ဇူလိုင် ၂၀
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့တွင် မြိတ်ခရိုင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကောင်စီ (ခလရ) ၂၈၀ (ခြေလျင်တပ်ရင်း-ပလောက်မြို့)မှ ရဲဘော် ငြိမ်းချမ်းသည် အလင်းဝင်ရောက်လာကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့ထံအလင်းဝင်လာသူစစ်ကောင်စီရဲဘော် ငြိမ်းချမ်း သည် အဓ္ဓမ ဖမ်းဆီးစစ်သားစုဆောင်းခံရသည့်အတွက် အခါအခွင့်ရသည်နှင့် ထွက်ပြေးလာခြင်း ဖြစ်ပါတယ် ပြီးတော့သူဟာကို ရပ်ကျေး ပြည်သူမှတဆင့် ပကဖထံဆက်သွယ်လာ၍ အလင်းဝင် လာဖြစ်ပြီး ကျွန်တော်တို့ မြို့နယ် ပြည်သူံကာကွယ်ရေးတပ်ဖွဲ့ မှ ၎င်းအတွက်ထောက်ပံ့ကြေးရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပေးထားပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ရဲဘော် ငြိမ်းချမ်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ဇာတိ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် -ပစ ၁၄၀၈၇၃ ၊သင်တန်းပတ်စဉ် (၈) အခြေခံစစ်ပညာသင်တန်းတက်ရောက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ တပ်သား ငြိမ်းချမ်းသည် လက်နက်အမျိုးအစား -MA,1၊ကျည်ဘောက် – ၁ ခု၊လက်ပစ်ဗုံး – ၁ လုံးနနှင့် ကျည် – ၂၇ တောင့်များ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ကြောင်း ၎င်းထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။