေတာကို ကျွန်တော်တို့ အိမ်နီးနားချင်း၃နိုင်ငံနဲ့ ကျနော်တို့အပေါ်မှာအကျိုးသက်ရောက်မှု က အိန္ဒိယကတော့ တရုတ်နဲ့ အားပြိုင်မှုတွေရှိတဲ့အခါကျတော့ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးချင်ယောင်ယောင် အားမပေးချင်သလိုဖြစ်ပြီးတော့မှ တရုတ်ကို တိုက်ရိုက် north east Policy အရပေါ့နော်သူ့အတွက်လည်း ခက်ပြန်တယ်ဆိုတော့ ကျွန်တော်တို့ မြန်မာပြည်ပြည်တွင်း စစ်ဖြစ်လေလေ သူတို့အတွက်ကတော့ အမြဲတမ်း အမြတ်ရှိတယ်လို့ ပြောလို့ရတယ် ဒေသတွင်းနိုင်ငံရေးအပိုင်းမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုကိုတော့ အဲ့လိုနဲ့ပဲကျွန်တော်တို့အနည်းငယ်သုံးသပ်ချင်တာပါ

 

Rainဟုတ်ကဲ့ပါ ဆရာလည်း လူငယ်တဦးဖြစ်တဲ့အခါကျတော့ လူငယ်တစ်ဦးအနေနဲ့ ဒီတော်လှန်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကို ဆရာဘယ်လိုမျိုးမြင်မိပါသလဲ ဆိုတော့လူငယ်တွေအနေနဲ့ ဒီလိုမျိုးဦးဆောင်နေတဲ့အခါမှာ ရင်ဆိုင်နေရတဲ့အဓိက စိန်ခေါ်မှုနဲ့ အခက်အခဲတွေဆိုရင်ကော ဘာတွေဖြစ်မလဲဆရာ

 

