မေးသူ- အယ်ဒီတာချုပ်, ဆလိုင်း ဒိုခါရ်
ဖြေဆိုသူ- ဖက်ဒရေအရေးလေ့လာသုံးသပ်သူ, Shing Tun
ဆလိုင်း ဒိုခါရ်- ဟုတ်ကဲ့ဆရာ အခုလိုကျွန်တော်တို့ကို အင်တာဗျူးပေးတဲ့အတွက် ပထမဦးစွာ ကျေးဇူးတင် ကြောင်းပြောလိုပါတယ် ဘာလဲဆိုတော့ပထမဆုံးအနေနဲ့ ဆရာအခုချိန်မှာ အဓိကအားဖြင့် ဘာတွေလုပ်နေလဲဆိုတဲ့ဟာလေး နည်းနည်းအများပြည်သူတွေ သိအောင် မိတ်ဆက်ပေးပါ ဦးခင်ဗျာ
Shing Tun – ဟုတ်ကဲ့ပါ အခုလက်ရှိအချိန်မှာကျတော့ PRCF လို့ခေါ်တဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ပေါ့နော်ဒါကဒီအာဏာသိမ်းမှုမဖြစ်ခင် တစ်လလောက် အလိုမှာအရင်တုန်းက UNA လို့ခေါ်တဲ့အာ United Nationalities Alliances (UNA) အုပ်စုထဲမှာရှိခဲ့တဲ့ ပါတီတေကနေ စုဖွဲ့မှုတခုပြန်လုပ်ခဲ့တယ် မြန်မာပြည်ရဲ့နိုင်ငံရေး အနေအထားက မလိုလားအပ်တဲ့နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ် ပေါ်ပေါက်လာသည်ရှိခဲ့သော် ကျနော်တို့တိုင်းရင်းသားတွေ တစ်စုတစ်စည်းတည်း တသံတည်းနဲ့ ရပ်တည်ချက် ဘုံသဘောထားတူညီတဲ့အုပ်စုတွေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မူစစ်စစ်ကိုအခြေခံထားခဲ့တဲ့စနစ်ကို လက်ခံတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပြီးတော့မှ ကျွန်တော်အဲဒီတုန်းက ၂၀၂၁ဇန်နဝါရီပထမ အပတ်လောက်မှာ အဲဒီဟာကိုစပြီးကျနော်ဖွဲ့ဖြစ်တာ အဲဒီတုန်းကတော့ပြည်တွင်းမှာတော့ ဆန္ဒပြမှုတွေနဲ့ အဲဒါတော်တော်လေးတစ်တိုင်းပြည်လုံး စထပြီးဆန္ဒပြတဲ့အချိန် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အနေအထားကိုကျနော်တို့သုံးသပ်ပြီးတော့မှ ဒီဟာစာဖွဲ့ ဖြစ်တယ်ဆိုတော့ထင်ထားတဲ့အတိုင်းပဲ အာ ဖေဖော်ဝါရီလ၁ရက်နေ့၂၀၂၁မှာကတော့ အာဏာသိမ်းမှုစဖြစ်လာတာပေါ့နော်အဲ့လို ကျွန်တော်တို့ PRCF ကလည်း common agreement Principle တွေ ချထားတာရှိတယ် နောက်ပြည်ထောင်စု ဦးတည်ချက်တွေ တန်ဖိုးတွေ ဒီဟာတွေနဲ့နောက်နိုင်ငံရေးလမ်းပြမြေပုံတွေ ကျွန်တော်တို့ချထားပြီးတော့မှ ပေါ်လစီစပြီးဆွဲကြတာ ထင်သာမြင်သာရှိခဲ့တဲ့ဟာကျတော့ ဒီဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အပိုင်း(၁)ကအဲ့ဒီဟာက PRCFက ရေးဆွဲထားတာဖြစ်ပါတယ် ဆိုတော့ ကနေ့ထက်ထိ PRCFထဲမှာ technical team အနေနဲ့ကျွန်တော်ပါပါတယ်
ဆလိုင်း ဒိုခါရ် – ဆိုတော့ ဒီဆရာလည်းဒီအခုPRCFမှာ ပါဝင်နေတဲ့အခါကျတော့ ဒီပါတီနိုင်ငံရေးမှာ လည်းအတွေ့အကြုံရှိလာသူ တဦးအနေနဲ့ပြည်သူတွေနားလည်အောင် ပါတီနိုင်ငံရေးဆိုတဲ့ ဟာက များသောအားဖြင့် ဘယ်လိုပုံစံဘယ်လိုစံနမူနာဟာမျိုးကို အခြေခံပြီးတော့မှ ဖွဲ့စည်းလေ့ရှိသလဲဆိုတဲ့ဟာလည်း နဲနဲဆွေးနွေးဖို့ပေးပါဦးခင်ဗျ
