မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – Saya San Lwin – Australian Karen Organization
ဆလိုင်းဒိုခါရ် – အားလုံးပဲမင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ ဒီ The Kaladan Post ရဲ့ exclusive interview အတွက် ကျွန်တော်တို့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ အနေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ နိုးဆော်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင်တဲ့ သူတစ်ယောက် အနေနဲ့ ပါဝင်တဲ့ ဒါ ဆရာဆန်းလွင်နဲ့ interview လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဆရာဆန်းလွင်ရေ ကျွန်တော့်ကို အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။
Saya San Lwin – ဟုတ်ကဲ့ ကျွန်တော့်ကို ဖိတ်ခေါ်တဲ့အတွက် The Kaladan post သတင်းဌာနကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဟုတ်။ ကျွန်တော်တို့ ပထမဆုံး အနေနဲ့ မေးမြန်းလိုတာကတော့ ဒီ ဆရာ တို့ ထုတ်ပြန်ချက်မှာ ဘယ်လို အဖွဲ့အစည်းတွေ အဓိက ပါဝင်သလဲ။ ဘာဖြစ်လို့ အရေးတကြီး အနေနဲ့ နိုင်ငံတကာ ရောက်နေတဲ့ ဒါ အဖွဲ့အစည်း ကိုယ်တိုင်က ဦးဆောင်ပြီး တော့မှ ဒီ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ လိုအကြောင်းကို ထုတ်ပြန်ဖြစ်သလဲ။ ဘာဖြစ်လို့လဲ ဆိုရင် ဆရာတို့ဆိုရင် ဒီမိုကရေစီ နိုင်ငံတွေမှာ နေထိုင်တဲ့သူ ဆိုတော့ ရွေးကောက်ပွဲရဲ့ တန်ဖိုးတွေ၊ ရွေးကောက်ပွဲရဲ့ အရေးပါမှုတွေကို သိတဲ့ သူတွေ ဖြစ်တာပေါ့နော်။ ဒါပေမယ့် ဒီ နိုင်ငံတကာ စံတန်ဖိုးတွေ သိပြီးတော့မှ ဒီမိုကရေစီ အကြောင်းတွေ၊ ရွေးကောက်ပွဲ အကြောင်းတွေ နားလည်တဲ့ သူ ကိုယ်တိုင်က စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုပ်ရှားတဲ့ အကြောင်းရင်းလေးတွေကို ပထမဆုံး အနေနဲ့ ဆွေးနွေးပေးပါဦး ခင်ဗျာ။
Saya San Lwin – အဓိက ကတော့ ကျွန်တော်တို့ ဒီ လာမယ့် စစ်ကောင်စီ သို့မဟုတ် ပေါ့နော် စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲ ကျတော့ တရားမျှတပြီးတော့ ပွင့်လင်းမြင်သာမယ့် ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကတော့ ကျွန်တော်တို့ အကုန်လုံး သိကြတယ်။ အဲ့ဒီ့ အကြောင်းအရာလည်းပဲ ကျွန်တော်တို့ ဒီ ဟာကို ကျွန်တော်တို့ ဝိုင်းရံပြီးတော့ နိုင်တဲ့ ဘက်ကနေပြီး ကန့်ကွက်ဖို့တဲ့ ပေါ့နော်။ တားဆီး လုပ်နိုင်ဖို့ပဲ ကျွန်တော်တို့ အဲ့လိုပဲ အဓိက ဦးတည်ချက်။ ဘာဖြစ်လဲ ဆိုတော့ ဒီ လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ပြန့်ကျဲနေတဲ့ တိုက်ခိုက်မှုတွေ လေယာဉ်နဲ့ ပစ်ခတ်မှုတွေ က စစ်ကော်မရှင် က နေ့တိုင်း လုပ်နေတာပဲ။ ဒီ စစ်ကော်မရှင်ဆိုတာကလည်း စစ်ကောင်စီမှ လုံခြုံရေး နဲ့ ငြိမ်းချမ်းရေး ကော်မရှင် သို့မဟုတ် သူတို့ နာမည် အသစ် တစ်မျိုး နဲ့ ပြောင်းပြီးတော့ ဒါပေမယ့် ဒီ လူတွေနဲ့ ပဲ သူတို့ ပြန်လည် ပတ်နေတာကို။ ဒီလို နာမည် ပြောင်းခြင်းအားဖြင့် သူတို့ အရေခွံ လဲပြီးတော့ သူတို့ ကုန်ဆုံးသွားမယ့် ဒီ ငါးနှစ်တာ ကာလကို သူတို့က ခြောက်လ ခြောက်လ နဲ့ သက်တမ်း တိုးလို့ မရတော့တဲ့ အဲ့ဒီ ငါးနှစ် ဆိုတဲ့ ရွေးကောက်ပွဲနဲ့ သက်တမ်း တိုးမယ့် ဆိုတဲ့ ရည်ရွယ်ချက် ဦးတည်ချက်နဲ့ သူတို့ လုပ်လာတဲ့ ဆိုတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စကို ပေါ့နော်။ ဒီ စစ်ကောင်စီ သို့မဟုတ် စစ်ကော်မရှင်ကို သက်တမ်းဆက် မတိုးဖို့ နောက်ပြီးတော့ ပြန်လည် ဖြစ်မှု မရှိစေချင်ဖို့တဲ့ ကျွန်တော်တို့ ဟိုဒင်း ထုတ်ပြန်ခြင်း ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ ကာလမှ ကော်သူလေး အုပ်ချုပ်နယ်မြေ အပါအဝင် ပေါ့နော် ဒီ နိုင်ငံ အနှံ့ အပြားမှာ နေ့တတူ က ပြည်သူ လူထုတို့ က ခွေးလို ဝက်လို ပြေးနေရ တယ်။ နောက်ပြီးတော့လည်း သူတို့ လေယာဉ်တွေနဲ့ ကြီးမားတဲ့ ဗုံးတွေနဲ့ အဲ့ဒီ ကျေးရွာ ပေါ်မှာ ပြည်သူ့ အဆောက်အအုံ ဖြစ်တဲ့ ဆေးရုံ ဆေးခန်း၊ ကျောင်း နောက်ပြီးတော့ ဘာသာရေး အဆောက်အအုံ ဗလီ ဘုန်းကြီးကျောင်း၊ Church တွေ ပေါ်မှာ သူတို့ ရည်ရွယ်ချက်ရှိရှိ သူတို့ ပြည်သူတွေက အကြောက်တရား ဖြစ်အောင် သူတို့ လိုက်ပြီးတော့ ဗုံးကြဲနေတယ်။ နေ့တိုင်းပဲ။ အခုဆိုရင် ကျွန်တော်တို့ ဒီ ကော်သူလေး နယ်မြေမှာတောင် အဲ့ဒီ ရွာပုန်းရွာရှောင်ဒုက္ခသည်တွေက တစ်သန်းကျော် လောက် ရှိတယ်။ အဲ့ဒီ တစ်နိုင်ငံလုံး တိုင်းတာရာ ကတော့ ကျွန်တော်တို့က ဟို ငါးသန်းကျော်လောက် ရှိသွားပြီ။ ထို့နည်းတူစွာ အတူ တဖက်က ပြန်ကြည့်မယ် ဆိုရင် ဒီ နိုင်ငံမှာ ရှိနေတဲ့ အထင်ကရ နိုင်ငံရေး ခေါင်းဆောင်တွေ ပေါ့နော်။ ဥပမာ သမ္မတ ဦးဝင်းမြင့်တို့ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့လည်းပဲ ဟိုဒင်း ပေါ့နော် အဲ့လို နိုင်ငံရေး ခေါင်းဆောင်တွေလည်း သူတို့ နှစ်ရှည် ထောင်ဒဏ် ချထားနေတုန်းပဲ။ လွှတ်မပေးဘူး။ ပြန်ပြောရရင် စကစ အမည်ပြောင်း စစ်ကော်မရှင်က သူ့ရဲ့ အာဏာရှင်ရဲ့ သက်တမ်းကို အသက်ပြန်သွင်းပေးမယ့် ရွေးကောက်ပွဲ က ကျွန်တော်တို့ ပြောမယ်ဆိုရင် တော့ မော်ပီယာန ပွဲတစ်ခုလိုပဲ ကျွန်တော် တို့က သုံးသပ် ရမှာပေါ့နော်။ အဲ့ဒါကြောင့် ကျွန်တော်တို့ သူတို့ နောက်ထပ် သက်တမ်း ငါးနှစ် တိုးသွားမယ်ဆိုရင် သူတို့က နောက်ထပ် ငါးနှစ်လောက် သူတို့က ပြည်သူလူထုကို ဆက်လက်ပြီးတော့ ဖျက်ဆီး နှိပ်စက် ဦးမှာပဲ ဆိုတဲ့ ကိစ္စကြောင့် ကျွန်တော်တို့ ဒီနေရာမှာ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေပြီး ကျွန်တော်တို့ ရနိုင်တဲ့ လမ်းကြောင်းကနေပြီး ကျွန်တော်တို့ ရှာကြံပြီးတော့ ကျွန်တော်တို့ ဟိုဒင်း ကန့်ကွက်တယ်။ ရှုတ်ချတယ် ဆိုတဲ့ ကျွန်တော်တို့ ထုတ်ပြန်ခြင်း ဖြစ်တယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ဒါနဲ့ပတ်သက်ပြီးတော့မှ ဆရာ ဆွေးနွေးချက်အရ ဒါ uniform ပြောင်းလဲရုံ နဲ့ စိတ်ဓါတ်ရေးရာက ပြောင်းလဲ မှာ မဟုတ်ဘူး။ ဒီ လုပ်ရပ်က ဆက်ရှိနေမယ့် အနေအထားကို စိုးရိမ်ချက် ဖြစ်တယ်။ နောက်တစ်ဖက်မှာကလည်း ဒါ ဒီမိုကရေစီ စံတန်ဖိုး က မရှိဘူးဆိုတော့ ဒါ ဒီဟာကို ဖြစ်ခွင့် ကျွန်တော်တို့ ပေးလိုက်ရင် အခြေအနေ ဆိုးသွားတဲ့ ပိုင်း ဦးတည်သွားနိုင်ခြေ ရှိလာ။ ဘာလို့ တချို့ သုံးသပ်ချက်မှာ အခု တရားဝင် နိုင်ငံတကာ က လည်း အသိအမှတ် မပြုတဲ့ ကြားကတောင်မှ ဒီလောက် အထိန်းအကွက်မဲ့ ပြစ်မှု နိုင်ငံတကာ ပြစ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အနေအထား ဖြစ်တယ်။ တကယ်လို့ သာ ရွေးကောက်ပွဲအရ အစိုးရ သယောင်နဲ့ ဖြစ်လာရင် ဒီထက် အခြေအနေ ဆိုးသွားမလား။ ဒီ ဘယ်လောက်ထိ သက်ရောက်မှု ကြီးနိုင်လဲ။ ဒီ ဟာ ဖြစ်ခွင့်ပေးလိုက်မိတယ် ဆိုရင် ဘယ်လောက်ထိ အန္တရာယ်များ လဲ ဆရာ။
Saya San Lwin – ပြောမယ်ဆိုရင်တော့ အခု လက်ရှိမှာ သူတို့မှ တရားဝင် အစိုးရ မဟုတ်တဲ့ အာဏာသိမ်း စစ်အစိုးရ အဆင့် အနေနဲ့ တောင်မှ သူတို့က အဲ့လောက်တောင် မှ လက်သန် ပြောင်ပြောင် လုပ်နိုင်ခဲ့သေးတယ်ဆိုရင် သူတို့က ဒီ ရွေးကောက်ခံ အနိုင်ရ အစုအဖွဲ့ တစ်ခု အနေနဲ့ သာ သူတို့ တရားဝင် ရပ်တည်သွားမယ်ဆိုရင် သူတို့က ဒီဟာတွေကို ဥပဒေ ပြုပြီးတော့ လူတွေကို ဒီထက် ပိုပြီးတော့ နှိပ်စက် ညှင်းပန်း သတ်ဖြတ်မယ်ဆိုတာကတော့ ကျွန်တော်တို့ ယုံမှားစရာ သံသယမရှိဘူး။ အဲ့ဒီမှာလည်း နိုင်ငံတကာမှာလည်း သူတို့ တရားဝင် ဆက်ဆံခွင့် ရသွားပြီဆိုရင် သူတို့ လုပ်သမျှ အကုန်လုံး တိုင်းပြည်သည် သူတို့မှာ အဲ့ဒီ တည်ဆဲ ဥပဒေ နဲ့ သူတို့ အကြောင်းပြပြီးတော့ ဥပဒေ ပြုပြီးတော့ သူတို့ လုပ်သွားမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အတွက်တော့ ကျွန်တော်တို့ မြင်တဲ့ ဒီ ရွေးကောက်ပွဲ အလွန် ကာလက တော်တော်လေး ထိန်းကြပ်မှု တော်တော်များများ ဆိုးကျိုးဘက်ကို ဦးတည်သွား နိုင်မယ့် အလားအလာရှိတဲ့ ထိန်းမနိုင်သိမ်းမရ အဆင့် ထိတောင် ဖြစ်သွားနိုင်တဲ့ သဘောမျိုး ဖြစ်တယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆိုရင် ဒါ တစ်ဖက်မှာကလည်း မြေပြင် မှာက အတင်းအဓမ္မ မဲရုံ ကို ခေါ်သွားလို့ ရမယ့် အခြေအနေ ဟာမျိုး နေရာမှာ ဦးစားပေး ကျင်းပမယ့် အနေအထား ဖြစ်နေ တာ ပေါ့နော်။ တကယ်လို့ အတင်းအဓမ္မ မခေါ်သွားဘူးဆိုရင် တောင်မှ ဒါ ဖိအားမျိုးစုံ သုံးလို့ ရတဲ့ နေရာကို ဦးစားပေးပြီးတော့ ရွေးကောက်ပွဲ က စတင်တော့ မယ်။ ဆိုတော့ မဖြစ်မနေ ကတော့ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လုံခြုံရေး အခြေခံရ တချို့ကတော့ မဲပေးကြမယ့် အနေအထား ဖြစ်နေတော့ ဆရာတို့ အခု ရောက်ရှိနေတဲ့ ဆရာ အခု လက်ရှိ နေထိုင်တဲ့ နိုင်ငံ အပါအဝင် ဆရာတို့ နဲ့ အတူ ထုတ်ပြန်ချက်ထုတ်တဲ့ Europe က ကရင် အင်အားစုတွေ အနေနဲ့ သော်လည်းကောင်း မိတ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ သော်လည်း ကောင်း သက်ဆိုင်ရာ နိုင်ငံတွေက လက်မခံအောင် ပေါ့နော် ဒီ ရွေးကောက်ပွဲ ရလဒ်ကို မကြိုဆိုအောင် ဆက်လက် ပြီးတော့မှ ဘာတွေ လုပ်ဖို့ ပြင်ဆင်နေတာ လဲ။ လုပ်နေပြီးသား ရော ရှိလား။ အဲ့ဒီ အခြေအနေ နဲ့ ပတ်သက်ပြီးတော့မှ လည်း ဆွေးနွေးပေးပါဦး ခင်ဗျာ။
Saya San Lwin – ဒီလို ထုတ်ပြန်ချက်အားဖြင့် ပထမအချက်ကတော့ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီ စံတန်ဖိုးနဲ့ မညီညွတ်ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာ ဒီ လည်းပဲ လွှမ်းခြုံနိုင်ဘူး။ နောက်ပြီးတော့ တဖက်က ပြည်သူတွေ မျက်ရည်မျက်ခွက်နဲ့ ဒုက္ခနဲ့ ဖြစ်နေတဲ့ အချိန်မှ ဒီ ကိစ္စကို ထလုပ်တယ်ဆိုတာက ဒါ လူ့ကျင့်ဝတ် ပိုင်းဆိုင်ရာ တော်တော်လေး ကို ဟိုဒင်း မရှိဘူးပေါ့နော်။ ထို့နည်းတူစွာ ကလည်းပဲ နိုင်ငံတကာ မှာ ကျတော့ လည်းပဲ ကျွန်တော်တို့ လုပ်မယ်လို့ တော့ မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်နေလည်း လုပ်နေပါတယ်။ ဒီထက် လည်း ပိုပြီးတော့ တွန်းအားဖြစ်လာအောင် ကျွန်တော်တို့ လုပ်နေတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့ ချဉ်းကပ်တာက နှစ်မျိုး သုံးမျိုး ပုံစံမျိုးနဲ့ ချဉ်းကပ်တယ်။ ကျွန်တော်တို့ ရောက်ရှိနေတဲ့ နိုင်ငံတိုင်း မှာ ဒီလို ပြောကြားခြင်း အားဖြင့် ကျွန်တော်တို့ ကရင်တစ်မျိုးသား တစ်ခုတည်းကို လည်း ကျွန်တော်တို့ ပြောတာ မဟုတ်ဘူး။ ကျွန်တော် ဗမာပြည်သားတွေ ရယ် ပေါ့နော်။ ကျွန်တော်တို့ ရောက်ရှိနေတဲ့ ဒေသန္တရထဲမှာ ကျွန်တော်တို့ အဲ့ဒီ အစိုးရ ဒေသန္တရပဲဖြစ်ဖြစ်၊ ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ပြည်နယ်ပဲဖြစ်ဖြစ် ရွေးကောက်ခံ အမတ်တွေ ရှိတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ရွေးကောက်ခံ အမတ်တွေက သူ့ရဲ့ မဲဆန္ဒ နယ်မြေမှာ ကျွန်တော်တို့ ရှိနေတဲ့ လူတွေက သူ့ကို ချဉ်းကပ်ပြီးတော့ ကျွန်တော်တို့ lobby လုပ်တယ်။ advocacy လုပ်တာ ပေါ့နော်။ ဒီဟာတွေက ဒီလို ရှိတယ် ဒီဟာတွေ ရှိတယ်။ ကျွန်တော် message ပေးတယ်။ အဲ့ဘက် ဒီ message တွေ ကို လည်း သူတို့ အဲ့ဒီ parliament တို့ အစိုးရတို့ ဆီမှာ ပြန်ပြီး တစ်ဆင့် ဖိအားပေးနိုင်အောင် သယ်သွားနိုင်အောင် ကျွန်တော်တို့ တစိုက်မတ်မတ်လုပ်ကြတယ်။ ရရှိသမျှ အခွင့်အရေး နဲ့ ကျွန်တော်တို့ ကြိုးစားပြီး သွားတွေ့ တာတော့ ရှိတယ်။ ဒီ ရွေးကောက်ခံ နယ်မြေမှာ ကျွန်တော်တို့ လုပ်တဲ့ ကိစ္စတွေ ပေါ့နော်။ အခုလည်း ကျွန်တော်တို့ စီစဉ်ထားတာ ရှိတယ်။ ကျွန်တော် သွားတွေ့ဖို့ ဒီကိစ္စ ရွေးကောက်ပွဲ က တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီ စံတန်ဖိုးနဲ့ မရှိဘူး။ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း မရှိဘူး ဆိုပြီး နောက်ပြီးတော့ ဒီ ကိစ္စက အသိအမှတ် မပြုဖို့ ရွေးကောက်ပွဲ အသိအမှတ် ပြုခြင်းအားဖြင့် ကျွန်တော်တို့ တက်လာမယ့် စစ်ကောင်စီ သို့မဟုတ် တစ်မျိုးမျိုး ပေါ့နော်။ တက်လာမယ့် အစုအဖွဲ့ ဒီ စစ် အာဏာရှင်ကို ကိုယ်စားပြုမယ့် အစုအဖွဲ့ ဖြစ်တဲ့ အတွက် ကျွန်တော်တို့က သူတို့ကို ပြည်သူ လူထုကို ထပ်ပြီးတော့ ညှင်းပန်း နှိပ်စက် သတ်ဖြတ်ဖို့ အတွက် ကျွန်တော်တို့ နောက်ထပ် ငါးနှစ် သက်တမ်း ထပ်တိုးပေးလိုက်သလို ဖြစ်သွားမှာ ပေါ့နော်။ ဒီတော့ ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံမှာ ကြတော့ ကျွန်တော်တို့က ဒီမိုကရေစီ စံတန်ဖိုးနဲ့ လျော်ညီတဲ့ အစိုးရ တစ်ခုနဲ့ ညီမညီ အဲ့ဒါကို ကျွန်တော်တို့ ချင့်ချိန်ပြီးတော့ ဒီ ကိစ္စတွေကို အစိုးရကို ဖိအားပေး ဒီ ထွက်လာမယ့် အကျိုး ရလဒ်ကို အသိအမှတ် မပြုဖို့ ကျွန်တော်တို့ အဲ့ဒါတွေက လုပ်တယ်။ နောက်ပြီးတော့ federalist တွေလည်း ကျွန်တော်တို့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အတိုင်းအတာကျတော့ အဲ့ဒီ ရှိသမျှ တိုင်းရင်းသား အုပ်စုတွေ ပေါ့လေ။ အတိုက်အခံ အင်အားစိုတွေ အစုအဖွဲ့တွေ ပေါ့နော်။ စုပြီးတော့ ကိုယ်စားလှယ် သွားပြီးတော့ ပုံမှန်သွားတွေ့တာတို့ ဆွေးနွေးတာ ရှိတယ်။ ဩစတြေးလျမှာ ရှိတာက တစ်ခု ရှိတယ်။ အဲ့ဒီ ဗမာပြည် အရေးကို စိတ်ဝင်စားကြတဲ့ အဲ့ဒီ Trand of myanmar ဆိုပြီးတော့ အဲ့ဒီမှာ လွှတ်တော် အမတ် အဖွဲ့တွေ လေးငါးခြောက် ယောက် ရှိတယ်။ အဲ့ဒီ platform ကို နဲ့ ကျွန်တော်တို့ ပုံမှန် ချိတ်ဆက်ပြီး ရှိနေတယ်။ နောက်ပြီးတော့လည်းပဲ မကြာခင်လည်းပဲ ကျွန်တော်တို့ ဖြစ်တာက ဒီ ဗမာပြည် အရေး ကိစ္စ မှာ အထူး ကိုယ်စားလှယ် အဖြစ် အခု UN က ခန့်ထားတာက ကျွန်တော် Julia Bishop ဖြစ်တော့ သူက ဩစတြေးလျ နိုင်ငံသူ နောက်ပြီးတော့လည်းပဲ အဲ့ဒီ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း သူနဲ့လည်း ကျွန်တော်တို့ ဒီ လ မှာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အဖွဲ့မှာ သွားတွေ့ပြီးတော့ ဆွေးနွေးဖို့ တင်ပြဖို့ အဲ့ဒါတွေတော့ အစီအစဉ်ရှိတာ ပေါ့နော်။ အဲ့ဒါတွေကတော့ အသူ့နေရာနဲ့ သူ ကျွန်တော်တို့ကတော့ အစဉ်မပြတ်တော့ လုပ်နေတာပဲ။ ဒါပေမယ့် ထို့နည်းတူစွာလည်းပဲ နိုင်ငံတိုင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ရှိတယ်။ ဒီမှာကျတော့ ဩစတြေးလျ မှာ Burma Campaign Sydney တို့ နောက်ပြီးတော့ US မှာ ဆိုတော့ Burma Campaign US တို့ နောက် UK မှာ ကျတော့ Burma Campaign UK တို့ စသော အစုအဖွဲ့တွေနဲ့ လက်တွဲပြီးတော့ ကျွန်တော်တို့ lobby ကိစ္စတို့ advocacy ကိစ္စတို့ ကျွန်တော်တို့ အရှိန် နဲ့ လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေကြတာ ပေါ့နော်။
ဆလိုင်းဒိုခါရ် – ဆိုတော့ တစ်ဖက်မှာ ဒါ ကျွန်တော်တို့ ချင်းတို့ ကရင်တို့ အပါအဝင် ဒါ တိုင်းရင်းသား လူမျိုးတွေ ထဲက ယုံကြည်ရတဲ့ လေးစားခဲ့ကြရတဲ့ ခေါင်းဆောင်တချို့က ဒါ အခုလာမယ့် ရွေးကောက်ပွဲက စစ်ကောင်စီ အနေနဲ့ တိုင်းပြည် အပြောင်းအလဲ အတွက် ပေါ့နော် အခု အကျပ်တည်း ကာလ ထဲကနေ ရုန်းထွက်နိုင်ဖို့ အတွက် အခင်းအကျင်း တစ်ခု ဖြစ်တယ်ဆိုပြီးတော့မှ ဝင်ရောက် ထောက်ခံပေးတဲ့ ဟာမျိုး ရှိတယ်။ ဒါတွေကလည်း တစ်ဖက်မှာ နိုင်ငံရေး ကျယ်ကျယ်ပြန့်ပြန့် နားမလည်သေးတဲ့ ပြည်သူတွေ ကြားမှာ အတွေးအခေါ်တွေ တအားဝေဝါးစေတဲ့ ဟာတွေကို ကျွန်တော်တို့ သတိထားမိရတယ်။ ဆိုတော့ ဒီ လုပ်ရပ်တွေ အပေါ်မှာရော ဆရာ ဘယ်လို မြင်သလဲ ပေါ့နော်။ အထူးသဖြင့် ဗမာမှာလည်း ရှိသလို တိုင်းရင်းသား လူနည်းစုတွေ မှာ တကယ့် ဒီမိုကရေစီ အရ သော်လည်းကောင်း နိုင်ငံရေးအရ သော်လည်းကောင်း ဒါ လူ့အခွင့်အရေး ပိုင်းဆိုင်ရာ အရ ကျွန်တော်တို့ လေးစားရတဲ့ လူတချို့က အဲ့လို ရှုမြင်မှု ရှိနေတဲ့ အပေါ်မှာရော ဆရာ အနေနဲ့ ဘယ်လို သဘောထား မှတ်ချက်ပေးလို ပါသလဲ ခင်ဗျာ။