Salai Thang Loonချင်းလူငယ် တော်လှန်ရေး သမားတယောက်အနေနဲ့ ၂၀၂၁အာဏာသိမ်းမှု နောက်ပိုင်းပေါ်ပေါက်လာတဲ့ဒီတော်လှန်ရေးမှာကအစပိုင်းကအခုနောက်ပိုင်းကအခြေအနေကတအားကိုကွာဟသွားတယ် ကျွန်တော်တို့က လူငယ်လူလတ်ဖြစ်တယ် လူကြီး တော်တော်များများ ချင်းခေါင်းဆောင် တွေပေါ့နော် လူကောင်းတွေရှိတယ် တော်တော်များများ ကတော့ရှေးရိုးစွဲအယူအဆတွေရှိကြတယ် တချို့လူငယ် လူလတ်မှာလည်း လူကြီးတွေရဲ့အမွေဆိုးလို့ခေါ်မလား အဲ့ဒီဟာတွေကျွန်တော်တို့ အခုနောက်ပိုင်းမှာ ရင်ဆိုင်ကြုံတွေ့ခံစားလာရတဲ့ဟာတွေ ကျွန်တော်တို့လူငယ် တစ်ယောက်အနေနဲ့ ချင်းတော်လှန်ရေးဖွဲ့စည်းတိုင်း ဦးဆောင်သူတွေရောပေါ့နော် ဒီ၂ဖက်ကိုသုံးသပ်ရမယ်ဆိုရင်ccမှာလည်း လူငယ်ရှိတယ် Chin Brotherhood မှာလည်း လူငယ်ရှိတယ် လူကြီးလူငယ်စသဖြင့် အကုန်လုံးရောစပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုပါပဲ အခုနောက်ပိုင်းတော်တော်များများက တော်လှန်ရေးမှာ ကျနော်ကအရေးကြီးဆုံးကျနော် မပါလို့မဖြစ်ဘူးဆိုတဲ့ပြည်တွင်းက ဟာတွေရော ပြည်ပကဟာတွေရော ကိုက ပိုအရေးကြီးသလိုလိုအဲဒီလိုမျိုးတွေ အကုန်လုံးက တော်တော်များများက အရေးပါလာ ချင်ကြတယ် အဲ့တာတော့လူငယ်တစ်ယောက်အနေနဲ့ လူငယ်တွေကိုပဲကြည့်ရမလိုလို လူကြီးတွေကိုပဲကြည့်ရမယ်လိုလို ဒီgenerationသုံးခုအနေနဲ့ ကြည့်မယ်ဆိုရင် ပေါ့နော်ဦးဆောင်သူ အခန်းကဏ္ဍတွေကလည်းအားလုံးက ပေးဆပ်နေတဲ့စိတ်တွေလည်း ရှိကြတာပေါ့နော် ကချင်မှာဆိုရင်ကျွန်တော်တို့သုံးနှစ်နီးပါးနေတယ် ကချင် KIAတွေက ဘာပြောသလဲဆိုရင် ဒီတော်လှန်ရေးက အောင်အောင် မအောင်အောင်ပေါ့နော် ဒီလွတ်လပ်ရေးက