ဩဂုတ် ၅
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကစတင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား YOUNG WOLF PDF ရဲဘော်များနှင့် ပူပေါင်းမဟာမိတ် တပ်ပေါင်းစုမှ တာစီးပိတ်ဆို့ထားနိုင် ကြောင်း မန်နေ့ ဩဂုတ်လ ၄ရက်နေ့က YOUNG WOLF PDF တပ်ဖွဲ့က ဗီဒီယိုမှတ်ထမ်း ထုတ် ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YOUNG WOLF PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိ သူက “ဒီစစ်ကောင်စီ စစ်ကြောင်းဟာဆိုရင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အတွင်းမှာရှိတဲ့ စစ် ကိုင်းတပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင်ကားတပ်များမှ ပူပေါင်းစစ်ကြောင်းထိုးလာတာဖြစ် ပါတယ် ဒီအာဏာရူး စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား ၁၀၀ကျော်တယ်ဗျ တိုက်ပွဲဖြစ်ပွားတာ ၂၃.၆ ၂၀၂၅ ကနေ ယနေ့ထိပေါ့ သူတို့က ရှေ့တိုးလာတယ်ထိတွေ့မှု ဖြစ်တယ် တိုးမရတော့ ပြန်ဆုတ် သွားတယ် အဲ့လိုမျိုးကတော့ ခဏခဏဘဲဗျ ထိတွေ့တိုက်ပွဲကတော့ ဘယ်နှစ်ကြိမ်ြလဲ မမှတ်မိတော့ ပါဘူးဟု “ The Kaladan Post သို့ပြောဆိုသည်။ တိုက်ပွဲဖြစ်စဥ်တစ်လျှောက်လုံးမှာ ကျွန်တော်တို့ အနေနဲ့ အတည်ပြုနိုင်တာ စစ်ကောင်စီဘက်က ၁၁ ကောင်သေဆုံးခဲ့ပြီး အရှင် ၇ကောင်နှင့် လက်နက်ခဲယမ်းနဲ့ အတူ သိမ်းစဥ်း ရမိထားပြီး ကျွန်တော်တို့ရဲ့ ရှေ့တန်း ရဲဘော်တွေ အနေနဲ့တော့ ခုထိ ထိခိုက်ကျဆုံး မရှိဘူးလို့ တပ်ဖွဲ့ ရဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဤစစ်ဆင်ရေး အတွင်း ထိတွေ့တိုက်ပွဲများ အကြိမ်များ စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့များ သည် ရှေ့တိုးရန် ကြိုးစားသော်လည်း တိုက်ပွဲများကြောင့် ပြန်လည်ဆုတ်ခွာသွားရသည့် အခြေအနေများ ထပ်ခါ တလဲလဲ ဖြစ်ပေါခဲ့သည်။ စစ်ကိုင်းတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် စစ်ကောင် စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး၊ စစ်ကိုင်းတိုင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို PDF နှင့် မဟာမိတ်တပ်ဖွဲ့ များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်းသိရသည်။