——————————————————————
ဇူလိုင်း ၂
The Kaladan Post
၂၀၂၅ခုနှစ်၊ဇွန်လ ၂၉ရက်နေ့တွင် AhNyar Heroes တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကို အားပေးထောက်ခံသော ဂန့်ဂေါ့မြို့နယ် မြောက်ခင်ရန်း ပျူရွာကို တိုက်ခိုက်ခဲ့ကြောင်း AhNyar Heroes ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး AhNyar Heroes တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီတိုက်ခိုက်မှုသည် ကျွန်တော်တို့က ၂၀၂၅ခုနှစ်၊ ဇွန်လ ၆ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့က အခြေအနေအမျိုးမျိုးကြောင့် ဇွန်လ ၂၉ ရက်ဆွဲဖြင့်ထုတ်ပြန်တာဖြစ်တယ်ဟု “ The Kaladan Post သို့ပြေဆိုသည်။ ဒါ့အပြင် ဤတိုက်ခိုက်မှုကို AhNyar Heroes တော်လှန်ရေးတပ်အဖွဲ့မှ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ လက်နက်ကြီး အမည် (Hand Made) ခေါ် လက်နက်ကြီးကို အသုံးပြုထားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အရင်နှစ်ပိုင်းက AhNyar Heroes နှင့် မဟာမိတ်တပ်ဖွဲ့ ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ သူရဲကောင်းရဘေ်တွေကို ရည်ညွှန်းပြီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ အဆိုပါထုန်ပြန်ချက်တွင် ဒေသခံသတင်းရင်းမြစ်အရ စစ်သားနှင့် ပျူစောထီး အကောင် ၂၀ ခန့် သေဆုံးခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ရှေ့လျှောက်တိုက်ပွဲတွေ အကောင်းဆုံးဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး၊ မိဘပြည်သူများအနေနဲ့ အားတင်းထားကြရန် မေတ္တာရပ်ခံထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးသောမိဘပြည်သူများအပေါ် အထူးပင်ကျေးဇူးတင်ထားကြောင်း ၎င်ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။