ရရမရရမင်းမပါရင်လည်းရတယ် ဒါပေမယ့် မင်းပါရင်တော့ ပိုကောင်းတယ်ဆိုတဲ့ဟာဆိုတော့ ကျွန်တော်တို့ကပါဝင်မှုအဆင့်ကနေ ဝင်ပါမှုတွေစွက်ဖက်မှု တွေပေါ့ပြည်တွင်း ပြည်ပတော်တော်များများကအရေးပါချင်ကြတာက အဓိက ပြဿနာဖြစ်တယ် ကျနော်တို့ဦးဆောင်ရတဲ့အပိုင်းတွေမှာပေါ့နော် မြေပြင်မှာရော ကျွန်တော်တို့ သက်တူရွယ်တူ အခု တော်လှန်ရေးမှာ တော်တော်များတယ် ကျွန်တော်တို့ နှစ်ဆယ်၊ နှစ်ဆယ့်ငါး၊ သုံးဆယ်ဝန်းကျင်က ကျွန်တော်တို့ ချင်းတော်လှန်ရေး အဖွဲ့အစည်းတိုင်းမှာ ချင်းလူငယ်လက်နက်ကိုင်တာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတာကိုး ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းကတော့ လူကြီးလူအိုအပိုင်းတွေလို့ပြောရမယ်ဆိုတော့ အဲ့ဒါကကျွန်တော်တို့လူငယ်တွေမှာလည်း ပြည့်ဝတဲ့ဦးဆောင်မှုကလည်း မရှိပြန် ဘယ်သူကမှလည်း မပေးရဲပြန် ဘယ်သူ ဘယ်ပုဂ္ဂိုလ်ကို ရည်ရွယ် ဘယ်အဖွဲ့အစည်းကို ဦးတည်ပြီးမှ ကျွန်တော်ပြောတာမဟုတ်ဘူး အဲဒီလိုမျိုးနဲ့ကျွန်တော်ကကြုံတွေ့ရတယ်ဗျာ ကျွန်တော်တွေ့ကြုံရတဲ့ခံစားမှုပေါ့နော် ကျွန်တော်တို့လူငယ်လူလတ်ပိုင်းက ဦးဆောင်မှု အပိုင်းတွေမှာ တာဝန်ခံမှုတာဝန်ယူမှုလည်းမရှိဘူး အဆုံးအဖြတ်ပေးနိုင်တဲ့လူလည်း လူငယ်လည်း မဟုတ်ပြန်ဘူး အဲ့လိုမျိုးနဲ့ကျွန်တော်တို့ ချင်းကတော့ လူကြီးလူငယ်ရဲ့ ကြားကာလအခြေအနေမှာ ကျွန်တော့်လိုမျိုးပေါ့နော် လူငယ်တော်လှန်ရေးသမား တစ်ယောက်နဲ့ ဦးဆောင်ရတဲ့ အခန်းကဏ္ဍမှာ ကတော့ ရှေ့မတိုး နောက်မဆုတ်လို့ခေါ်မလား တောင်တင်နေတဲ့ ကြားကာလအခြေအနေအချိန်အခါလို့ကျွန်တော်ကတော့ခံစားမိတယ်

 

