မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်

ဖြေကြားသူ- ရဲဘော်နွေး၊ ဌာနကြီးမှူး၊ ပြန်ကြားရေးနှင့်မဟာမိတ်ဆက်ဆံရေးဌာနကြီး

ဆလိုင်း ဒိုခါရ်၊ – ဒီတစ်ပတ် exclusive interview အတွက် ဖိတ်ခေါ်ထားတာကတော့ SAF ဆိုတဲ့ Student Armed Force တက္ကသိုလ်ကျောင်းသားတွေကို အခြေပြုပြီးတော့မှ ဖွဲ့စည်းထားတဲ့ တော်လှန်ရေး အဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဆိုတော့ ဒီအစအဆုံးထိ ကြည့်ရှုပေးအားပေးကြဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဆိုတော့ ရဲဘော်နွေးရဲ့ ကျွန်တော်တို့ကို အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။ ကျွန်တော် ပထမဆုံးအနေနဲ့ မေးချင်တာက ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ဒီကျောင်းသားအဖွဲ့တွေက ဆန္ဒပြပွဲတွေမှာ ရှေ့တန်းထွက်ပြီးတော့မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပဲဖြစ်ဖြစ်၊ ဒီအစိုးရရဲ့ လုပ်ဆောင်ချက် အမှားတွေကို ထောက်ပြနေလာတဲ့ ဟာဖြစ်တယ်။ သို့သော် ဒီလက်နက်ကိုင် တော်လှန်ရေးအားဖြင့်ဆိုတော့ ၈၈ တုန်းက ဖွဲ့စည်းခဲ့တဲ့ ABSDF ကလွဲပြီးတော့မှ ကျောင်းသားနာမည်ကို ဒီပြောမှ ကျောင်းသား၊ ဒီလက်နက်ကိုင်လှုပ်ရှားမှု သိပ်မတွေ့တာ ကြာပြီပေါ့နော်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှရော အခုလက်ရှိ တော်လှန်ရေး အခြေအနေပေါ် ဘယ်လိုမြင်ပြီးတော့မှ လက်နက်ကိုင် ပုံစံမျိုး ပြောင်းလဲဖြစ်လာသလဲ ဆိုတဲ့ဟာ ပြောပြလို့ရသလောက် ပြောပြပေးပါဦး။

 

ရဲဘော်နွေး – ဟုတ်ကဲ့။ အာဏာသိမ်းတဲ့အချိန်မှာ ကျောင်းသားတွေရော ပြည်သူလူထု တစ်ခုလုံးပေါ့လေနော်။ လူထုအုံကြွမှုနဲ့ စပြီးတော့ ဒါကို ဆန့်ကျင်ခဲ့ကြတယ်။ ဆိုတော့ အစ်ကိုယ်ပြောခဲ့သလိုပါပဲ၊ ဒီကျောင်းသားသမဂ္ဂတွေအနေနဲ့လည်းပဲ ဒီအာဏာမသိမ်းခင် ကတည်းက ဒီသမဂ္ဂအားဖြင့်ဆိုလို့ရှိရင်တော့ သမဂ္ဂရဲ့စံနှုန်းတွေက အမြဲတမ်းပဲ အုပ်ချုပ်သူ အစိုးရရဲ့ ဒီလုပ်ငန်းစဉ်တွေပေါ်မှာ လူထုဘက်ကနေ၊ လူထုကို မျက်နှာမူပြီးတော့ ကျွန်မတို့ ထောက်ပြစရာရှိတာ ထောက်ပြတယ်၊ ဝေဖန်စရာရှိတာ ဝေဖန်တယ်၊ ဒီလိုမျိုး ရပ်တည်ခဲ့ ပါတယ်။ ဆိုတော့ အာဏာသိမ်းတယ်၊ အာဏာသိမ်းတဲ့အခါမှာလည်း ဒါကို ကျွန်မတို့ ဒီကျောင်းသားတွေအနေနဲ့ရော၊ လူထုနဲ့အတူ အာဏာသိမ်းတဲ့အပေါ်မှာ ဆန့်ကျင်မှုတွေမှာ ရှေ့ဆုံးကနေပြီးတော့ ကျောင်းသားတွေ ပါဝင်ခဲ့ပါတယ်။ ဆိုတော့ အဲ့လိုမျိုး အခြေအနေနဲ့ ကျွန်မတို့ ဒီအပေါ်မှာပေါ့လေနော်၊ လမ်းတွေပေါ်ထွက်ပြီးတော့ ဆန္ဒပြခဲ့ကြတယ်။ ဒါပေမဲ့လို့ ကျွန်မတို့ နားလည်လာတာက ဒီလိုမျိုးပုံစံနဲ့ ကျွန်မတို့ သွားချင်တဲ့၊ ကျွန်မတို့ ပြန်ပြီးတော့ ရချင်တဲ့ လူထုအာဏာကို လူထုလက်ထဲကို ပြန်ရောက်ဖို့ကို ကျွန်မတို့ ဒီဆန္ဒပြတဲ့နည်းလမ်း တစ်ခုတည်းနဲ့ မလုပ်ဆောင်နိုင်ဘူးလို့ ယူဆလာတယ်။ ယူဆလာတဲ့အချိန်မှာ ရန်သူသည် ရန်သူက လက်နက်ကိုင်ထားတဲ့ သေသေချာချာလေး စနစ်တကျ တည်ဆောက်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုး စစ်တပ်က ဒီလက်နက်ကိုင်လမ်းစဥ်မတိုင်ခင်က လူထုအုံကြွမှုတွေကလည်း တော်တော်လေးကို ဆိုးဆိုးရွားရွား ဖျက်ဆီးခံရတယ်၊ လူတွေလည်း အများကြီးပဲ သေကြတယ်။ ရန်သူက ဒီဆန့်ကျင်လာတဲ့ နည်းနာမှန်သမျှကို ဖျက်ဆီးဖို့ ကြိုးစားတယ်၊ အစဖျောက်ဖို့ ကြိုးစားတယ်။ ဆိုတော့ ဒီလိုမျိုး လက်နက်နဲ့ ဖိနှိပ်ပြီးတော့ သူတို့ကို ဆန့်ကျင်တဲ့သူတွေကို အပြီးသတ် ချေမှုန်းဖို့ ကြိုးစားလာတဲ့အချိန်မှာ ကျွန်မတို့အနေနဲ့ မြင်လာတာတော့ ဒီလိုပုံစံနဲ့ပဲ ဆက်ပြီးတော့ ကျွန်မတို့သွားချင်တဲ့လမ်းကို ဆက်သွားလို့မရတော့ဘူးလို့ ကျောင်းသားတွေအနေနဲ့လည်း စပြီးတော့ တွေးလာတယ်။ ဆိုခဲ့သလိုပဲ အဲဒီလူထုအာဏာကို သေနတ်နဲ့ ယူထားတဲ့ စစ်တပ်ဆီကနေ လူထုအာဏာကို လူထုဆီကို ပြန်ပြီးတော့ အပ်နှံနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့ ကျွန်မတို့က ဒီသေသေ ချာချာကိုမှ စနစ်တကျ တည်ရှိနေတဲ့၊ ခိုင်ခိုင်မာမာ တည်ရှိနေတဲ့ စစ်တပ်ကို ပြန်ပြီးတော့ တိုက်နိုင်ဖို့အတွက် လိုတယ်။ ဆိုတော့ ကျွန်မတို့သည် လက်နက်ကိုင်လမ်းစဥ်ကို ဒီကျောင်း သားတွေအနေနဲ့ ရွေးရွေးချယ်ခဲ့တယ်ပေါ့လေ။ ကျွန်မတို့ ဒါသည် သူက အစောကတည်းက နားလည်ထားတာက ရန်သူကို ဖြုတ်ချနိုင်ဖို့အတွက် ကျွန်မတို့ ဒီသွားနေကျ လမ်းစဥ်နဲ့ မရတော့တဲ့အတွက်မို့လို့သာ လိုအပ်လို့ပဲ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ရတယ်လို့ နားလည်ထားပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ရဲဘော်နွေးက အမျိုးသမီးလည်းဖြစ်တယ်၊ တက္ကသိုလ်ကျောင်းတက်အရွယ် ဆိုရင်တော့ ဒါ တော်တော်လေး အသက်အရွယ်ကလည်း နုနယ်သေးတဲ့ အနေအထား ဖြစ်တယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လာတဲ့အပြင် ဘယ်လိုရာထူးဟာ မျိုးတွေ အခု အဖွဲ့အစည်းမှာ တာဝန်ယူထားသလဲဆိုတဲ့ဟာလည်း ပြောပြပေးလို့ရမှာ။ အဲ့ဒီမှာ ဘာအခက်အခဲတွေ ကြုံရသလဲပေါ့နော်။

 