Saya San Lwin – အဲ့ဒါကျတော့ ရေလယ်မှာ သင်္ဘော လှေမြှုပ်ပါတယ် ဆိုမှ ကျွန်တော်တို့က မြှုပ်သွားတဲ့ လှေကို ဖက်တွယ်ပြီးတော့ အဝီစိတိုင် ကို ငုပ်ဆင်းမှာလား သို့မဟုတ် ကျွန်တော်တို့က ပေါ်အောင် လုပ်ပြီးတော့ တစ်ဖက်ကမ်းကို ကူးကြမလား။ အဲ့ဒီဟာပေါ်မှာ အခြေခံပြီးတော့ စဉ်းစားရမှာ ပေါ့နော်။ ဒါပေမယ့် လည်းပဲ ကျွန်တော်တို့ နားလည်တာက လူတိုင်း လူတိုင်း ကျတော့ သူ့ရဲ့ လူ့အခွင့်အရေး ဆိုတဲ့ ရရှိ ခံစားပိုင်ခွင့်ရှိတယ်။ သူတို့ အမြင် သဘောထား၊ သူတို့ ယုံကြည်ချက်၊ သူတို့ ရွေးချယ်ချက်၊ သူတို့မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ စဉ်းစားပိုင်ခွင့်၊ ပါဝင်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အဲ့လို လုပ်တဲ့ နေရာမှာ လူ့အခွင့်အရေးလို့ ကျွန်တော်တို့ ပြောတဲ့ နေရာမှာ လူ့ အသိုင်းအဝိုင်းမှာ လိုက်နာ ကျင့်ကြံရမယ့် လူ့ကျင့်ဝတ် တွေတော့ ရှိတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ ရွေးချယ်မှု၊ ကိုယ့်ရဲ့ လုပ်ဆောင်မှု တွေသည် ကိုယ့်ရဲ့ ပါဝင်မှု တွေသည် အဖက်သား သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေထက် အနှောင့်အယှက် ဖြစ်မလား၊ အခက်အခဲ ဖြစ်မလား ပေါ့နော်။ ဝန်ထုပ် ဝန်ပိုး ဖြစ်မလား။ ဝန်းကျင်မှာ ရှိတဲ့ မိသားစုတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်မလားဆိုတဲ့ အဲ့ဒီဟာတွေ ကျတော့ ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံနဲ့ မတူဘူး။ အဲ့လို စံတန်ဖိုးတွေ ရှိတယ်။ အဲ့ဒီ ကိုယ့် အခွင့်အရေး ကြောင့် သူများ အခွင့်အရေးကို မနစ်နာဘူး၊ မထိခိုက်ဘူး ကို က ပြန်ပြီးတော့ ကြည့်ရတဲ့ ကဏ္ဍတွေ ရှိတယ်။ အခု ဝင်မယ့် ရွေးကောက်ပွဲတွေ ကျတော့ ကျွန်တော် အနေနဲ့ ပါဝင်သွားမယ့် တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးတည်းပဲဖြစ်ဖြစ် သူတို့က ကျတော့ ခုနက လူ့အခွင့်အရေး ရှုထောင့် ကတော့ သူတို့ အဲ့ဒီ လူ့ကျင့်ဝတ် နဲ့ ညီမညီ ဆိုတဲ့ ဟာမျိုး လေးတော့ ပြန်ကြည့်ရမယ့် သဘောတော့ ရှိတာ ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုက ဒီ စစ်ကောင်စီ သို့မဟုတ် စစ်ကော်မရှင် က နေ့တိုင်း လူသတ်၊ ရွာမီးရှို့၊ မုဒိမ်းကျင့်။ အခုလည်း ကျွန်တော်တို့ အခု စကားပြောနေတဲ့ အချိန်မှာလည်း လူ ဘယ်နှစ်ယောက် လောက် လေယာဉ်နဲ့ ဗုံး ဘယ်နှစ်ကြိမ် လောက် သွားကြဲထားလဲ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ အခုဆို လုပ်နေမှာပဲ။ ဒီတော့ ဒီဟာကို ကျွန်တော်တို့ မျက်ကွယ်ပြုပြီးတော့ နေနေမယ် ဆိုရင်တော့ မသိဟန်ဆောင် လုပ်ပြီးတော့ ဒီ ဟာ ကို ထွက်ပေါက် တစ်ခု နဲ့ လုပ်မယ်ဆိုရင် တော့ စဉ်းစားဖို့တော့ ခက်တယ်။ ဒါပေမယ့် နောက် တစ်ဖက်က ပြန်ကြည့်မယ်ဆို အဲ့ဒီ လူ့အသိုင်းအဝိုင်း ပေါ်မှာ ကျွန်တော်တို့ မြင်တာက အုပ်စု နှစ်စု ရှိကြတယ် ဆရာရေ။ တစ်စုကျတော့ အဲ့ဒီ ဖောက်ပြန်သွားတဲ့ အုပ်စု ပေါ့နော်။ ဖောက်ပြန်သွားတဲ့ အုပ်စုတွေကျတော့ သူတို့က အဲ့ဒီ နိုင်ငံရေး အသိုင်းအဝိုင်း သို့မဟုတ် တော်လှန်ရေး အသိုင်းအဝိုင်း ကနေပြီး ရပ်တည်ချက် မခိုင်ဘဲနဲ့ ဖိအားတစ်ခုကြောင့် သူတို့က အဲ့ဒီ သူတို့ ရပ်တည်ချက် မခိုင်ဘဲနဲ့ ယိုင်နေတဲ့ လူတွေက အဲ့ဒါ ပဲ့ထွက်လာတဲ့ လူတွေက အဲ့ဒါ ဖောက်ပြန်တဲ့ လူအုပ်စု ဖြစ်သွားတယ်။ နောက် တစ်အုပ်စုကျတော့လည်းပဲ ကျွန်တော်တို့ အခွင့်ထူးခံလူတန်းစား သို့မဟုတ် ကိုယ်ကျိုးရှာတဲ့ အဖွဲ့ ပေါ့နော်။ အဲ့ဒါဆိုရင်တော့ crony တို့ သို့မဟုတ် ဘာတို့ညာတို့ ပေါ့နော်။ စီးပွားရေးသမားတွေ ပေါ့။ ဒီ လူတွေကလည်း သူတို့ရဲ့ ကိုယ်ကျိုး စီးပွား ကိုပဲ သူတို့ ဦးတည်ပြီးတော့ စဉ်းစားတယ်။ လူထုရဲ့ ကောင်းကျိုး ဆိုးကျိုး၊ လူထုတွေရဲ့ ဘဝ သာယာ ဖွံ့ဖြိုးတဲ့ အသာယာ အေးချမ်းမှု ကိစ္စပေါ်မှာ အခြေမခံဘဲနဲ့ သူတို့ လိုချင် တောင့်တမယ့် သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အားထုတ်အခြေခံပြီးတော့ စဉ်းစားတဲ့ အုပ်စု ပေါ့နော်။ ဒီ အုပ်စု နှစ်စုသည် ပေါင်းလိုက်မယ်ဆိုရင် သူတို့က ဘာကို ဖြစ်စေလဲဆိုရင် သူတို့ ဒီ အုပ်စုနှစ်စုက အင်အားကောင်းလာပြီးတော့ ပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့ အာဏာရှင် ဆိုတဲ့ အစုအဖွဲ့ကြီးကို သူတို့က မွေးထုပ်ပေးလိုက်တယ်။ ဒီတော့ ဖောက်ပြန်တဲ့ လူအစု ကလည်း သူတို့ အာဏာရအောင်။ ဒီဘက်က အကျိုးစီးပွားကို ရှာတဲ့ လူတွေက သူတို့ကလည်း ကိုယ်ကျိုးစီးပွား မထိခိုက်ဘဲနဲ့ ဒီ အာဏာရှင်ကို သူတို့ ထောက်တိုင် အနေနဲ့ အမြဲတမ်း တွန်းကန်ပေးနေတဲ့ အစုအဖွဲ့ ဖြစ်တယ်။ ဒီတော့ ဒီ နှစ်စုသည် အခု လက်ရှိ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မယ့် ရွေးချယ် ကိုယ်စားလှယ်လောင်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဆိုရင် ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီ အစုအဖွဲ့ ထဲ မှာပဲ ပါနေကြတယ်။ ဒီတော့ ကျွန်တော် အနေနဲ့ သူတို့ ပါဝင်တဲ့ အတိုင်းအတာ ကို သူတို့ ပြန်လည်ပြီးတော့ စဉ်းစားသင့်တာ ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုနကလို ကျွန်တော် ပြောတဲ့ ဒီ ရွေးကောက်ပွဲသည် စစ်အစိုးရကို အသက်ပြန်သွင်းပေးမယ့် မော်န ပွဲတစ်ခု ဆက်ဆံလုပ်တဲ့ အတွက် အခု ပါဝင် ရွေးကောက်ခံမယ့် အုပ်စုသစ်တွေ ပဲ ကျွန်တော် ထင်တယ် ဒီ စစ်အာဏာရှင်ကို အသက် ပြန်သွင်းပေးမယ့် မှော်ဆရာ တွေပဲ ဖြစ်မယ်လို့ တော့ ကျွန်တော် အဲ့လိုပဲ မြင်တာ ပေါ့နော်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆရာ အစောပိုင်းက ဥပမာ ပေးထားချက် က တော်တော်လေး ကောင်းပါတယ်။ အဲ့ဒီ ထဲမှာ ကျွန်တော် အရမ်း သဘောကျတာ နစ်မြှုပ်နေတဲ့ သင်္ဘော ကို ကယ်တင် ပါတယ် ဆိုပြီးတော့မှ သွားကိုင်နိုင်ရင် ကယ်လို့ ရမှာ မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပဲ မြှုပ်သွားမယ့် အနေအထား ပေါ့နော်။ အခုချိန်မှာ ASIAN, UN တို့ ကိုယ်တိုင်က နားချလို့ မရတဲ့ သူ ကို ရွေးကောက်ပွဲ ဝင်ပြီးတော့မှ နားချဖို့ ကြိုးစားတဲ့ ဟာကြီးက ဒါ လက်တွေ့ မကျဘူး ဆိုတာကို တော်တော် အဲ့ဒီ ဥပမာ နဲ့ ပေါ်လွင်စေတယ် လို့ တော့ ကျွန်တော်လည်း မြင်တယ်။ ဆိုတော့ ကျွန်တော် တစ်ဖက်မှာ ဒီ တော်လှန်ရေးက စနစ်ပြုပြင်ပြောင်းလဲရေး ဖြစ်တဲ့ အခါကျတော့ ကြာနိုင်တယ် ဆိုတဲ့ ဟာမျိုး တွေလည်း ပြောကြတယ်။ သို့သော်လည်း မြေပြင်ရဲ့ အခြေအနေအရ တော်တော်လေး ပြည်သူတွေကလည်း ပင်ပန်းလာတဲ့ အနေအထား ရှိနေတယ် ပေါ့နော်။ ဆိုတော့ ဒီလို အနေအထား မှာ ဆိုရင် ကျွန်တော်တို့က စနစ်ပြုပြင်ပြောင်းလဲရေး ရလဒ်ကောင်း ထွက်နိုင်ဖို့ အတွက် တောင်းခံဖို့ လည်း လိုအပ်နေတဲ့ အနေအထား ဖြစ်တယ်။ သို့သော် ဒါ အိမ်နီးချင်း တွေကလည်း လက်ပိုက်ကြည့်နေတဲ့ အနေအထား ဖြစ်တယ်။ နိုင်ငံတကာ တွေကလည်း ဝမ်းနည်းကြောင်းကလွဲပြီး ပေါ်မှာ ဘာမှ မကူညီနိုင်တဲ့ အနေအထား ဖြစ်တယ်။ ဆိုတော့ အခု မြန်မာ့ အရေး နဲ့ ပတ်သက်ပြီးတော့မှ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်စေ၊ နိုင်ငံတကာ ဆရာ လည်း လှမ်းမြင်သလောက် ပေါ့နော်။ လေ့လာမိသလောက် သူတို့ရဲ့ တုတ်ပြန်ချက် အပေါ်မှာ ဘယ်လို သဘောရလဲ။ အားရ ကျေနပ်မှု ရှိလား။ ဒီ ထက်မက သူတို့ ဘာတွေ လုပ်ပေးသေးနေ လို့ မြင်လဲ။