Rain ဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍကိုလည်း တော်တော်များများတွေ့ရှိလာရတယ်ပေါ့နော် ဆိုတော့ဒီအမျိုးသမီးတွေရဲ့ စစ်ရေးနိုင်ငံရေး အုပ်ချုပ်ရေးစတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာမှုကိုရောဆရာအနေနဲ့ ဘယ်လိုမျိုးအကဲဖြတ် လိုပါသလဲ ဆိုတော့သူတို့ရဲ့ပါဝင်မှုအားတွေပိုကောင်းလာဖို့ အတွက်ရောဆရာ အနေနဲ့ ဘယ်လိုအကြံကောင်းတွေပေးလိုပါသလဲရှင်

 

Salai Thang Loonကျားမတန်းတူရေးဆိုတဲ့ဟာကတော့ ဒါ ကတော့ လူမှုစနစ်ပေါ့နော် စစ်ရေးနိုင်ငံရေးမှာ ကျားမတန်းတူရေးဆိုတဲ့ဟာ မရှိသလို မတူညီတဲ့ဟာလည်းရှိတယ် ဒီတော်လှန်ရေးမှာ ပေါ့နော် ပြည်တွင်းစစ်ဖြစ်တဲ့ဟာလွတ်လပ်ရေး တိုက်ပွဲဝင်နေတဲ့တိုင်းပြည်တွေကို ကြည့်မယ်ဆိုရင်အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍအင်မတန်မှ ထိရောက်တယ် ဂျူးတွေရဲ့ လွတ်မြောက်ရေးကလည်း ဒီဘဏ္ဍာရှာဖွေရေးကနေ ဂျူးအမျိုးသမီးတစ်ယောက်က စတင်ခဲ့ပြီးတော့မှ အစ္စရေးနိုင်ငံကို ၁လက်မချင်းတစ်လက်မချင်းပြန်ဝင်ကြပြီးမှ အဲ့ဒီလို ဘဏ္ဍာလုပ်နိုင်ဖို့ရန် ဘဏ္ဍာငွေရှာဖွေရေးအစ္စရေးလွတ်လပ်ရေးရနိုင်ဖို့ရန် အဓိကလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကအမျိုးသမီးဖြစ်တယ် ဆိုတော့အင်ဒိုနီးရှားတို့ တခြားနိုင်ငံကျွန်တော်တို့ အိမ်နီး နားချင်းက ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ဗီယက်နမ်တို့ပေါ့နော် ဖိလိပိုင်တို့စသဖြင့်အမျိုးသမီးရဲ့ ပါဝင်မှုအခန်းကဏ္ဍက အင်မတန်မှကြီးမားခဲ့တယ် ချင်းကျေးမှုက အရိုးစွဲတာလားမသိဘူး အမျိုးသမီးတွေကိုယ်တိုင်လည်းသိမ်ငယ်တာ အားငယ်တာအများစုပေါ့ ပြီးတော့ အမျိုးသားတွေ ကိုယ်တိုင်သွားလည်းမလုပ်နိုင်ပါဘူး ဟိုမသိပါဘူးမတတ်ပါဘူး အေးဆေးနေပါ ဆိုတဲ့ဟိုလက်လွတ်စပယ်ပြောတဲ့ ဟာမျိုးတွေရှိတယ် ကျွန်တော်တို့ ချင်းအတိုင်းအတာနဲ့ ကျွန်တော်သုံးသပ်ကြည့်တာပေါ့ အဲဒီလိုမျိုးအမျိုးသားရေး လွတ်မြောက်ရေးနိုင်ငံရေး ပေါင်းစုံက အမျိုးသမီးရဲ့ပါဝင်မှုက အင်မတန်မှအရေးကြီးတယ် ထိရောက်တယ်အမျိုးသမီးတွေက အမျိုးသားတွေထက် အဆဘယ်လောက်လဲ သတ္တိရှိတယ်ဆိုတဲ့ဟာမျိုးတွေ သူတို့ကတကယ်ဆုံးဖြတ်ပြီးဆိုရင်ကတော့ အဲဒီဆုံးဖြတ်ချက် ပန်းတိုင်အတိုင်း မရရအောင်ကိုသူတို့ကသတ္တိရှိတယ် အဲ့ဒီအပြင်သူတို့မှာ အတွေးအခေါ် ဆိုတော့ အမျိုးသမီးတွေပါဝင်မှုကွာ အင်မတန်မှအရေးကြီးတယ် နိုင်ငံတိုင်းကိုပဲ ကြည့်ကြည့်အဖွဲ့အစည်းတိုင်းကိုပဲ ကြည့်ကြည့်အမျိုးသမီးတွေရဲ့ပါဝင်မှုနဲ့ ဦးဆောင်မှုနဲ့ အောင်မြင်တဲ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းနိုင်ငံများစွာရှိပါတယ် ဘယ်အဖွဲ့အစည်းမှာ မဆိုပေါ့နော်အမျိုးသမီးတွေပါဝင်မှုက ကျွန်တော်တို့တွေ့မြင်ရတာလေ ခွန်အားတက်လေ ဥပမာကျွန်တော်တို့ရှေ့တန်းမှာ သွားတယ်စစ်တိုက်တယ် ဒဏ်ရာရတယ် လူနာကုသမှုက အစပေါ့နော် ကြာကျွန်တော်လက်တွေ့ကြုံရတာအတွေ့အကြုံ အမျိုးသားတွေ ဆေးကုပေးခြင်းထက် အမျိုးသမီးတွေဆေးကုပေးခြင်းစသဖြင့်အမျိုးသမီးတွေရဲ့ အားပေးစကားကိုယ့်အမျိုးသား အချင်းချင်းအားပေးစကားအဲ့ဒါမျိုးတွေက တုနှိုင်းလို့မရ ဘူးနော် မိခင်စိတ်အမျိုးသမီးအဲ့တော့ကျွန်တော်ကြိမ်ဖန်များစွာကြုံတွေ့ရတာ ရှေ့တမ်းမှာ သွားတယ် အမျိုးသမီးတွေလည်းကျနော်တို့ ထောက်ပို့တွေမှာဖြစ်ဖြစ် ဆေးဝါးကုသရေး တခြား သယ်ယူပို့ဆောင်ရေးချက်ပြုတ်ရေးအားတွေ့မြင်ရပြီဆိုရင် အလိုလိုကို ခွန်အားတက်တာ ဘာလို့လဲဆိုရင်အမျိုးသမီးတွေတောင်မှ ဒီလိုမျိုးပါဝင်မှုစိတ်ဓာတ် စိတ်အားထက်သန်မှုနဲ့ဖြစ်နေတာလို့ ကျွန်တော်တို့အမျိုးသားကတော့ သေမယ်ဆိုရင် တောင်မှ သေပျော်မယ်ဆိုတဲ့ စိတ်ဓါတ်အထိ အဲ့လိုမျိုးအတွေးအခေါ်တွေဝင်လာတာ အဲ့တော့ရဲဘော်တိုင်းမှာရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဥပမာရဲမေပေါ့နော်အမျိုးသမီးတွေထမင်းချက် ဟင်းပို့စဖြင့် ဘယ်လောက် အားတက်စရာကောင်းသလဲ အင်မတန်မှ အရေးကြီးတယ် ပြီးတော့အမျိုးသမီးတွေရဲ့ ဆုတောင်းပေးမှုအစာရှောင်ပြီးမှ မေတ္တာပို့သမှု စသဖြင့်တကယ့်ပီတိဖြစ်စရာ ခွန်အားရစရာဖြစ်တယ်ဆိုတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကပိုပြီးပိုပြီးမှ လိုအပ်ပါတယ်သတ္တိပိုပြီးမှရှိကြဖို့လည်းလိုအပ်ပါတယ် ပိုပြီးမှပါဝင်ကြဖို့ လိုအပ်ပါတယ် အမျိုးသားတွေကို နိုင်တာက အမျိုးသမီးတွေပဲရှိတယ် ထိန်းကျောင်းပေးနိုင်တာပဲဖြစ်ဖြစ်ပေါ့နော် ဆုံးမပဲ့ပြင် သွန်သင်အားပေးစကား နှိမ့်သိပ်မှု အမျိုးသမီးအားပေးမှု အသံကြားလိုက်တာနဲ့ အလိုလိုအားတက်တာပေါ့နော် အဲ့ဒါမျိုးတွေကအစ အမျိုးသမီးတွေရဲ့ပါဝင်မှုရာခိုင်နှုန်းက များလာလေလေ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကျွန်တော်တို့ရဲ့ တော်လှန်ရေးခရီးက ပိုပြီးမှနီးလာလေလေဆိုတဲ့ ယုံကြည်ချက်အပြည့်အဝရှိတယ် အမျိုးသမီးရဲ့ပါဝင်မှုအခန်းကဏ္ဍက နိုင်ငံတိုင်းမှာရော အဖွဲ့စည်းတိုင်းမှာရော ပိုပြီးမှလိုအပ်တယ်ဆိုတဲ့ဟာကို ကျွန်တော်အတွေ့အကြုံအရ အမျိုးသမီးတွေပါဝင်မှု အရေးကြီးပုံကိုဒီလောက်နဲ့ဖော်ပြချင်ပါတယ်