ရဲဘော်နွေး – ဟုတ်ကဲ့။ လက်ရှိအချိန်မှာတော့ ကျွန်မ တပ်ဖွဲ့ထဲမှာ ပြန်ကြားရေးနဲ့ မဟာမိတ် ဆက်ဆံရေးပိုင်းကို အဓိကအားဖြင့် တာဝန်ယူထားပါတယ်။ ဒီတာဝန်ကတော့ ခုနကပြော သလို ညီလာခံပြီးမှပဲ စပြီးတော့ ပြောင်းလာတဲ့ တာဝန်ဖြစ်ပါတယ်။ ဆိုတော့ လက်တစ်လော မှာ အခက်အခဲအားဖြင့်ကတော့ နှစ်ပိုင်းရှိတယ်ပေါ့နော်။ တာဝန်ယူထားတာလည်း နှစ်ပိုင်း ဖြစ်တဲ့အခါမှာ ဒီပြန်ကြားရေးအားဖြင့် ဆိုလို့ရှိရင်လည်း ကျွန်မတို့မှာ လူထုနဲ့ ပိုပြီးတော့ engage လုပ်နိုင်ဖို့ ကိစ္စတွေကို အဓိကအားဖြင့်တော့ ဆောင်ရွက်တယ်။ ဒီမှာမှ နောက်တစ်ခု ကတော့ မဟာမိတ်ဆက်ဆံရေးပေါ့လေနော်။ မဟာမိတ်ဆက်ဆံရေးဆိုတဲ့ အခင်းအကျင်းမှာ လည်း အခု ကျွန်မတို့ အာဏာသိမ်းပြီးတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီး ပေါ်ပေါက်လာတယ်။ နယ်မြေအခြေပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်။ လူမျိုးစုအခြေပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ နောက်တစ်ခု ကတော့ အဲ့လိုမဟုတ်ဘဲနဲ့ ဒီ ideology အခြေပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ ဒါဆို ကျွန်မတို့သည်လည်းပဲ ဒါ identity ပေါ့လေနော်၊ ကျောင်းသား identity အပေါ်မှာ အခြေပြုပြီးတော့ စုစည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိတယ်၊ အများကြီးရှိတဲ့အချိန်မှာ ကျွန်မတို့မှာ လက်ရှိအချိန်ထိ အနည်းဆုံး ဘုံတူညီချက်အားဖြင့်တော့ ဒါ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချဖျက်ဆီးတယ်ဆိုတဲ့ ဘုံတူညီချက်အပေါ်မှာ အကုန်လုံး လက်တစ်လောတော့ စုစည်းပြီးတော့ လုပ်ကိုင်နေကြတယ်လို့ ကျွန်မနားလည်တယ်။ ဒါပေမဲ့ တစ်ခုကကျတော့ အဲ့လိုမျိုး အမျိုးမျိုးသော ညှိနှိုင်းချက်တွေ၊ အမျိုးမျိုး ပန်းတိုင်တွေနဲ့ပေါ့လေနော်၊ ဒီလိုမျိုး စုဖွဲ့မှု သဏ္ဍာန်အများကြီးရှိတဲ့ မဟာမိတ်စုဖွဲ့ရေးကြားထဲမှာကျတော့ ကျွန်မတို့ ဒီလိုမျိုး စစ်အာဏာ ရှင်စနစ်က မရှိတော့ဘူး၊ ဟုတ်ပြီ ကျွန်မတို့ ဖြုတ်ချနိုင်တယ်ဆိုတဲ့နောက်မှာ ကျွန်မတို့ ဘယ်လိုမျိုးဆက်ပြီးတော့ ဒီအဖွဲ့အစည်းတွေက လူထုအာဏာကို ပြန်ပြီးတော့ လူထုကို လက်လွှဲမှာလဲ၊ နောက်ဘယ်လိုမျိုး သဘောတူညီချက်တွေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်မှာလဲ ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ကြားထဲမှာ အခုအချိန်ထိ သေသေချာချာ ဆွေးနွေး နိုင်တာ မရှိသေးဘူးလို့ ယူဆတယ်။ ပြီးတော့ ကျွန်မနားလည်တာ အဲ့ဒါမရှိသေးလို့လည်းပဲ လက်ရှိတော်လှန်ရေးရဲ့ လမ်းကြောင်းမှာ သူက အကန့်အသတ်ဖြစ်စေတယ်လို့ ကျွန်မနား လည်တယ်။ ဆိုတော့ ဒီလိုမျိုး စစ်ကောင်စီသည် လက်ရှိမှာ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရဲ့အာဏာ ကို ယူထားတဲ့၊ legitimate အားဖြင့်ရောပေါ့လေနော်၊ သူက အကောင်းဆုံး ခိုင်မာဆုံး ယူထား တဲ့ အဖွဲ့အစည်းဖြစ်နေတယ်။ အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုအဖွဲ့တွေက စစ်ကောင်စီမရှိဘူးဆိုလို့ရှိရင် အခုလက်ရှိ သူယူထားတဲ့ အာဏာ vacuum နေရာကို ကျွန်မတို့ အချင်းချင်းကြားထဲမှာပေါ့လေနော်၊ သဘောတူထားတဲ့ စနစ် တစ်ခု၊ သဘောတူထားတဲ့ ပုံစံတစ်ခုနဲ့ ရှိတယ်ဆိုတာကို မပြနိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့က စစ်ကောင်စီကို တိုက်ရတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဆိုတော့ ကိုယ့်က ဘုံရန်သူ ရှိတယ်လေ နော်။ ကျွန်မနားလည်တာတော့ ဘာတွေကိုက စိုးရိမ်ကြမလဲဆိုရင် ဟုတ်ပြီ၊ အခုမရှိတော့ ဘူးဆိုရင် ဒီလိုမျိုးလည်း ကြိုတင်ပြီးတော့ ဆွေးနွေးထားနိုင်တာ မရှိဘူးဆိုလို့ရှိရင် ဒါ အချင်း ချင်းကြားထဲမှာ ပြန်ပြီးတော့ အာဏာလုပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကို ဖန်တီးသလို ဖြစ်သွားလိမ့်မယ်။ ဆိုတော့ လက်ရှိအားဖြင့် ဒါ ယူထားတဲ့ တာဝန်အရရော ဆိုလို့ရှိရင်တော့ ဒီမဟာမိတ်အဖွဲ့တွေအနေနဲ့ ဘယ်လိုမျိုး ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းကြမလဲ၊ ဘယ်လို သဘောတူညီချက်တွေကို ခိုင်ခိုင်မာမာ ချမှတ်ထားဖို့လိုမလဲဆိုတာကတော့ ဒါ လက်တစ် လောမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်မယ်လို့ ထင်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – အဲ့ဒီမှာ ပုဂ္ဂိုလ်ရေး အတွေ့အကြုံကို ကျွန်တော် နည်းနည်း မေးချင်ပါတယ်။ ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီအမျိုးသမီးဖြစ်တဲ့အပြင် အရေးပါတဲ့ ရာထူးယူထားတယ်၊ အရေးပါတဲ့ ရာထူးမှာတောင်မှ ပုံစံမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းနဲ့ ဆက်ဆံရေး တည်ဆောက်ရတဲ့ ပုံစံပိုင်းဖြစ်တဲ့အခါကျတော့ ရဲဘော်နွေးရဲ့ အတွေ့အကြုံအရ အမျိုးသမီးဖြစ်တဲ့အတွက် နည်းနည်း အခက်အခဲပိုကြုံတယ်လို့ ခံစားရတဲ့ဟာမျိုး ရှိသလားခင်ဗျ။

 