Saya San Lwin – ရိုးရိုး ဝန်ခံရမယ် ဆိုရင် နိုင်ငံတကာက တုံ့ပြန်မှု တွေကတော့ အားရ ကျေနပ်မှု မရှိဘူးဆိုတာတော့ ကျွန်တော်တို့ ပြောလို့ ရတယ် လေ။ အဲ့ဒါ ကျတော့ လည်းပဲ သူတို့သည် လည်းပဲ သူတို့ နိုင်ငံ သူတို့ အမျိုးသား စီးပွား ကို အခြေခံ ကနေပြီး ကြည့်ပြီးတော့ ဆက်ဆံတဲ့ သဘောလည်း ဖြစ်ချင် ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဘက် မှာလည်းပဲ ဒီ ကိစ္စတွေကို ဘယ်လောက်ထိ သူတို့က ထဲထဲဝင်ဝင်ပါဝင်လာ ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်ပြနိုင်လဲ အပေါ်မှာလည်း မူတည်တယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ တော်လှန်ရေးတို့ စစ်အရေးတို့ ကျတော့ နိုင်တဲ့ လူကတော့ အစိုးရ ဖွဲ့တာပဲ လေနော်။ ဒီတော့ ပတ်ဝန်းကျင် ဆိုတာက အမှန်အားဖြင့် သူတို့ လောင်းတာပဲ။ နိုင်တဲ့ကြက်ကိုတော့ သူတို့ လောင်းကြမှာပဲ။ ဥပမာ ကျွန်တော်တို့ ပြောရရင် ဒီလို ဆက်ဆံတဲ့ အခါ သူတို့ အမျိုးသားရေး အကျိုးစီးပွား ကို ကြည့်တဲ့ နေရာမှာ ဟိုဒင်း တရားသည် မတရားသည် ထက် သူတို့က နိုင်တဲ့ ဘက်ကို သူတို့ ဟိုဒင်း ဖြစ်တယ်။ ဥပမာ ကျွန်တော်တို့ ဆီးရီးယား ကို ကြည့်လိုက်။ အခု ဆီးရီးယား မှာ တော်လှန်ရေး အောင်ပြီး တက်လာတဲ့ ခေါင်းဆောင် တစ်ချိန်က အမေရိကန်တို့ ဥရောပတို့ ဩစတြေးလျ တို့က အကြမ်းဖက် ခေါင်းဆောင်လို့ black list ထဲမှာ သတ်မှတ် ထားပြီးတော့ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ဆုချထားတဲ့ ပုဂ္ဂိုလ်ကြီး။ နောက်တော့ အဲဒီမှာတော့ အာဆတ်အစိုးရ ပြုတ်ကျတာ အဲဒီ နေ့ချင်းညချင်းပဲ သူက တကယ့်ကို အဲ့ဒါလေးနဲ့ပဲ သူက တော်လှန်ရေး နိုင်တာ။ သူ့ကို အကြမ်းဖက် လူလို့ ပြောတဲ့ အနောက် နိုင်ငံတွေကမှ ချက်ချင်း သူ့ကို သွားပြီးတော့ သံတမန်တွေ တွေ့လိုက် နဲ့ လက်ဆွဲနှုတ်ဆက် လိုက်၊ စကားပြောလိုက် နဲ့ ပဲ အရင်တုန်းက သူတို့ black list ထဲမှာ ထည့်ထားတဲ့ ကိစ္စ သူတို့ ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ ဆိုလိုတာက ကျွန်တော်တို့သည် လည်းပဲ အဲ့ဒီ ကိစ္စကိုတော့ တစ်ဖက်ကလည်း သံရေးတမန်ရေးကတော့ lobby လုပ်တဲ့ ကိစ္စတွေ ကျွန်တော် ထင်တယ် အဲ့ဒီ နိုင်ငံရေး အစုအဖွဲ့ အကြီးတွေ ပေါ့လေ။ ကေအန်ယူ တို့ ပဲဖြစ်ဖြစ်၊ အန်ယူဂျီ တို့ ပဲဖြစ်ဖြစ်၊ တခြား CNF တို့ ပဲဖြစ်ဖြစ် အများကြီး ပေါ့နော်။ သူတို့က နိုင်ငံရေး ဘက်မှာလည်း ကျွန်တော် နိုင်ငံတကာ နဲ့ သူတို့လည်း ချိတ်ဆက်ပြီးတော့ lobby လုပ်နေတဲ့ ကိစ္စတွေလည်း ရှိမှာ ပေါ့။ ဒီ ဒီ့ထက်ကြီးတဲ့ ကြီးမားတဲ့ နိုင်ငံရေး အစုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ လူမှု အခြေခံ အဖွဲ့အစည်းတွေကျတော့ ခုနကလိုပဲ ပေါ့နော်။ ကျွန်တော်တို့ ကျတော့ အားမလို အားမရတော့ အများကြီး ဖြစ်တယ်။ နောက်ပြီးတော့လည်း ကျွန်တော်တို့ လည်းပဲ ကြိုးစားပြီးတော့ ပြောတာ ပေါ့နော်။ ဒီ ရွေးကောက်ပွဲ ကနေ အပြောင်းအလဲ တစ်ခု ဖြစ်လာမယ့် အချိုးအကွေ့ တစ်ခုကို သူတို့က ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ အများကြီး စဉ်းစားတယ်။ အဲ့ဒီ့ အတွက်လည်း ကျွန်တော်တို့ စိုးရိမ်မှုလည်း ရှိတယ်။ တစ်ခု ရှိတာက အခု လောလောဆယ် ဒီ Asean ရဲ့ summit ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ သိရတာက မလေးရှား က ဝန်ကြီးချုပ်က အဲ့ဒီ ဒီ တိုင်းရင်းသား နိုင်ငံရေး အစုအဖွဲ့တွေနဲ့ တရားဝင် လက်ခံ ဆွေးနွေး တွေ့ဆုံမယ် ဆိုတဲ့ ဟာကို ထုတ်ပြန်လာတော့ ကျွန်တော် ထင်တယ် အဲ့ဒီ အကောင်းအဆိုးထဲ က ဆိုပေမယ့် ဒါ အကောင်းတစ်ခု ပေါ့နော်။ တစ်ဖက်ကလည်း ဒီ စစ်ကောင်စီ သို့မဟုတ် စစ်ကော်မရှင်ကို ဒီ ငါးနှစ် လုံးလုံး သူတို့ အစည်းအဝေး Asean အစည်းအဝေးကို တက်ခွင့်ပေးတဲ့ ကိစ္စသည် လည်းပဲ ကျွန်တော် ထင်တယ် သံတမန်အရ အများကြီး ဖိအားပေးနေတဲ့ သဘောတော့ ကျွန်တော်တို့ တစ်ဖက်က ကြည့်မယ်ဆိုတော့ သူတို့လည်းပဲ သံတမန် အခင်းအကျင်း ဘက်မှာလည်း ဖိအားတွေ အများကြီး ပေးပြီးတော့ အများကြီး ချဉ်းကပ်မှုနဲ့ လုပ်တယ်လို့ တော့ ကျွန်တော်တို့ နားလည် တာ ပေါ့နော်။