 

Rainဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေးအလွန်ပေါ့နော်ဆရာအနေနဲ့ အနာဂတ် မြန်မာနိုင်ငံမှာ ဘယ်လိုမျိုးဖြစ်စေချင်သလဲပေါ့နော် ဆရာ့အနေနဲ့ ဘယ်လိုတွေ ပုံဖော်ထားပါသလဲရှင့် ပြီးတော့မှအဲဒီအနာဂတ် မြန်မာနိုင်ငံတော်မှာဆိုလို့ရှိရင် ဒီစစ်အာဏာရှင်စနစ်ပြန်ပြီးတော့မှ မပေါ်ပေါက်လာဖို့အတွက် ဘယ်လိုမျိုးအခြေခံမှုတွေ ဒါမှမဟုတ်ရင် မူဝါဒတွေကိုထည့်သွင်းရေးဆွဲသင့်တယ်လို့ဆရာအနေနဲ့ပြောလိုပါသလဲရှင်

 

Salai Thang Loonကျွန်တော်တို့ လိုချင်တဲ့ တိုင်းပြည်ပုံစံကို ရရှိဖို့ရာကနံပါတ်တစ် လွတ်လပ်တဲ့တိုင်းပြည် ဖြစ်ဖို့လိုတယ်အဲ့ ဒီလွတ်လပ်တဲ့တိုင်းပြည်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတဲ့ ကွန်စတီကျူးရှင်း ပေါ့အဲ့ဒီဟာကအင်မတန်မှအရေးကြီးပါတယ် နိုင်ငံတခုရဲ့အသက်က ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကပဲနိုင်ငံသား အားလုံးကိုလည်း ကာကွယ်စောင့်ရှောက်တဲ့ အရာဖြစ်တယ်ကျနော်တို့တိုင်းပြည်က ၁၉၄၈ မှာ လွတ်လပ်ရတယ် ဆိုပေမယ့်လည်း အတုအယောင်ပဲ ယနေ့ချိန်အထိ လွတ်လပ်မှုမရှိကြဘူး နံပါတ်တစ် လွတ်လပ်ရေးရဖို့လိုတယ် နံပါတ်နှစ်ကျွန်တော်တို့တိုင်းပြည်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်တို့ လိုချင်တဲ့တိုင်းပြည်ကဘယ်လိုပုံစံမျိုးလည်း ကျနော်တို့တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ မတူကွဲပြားမှု ပေါင်းစုံမြန်မာ နိုင်ငံဖြစ်တယ် ဆိုတော့ တိုင်းရင်းသားတိုင်းမှာလည်းနံပါတ်တစ် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ကျွန်တော်တို့ရှိဖို့လိုအပ်တယ်အခု .အဲဒါမရှိဘူး ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသွားကြည့် ၁၉၇၄ဖွဲ့စည်းပုံသွားကြည့်မရှိဘူး ၂၀၀၈ဖွဲ့စည်းပုံက ပိုဆိုး တစ်ပြည်ထောင်စုစနစ်အဲ့ဒီတစ်ပြည်ထောင်စု စနစ်ပြဋ္ဌာန်းချက် အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေတွေကို စစ်တပ်ကအလွဲသုံးစားပြီးတော့ အချိန်မရွေးအာဏာ တက်သိမ်းလို့ရတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်နေတာဆိုတော့ကျနော် တို့တိုင်းပြည် ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ချင်တဲ့ Common stateကတော့ နံပါတ်တစ်လွတ် လပ်ရေးရရမယ် နံပါတ်နှစ် ကျွန်တော်တို့နိုင်ငံသားတိုင်းကို အာမခံချက်ပေးနိုင်ရှိတဲ့ စည်းပုံအခြေခံဥပဒေတဆက်တည်းမှာပဲ တိုင်းရင်းသားပြည်နယ် ဒေသကလည်းကိုယ်ပိုင် ဖွဲ့စည်းပုံကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ် ကျနော်တို့တိုင်းပြည်မှာအရေးကြီးဆုံးက စစ်တပ်က လည်း အလွယ်တကူအာဏာသိမ်းလို့မရအောင် အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက အရေးကြီးဆုံးဖြစ်တယ် အခုကျနော်တို့ပြည်တွင်း စစ်ဖြစ်နေတဲ့ဟာလည်းဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့နိုင်ငံရေးပြဿနာပဲ ကျွန်တော်တို့တိုင်းရင်းသားတွေကလည်း လိုလား တောင်းဆိုမှုတွေ ကမရဘူးလေ အခုထိ၁ခုမှမရဘူးအဲ့ဒါတွေကြောင့်ပဲ ပြည်တွင်းစစ်ဖြစ်တာ ဆိုတော့ ဖွဲ့စည်းပုံအရေးကြီးဆုံးဖြစ်တဲ့ဒီစနစ်ကို ကျွန်တော်တို့ကျင့်သုံးမယ်ဆိုရင်ကတော့ ကျွန်တော်တို့လိုချင်တဲ့တိုင်းပြည်ပေါ့နော် ကျွန်တော်တို့ရရှိမယ်

