ဇူလိုင် ၁၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်း အနီးတွင် ဂိတ်ကြေးကောက်ခံနေသော စစ်ကောင်စီလက်အောက်ခံ စစ်သား ၄ ဦး၊ ရဲ ၁ ဦးနှင့် ပျူ စောထီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို ခြေလျင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြေင်း Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ကျွန်ုပ်တို့ Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့မှ ရဲဘော် ၅ ဦးဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ ပြီးတော့ ဒီဂိတ်ဟာဆိုရင် ဂိတ်ကြေးကောက်ခံမှုတွေကြောင့် ဒေသခံပြည်သူများအား ခရီသွားပြည်သူများ ကြောက်လန့်မှု ဖြစ်ပေါ်စေပြီး စစ်တပ်ရှိနေတာဟာ လုံခြုံမှုမရှိဟု ခံစားနေကြရပါတယ် ဒါကြောင့် ဂိတ်ကြေးကောက်ခံမှုတွေ ရပ်တန့်စေရန်နှင့် ပြည်သူအားလုံး လွတ်လပ်အေးချမ်းစွာ ဖြတ်သန်း သွားလာ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။
ဤတိုက်ပွဲတွင် ဗိုလ်ဆရာစံ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြ သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 သေနတ် ၃ လက် (၁ လက်ပျက်စီး)၊ 5.56 မမ ကျည်ဆံ ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အဓမ္မကောက်ခံထားသော ဂိတ်ကြေး ငွေ ကျပ်တစ်သိန်း ရှစ်သောင်းငါးရာ(၁၈၀၅၀၀)ကျပ်တိတိ နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲသည် ၂မိနစ်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် လက်နက်များယူဆောင်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။ ဤသတင်းထုတ်ပြန်မှုကို နယ်မြေလုံခြုံရေးအတွက် တမင်နောက်ကျမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲတွေ၏ သတင်းတွေကို စစ်ကောင်စီဘက်မှ နောက်ကျမှ သိလေလေ ကောင်းလေလေ ဖြစ်တယ်ဟု ၎င်းကဆက်လက်ပြောဆိုသည်။