ဆလိုင်းဒိုခါရ် – ဆိုရင် ဒါ နောက်ဆုံး ပိုင်း အနေနဲ့ ကျွန်တော် ဒီ ဆရာ ကို ဆွေးနွေးဖို့ ဖိတ်ခေါ်လိုတာက အခု ကျွန်တော်တို့ ပြောမယ်ဆိုရင် နိုင်တဲ့ဘက် ကို လောင်းကြေးထပ်မယ့် အင်အားစုတွေ နိုင်ငံတကာ အင်အားစုတွေကို ကျွန်တော်တို့ နိုင်ကြောင်း ကို ပြသနိုင်ဖို့ ကလည်း လိုတယ်။ တစ်ဖက်မှာလည်း ဒါ ရုန်းကန်ပြီးတော့မှ စနစ် ပြောင်းလဲကြီးကို တည်ဆောက်နေရမယ့် အနေအထား ဖြစ်တော့ ပြည်ပရောက် အင်အားစုတွေ က အခုအချိန် ထိ ဒါ advocacy အတွက် လည်း တက်ကြွနေဆဲ၊ fundraising အတွက် လည်း တက်ကြွနေဆဲ ကျွန်တော်တို့ မြင်ရတယ်။ ဆိုတော့ ပြည်တွင်းဘက်က တော်တော်လေးကို တကယ်လည်း လက်တွေ့ ခံစားနေရတဲ့ ပြည်သူတွေကို ဘာများ ခွန်အားပေးပြီးတော့မှ ဒါ ဖိတ်ခေါ်လို သလဲ ပေါ့နော်။
Saya San Lwin – ဒီလောက်တောင် ခြေတွေလက်တွေ ချီပြီးတော့ ပါးစပ်တွေ နှာခေါင်းတွေ အကုန်လုံး ပိတ်ခံထားတဲ့ ပြည်သူတွေ ကျွန်တော်တို့ကတော့ အားပေးစကား ပြောရမှာ ကျွန်တော်တို့ အရမ်းကို လိပ်ပြာမလုံဘူး။ အဓိက သူတို့ ပေးဆပ်ခဲ့ရတာတွေက အများကြီးပဲ။ ထိုနည်းတူစွာ ပဲ ကျွန်တော်တို့တွေလည်းပဲ ဒီလိုပဲ ဖြတ်သန်းလာခဲ့ရတယ်။ ဒီတော့ သူတို့က အရမ်း ကြပ်နေတယ်။ အရမ်း ဟိုဒင်း ခက်ခဲတယ်။ ဒီ ဒါပေမယ့် လည်းပဲ ကျွန်တော်တို့ ထင်တာက လက်ရှိ အခြေအနေ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ အခြေအနေ က လူထုရဲ့ အခြေအနေ က သန်းခေါင်ယံထက်တော့ ပိုပြီးတော့ ညမနက်တော့ဘူး။ ဒီတော့ ကျွန်တော်တို့ အတိုင်းအတာ တစ်ခု အချိုးအကွေ့ တစ်ခုကို ကျွန်တော်တို့ ရောက်နေတယ်။ အဲ့ဒီ အချိုးအကွေ့ မှာ ကျတော့ ရှေ့တိုး လည်း ခက်ချင်ခက်မယ်။ နောက်ဆုံး လုံးဝ မဖြစ်ဘူး။ အဲ့ဒီ့ အတွက်တော့ ကျွန်တော်တို့ အဲ့ဒီမှာ ထိုးဖောက်ရမယ့် လမ်းကြောင်းပဲ ရှိတယ်။ ဒီတော့ အဲ့ဒီ ထိုးဖောက်တဲ့ လမ်းကြောင်း ထဲမှာသာ ကျွန်တော်တို့ ပြည်သူက အဓိက အက္ခရာကျနေတယ်။ ဒီအချိန်မှာ ပြည်သူက ကျွန်တော်တို့နဲ့ အခုချိန်ထိ မာမာမာ ရပ်တည်နေတယ်လို့ ကျွန်တော်တို့ မြင်လို့ပဲ။ အဲ့ဒါကြောင့် လည်း သူတို့ကို အများကြီး ကျေးဇူးတင်တယ်။ ဝမ်းသာတယ်။ ဂုဏ်ယူ တယ်။ သူတို့ရဲ့ ပေးဆပ်မှု၊ သူတို့ရဲ့ ရပ်တည်မှု၊ နောက်ပြီးတော့ ပိုပြီးတော့ ရှင်းတာက သူတို့က ဒီ စစ်အာဏာရှင်ကြီးက ကျွန်တော်တို့ ဗမာပြည် မှာ မလို အပ်တော့ဘူး ဆိုတဲ့ message ကို လည်း သူတို့ ပွင့်ပွင့်လင်းလင်း ပေါ့နော် ရှင်းရှင်းလင်းလင်း ပေးထားတယ်။ အဲ့ဒါကို ဘာနဲ့ တိုက်တားရမလဲဆို အခု လောလောလတ်လတ် ပဲ ပြည်သူတွေက သွေးအေး သွားပြီလားလို့ စဉ်းစားတော့ တလောက ပဲ ကျွန်တော်တို့ ဝါဒဖြန့်ချိတဲ့ ရွေးကောက်ပွဲကြီး က ဝါဒဖြန့်ချိတဲ့ video တစ်ခု တက်လာတယ်။ အဲ့ဒီ တက်လာတဲ့ အပေါ်မှာ ပြည်သူတွေရဲ့ ဝိုင်းဝန်း ပြီးတော့လုပ်တဲ့ ဟာက အရမ်းကို အားကောင်းပြီးတော့ message တော်တော် ရှင်းတယ်။ အဲ့ဒါကို ကျွန်တော်တို့ ကြည့်ကြခြင်းအားဖြင့် ပြည်သူလူထုတွေက သူတို့က သွေးမအေးသေးဘူး ဆိုတာကို သူတို့က မီးမောင်းထိုးပြတာပဲ လေနော်။ အဲ့ဒီ့ တော့ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေပြီး ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့ ဆက်ပြီး တော့ သွားရမှာပဲ။ တစ်ဖက်ကလည်း တစ်စုတစ်ဖွဲ့ နဲ့ အတိုင်းအတာ ထက် ကျွန်တော်တို့ ဝိုင်းပြီးတော့ တိုက်တာက ပိုပြီးတော့ အားကောင်းပြီးတော့ မြန်မြန်ဆန်ဆန် ပေါ်နိုင်မယ်လို့ ပဲ ကျွန်တော်တို့ ယုံကြည်တာ ပေါ့နော်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆရာ ကျွန်တော်တို့ကို မအားလပ်တဲ့ ကြားကနဲ့ အခုလို အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
Saya San Lwin – ဟုတ်ကဲ့ ကျွန်တော့်ကို ဆွေးနွေးခွင့်ပေးတဲ့ အတွက် လည်း ဆရာကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။