ရဲဘော်နွေး- ရှိပါတယ်။ ရှိပါတယ်ဆိုတာကကျတော့လည်း အရင်ဦးဆုံး စပြီးတော့ စစ်တပ်ကို ဖွဲ့ထောင်ရတာဖြစ်တယ်လေနော်။ စစ်တပ်ရဲ့ structure ကအစကို ဒီအမျိုးသမီးအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီမတိုင်ခင် ကျောင်းသားသမဂ္ဂက ကျောင်းသား တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ကျွန်မတို့သည် ဒီ violence ကို ကျွန်မနားလည်တာတော့ စစ်တပ်သည် patriarchy အကြီးဆုံး organization ဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီအခြေအနေမှာ ဒါလက်ရှိရန်သူက အဲ့လိုမျိုး အဖွဲ့အစည်းဖြစ်တယ်ပေါ့လေနော်။ အဲ့လိုမျိုး အဖွဲ့အစည်းကို ပြန်တိုက်ရတဲ့အခါမှာ ကျွန်မတို့က ထပ်ပြီးတော့ပဲ နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ကိုနဲ့ ပြန်ပြီးတော့ တိုက်ဖို့ကြိုးစားရတယ်။ ဆိုတော့ ဒီအခြေအနေမှာ စစ်တပ်ဖြစ်နေခြင်းကို ကတင်ကို marginalized အုပ်စုတွေအတွက်ရော၊ နောက်တစ်ခုကတော့ ဒီအမျိုးသမီးတွေ၊ queer တွေ အကုန်လုံးပေါ့လေနော်။ ဆိုတော့ ဒီထဲမှာ တာဝန်ထမ်းဆောင်ရတာက အနည်းနဲ့အများတော့ challenge ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိဆိုလို့ရှိရင် ဒါ ယူထားတာသည် soft power အရ ယူရတဲ့ တာဝန်တွေဖြစ်တယ်ပေါ့လေနော်။ ဒါပေမဲ့ ဟို နားလည်ထားတဲ့အတိုင်းပဲ စစ်တပ်ဖြစ်ခဲ့တယ်ဆိုရင် ကျွန်မတို့ စစ်တိုက်ရတယ်၊ စစ်တိုက်ရ တဲ့အခါမှာ patriarchal values တွေက ပိုပြီးတော့ တပ်ထဲမှာ ပိုပြီးတော့ ဦးစားပေးပြီးတော့ လုပ်ရတဲ့ အလုပ်တွေဖြစ်လာတယ်။ အဓိက စစ်တိုက်တဲ့အလုပ်ပေါ့လေနော်။ ဆိုတော့ ဒါပေမဲ့ လည်း အခုနောက်ပိုင်းမှာ တပ်ဖွဲ့တွေ တော်တော်များများမှာလည်းပဲ ရန်ထဲက ခိုင်ခိုင်မာမာ ရှိထားတဲ့ တပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ပိုပြီးတော့ မြှင့်တင်နိုင်ဖို့ရယ်၊ နောက်တစ်ခုကတော့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့၊ နောက်ဒီ ဒီလိုမျိုး စစ်တပ်လိုမျိုး အဖွဲ့အစည်းထဲမှာ ဒါ တော်လှန်ရေးတပ် ဖြစ်တယ်နော်၊ တစ်ခုကကျတော့ ကျွန်မတို့က စစ်တပ်ပြန်ထောင်ရတယ်ဆိုပေမဲ့လို့ ကျွန်မတို့ က တော်လှန်ရေးတပ်ကို ထောင်ရတာဖြစ်တယ်။ ဆိုတော့ ကျွန်မတို့မှာ ရှိပြီးသား စံနှုန်းတွေ၊ ရပ်တည်ချက်တွေ ရှိတယ်။ ဆိုတော့ ဒီလိုမျိုး ခိုင်ခိုင်မာမာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရင်ကတည်းက marginalized ဖြစ်နေခဲ့တဲ့ ဒီအမျိုးသမီး၊ LGBTQ ဆိုတော့ ဒီအစုအဖွဲ့တွေ အတွက် တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပိုပြီးတော့ သူတို့ရဲ့အသံတွေ ပါဝင်လာနိုင်အောင်၊ သူတို့ရဲ့အခန်းကဏ္ဍကို ထည့်သွင်းနိုင်ဖို့ အများကြီး လုပ်ဆောင်လာကြတာ တွေ့တယ်။ ဒါ တိုက်ခိုက်ရေးမှာတောင်မှပဲ ပါတယ်။ တိုက်ခိုက်ရေးမှာတောင်မှ ကျွန်မတို့မှာဆိုလည်းပဲ drone ပေါ့လေနော်၊ drone လိုမျိုး စစ်ဆင်ရေးတွေမှာ ဒါ အမျိုးသမီးတွေ ပိုပြီးတော့ ပါကြတယ်။ ဆိုတော့ ဒီလိုမျိုး လုပ်ဆောင်နေကြတာတွေ ရှိတယ်။ ဆိုတော့ အဲ့လိုမျိုးတွေ တစ်ဖက်မှာ ရှိပေမဲ့လည်း ကနဦးကတည်းက စစ်တပ်အဖွဲ့အစည်းမှုဖြစ်တဲ့ အချိန်မှာ patriarchy system ပေါ့လေနော်၊ ဆိုတော့ ဒီ ဒီစံနှုန်းတွေကို ကျော်လွှားနိုင်ဖို့အတွက်တော့ တပ်ဖွဲ့တိုင်းမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ လက်ရှိ အခက်အခဲ အနည်းနဲ့အများတော့ ကြုံနေရသေးမယ်လို့ ကျွန်မထင်တယ်။ အစပိုင်းတွေမှာဆိုလို့ရှိရင် လူဦးရေ အချိုးအစား အရလည်း ဒါ လူနည်းစုဖြစ်တယ်လေနော်၊ လူနည်းစုဖြစ်တဲ့အခါမှာ ရှိလေ့ရှိတဲ့ ဖိနှိပ်မှုတို့၊ ရမ်းကားတာတွေ ကြုံရတာမျိုးတွေ ဒါတွေက တပ်ဖွဲ့တွေတိုင်းမှာလည်း ရှိရှိကြတယ်ပေါ့ လေနော်။ တပ်ဖွဲ့တွေမှာ ကျွန်မတို့ အစောပိုင်းတွေမှာဆိုလို့ရှိရင် conflict-related sexual violence ပေါ့လေနော်။ ဆိုတော့ ဒါကတော့ ဒါ စစ်မြေပြင်မှာဖြစ်တဲ့ကိစ္စပေါ့။ အဲ့လိုမျိုးမှ မဟုတ်ဘဲ တစ်လောတုန်းကဆိုလို့ရှိရင် sexual harassment နဲ့ပတ်သက်တာတွေ၊ ဒါကတော့ အပြင်ဘက်အခြေအနေပေါ့။ ဒါပေမဲ့ အဲ့ဒီရဲ့ အစမှာဆိုလို့ရှိရင် ကျွန်မတို့ စပြီးတော ခိုကြတဲ့ ကာလတွေမှာ သေသေချာချာလည်းပဲ အခုလောက် network အားဖြင့် မတည် ဆောက်ထားနိုင်သေးဘူး၊ မတည်ဆောက်ထားနိုင်တဲ့ အခြေအနေမှာ အဲ့ဒီတပ်ဖွဲ့နေရာတွေမှာ sexual harassment ကျူးလွန်ခံရတယ်ဆိုတဲ့ အမျိုးသမီးအရေအတွက်က တော်တော်လေး များပါတယ်။ ကျွန်မတို့ ကြားရတဲ့အသံတွေရှိတယ်၊ မကြားရတဲ့အသံတွေလည်း ရှိတယ်။ ဆိုတော့ ဒီဟာတွေက ကျွန်မတို့အတွက် အကြီးမားဆုံး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုပေါ့လေနော်၊ ကြုံတွေ့ရတဲ့ အခက်အခဲဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒါတွေကို တစ်ဖက်မှာတော့ အရေးယူမှု ယန္တရား၊ ဒီ mechanism တစ်ခုကိုတော့ သေသေချာချာ တည်ဆောက်ဖို့လိုတယ်။ အဲ့လိုမျိုး တည်ဆောက်ပြီးတော့ လည်ပတ်နိုင်ဖို့ကိုလည်း ရှိတဲ့နေရာတွေမှာ ရှိတဲ့အမျိုးသမီးတွေက ကြိုးစားနေကြတယ်လို့တော့ မြင်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ အဲ့ဒီအဖြစ်မှာ ကျွန်တော်တို့ ဒီအခုတစ်လော သတိထားမိ လာတဲ့ဟာ ပေါ့နော်။ အချင်းချင်း မညီညွတ်မှုဆိုမလား၊ အချင်းချင်း ဒါ အမြင်ကွဲလွဲမှုလေးတွေ ရှိလာတဲ့ အချိန်မှာ လူတွေက တော်တော်များများက ထောက်ပြကြတာက တကယ့်ကို NUG တို့၊ NUGCC တို့ အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ လူငယ်ရဲ့ ပါဝင်မှု အားနည်းသလို၊ အောက်ခြေမှာ တကယ့်တော်လှန်ရေးကို ဦးဆောင်နေတဲ့ လူငယ်တွေ လိုလားချက်နဲ့ လူကြီး တွေ လိုလားချက် အမြင်ကွဲလွဲမှုတွေ ရှိလာတယ်ဆိုတဲ့ဟာမျိုး သုံးသပ်ချက်တွေ ရှိလာတယ်။ ဆိုတော့ ရဲဘော်နွေးရဲ့ အတွေ့အကြုံအရ ကျွန်တော်တို့ လက်ရှိတော်လှန်ရေးမှာ သက်ကြီး ပိုင်းနဲ့ လူငယ်ပိုင်းတွေကြားမှာ တော်လှန်ရေးရဲ့ ချဉ်းကပ်ပုံ ကွာခြားမှုတွေ ရှိသလား။ အနာ ဂတ် ကျွန်တော်တို့ ပုံဖော်လိုတဲ့ နိုင်ငံရေးစနစ်တွေ ကွာခြားမှုတွေ ရှိတယ်လို့ မြင်သလား။

 

ရဲဘော်နွေး – လူငယ်တွေနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍ၊ ကျွန်မတို့ တော်လှန်ရေးစတော့ ကျွန်တော်တို့ ဒီ ကိုယ့်ဟာနဲ့ကိုယ် အဲ့ဒီတုန်းကတော့ Gen Z တွေရဲ့ ဦးဆောင်မှုဆိုတဲ့ ပုံစံမျိုး လူတွေ ပြောကြတယ်ပေါ့လေနော်။ အဲ့လိုမျိုး အခေါ်အဝေါ်တွေ ရှိခဲ့တယ်။ တကယ်တော့ Gen Z တွေ ဦးဆောင်မှုရယ်လို့တော့ မဟုတ်ပါဘူး။ တကယ်တော့ အဲ့ဒီအခြေအနေမှာ လူတွေ အကုန်လုံးက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ဟာနဲ့ကိုယ် ဦးဆောင်ပြီးတော့ လမ်းပေါ်ထွက် လာခဲ့ကြတဲ့လူတွေ ဖြစ်တယ်ပေါ့လေနော်။ ဒါပေမဲ့ ခုနကလိုမျိုး ဒီ phase ပြောင်းသွားတယ်၊ လက်နက်ကိုင်တော်လှန်ရေးဖြစ်လာတဲ့အချိန်မှာလည်းပဲ လူငယ်အများစုက လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ကြတယ်။ အခု ရှိနေတဲ့ အချိုးအစားအရဆိုရင်လည်းပဲ ဒီလက်နက် ကိုင်တော်လှန်ရေးထဲမှာ အများစု ပါဝင်နေတဲ့ အများစုသောသူတွေက လူငယ်တွေဖြစ်ကြ တယ်ပေါ့လေနော်။ ဒါပေမဲ့ တစ်ဖက်မှာ အခု လက်ရှိ ဒီတော်လှန်ရေးရဲ့ အခင်းအကျင်းမှာပေါ့ လေနော်၊ decision maker တွေ ဖြစ်နေတဲ့နေရာတွေကကျတော့ ဒီလူငယ်တွေ မဟုတ်နေ ဘူး။ ဆိုတော့ ကျွန်မတို့ရဲ့အသံပေါ့ လေနော်၊ လူငယ်တွေကတော့ ဘယ်လိုမျိုးတွေးနေတယ်၊ ဘယ်လိုမျိုးဖြစ်စေချင်တယ်ဆိုတဲ့ အသံကို အများကြီး မပြောလာနိုင်တော့ဘူး။ တဖြည်း ဖြည်းနဲ့ အဲ့ဒီအခန်းကဏ္ဍကလည်း မှေးမှိန်လာတယ်။ ဆိုတော့ လက်ရှိအခြေအနေမှာလည်း အဲ့လိုပဲ၊ လက်ရှိအခြေအနေ မှာလည်း တကယ့်တကယ် တော်လှန်ရေးတစ်စုံလုံးရဲ့ အရွေ့ကို ဆုံးဖြတ်နေတဲ့သူတွေ၊ ဒီလိုဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာလည်း လူငယ်ရဲ့ပါဝင်မှုက တဖြည်းဖြည်းနဲ့ပဲ နည်းလာ တယ်လို့ မြင်တယ်။ တကယ့်တကယ် တော်လှန်ရေးမှာ ပါဝင်နေ တဲ့ ဟို ၈၀ ရာခိုင်နှုန်းလောက် က လူငယ်တွေဖြစ်နေပါလျက်နဲ့ သူတို့တွေသည် သူတို့ရဲ့ idea တွေ၊ ဒီ decision making လုပ်တဲ့နေရာမှာ input အများကြီး ထည့်ဝင်နိုင်တဲ့ နေရာမရှိကြ တော့ဘူးလို့တော့ မြင်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ အခုနောက်ပိုင်း SAF နဲ့ NUG နဲ့ ဆက်ဆံရေး လည်း အတိုင်းအတာတစ်ခုထိ ပြန်လည်တည်ဆောက်လာတဲ့ဟာ ကျွန်တော်တို့ သတိထားမိ တော့ ကျောင်းသားတပ်တော်အနေနဲ့ NUG နဲ့ကို ဒီကနီးစပ်မှု တည်ဆောက်ပြီးတော့မှ သူတို့နဲ့ ဘယ်လိုပုံစံမျိုး တော်လှန်ရေးပန်းတိုင်အဆုံးထိ လက်တွဲဖို့ရှိလဲ။ အဲ့ဒီ NUG နဲ့ သဘောတူညီ ချက်တချို့ အစိတ်အပိုင်း အများကို ချပြလို့ရသလောက် ဆွေးနွေးချပြပေးလို့ရမှာလား။

