ဇွန် ၃၀
The Kaladan Post
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နေ့လည်ခင်း ၂:၀၀ ဝန်းကျင်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာသော စစ်ကောင်စီဖလပ်များနှင့် စစ်သင်္ဘော ၃ စီးကို မုံရွာအခြေစိုက် 5/FighterGroup LOCAL PDF (MONYWA) နှင့် မဟာမိတ်ညီနောင်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း 5/FighterGroup ၏ထုတ်ပြန် ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Special Guerrilla Force Monywa ရဲ့တာဝန်ရှိ သူတစ်ဦးက “ ကျွန်တော်တို့က တစ်ဘက်ဖွင့်အဝေးပြေးမိုင်းအမျိုးစား၊ စနှိုက်ပါ နှင့် ဂန်ငယ်အများပြားကို အသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ပြီးတော့ ဒီ စစ်သင်္ဘောမှာ ပြည်သူတွေကို နှိပ်ဆက်နိုင်ဖို့ ဝေဟင်လောင်စာဆီပါမယ်၊ ပြီးတော့ စစ်သားတွေစားဖို့ ရိက္ခာပါမယ် ဒါ့အပြင် ကျောက်စိမ်းပါ လိမ့်ပါနိုင်တယ်” ဟု The Kaladan Post သို့ပြောဆိုသည်။
၎င်းစစ်သင်္ဘော(၃) စီးနှင့် ဖလပ် (၁၁ )စီးသည် မကွေးကို ဦးတည်နေတာဖြစ်ပြီး ဖလပ်တစ်စီးကို စစ်သား၆ယောက် ပါကြောင်းသိရသည်။ ချောင်းဦး နယ်သား မောင်းတဲ့ပလပ်တစ်စီးပေါ်က စစ်သားတစ်ယောက်ထိခိုက် ဒဏ်ရာရရှိကြောင်းသာ အတိအကျ သိရှိပြီး ကျန်တဲ့အကောင်တွေထိခိုက်မှုကိုတော့ အထိအကျ မသိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ပြည်သူတွေအနေနဲ့ လွတ်လပ်သွားပြီး ဆိုတဲ့ခ့စားချက်မျိုးမထားဘဲ ဝေဟင်ကို အမြဲ သတိထားပြီး အားလုံး အဆင်သင့်အနေအထားမှာ ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို 5/FighterGroup Local PDF (Monywa) နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ SOLO AUNG GYI (Salingyi)၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defender Of Our Motherland၊ SPECIAL GUERILLA FORCE SGF (Monywa) တို့က စည်းလုံးစွာဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုက်ပွဲများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ထောက်ပို့အဖွဲ့အစည်းများထံမှ မိမိတတ်နိုင်သမျှဖြင့် ကျည်တစ်တောင့်ဖိုးဖြစ်စေ ထောက်ပံ့မှုများ ပါဝင်ပေးကြပါရန် မုံရွာအခြေစိုက် 5/FighterGroup LOCAL PDF ၏ ထုတ်ပြန်ချက်မှ မေတ္တာရပ်ခံထားပါသည်။