 

Rainဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့အဲဒီတော်လှန်ရေးကာလအတွင်းမှာ ဆရာ့အနေနဲ့ သင်ယူခဲ့ရတဲ့အကြီးမားဆုံး သောသင်ခန်းစာဆိုရင်ဘာဖြစ်မလဲရှင့် ဆိုတော့မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လို messageများ ပို့လိုပါသလဲဆရာ

 

Salai Thang Loonပြည်တွင်း ပြည်ပ နိုင်ငံပေါင်းများစွာမှာရှိကြတယ် ကျွန်တော်တို့ကလူ တဦး တယောက်ကိုရွေးချယ်တင်မြှောက်ပြီးတော့မှ အုပ်ချုပ်ခံခဲ့တဲ့လူမျိုးတွေမဟုတ်ဘူး တခြား တိုင်းရင်းသားလိုမျိုးပေါ့ဥပမာ မွန်၊ ဗမာ၊ ရခိုင်တို့လိုမျိုးဘုရင်စနစ်နဲ့ နေလာခဲ့ကြတဲ့ လူမျိုးတွေမဟုတ်ဘူး တရွာတနိုင်ငံစနစ်နဲ့နေလာခဲ့ကြတဲ့ လူမျိုးတွေဖြစ်တဲ့ အခါကျတော့စုစည်းမှုတွေက အင်မတန်မှလိုအပ်ပါတယ် အခုချိန်က အခွင့်ကောင်း အချိန်ကောင်းဖြစ်ပါတယ် ကျနော်တို့အိမ်နီးနားချင်းအရင်တုန်းက လူရှေ့ဟီးလို့ခေါ်တဲ့အခု Mizoram state ပေါ့နော် သူတို့ကလည်းပဲ (၂၆)နှစ် ဗဟိုအစိုးရနှင့် တော်လှန်ရေးလုပ်ခဲ့ကြတယ် သူတို့ လည်းအဲဒီတုန်းကဆိုရင်တကွဲတပြားပဲ တရွာနဲ့တရွာ မတည့်ပါဘူး တော်လှန်ရေးကို သစ္စာဖောက်တဲ့သူတချို့ ဒလံလုပ်တဲ့သူလွတ်လပ်သွားတဲ့ Mizoram stateပေါ့နော် အခု Mizoram မှာတောင်မှအများကြီးပါ ကျွန်တော်တို့ အနီးကပ်ဆုံး ဥပမာပေးတာ မီဇိုးတော်လှန်ရေးကိုမယုံကြည်ခဲ့တဲ့မီဇိုးတွေအများကြီးပဲ အဲ့ဒီအခက်အခဲကို နှစ်ဆယ့်ခြောက်နှစ်တာမှာ သူတို့ဖြတ်သန်းပြီးတော့မှ Mizo Independence peace accord ကို ဗဟိုအစိုးရနဲ့လုပ်နိုင်ခဲ့ကြတာ ထိုနည်းတူကျွန်တော်တို့ ချင်းတွေလည်းပဲ အဲ့ဒီအချိန်ကာလ ရောက်နိုင်ဖို့အချိန်ကရှိပါတယ် ကျွန်တော်တို့မရောက်သေးတာပဲ ရှိတယ်အခုအချိန်မှာ ကျနော်တို့ကပြည်တွင်း ပြည်ပနိုင်ငံတကာအသီးသီးမှာ ရောက်နေကြတဲ့ကျနော်တို့ ချင်းလူမျိုးတွေစည်းလုံးညီညွတ်မှုနဲ့ ကျွန်တော်တို့အမျိုးသားပြန်လည်တည်ဆောက်ရေး ပြန်လည်ညီညွတ်ရေး Chin Nation Building ပေါ့နော်စသဖြင့် အခွင့်အခါ အကောင်းဆုံးအချိန်ဖြစ်တယ် Right time ဖြစ်တယ် right policy ဖြစ်တယ် ဒါကြောင့်စိတ်ဓာတ်မကျဘဲ ကျနော်တို့ကြိုးစားရုန်းကန်ကြဖို့လိုတယ် ဒီ့ထက်ကျွန်တော်တို့ ဆိုးဝါးတဲ့အချိန်ကာလတွေ ရင်ဆိုင်ဖြတ်သန်းကြရပါဦးမယ်ထင်တယ် အဲဒါကြောင့် ခွင့်မလွတ်နိုင်တဲ့ အမှားမျိုးတွေ မလုပ်ကြတော့ မလုပ်မိကြတော့ဖို့လိုတယ် ပေါ့နော် အဖွဲ့အစည်းတိုင်း ခေါင်းဆောင်တိုင်း ရဲဘော်တိုင်း ပြည်သူတိုင်းမှာတာဝန်ရှိတယ် ချင်းလူထုကြားထဲမှာလည်း ဒီတော်လှန်ရေးကအောင်မြင်မှာမဟုတ်ဘူး ဆိုပြီးတော့မှ စိတ်ဓာတ်ကျနေတဲ့သူတွေ စစ်ကောင်စီနဲ့ ပြန်ပေါင်းရမလိုလို cdmကိုပဲ နှစ်ထပ်ကွန်း သူဆီမှာ CDM ပြန်လုပ်ရမလိုလို စသဖြင့် ဒီတော်လှန်ရေးကို