 

ရဲဘော်နွေး – ကနဦးကတည်းကတော့လည်းပဲ NUG သည် ဒါသည် ဟုတ်ပြီ ဒါလက်ရှိ တော်လှန်ရေးကို ဦးဆောင်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ အသိအမှတ်ပြုခဲ့ပါတယ်။ ဆိုတော့ ဒီကြားထဲမှာလည်းပဲ NUG က တာဝန်ယူထားတဲ့သူတွေနဲ့ လိုလိုဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အခု ဒီညီလာခံအပြီး ကျွန်မတို့ တပ်ဦးတပ်တော်အနေနဲ့ ပြောင်းလဲလာပြီး တဲ့အချိန်မှာလည်း လက်တစ်လောမှာ ဒီကျွန်မတို့ လှုပ်ရှားနေတဲ့ ဒေသလည်းဖြစ်တယ်၊ မကွေး စစ်ဆင်ရေးစစ်မှန်ချက်ကို အဖွဲ့တွေနဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်။ နောက်တစ်ခုကတော့ ဒီတော်လှန်ရေး ရန်ပုံငွေ ရင်းမြစ်အားဖြင့်လည်း မျှဝေသုံးစွဲသွားဖို့ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့အထိ ဒါ နောက်ဆုံးတွေ့ဆုံပြီးတော့ သဘောတူထား ခဲ့တာ ရှိပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ အခု ရဲဘော်နွေးကို ကျွန်တော် ဆွေးနွေးစေချင်တာ၊ အခုမြေပြင် အခြေအနေအရ စစ်ကောင်စီက ဟန်ဆောင်ရွေးကောက်ပွဲတွေ ကျင်းပဖို့ လုပ်နေတဲ့အချိန်မှာ ရဲဘော်နွေးတို့ အဓိကလှုပ်ရှားနေတဲ့ နေရာဖက်ခြမ်းမှာ သူတို့ရဲ့ ကြွေးကြော်သံများ လာလား၊ ဘယ်လိုရှိမလဲ။ ပြည်သူတွေရဲ့ အမြင်ရော၊ နောက်ပြီးမှ မြေပြင် တော်လှန်ရေးအင်အားစုဖွဲ့က ထိန်းချုပ်တဲ့ ပုံစံတွေရဲ့အခြေခံပြီးမှ ကျောင်းသားတပ်တော်နဲ့ မဟာမိတ်တွေ လှုပ်ရှားတဲ့နေရာ မှာ စစ်ကောင်စီရွေးကောက်ပွဲက ဖြစ်နိုင်ခြေ လာလား ရှိတယ်လို့မြင်လား။

 

ရဲဘော်နွေး – လက်ရှိ ဒီ တော်လှန်ရေးတစ်စုံလုံးအနေနဲ့ ကြုံတွေ့လာနိုင်တဲ့ အကျပ်အတည်း ကတော့ ဒါ အခုလုပ်မယ်ဆိုတဲ့ ထွေထွေရွေးကောက်ပွဲလို့ ကျွန်မတို့ ယူဆတယ်ပေါ့လေနော်။ ဆိုတော့ ဒီစစ်ကောင်စီကလည်းပဲ သူ တစ်ဖက်မှာ ဒီနှစ်လောက်ကစပြီးတော့ ဒါ စစ်ရေးအား ဖြင့် ဟို ပြန်ပြီးတော့ အင်အားတည်ဆောက်နိုင်ဖို့ စစ်မှုထမ်းဥပဒေတွေနဲ့ သူကြိုးစားတယ်။ တစ်ဖက်မှာ နိုင်ငံရေးအားဖြင့် legitimacy ရဖို့အတွက်လည်းပဲ အခုထွေထွေရွေးကောက်ပွဲကို စပြီးတော့ အသံဟစ်လာတယ်ပေါ့လေနော်။ ဆိုတော့ ကျွန်မတို့အနေနဲ့ မြင်တာကတော့ အခုဒီနောက်ဆုံးမှာဆိုလည်း အာဆီယံရော၊ UN ရောကတော့ ဒါ ရွေးကောက်ပွဲကို လက်မခံ ဘူးဆိုတာမျိုး ဒါ နိုင်ငံတကာက ပြောတာမျိုးတွေတော့ တွေ့ပါတယ်။ ဆိုတော့ ဒီပြည်တွင်းမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေဆိုရင်တော့ စစ်ကောင်စီက သူ ရွေးကောက်ပွဲလုပ်နိုင်တဲ့ နယ်မြေတွေကို ဒီကြားထဲမှာ ရွေးကောက်ပွဲမကျင်းပခင် ကြားထဲမှာ ရနိုင်သလောက် တိုးချဲ့ဖို့ သူတို့ဘက်ကလည်းပဲ ကြိုးစားလိမ့်မယ်။ ဆိုတော့ တစ်ဖက်မှာ ကျွန်မတို့ ဒီတော်လှန်ရေး တပ်ပေါင်းစုတွေအနေနဲ့ကကျတော့လည်း အခုလက်ရှိ ရထားတဲ့ စခန်းသိမ်းမြေတွေ ဆက်ပြီး တော့ မဆုံးရှုံးဖို့၊ အဓိကကတော့ ဒီစစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့ တယ်ဆိုလို့ရှိရင်တောင်မှပဲလည်း ဒါ ကျွန်မတို့ လက်ရှိရှိနေတဲ့ စိုးမိုးနယ်မြေတွေပေါ့လေနော်။ ဆိုတော့ တစ်ဖက်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဥ်တွေဆိုတာ တောက်လျှောက်ရှိတယ်။ ဆိုတော့ လူထုက ဒါကိုမြင်တယ်။ စစ်ကောင် စီရဲ့ အခုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲသည် ကျွန်တော်တို့ သွားနေတဲ့ ဒီတောက်လျှောက် တော်လှန်ရေးစကတည်းက ကြွေးကြော်လာတဲ့ ဒီရည်မှန်းချက်တွေပေါ့လေနော်၊ စစ်အာဏာ ရှင်စနစ် ပြုတ်ကျရေးကို မဖြစ်စေဘူး၊ မဖြစ်စေတဲ့အတွက် ဒါသည် ရှိနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရော၊ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာရှိတဲ့ လူထုအနေနဲ့ရော ဒါကို ကောင်း ကောင်းသဘောပေါက်တယ်။ ဆိုတော့ ကျွန်မတို့ လက်တစ်လော လုပ်နိုင်တာကတော့ ဒီရှိနေ ပြီးသား နယ်မြေထဲက မပါသွားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်ဆိုလို့ရှိရင် တောင်မှပဲ ဒါ သူတို့ရဲ့ သူတို့ ရှိနေထားနိုင်တဲ့ မြို့ကြီးတွေ၊ ဆိုတော့ ဒီနေရာတွေမှာပဲ လုပ်နိုင် အောင်၊ လက်ရှိ ရှိပြီးသားနယ်မြေတွေမှာ ပိုပြီးတော့ ခိုင်မာအောင်ကတော့ ဒါ ရွေးကောက်ပွဲ မကျင်းပမီ၊ မတိုင်ခင်အချိန်အတွင်းမှာ ရှိနေတဲ့ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ဒါတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။ ဒါ ကျွန်မတို့အနေနဲ့လည်း အခု ရွေးကောက်ပွဲ မကျင်းပနိုင်ခင်မှာပေါ့လေနော်၊ စိုးမိုးနယ်မြေ တွေ ပိုပြီးတော့ ရနိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဒီဆွေးနွေးသွားဖို့၊ မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီရွေးကောက်ပွဲ ဆိုတဲ့၊ ရွေးကောက်ပွဲလှိုင်းဒဏ်၊ စစ်တပ်က ကြီးကြီးမားမား ထိုးနှက်လာနိုင်တဲ့ လှိုင်းကို ဘယ်လိုမျိုး ခုခံမလဲ၊ ဒီအရေးအခင်းအကျင်းကို ဘယ်လိုမျိုး ကျော်လွှားမလဲ၊ ဒီအခင်းအကျင်း အတွင်းမှာ အခုလက်ရှိသွားနေတဲ့ တော်လှန်ရေး က ရပ်တန့်မသွားအောင်၊ ဆက်ပြီးတော့ တပ်ဖွဲ့အချင်းချင်းအနေနဲ့ survive ဖြစ်နိုင်အောင် ဘယ်လိုမျိုး ဆောင်ရွက်ရမလဲဆိုတာ ကိုလည်း ကျွန်မတို့ တပ်ဖွဲ့အနေနဲ့လည်း ဒါကို ဆွေးနွေး တယ်၊ ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီကြားထဲမှာ လက်တစ်လော အရေးတကြီးလိုအပ်တဲ့ ဒီဟာကို ပြန်ပြီးတော့ အားကောင်း ကောင်းနဲ့ တိုက်ခိုက်နိုင်ဖို့ဆိုလို့ရှိရင် အရှေ့မှာပြောခဲ့သ လိုပဲ ရှိနေတဲ့ အင်အားစုအသီးသီးက တကယ်ပဲ သဘောတူထားတဲ့၊ ဆွေးနွေးထားတဲ့ ဘုံသဘောတူညီချက်တစ်ခုပေါ့လေ။ ဆိုတော့ ဒါ ခိုင်ခိုင်မာမာရှိထားဖို့လိုတယ် ဆိုတော့ ဒီရတဲ့အချိန်အတွင်းမှာ ကျွန်မတို့က တစ်ဖက်မှာ နယ်မြေအားဖြင့်လည်း ပိုပြီးတော့ ဒီစစ်ကောင်စီက မဝင်လာနိုင်အောင် စိုးမိုး ထိန်းချုပ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တစ်ဖက်မှာကျတော့ စစ်ကောင်စီက ရဖို့ကြိုးစား နေတဲ့ နိုင်ငံရေး legitimacy ကို ပြန်ပြီးတော့ အားကောင်းကောင်းနဲ့ တိုက်နိုင်ဖို့ဆိုရင်တော့ ရှိနေတဲ့ တော်လှန်ရေးတစ်ဖွဲ့က ပိုပြီးတော့ သေသေချာချာ၊ ကျစ်ကျစ်လစ်လစ် ဆွေးနွေး ထားဖို့လိုတယ်လို့ မြင်ပါတယ်။ ဒါ ကျွန်မတို့ တပ်ဖွဲ့အနေနဲ့ကလည်း ဒီနှစ်ခုကို ဒီရွေးကောက် ပွဲရဲ့ ထိုးနှက်မှုပေါ့လေနော်၊ ဆိုတော့ ဒါကို ဒီလိုမျိုး ဆောင်ရွက်ချက်နှစ်ခုနဲ့ ပြန်ပြီးတော့ တိုက်ခိုက်နိုင်ဖို့အတွက် ပြင်ဆင်မှာဖြစ်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ အခု ဒီ NUG ရဲ့ ပုံစံကို တော်တော်များ နိုင်ငံရေးသုံးသပ်တဲ့သူတွေက ဝေဖန်တဲ့နေရာမှာ NUG က ဗဟိုချုပ်ကိုင်မှုများပြီးတော့မှ ကြားခံပြည်နယ်အစိုးရဟာမျိုး မရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဆိုတော့ ကျောင်းသားတပ်တော်တို့ဆိုရင်လည်း မကွေးတိုင်း အခြေပြုပုံစံမျိုး အဓိက လှုပ်ရှားနေတဲ့ ဟာမျိုးဖြစ်တယ်။ မကွေးတိုင်းဒေသမှာ တခြား federal unit အလိုက် တိုင်းရင်းသားဒေသမှာ ကောင်စီတွေထွက်လာပြီးတော့မှ အစိုးရတွေ ထွက်လာတဲ့ပုံစံဟာမျိုး ထွက်လာခြင်းအားဖြင့် တော်လှန်ရေးကို ပိုအားကောင်းစေတယ်လို့ ယူဆချက်ရှိလား။ တစ်ဖက်မှာ federal unit အလိုက် စုဖွဲ့မှုက အင်အားကို ပိုကောင်းစေ နိုင်သလို တစ်ဖက်မှာကလည်း ချင်းဟာမျိုးဆိုရင်လည်း အကွဲအပြဲကြုံနေကြတယ်၊ စစ်ကိုင်း ဆိုရင်လည်း သဘောထားကွဲလွဲမှုတွေ များစွာ ကြုံနေရင်ဆိုင်နေကြတယ်၊ မကွေးတိုင်း ဆိုရင်လည်း ဒါ နည်းနည်း အသံထွက်မှုအရ စိန်ခေါ်မှုတွေ ကြုံနေကြတယ်၊ ဆိုတော့ federal unit အလိုက် အစိုးရ၊ စုဖွဲ့မှုဖြစ်စေ၊ နိုင်ငံရေးစုဖွဲ့မှုဖြစ်စေ လုပ်တဲ့နေရာမှာ ဘာတွေရှောင်ဖို့ လိုပြီးတော့မှ ဘယ်လို ချဉ်းကပ်တာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါသလဲ။

