ဒီဇင် ၁၆
The Kaladan Post
၂၀၂၅ခုနှစ်၊ ဒီဇင်လာလ ၁၂ ရက်တွင် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်တဲ့ စစ်တပ်အင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်သဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ် သက်ပြီး ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ” ကျွန်တော်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဟာ စစ်ခွေးတွေကြိုတင်သတင်းရရှိထားတာကြောင့် စောင့်ကြိုကာ မိုင်းဆွဲပြီး တိုက်ခိုက် ခဲ့ရာ နေရာတွင် (၄)ဦး သေဆုံးပြီး (၇) ဒဏ်ရာရှိပါတယ် ဒီတိုက်ခိုက်မှုမှာ လက်နက်ခဲယမ်းသိမ်းဆည်း တာတွေမရှိပါကြောင်း’’ဟု The Kaladan Post သို့ ပြောဆိုသည်။အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ခလရ (၂၂၉) တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၁၆) ရဲတပ်ရင်းတို့ ပူးပေါင်းအင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်းကို ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်သတင်းရရှိတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အထိနာသွားသော အကြမ်းဖက်စစ်အုပ်စုသည် အင်အားပြန်လည် ၆၀ခန့် ဖြည့်တင်းပြီး ခန္တီးမြို့နယ် နန်စီပွန်မှော် တစ်ဝိုက်ရှိကျေးရွာများကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိရာ ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် တိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အစစအရာရာ သတိထားပေးကြ ပါရန်နှင့် စစ်ခွေးတွေ အကြမ်းဖက်တာကို ရှောင်ရှားနိုင်ဖို့ကတော့ သူတို့နဲ့နီးရာ မနေဖို့ သူတို့စစ်ကြောင်း ထိုးတဲ့လမ်းကြောင်းပေါ်မှာ နေထိုင်သူများအနေဖြင့် ကြိုတင်တိမ်းရှောင်ကြဖို့ ပြင်ဆင်သင့်တယ်လိုအပ် ကြောင်း ဆက်လက်ပြောဆိုသည်။