အယုံအကြည်မရှိတဲ့ ချင်းလူထုထဲ အများကြီးဖြစ်ပေါ်နေတယ်လို့ ကျွန်တော်ယူဆတယ်အဲ့လိုမျိုးစိတ်ဓါတ်ကျလို့ မရဘူး ကျွန်တော်တို့နောက်ဆုတ်လို့မရဘူး ကျွန်တော်တို့ပြန်နောက်ဆုတ်ရင် ကျွန်တော်တို့စခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးကိုကျနော်တို့ပြန်နောက်ဆုတ် ပြန်စွန့်လွှတ်ရင် ဒီ့ထက်ဆိုးဝါးတဲ့ ဒဏ်ကိုခံရမယ် ကျွန်တော်တို့လက်ရှိမှာတော့ အမြည်းသဘောလောက်ပဲကျနော်တို့ ရင်ဆိုင်ကြုံတွေ့ကြရသေးတာ ပိုဆိုးတဲ့အခြေအနေ ရောက်လာရင်လည်း တောင့်ခံကြဖို့ ဒီတော်လှန်ရေးကို အယုံအကြည်ရှိဖို့အဲ့ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော် ရွေးချယ်လမ်းစဉ် ဒီတော်လှန်ရေးလက်နက်ကိုင် လမ်းစဉ်အားနိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနဲ့ ဖြေရှင်းလို့မရတဲ့အဆုံး နိုင်ငံရေးပြဿနာကိုစစ်ရေးနဲ့ ဖြေရှင်းရတဲ့အဆင့်ဖြစ်လာတဲ့ ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ ပန်းတိုင်ရှိတယ်၊ ရည်ရွယ်ချက်ရှိတယ်မဖြစ်နိုင်တဲ့အရာပေါ့ အလကားအချိန်ကုန်ခံပြီးတော့မှ ဆင်းရဲပင်ပန်းဒုက္ခမိဘတွေနဲ့ ဆွေမျိုးနဲ့ဝေးကွာနေရပြီးမှ ဒီလမ်းစဉ်ကိုရွေးချယ်ခဲ့တာ ယုံကြည်ချက်ရှိလို့ရွေးချယ်ခဲ့တာ ဒါကြောင့်ကျွန်တော့် လိုပဲပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံတကာမှာရောက်နေတဲ့ ချင်းလူမျိုးတွေလဲစိတ်ဓာတ်မကျဖို့ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်မရောက်သေးတာပဲရှိတယ် တစ်ချိန်ချိန်မှာ ရောက်ကြပါတယ် ဒီတော်လှန်ရေးကစိတ်ပျက်လို့မရဘူး ဒီတော်လှန်ရေးမှာ ပါဝင်နေတဲ့ တချို့ပုဂ္ဂိုလ်တွေကို စိတ်ပျက်လို့ရရင်ရမယ် ဒီတော်လှန်ရေး တစ် ခုလုံးကို စိတ်ပျက်လို့မရဘူး ကျွန်တော်တို့ရဲ့ အားလုံးရဲ့တာဝန်ဖြစ်တယ် ကျွန်တော်တို့ကကလေးကစားနေတာ မဟုတ်ဘူးပေါ့ အစမ်းသဘောနဲ့လက်နက်ကိုင်နေကြတာမဟုတ်ဘူး ရည်မှန်းချက်ရှိတဲ့ ရည်ရွယ်ချက်ရှိတယ် ပန်းတိုင်ရှိတယ် တစ်နေ့ကျွန်တော်တို့လွတ်မြောက်တဲ့လွတ်လပ်တဲ့ ပြည်ထောင်ထူထောင်မယ့် လူမျိုးတွေဖြစ်တယ် ဘုရားသခင်ကောင်းချီးပေးမယ့် လူမျိုးတွေဖြစ်တယ် ကျွန်တော်တို့ချင်းလူမျိုးတွေလူမျိုးတစ်မျိုး ဖြစ်တဲ့ ကျွန်တော်တို့ နေထိုင်ဖို့မြေကြီးကိုလည်းပေးတယ် အဲ့ဒီမြေကြီးကိုလည်း ကျွန်တော်တို့ကျွန်တော်တို့က အုပ်ချုပ်ရမယ် အဲ့ဒါကိုကျွန်တော်မမေ့ဖို့စိတ်ဓာတ်မကျဖို့ ဤတော်လှန်ရေးကိုစိတ်မပျက်ဖို့ အဲဒါကိုနိုင်ငံတကာမှာ ရှိနေတဲ့ချင်းလူမျိုးများအားလုံးကို ကျွန်တော်messageပေးချင်ပါတယ် ဟုတ်ကဲ့

 

Rain– ဟုတ်ကဲ့ပါ ကျွန်မတို့ရဲ့ မေးမြန်းဆွေးနွေးခြင်းအစီအစဉ်ကတော့ ဒီလောက်ပါပဲရှင် ဆရာရဲ့ အခြေအနေအတွက် အများကြီးကျေးဇူးတင်ပါတယ်ဆရာ.