 

ရဲဘော်နွေး – အခု ကျွန်မတွေ့တာတော့ စစ်ကိုင်းပေါ့လေနော်၊ စစ်ကိုင်းမှာ စပြီးတော့ constitution လည်း ထွက်လာပြီ၊ constitution လည်း ထွက်လာပြီ၊ ရှိပြီးသား federal unit တွေအနေနဲ့ ဒါ ဖွဲ့နိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်ပေါ့။ အခုလက်ရှိလည်းပဲ မကွေးမှာ လည်းပဲ အခု ဒါနဲ့ပတ်သက်ပြီးတော့ ဟို ဆွေးနွေးကြဖို့ရှိလိမ့်မယ်။ စစ်ကိုင်းက အခု သွားခဲ့တဲ့ format ပေါ့လေနော်၊ ဆိုတော့ ဒီ federal unit နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းကိုလည်း ဝင်နိုင်ဖို့ သေသေချာချာ အစိုးရတစ်ရပ်ကို federal unit တွေမှာ လိုက်ပြီးတော့ ဖွဲ့စည်းနေတဲ့ လုပ်ငန်းစဥ်တွေလည်း တွေ့ပါတယ်။ မကွေးမှာဆိုလို့ရှိရင် နေတဲ့လူတွေက ဒါ ဗမာတွေပဲ လည်း မဟုတ်ဘူး။ ဒေသခံ တိုင်းရင်းတပ်ဖွဲ့တွေဆိုတဲ့ နေရာမှာလည်း ရှမ်းတွေ၊ ချင်းတွေ လည်းပဲ ရှိတယ်ပေါ့လေနော်။ တခြားသော လူမျိုးစုတွေလည်း ရှိတယ်။ ဆိုတော့ ဒီလိုမျိုး လုပ်ငန်းစဥ်ကို ကြိုးစားတဲ့အခါမှာ ရှိပြီးသားတပ်ဖွဲ့တွေရဲ့ တူညီချက်တွေပေါ့လေနော်၊ တိုင်းရင်းတပ်ဖွဲ့တစ်ခုချင်းစီမှာလည်း သူတို့ရဲ့ ဖွဲ့စည်းထားတဲ့ baseline အရ ဘာအတွက် တိုက်နေတယ်ဆိုတာမျိုး မတူညီတဲ့ ရည်မှန်းချက်တွေ ရှိကြတာပေါ့၊ မတူညီတဲ့ ကြွေးကြော် မှုတွေ ရှိကြတယ်။ ဆိုတော့ ဒါတွေကို လိုက်ပြီးဆွေးနွေးနိုင်ဖို့လိုတယ်။ တကယ့်တကယ် မြေပြင်မှာ ရှိနေတဲ့ ဒေသအတွင်းမှာရှိနေတဲ့ ဒီလူမျိုးစုတွေ၊ တခြား ဗမာတွေရော၊ တခြား လူမျိုးစုတွေရော၊ ဆိုတော့ ဒီလူမျိုးစုတွေရဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့၊ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ တစ်ခု၊ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ ပေါင်းစည်းမှုတစ်ခုကို လုပ်ဆောင်နိုင်တယ်ဆိုလို့ရှိရင် တော့ သွားနေတဲ့ အရွေ့ကလည်း ဒါ ပိုပြီးတော့ ကျစ်လစ်တယ်၊ ပိုပြီးတော့ အားကောင်း လာတဲ့ အရွေ့တစ်ခုဖြစ်တယ်လို့တော့ မြင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တကယ်ပဲ သတိထား ရမှာကကျတော့ စုဖွဲ့ဖို့ကြိုးစားတဲ့ အဖွဲ့အစည်းကလည်းပဲ သူတို့ရဲ့ ရှိပြီးသား ပုံစံတစ်ခုပေါ့ လေနော်၊ နိုင်ငံရေးအရ bargaining ကို မလျှော့တာမျိုး၊ ဒါမှမဟုတ်လို့ရှိရင်လည်း အကျေ အလည် ဆွေးနွေးဖို့ မကြိုးစားဘဲနဲ့ လက်ကိုင်ထားလို့မရတဲ့ အရင်က legitimacy အားနဲ့ သော်လည်းကောင်း၊ ဒါတွေကိုနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေကြတာမျိုးတွေလည်း ရှိတယ်ပေါ့ လေနော်။ ဆိုတော့ ဒါက အဓိက ပြဿနာဖြစ်စေပါလိမ့်မယ်။ ဆိုတော့ တကယ့်တကယ် ချဉ်းကပ်မယ်ဆိုလို့ရှိရင်တော့ မြေပြင်အနေအထားကို သိဖို့လိုတယ်၊ မြေပြင်မှာရှိနေတဲ့ လူထုရဲ့ လိုလားချက်ကို သိဖို့လိုတယ်ပေါ့လေနော်။ ဆိုတော့ ဒီမှာရှိပြီးသား သက်ဆိုင်ရာဒေသ အသီးသီးမှာ ရှိနေတဲ့ လူထုကို ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတွေ ရှိကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ တကယ်ပဲ ကိုယ်စားပြုမှု ရှိမရှိကတော့ ဒါ သူတို့ကိုယ်တိုင်က ရှိနေတဲ့၊ သူတို့ တည်ဆောက်ထားတဲ့ မြေပြင်ထဲမှာ ကြိုးစားတည်ဆောက်ရမဲ့ ကိစ္စဖြစ်တယ်ပေါ့လေနော်။ ဆိုတော့ ဒီလိုမျိုး တပ်ရင်းတပ်ဖွဲ့တွေနဲ့လည်း သေသေချာချာလေး နိုင်ငံရေးအရ ဆွေးနွေး နိုင်ဖို့လိုပါတယ်။ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ အခုလက်ရှိ ကိုင်ထားတဲ့၊ အခုလက်ရှိကြိုးစားနေတဲ့၊ ဒါ ဒါပဲအဖြေဖြစ်တယ်ဆိုတဲ့ အခြေအနေမှာ ဒါကို အဖြေမဟုတ်ဘူးဆိုတဲ့ အမြင်တွေလည်း ရှိလိမ့်မယ်။ ဆိုတော့ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ သေသေချာချာ ဆွေးနွေးမှပဲ တကယ်ပဲ အားကောင်းပြီးတော့ ပုံဖော်တဲ့ unit တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်တယ်ပေါ့လေနော်။ အဲ့လိုမျိုး မဟုတ်ဘူးဆိုရင်ကကျတော့ တကယ့်တကယ် မြေပြင်မှာ တန်ပြန်တော်လှန်ရေး တောင်မှ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ တပ်ဖွဲ့တွေအနေနဲ့တော့ စုစည်းဖို့ကြိုးစားတယ်ဆိုလို့ရှိရင်လည်းပဲ တကယ်ပဲ နိုင်ငံရေးအရ အကျေအလည် ဆွေးနွေး ထားဖို့လိုတယ်။ အဲ့လိုဆွေးနွေးတဲ့အချိန်မှာလည်းပဲ ကိုယ့်ရဲ့ ကိုင်ထားတဲ့ bargaining ပေါ့လေ နော်။ ဆိုတော့ ကျွန်မနားလည်တာတော့ ဆွေးနွေးတဲ့အခါမှာ compromise လုပ်ဖို့လိုတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ တကယ် ရှိနေပြီးသား အဖွဲ့အစည်းတွေရဲ့ ဖြစ်ချင်တာကြားထဲမှာ ကြားချ ပြီးတော့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လိုတယ်ပေါ့လေ။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ နောက်ဆုံးအနေနဲ့ သုံးသပ်စေချင်တာက၊ ကျွန်တော်မေးချင်တာက ကျွန်တော်တို့ တော်လှန်ရေးစခါစမှာ လက်နက်ကိုင်တော်တော်များများက ကျွန်တော်တို့ တော်လှန်ရေးပြီးရင် လက်နက်ပြန်အပ်မယ်ဆိုတဲ့ဟာ ဒါ ပထမတော့ ဒီတော်လှန်ရေးက လပိုင်းလောက်နဲ့ ပြီးမယ်ဆိုတဲ့ ယူဆချက်က တော်တော်များတယ်။ ဒါပေမဲ့ အဲ့လိုအဖွဲ့အစည်း တွေကလည်း အခုနောက်ပိုင်းဆိုရင် မူဝါဒတွေ ချမှတ်လာပြီးတော့မှ ဒီရေရှည်ခုခံနိုင်ဖို့ အတွက် ပြင်ဆင်လာကြတယ်။ ကျောင်းသားတပ်တော်ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပြင်ဆင်ပြင်ဆင်ပြီးတော့မှ လူရှေ့ထွက်လာတာက တခြားအဖွဲ့အစည်းထက်ဆို နည်းနည်း နောက်ကျတယ်လို့ ယူဆလို့ရတယ်။ ဆိုတော့ အဲ့လို တော်လှန်ရေးစစချင်း လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ကြပေမဲ့လည်း အချိန်တိုအတွင်း နိုင်မယ်ဆိုတဲ့ ယူဆချက်များခဲ့တာ ကြောင့် လက်နက်ကိုင်တော်လှန်ရေးက ဖရိုဖရဲဖြစ်နေတာလား၊ သို့မဟုတ် အဓိက အကျတဲ့ NUG တို့၊ NUGCC တို့ဟာမျိုးမှာ နေရာယူထားတဲ့ လူတွေရဲ့ ဦးဆောင်ဦးရွက်ပြုမှုက လိုအပ် ချက်ရှိတာ၊ အဲ့ဒီအပေါ်မှာရော နှုတ်ဆက်အနေနဲ့ ဒါ ကျွန်တော်တို့ တော်လှန်ရေးပိုကောင်း အောင် ဘယ်လိုအကြံပြုချင်တာလဲ သုံးသပ်ဆွေးနွေးပေးပါဦး။