Shing Tun – ဟုတ်တယ် တကယ်တမ်းပါတီလို့ပြောလို့ရှိရင်တော့ အမှန်တော့နိုင်ငံရေးသိပ္ပံမှ ကတော့ ဟိုနိုင်ငံရေးနိုင်ငံရေးပေါ့ ပါတီနိုင်ငံရေးလို့ အမျိုးသားနိုင်ငံရေးဆိုတာ မရှိဘူးနိုင်ငံရေး က နိုင်ငံရေးပါ နိုင်ငံရေးတစ်ဆက်တည်း တွဲလာတဲ့ဟာကစီးပွားရေးကြောင့် နိုင်ငံရေး ဂယက်ရိုက်နိုင်ငံရေးကြောင့်စီးပွားရေးကရိုက်တာဆိုတော့စီးပွားရေးနှင့်နိုင်ငံရေးကလည်းခွဲလို့မရတဲ့ အထူးသဖြင့်တော့ လူမျိုးစုတစ်မျိုးဖြစ်လာတဲ့အခါ ကျတော့အမျိုးသား ပါတီဆိုတာ လိုအပ်တယ် ဆိုတော့အဓိက ပါတီရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စု ဆိုပြီးတည်ဆောက်တဲ့နေရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်နှစ်ကို ပုံဖော်တည်ဆောက်နိုင်မှသာ သူကအေးချမ်းသာယာ ဖွံ့ဖြိုးတဲ့နိုင်ငံတော်သစ်ကို ကျွန်တော်တို့ ခြေလှမ်းလှမ်းလို့ရမှာဖြစ်တယ် ဘာကြောင့်လဲလို့ပြောရင်ပင်လုံ ကတိက ဝတ်အရ ကတိကဝတ်တွေအကောင်အထည်ဖော်ခဲ့တဲ့ ကိစ္စရပ်တွေတယ်အဲ့ဒါနဲ့ ယှဉ်တွဲပါလာတဲ့ စည်းပုံအခြေခံဥပဒေ ပဋိပက္ခဒီဟာတွေကို အမျိုးသားပါတီတစ်ခုအနေနဲ့ ရပ်တည်ခြင်း အားဖြင့် ကိုယ့်ဘိုးဘွားဘီဘင်တွေချမှတ်လာခဲ့တယ်ပင်လုံကတိကဝတ်တွေ နောက် ၁၉၆၁ ပထမဦးဆုံးတိုင်းရင်းသားတွေ ရေးဆွဲတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု စစ်စစ်မူ ဖက်ဒရယ်မူပါပဲ အဲဒီလိုမျိုးပေါ့ရှမ်းမူလို့လည်းလူသိများတကယ်တမ်း ရှမ်းမှု ဆိုတာထက် စာရင် တိုင်းရင်းသားတွေကရေးဆွဲပြဌာန်းလိုက်တဲ့ ပထမဦးဆုံးသော ဖက်ဒရယ်မူပါပဲ ဒီရဲ့မူတွေအကောင်အထည်ဖော်ဖို့ရန် အတွက်စုပေါင်းအားဆိုတာလိုတယ် ဒီစုပေါင်းအားက ဘယ်ထဲမှာသွားရှိလဲဆိုရင် ပါတီထဲမှာရှိတာဖြစ်တယ် ဒါကြောင့်ခြုံငုံပြီး ပြောလို့ရှိရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှပဲ မြန်မာပြည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံသစ်ကို ကျွန်တော်တို့ခြေလှမ်းလှမ်းလို့ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော်တို့ ပါတီဖွဲ့ရခြင်းဖြစ်ပါတယ်