 

ရဲဘော်နွေး – ခုနကလိုမျိုး အမြင်ပေါ့လေနော်။ ကျွန်မတို့အနေနဲ့ ပြောရရင်တော့ စပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်တဲ့အခါမှာ၊ စပြီးစုဖွဲ့မှုလုပ်ကတည်းက ကျွန်မတို့ သည် ဒါ ဆက်ပြီးတော့ ရေရှည်စုဖွဲ့မှု ခိုင်မာဖို့လိုတယ်ဆိုတဲ့ အမြင်ရှိပါတယ်။ အဲ့ဒီအမြင် အတိုင်းပဲ ကျွန်မတို့ ဒီကြားထဲမှာ တပ်တည်ဆောက်ရေးကို ခိုင်ခိုင်မာမာဖြစ်ဖို့၊ စုဖွဲ့မှု ခိုင်ခိုင်မာ မာဖြစ်ဖို့ကို ဦးစားပေးပြီးတော့ တည်ဆောက်ခဲ့တာမျိုးလည်း ရှိတယ်ပေါ့လေ နော်။ ဆိုတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဒီကနဦးပိုင်းမှာ ဒါ ကျွန်မတို့လည်း ကြုံပါတယ်။ အရင်က ဆိုလို့ရှိရင် သင်တန်းတိုလေးတွေ ယူပြီးတော့ မြို့မှာပြန်ပြီးတော့ အုံကြွမှုနဲ့ ဖြစ်နိုင်မယ်လို့ လူတွေက ယူဆခဲ့ကြတာရှိတယ်။ တစ်ဖက်မှာ ရန်သူကို အထင်သေးတာပေါ့လေနော်။ ဒါပေမဲ့ တကယ် တကယ် ရင်ဆိုင်နေရတဲ့ ရန်သူက တကယ်ပဲ ခိုင်မာတဲ့ institution တစ်ခုဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုး institution ကို တိုက်နိုင်ဖို့ဆိုလို့ရှိရင်တော့ ကိုယ်က ခိုင်မာအောင် တည်ဆောက်ထား မှပဲ၊ စုဖွဲ့မှု ကျစ်လစ်ဖို့လိုတယ်ဆိုတဲ့ အမြင်ရှိခဲ့တယ်။ ဆိုတော့ ကျွန်မတို့ အဲ့လိုမျိုးဖြစ်နိုင် အောင်လည်း ကြိုးစားခဲ့တယ်ပေါ့လေနော်။ ဒီနောက်ပိုင်းမှာတော့ ကျွန်မမြင် ပါတယ်။ အရင်က ဒီလိုပဲ စုဖွဲ့မှုမခိုင်မာဘဲနဲ့ ရှိနေခဲ့တဲ့ အဖွဲ့အစည်းတွေတောင်မှပဲ အခုနောက် ပိုင်းမှာ တဖြည်းဖြည်းနဲ့ တပ်တည်ဆောက်ရေးကို သေသေချာချာလေး ခိုင်ခိုင်မာမာ စုဖွဲ့ဖို့ ကြိုးစားလာတာ တွေ့ကြတယ်။ ဆိုတော့ လက်နက်ကိုင်ပြည်သူကို တိုက်ခိုက်တဲ့အခြေအနေ မှာတော့ ကိုယ့်ဘက်က ဘယ်လိုမျိုး စနစ်တကျ ဖွဲ့စည်းထားဖို့လိုတယ်ဆိုတာကို အကုန်လုံး က ဒီအချိန်မှာတော့ နားလည်ထားပြီ၊ လက်ခံထားပြီလို့တော့ ယူဆတယ်ပေါ့။ ဆိုတော့ နောက်တစ်ခုကကျတော့ တောက်လျှောက်ပေါ့လေနော်၊ ကျွန်မတို့ NUG reform နဲ့ပတ်သက်ပြီးတော့ ပြောနေခဲ့ကြတာ ရှိပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ဒါ ကျောင်းသား တပ်တော်နဲ့ NUG နဲ့ တွေ့ဆုံမှုတွေ ရှိတယ်။ ဆိုတော့ အဲ့ဒီအခြေအနေတွေထဲမှာလည်း ကျွန်မတို့ အမြဲတမ်း ဒီ reform နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လိုတယ်ဆိုတာမျိုးတွေ အကြံပြုပြောခဲ့တာတွေ ရှိတယ်။ ကျွန်မတို့ NUG ကို အရင်ကဆိုလို့ရှိရင် အိတ်ဖွင့်ပေးစာတွေ ပေးခဲ့တာမျိုးတွေလည်း ရှိတယ်ပေါ့လေနော်၊ အခင်းအကျင်းလိုက်။ ဆိုတော့ ခေါင်းဆောင်မှု ယိုယွင်းမှုကလည်း အဓိကတော်လှန်ရေးမှာ ပြဿနာဖြစ်စေခဲ့ပါတယ်။ နောက်တစ်ခုက ကျတော့ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ ခုနကပြောသလိုမျိုး ဒီစစကတည်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို သေသေချာချာ မစုစည်းထားတဲ့အခါမှာ တပ်ဖွဲ့တစ်ခုအနေနဲ့ ပီပီပြင်ပြင် မဖြစ်တဲ့အခါမှာ ဒီကြားထဲမှာဖြစ်တဲ့ ပြဿနာတွေပေါ့လေနော်၊ အညာမှာဖြစ်တဲ့၊ ကိုယ်က လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတစ်ခုက တကယ်ပဲ မူဝါဒတွေ၊ နည်းစနစ်တွေ သေသေချာချာမရှိဘူးဆိုလို့ရှိရင် တော်တော်လေး အန္တရာယ်များပါတယ်။ အဲ့လိုမျိုး စပြီးတော့ စုဖွဲ့မှုမှာ ယိုယွင်းခဲ့တယ်ဆိုလို့ရှိရင် ခုနက လက်နက်ရထားတဲ့အခါ၊ power ရှိထားတဲ့အခါ ဖြစ်လာ၊ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေက ဖြစ်လာတယ်။ ဆိုတော့ အဲ့ဒီပြဿနာတွေက သွားနေတဲ့ လမ်းစဥ်မှာ တကယ်ပဲ နှောင့်ယှက်ဖြစ်လာတယ်။ အကုန်လုံးက တော်လှန်ရေး တစ်စုံလုံးမှာ ချထားတဲ့ ရည်မှန်းချက်ရှိတယ်။ ဒါပေမဲ့လို့ အဲ့ဒီရည်မှန်းချက်ကို မမြင်နိုင်တော့ ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီးပဲ ဖြစ်နေတယ်ပေါ့လေနော်။ ဆိုတော့ ဒီအခြေအနေ မှာ ဖြစ်လာတဲ့ ပြဿနာတွေကလည်းပဲ တစ်ဖက်မှာ တော်လှန်ရေးအောင်မြင်မှုအတွက် လက်ရှိပြဿနာဖြစ်နေတယ်လို့ မြင်ပါတယ်။ အခုလက်ရှိလည်းပဲ သတင်းတွေမှာလည်း တွေ့မယ်ထင်တယ်၊ အခွန်ကောက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ရော၊ နောက်တစ်ခုကတော့ ဒီမူးယစ်ဆေးကိစ္စတွေ၊ ဆိုတော့ ဒါတွေသည် သေချာစုဖွဲ့မှုကို မခိုင်မာခဲ့လို့ရော၊ ဒါဗဟိုနဲ့ ချုပ်ကိုင်မှု အားနည်းလို့ဖြစ်လာရတဲ့ ကိစ္စတွေလို့ မြင်တယ်။ ဆိုတော့ ဒီကိစ္စတွေက တစ်ဖက်မှာ တော်လှန်ရေးကို ပါဝင်နေတဲ့ လူထုကို ပိုပြီးတော့ confuse ဖြစ်စေတယ်။ သူတို့အနေနဲ့ ဘာက တကယ့်တကယ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ သွားနေတာမှ ဟုတ်ရဲ့လားဆိုတဲ့ အမြင်တွေလည်း ရှိလာနိုင်တယ်ပေါ့လေနော်။ ဆိုတော့ အဓိကပြဿနာကတော့ တည်ဆောက်မှုမှာ မခိုင်မာခဲ့လို့လို့ မြင်တယ်။ ဆိုတော့ ဒါကိုလည်းပဲ အခုလက်ရှိမှာ တချို့သော အဖွဲ့အစည်းတွေကလည်း ဒီဟာကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရတယ်။ အကုန်လုံးကလည်းပဲ ဒါ ထောက်ပြပြောဆိုနေတာတွေ လည်း ရှိလာပြီပေါ့လေနော်။ reform နဲ့ပတ်သက်လို့ ဘာလို့လိုအပ်တယ်၊ ဘယ်လိုမျိုးဖြစ် နေတယ်၊ ပြဿနာတွေကိုလည်း ထောက်ပြပြောဆိုမှုတွေ တော်တော်လေး ကျယ်ကျယ် ထွက်လာပြီ။ တကယ်တော့ ဒီမတိုင်ခင်မှာလည်းပဲ လူတွေက တောက်လျှောက် ဒီ reform ကိစ္စကို ပြောနေခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာမျိုးကို အမြဲတမ်းပြောနေ ခဲ့တယ်။ ဆိုတော့ ဒီအပေါ်မှာ action ပါဖို့လိုပါတယ်။ အခုအချိန်ထိတော့ ဘာမှတုံ့ပြန်တာ တော့ မတွေ့သေးဘူးပေါ့လေနော်။ ဆိုတော့ action ပါဖို့လိုတယ်။ ပြောခဲ့သလိုပဲ တကယ့် တကယ် စုဖွဲ့နိုင်ဖို့အတွက် သေသေချာချာလေး နိုင်ငံရေးအရ လိုက်ပြီးတော့ ဆွေးနွေးနိုင်ဖို့ လိုတယ်၊ ကျေကျေလည်လည် ပြောနိုင်ဖို့လိုတယ်။ တကယ်ဆိုလို့ရှိရင် လူထုထောက်ခံမှု အားဖြင့်ပဲဖြစ်ဖြစ်၊ resource အားဖြင့်ပဲဖြစ်ဖြစ် သူ့မှာ ရှိထားပြီးသား ရင်းမြစ်တွေ ရှိပါတယ်။ ဆိုတော့ ဒါတွေကို ကောင်းကောင်းမသုံးနိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့ ပိုပြီးတော့ ပြဿနာရှိ ပါတယ်။ ဆိုတော့ ဒီအတွက် ပြုပြင်ပြောင်းလဲမှုပေါ့လေနော်၊ ဒါတွေကို မူဝါဒအားဖြင့်လည်း သေသေချာချာ ပြန်ပြီးတော့ ဆန်းစစ်ဖို့လိုလိမ့်မယ်။ နောက်တစ်ခုကကျတော့ ဆိုတော့ ဒီလက်နက်စွန့်လွှတ်ရေးနဲ့ပတ်သက်လို့ဆိုရင် ကျွန်မတို့ တပ်ဦးတပ်တော်မှာဆိုလို့ရှိရင်လည်း မူဝါဒအားဖြင့် ရှိပါတယ်။ လက်နက်စွန့်လွှတ်ရေးမူဝါဒ ရှိပါတယ်။ ဆိုတော့ ကျွန်မတို့သည် ဘာအတွက်တိုက်နေတယ်ဆိုတဲ့ အခြေခံမူရှိတယ်၊ အခြေခံမူငါးချက်ရှိတယ်၊ ပြီးတော့က တော့ ကျွန်မတို့ တပ်ဦးတပ်တော်ကနေပြီးတော့မှ ချမှတ်ထားတဲ့ vision, mission တွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေ၊ ဒါတွေအတွက် တိုက်နေတာဖြစ်တယ်။ ဆိုတော့ ဟုတ်ပြီ၊ ရရှိခဲ့တယ်ဆိုလို့ရှိရင်တောင်မှပဲ ကျွန်မတို့နားလည်တာ လက်နက်စွန့်လွှတ်တဲ့ဆိုတဲ့ process ကလည်း လိုအပ်တယ်။ ဆိုတော့ ကျွန်မတို့မှာ လက်နက်စွန့်လွှတ်ရေးမူဝါဒ ရှိပါတယ်။ လက်နက်စွန့်လွှတ်ရေးမူဝါဒမှာလည်းပဲ ကျွန်မတို့ ချမှတ်ထားတဲ့ အခြေခံမူတွေ၊ ရပ်တည်ချက် တွေ၊ မျှော်မှန်းချက်တွေ၊ ကို ရရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ process အတိုင်းပဲ ဆက်ပြီး တော့ သွားမှာဖြစ်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဒီလို ရှုပ်ထွေးမှုတွေနဲ့ အောင်မြင်မှုတွေ များစွာနဲ့ကို ဒီတော်လှန်ရေးကလည်း အဆုံးသတ်ထိ သွားရမယ့် တော်လှန်ရေးဖြစ်တဲ့အခါကျတော့ ပြည်သူတွေကို အားပေးစကား လေးပြောရင်းနဲ့ ဒါ ကျောင်းသားတပ်တော်မှာ ပူးပေါင်းဖို့ လိုအပ်တဲ့ ပြည်သူတွေကို တိုက်ရိုက် ပြောဆိုရင်း မိတ်ဆက်လေးတွေရှိရင် ပြောပေးသွားပါဦး။

 

ရဲဘော်နွေး – ဟုတ်ကဲ့ပါ။ လက်ရှိမှာ ကျွန်မတို့ တော်လှန်ရေးအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် လက်ရှိကာလက တော်တော်လေးကိုမှ sensitive ဖြစ်တဲ့ ကာလဖြစ်တယ်လို့ မြင်တယ်ပေါ့ လေနော်၊ ကျွန်မတို့အနေနဲ့။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ ရန်သူ့ဘက်ကနေပြီးတော့ တည်ဆောက်မှုတွေလည်း ရှိတယ်၊ နိုင်ငံရေးအရ၊ စစ်ရေးအရ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ သူတို့အာဏာတည်မြဲနိုင်ဖို့အတွက် ကြိုးစားမှုတွေ ရှိတယ်။ တစ်ဖက်မှာလည်းပဲ နိုင်ငံတကာ ဖိအားတွေ ရှိတယ်။ ဆိုတော့ ဒီအခင်းအကျင်းမှာ တော်လှန်ရေးတစ်စုံလုံးအနေနဲ့ ဒီအခင်း အကျင်းကို ကျော်လွှားနိုင်ဖို့လိုတယ်။ ကျွန်မမြင်တာတော့ ကျွန်မတို့မှာ ဒီနှစ်ပိုင်းတွေ၊ ၂၀၂၅၊ ၂၀၂၆ ဆိုတော့ ဒီနှစ်ပိုင်းတွေက တကယ်ပဲ အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကာလဖြစ်တဲ့ အခြေအနေမှာ ပြောချင်တာ နှစ်ခုပေါ့လေနော်၊ နှစ်ခုဆိုတာ ရှိပြီးသား တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုဆိုတဲ့ အချိန်မှာ ဒါ လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့အစည်းတွေရောပေါ့လေ နော်၊ ဒီလိုမျိုးအဖွဲ့အစည်းတွေအနေနဲ့က ပိုပြီးတော့ ကျစ်ကျစ်လစ်လစ် စုစည်းနိုင်ဖို့လိုတယ်။ ဒါကိုလည်းပဲ ကြိုးစားရမှာဖြစ်တယ်။ ကျွန်မတို့ မစုစည်းနိုင်ဘူး၊ ဖရိုဖရဲဖြစ်နေတယ် ဆိုလို့ရှိရင်တော့ ရန်သူရဲ့ကြိုးစားမှုက အောင်မြင်သွားမှာပဲ ဖြစ်တယ်ပေါ့လေနော်။ ဆိုတော့ ကျွန်မတို့ နားလည်တာကတော့ တော်လှန်ရေးအနေနဲ့ အရေးကြီးတဲ့ကာလတွေဖြစ်တယ်။ ရှေ့မှာ တော်လှန်ရေးရဲ့ ရိုက်ခတ်မှုက ကြီးကြီးမားမား အက်ကြောင်းတွေ ရှိနေတယ်။ ဆိုတော့ ဒီအက်ကြောင်းတွေမှာ ဒီကျွန်မတို့ အစကတည်းက ကြွေးကြော်ခဲ့တဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ကို သွားနိုင်ဖို့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့တော်လှန်ရေးက survive ဖြစ်ဖို့လိုပါတယ်။ ဒီအခင်းအကျင်းကို ကျော်လွှားနိုင်ဖို့လိုပါတယ်။ ဆိုတော့ ဒီအတွက် ရှိပြီးသားတပ်ဖွဲ့တွေ ကလည်း ဆိုတော့ ဒါကို ဘယ်လိုမျိုး ကျော်လွှားနိုင်မယ်ဆိုတာကို ဝိုင်းပြီးတော့ အဖြေရှာကြဖို့ လိုတယ်။ တစ်ဖက်မှာလည်းပဲ လူထုအနေနဲ့ကျတော့လည်း ဒီတောက်လျှောက်မှာ ဒီစစ်ဒဏ် ကိုလည်း အများကြီးခံရတယ်။ ကြားထဲမှာ ဒီငလျင်လည်း ဖြစ်သွားခဲ့သေးတယ်ပေါ့လေနော်။ ဆိုတော့ စစ်ဒဏ်၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်၊ အစစအရာရာ အကျပ်အတည်းတွေ အများကြီးနဲ့ အထွေထွေအကျပ်အတည်း ကြီးကြီးမားမား ကြုံသွားရတဲ့အချိန်ဖြစ်တာကိုး။ ဆိုတော့ အဲ့လိုဖြစ်နေဆဲ အခြေအနေမှာတောင်မှပဲလည်း ရှိနေတဲ့လူထုက စစ်ကောင်စီကို တော်လှန်ရမယ်ဆိုတဲ့၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ ဒါ ဒါလည်း နေ့စဥ်မြင်နေရတာဆဲပဲ ပေါ့လေနော်။ စစ်ဒဏ်ဆိုတဲ့ အခြေအနေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒါတွေကိုလည်း ကြုံနေရ ဆဲဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုး လူထုအနေနဲ့ကျတော့လည်း တစ်ဖက်မှာ တော်လှန်ရေးအဖွဲ့ အစည်းတွေက ခုနကလိုမျိုး စုစည်းထားနိုင်မှုမရှိဘူးဆိုရင် ဒါ သူတို့အတွက် ကျပ်တည်းနေတဲ့ ကြားထဲမှာမှ တော်လှန်ရေးနဲ့ပါ ဝေးသွားနိုင်တဲ့ အခြေအနေဖြစ်စေတာကိုးနော်။ ဆိုတော့ ဒီအခြေအနေမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှုရနိုင်ဖို့ဆိုလို့ရှိရင်လည်းပဲ ဒီအခုလည်းပဲရပါတယ်။ ဆိုတော့ ဒီထက်ပိုပြီးတော့ ပူးပေါင်းပါဝင်မှုရှိနိုင်ဖို့ ကျွန်မတို့က လူထုကိုလည်း ကြည့်ဖို့လို ပါတယ်။ ရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ လက်ရှိပြဿနာကို ကျော်လွှားနိုင်ဖို့ အတွက် လူထုအသံကို နားထောင်ဖို့လိုတယ်။ တကယ့်တကယ် အစလာကတည်းက ဘာကြောင့်မို့လို့ ဒီလိုမျိုး ရှိလာတာလဲ၊ ဘာကြောင့်မို့လို့ တော်လှန်ရေးရှိလာတာလဲဆိုတာကို မမေ့ဖို့လိုတယ်ပေါ့လေနော်။ ဆိုတော့ ရှိပြီးသားအဖွဲ့တွေအနေနဲ့ ဒီလက်ရှိဖြစ်လာနိုင်တဲ့ အခက်အခဲတဲ့ကာလကို ကျော်လွှားနိုင်ဖို့လိုတယ်။ အဲ့ဒီအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ဖို့လိုတယ်။ အခုယိုယွင်းနေတဲ့၊ ယန္တရား ယိုယွင်းနေတဲ့ စနစ်ကို သိတယ်၊ ပြင်ဖို့လည်း လူတွေက ပြောနေကြပြီဆိုလို့ရှိရင် ကိုယ့်သက်ဆိုင်ရာအစုအဖွဲ့တွေက ဒါကိုပြင်ဖို့ လိုတယ်။ တစ်ဖက်မှာ လူထုကို mobilization လုပ်ဖို့လိုတယ်ပေါ့လေနော်။ နောက်ပြီးတော့ လည်းပဲ အခုလက်ရှိ ကျွန်မတို့ပြောခဲ့သလိုပဲ ဒါ စစ်ရေးအရရော၊ နိုင်ငံရေးအရရော အရေးကြီးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ကျွန်မတို့ ဖိတ်ခေါ်ပါတယ်။ ဘယ်လိုမျိုး ပူးပေါင်းပါဝင်မှုနဲ့ပဲဖြစ်ဖြစ်၊ လက်ရှိအချိန်ထိလည်း ကျွန်မတို့ သည် လူထုရန်ပုံငွေနဲ့ပဲ လည်ပတ်နေခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆိုတော့ အခုအချိန်ထိ လည်းပဲ ဒီလူထုရန်ပုံငွေနဲ့ လည်ပတ်ရတဲ့အပေါ်မှာ ရှိတဲ့နယ်မြေတွေမှာဆိုလည်း သက်ဆိုင်ရာ နယ်မြေက လူထုက သူတို့က ယုံကြည်ပါတယ်။ တော်လှန်ရေးကို သူတို့က ယုံကြည်တယ်။ ဒါပေမဲ့လို့ အဲ့ဒီယုံကြည်မှုကို မပျက်သွားအောင်လို့ ရှိနေတဲ့အဖွဲ့အစည်းတွေကတော့ ကြိုးစား ဖို့လိုတယ်ပေါ့လေနော်။ ဆိုတော့ နောက်တစ်ခုကတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍပေါ့လေ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍဆိုတဲ့ အချိန်မှာ ကျွန်မတို့ရဲ့ဒီ ကျွန်မတို့တပ်ထဲမှာဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းက ကျောင်းသားလူငယ်တွေ ဖြစ်ကြတယ်။ ဆိုတော့ ထပ်ပြီးတော့လည်း ကျွန်မတို့ ရှေ့ဆက်သွားမဲ့ ရည်မှန်းချက်တွေ ရှိတယ်၊ စစ်ရေးအရ၊ နိုင်ငံရေးအရ ရည်မှန်းချက်တွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေမှာ ထပ်ပြီးတော့ အပြင်မှာရှိနေတဲ့ ကျောင်းသားလူငယ်တွေ ကိုလည်း ကျွန်မ ဖိတ်ခေါ်တယ်။ ကျွန်မတို့နဲ့ ပူးပေါင်းပြီးတော့ တော်လှန်ရေးမှာ ပါဝင်ဖို့၊ ကျွန်မတို့ တပ်ဖွဲ့ရဲ့ သွားနေတဲ့လမ်းစဥ်မှာ အခုဆိုလို့ရှိရင် တပ်တည်ဆောက်ရေးလုပ်တယ်၊ ကျွန်မတို့ ဒီတော်လှန်ရေးမှာ သေသေချာချာ ခိုင်ခိုင်မာမာ ဆက်ပြီးတော့ ရှိနေနိုင်ဖို့အတွက် တည်ဆောက်ရေးတွေ လုပ်ရတယ်။ ဆိုတော့ ဒါတွေကို အကုန်လုံးကို ဝိုင်းပြီးတော့ ပါဝင်တည်ဆောက်ပေးဖို့အတွက် ကျွန်မတို့ ပိုပြီးတော့ ကျောင်းသားလူငယ်တွေရဲ့ အင်အား တွေလည်း လိုပါတယ်။ ဆိုတော့ ကျွန်မတို့ တပ်ဖွဲ့အနေနဲ့လည်း ဒီလိုမျိုး တော်လှန်ရေးထဲမှာ ပါဝင်ဖို့အတွက် ကျွန်မ ဖိတ်ခေါ်တယ်။ တစ်ဖက်မှာလည်းပဲ ဒီလက်ရှိကြုံလာနိုင်တဲ့ စစ်ကောင် စီရဲ့ ရွေးကောက်ပွဲလက်နက်ကို လူထုအနေနဲ့ ကျော်လွှားနိုင်ဖို့ကိုလည်း ကျွန်မပြောချင်ပါ တယ်။ ဒါ ဒီအတွက်လည်းပဲ ရှိပြီးသားအင်အားစုတွေကလည်းပဲ လူထုကို မျက်နှာမူဖို့လိုတယ်၊ လူထုကို မျက်နှာမူရမယ်၊ တော်လှန်ရေးကို မျက်နှာမူပြီးတော့ ဒါကို ဆောင်ရွက်ကြဖို့လိုတယ် ဆိုတာကိုပဲ ပြောချင်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ အခုလို ကျွန်တော်တို့ကို အချိန်အများကြီးပေးပြီးတော့မှ interview မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်နွေးရဲ့ ခင်ဗျ။

 

ရဲဘော်နွေး – ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကို။ ကျေးဇူးပါဗျာ။ ကျွန်မတို့ ဆက်သွယ်လာတဲ့ အတွက်လည်း။