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ဆိုတော့ ဒီပါတီနိုင်ငံရေးမှာ အခုချိန်မှာဆိုရင် လက်ရှိအာဏာရ အဖွဲ့အစည်းတစ်ခုကကျင်းပတဲ့ ရွေးကောက်ပွဲဟာမျိုးဝင်ပြီးတော့မှ ပြည်သူတွေ ကိုယ်စားအလုပ်လုပ်ရမယ်ဆိုတဲ့ ရှုထောင့်နဲ့ဟာမျိုးကို ခိုင်ခိုင်မာမာရပ်တည်ပြီးတော့မှ အခုချိန်မှာစစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲဟာမျိုးမှာလည်းမှတ်ပုံတင်ကြတယ်ဒါပေမဲ့ဒီဆရာတို့ ပါတီကအခုချိန်မှာဘာဖြစ်လို့မှတ်ပုံတင် မတင်ဘဲနဲ့ PRCFမှာပဲ ပါပြီးတော့မှ တခြားလှုပ်ရှားမှု လောလောဆယ်ရပ်တန့်သွားသလဲ ဒီဒီအပေါ်မှာဆိုရင် ဘာကြောင့် ဒီလိုရပ်တည် သလဲဆိုတဲ့ဟာလေးပေါ့နဲနဲအကျဉ်းချုပ်ရှင်းပြပေးလို့ရမလားခဗျ
Shing Tun – ပါတီအနေနဲ့ဘာကြောင့် ပြန်ပြီးမှတ်ပုံပြန်ပြီးမတင်ရသလဲဆိုတဲ့ အကြောင်းချက်တွေ ထဲမှာနံပါတ်တစ်အချက်အနေနဲ့က ဒီ NLD စပြီးကျွန်တော်တို့ စပြီးဖွဲ့စည်းစဉ် တည်ထောင်စဉ်က တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျွန်တော်တို့ ဖွဲ့ထားခဲ့တာဖြစ်တယ် ရွေးကောက်ပွဲကော်မရှင် ဥပဒေထွက်လာတဲ့အခါမှာကျတော့ သူက ပြည်ထောင်စု တဝှမ်းလုံးရဲ့ ပါတီကိုယ်စားပြုဆိုလို့ရှိရင်ငွေကြေးက သိန်းတစ်ထောင် ဖြစ်တယ်နော့် ပါတီအင်အား ကလည်း တစ်သိန်းသူတို့တောင်းလိုက်တဲ့အခါမှာ ဒီလက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးကယက်ရဲ့ အခြေအနေအရကမြို့နယ်တိုင်း မြို့နယ်တိုင်း သွားပြီးစည်းရုံးဖို့ ဟောပြောဖို့ဆိုတာက တော်တော်လေးအကန့်အသတ်ရှိတယ် လုံခြုံရေးအရ တော်တော်လေးအခက်အခဲရှိတယ် ဒီစဉ်းစားချက်တွေအရ အကြောင်းရင်းတစ်ရပ်ထဲမှာ ပါတယ်နောက်ဒုတိယရဲ့ အချက်ကသူ့ရဲ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပဋိပက္ခလူထုတွေ အကုန်ပါလာတဲ့ ပဋိပက္ခဖြစ်တဲ့အခါ ပါတီလူထုတွေက ထောက်ခံခဲ့တဲ့ပါတီကလူထုနဲ့ တသားတည်း ရပ်တည်ဖို့ဆိုတဲ့အမြင်ရှိတယ် ခံယူချက်ဒါကဒုတိယအကြောင်းကို နောက်တတိယ အကြောင်းရင်း အနေနဲ့က လက်ရှိရွေးကောက်ပွဲသည် မြန်မာပြည်ရဲ့ ပြည်သူလူထု တွေလိုလားနေတဲ့ နိုင်ငံရေးအဖြေမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ကျွန်တော်တို့ယုံကြည်တယ် ဒါကြောင့်နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းအရဖြေရှင်းမယ်ဆိုတဲ့ နေရာမှာကလည်းပါတီထောင်တာလည်း နိုင်ငံရေးနည်း လမ်းပါတီ ပြန်မထောင် ဒါလည်းဒါလည်း နိုင်ငံရေးနည်းလမ်းအေးဆိုတော့ နိုင်ငံရေးနည်းလမ်းတွေအများထဲက တခုကိုကျွန်တော်တို့ ရွေးချယ်ရတယ် ပါတီအနေနဲ့ မျှော်လင့်ထားနေတဲ့ဟာ ယုံကြည်ထားနေတဲ့ဟာတော်လှန်ရေး တစ်ရပ် တော်လှန်ရေး တစ်ရပ်အောင် နိုင်သည်ဖြစ်စေကျဆုံးသွားသည်ဖြစ်စေ သို့တည်း မဟုတ် နောက်ဆုံးကတော့ နိုင်ငံရေးနည်းလမ်းထဲကတစ်ခု ဖြစ်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနဲ့ပြန်ပြီး အဖြေရှာရမယ်ဆိုတဲ့ ဟာတွေကိုလက်ခံယုံကြည်ထားတယ် ဒီအကျိုး အကြောင်းတွေ အများကြီးပေါ့ အာဒါတွေနဲ့ပတ်သက်ပြီးတော့ ပါတီက အဲ့ဒီဟာတွေ အကုန်ချင့်ချိန် ပြီးတော့မှဆုံးဖြတ်ချက်ချတာဖြစ်တယ် နောက်တချက် ပါတီအနေနဲ့ အမြဲတမ်းလိုလား နေတာက သင့်တင့်မျှတပြီးနိုင်ငံရေးအခင်းအကျင်း တစ်ရပ်ပေါ်လာတဲ့ အချိန် တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်သင့်ပါတယ်ဆိုတဲ့ဟာရှိတယ်
ဆလိုင်း ဒိုခါရ် – ဆိုတော့ဆရာပြောသလို ခုချိန်မှာဆိုရင် ဒါရွေးကောက်ပွဲက ရလဒ်ကပြည်သူတွေ မျှော်မှန်းထားတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးကိုဖော်ဆောင်ပေးနိုင်ဖို့ ဒါဖြစ်နိုင်ခြေ အလားအလာ အင်မတန်နည်း တယ်ဆိုတဲ့ရှုထောင့်ကအမြင်တွေဟာ လေအင်မတန် များတယ်ဆိုတော့ သို့သော်လည်း တဆက်တည်းမှာပဲ စစ်ကောင်စီကတော့ ဒီရွေးကောက်ပွဲ ကို ကျင်းပမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ ပါတီမှတ်ပုံတင်တဲ့ သူတွေကလည်းချင်းဘက် ကနေဆိုရင်လည်း ပါတီသုံးခုလောက်မှတ်ပုံတင်ထားတယ်လို့ ကျွန်တော်တို့ကြားရတယ် ဆိုတော့ တကယ်ရောအဲ့လိုဆိုရင်ဘာကြောင့်ဒီရွေးကောက်ပွဲကျင်းပဖို့ အတွက်လုံခြုံရေးအရ စိန်ခေါ်မှုရှိနေတယ် ပြည်သူ့ဆန္ဒကလည်း ဒီရွေးကောက်ပွဲပေါ်မှာ တစ်ထပ်တည်း ကျနိုင်ဖို့ကနည်းတယ်ဆိုတဲ့ဟာသိသိကြီးနဲ့ တချို့ပါတီတွေကလည်း ပါတီမှတ်ပုံတင်ပြီး တော့မှ စစ်ကောင်စီကလည်း ဒီရွေးကောက်ပွဲကိုကျင်းပဖို့လုပ်နေသလဲ ဘယ်လိုပုံစံမျိုး သူတို့ပြင်ဆင်သလဲဒီရွေးကောက်ပွဲကျင်းပမယ့်ပုံစံ ဆရာသိသလောက် ပြောကြည့်ပါအုံး
Shing Tun – လက်ရှိအနေအထားနဲ့ပါတီမှတ်ပုံတင်ထားတဲ့အုပ်စုတေကလည်း အထက်မှာဆွေးနွေး သွားတဲ့အတိုင်းပဲ နိုင်ငံရေးကိုနိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းမယ်ဆိုတဲ့ထဲက နည်းနာတစ်ခု သူတို့ရွေးချယ်တာဖြစ်တယ် ဒါကသူတို့ရဲ့ ရွေးချယ်မှုဖြစ်တယ် ဆိုတော့ဒီဘက်အနေနဲ့ ဒီနစကဖက်ကနေ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲက တော်တော်လေးပညာသားပါလို့ ပြောလို့ရတယ်ဘာကြောင့်လဲဆို မြန်မာပြည်ရဲ့ သမိုင်းကြောင်းဖြစ်စဉ် ပြန်ကြည့်နေတယ် ဆိုရင်အိုး အချိန်အခါတုန်းက ကွန်မြူနစ် ခေတ်တုန်းက ရောင်စုံသူပုန်လို့တောင် တင်စားခဲ့တဲ့ကွန်မြူနစ်ပါတီ ခေတ်တုန်းက ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့နေရာကကွက်ပြီး သူတို့ကျင်းပပြီးတော့မှ ကိုအစိုးရသူတို့ ဖွဲ့ခဲ့တဲ့ဖြစ်စဉ် သမိုင်းကြောင်းမြန်မာပြည်မှာလည်း ရှိခဲ့တယ်ဆိုတော့ ဘာကြောင့် ပညာပါတယ်လို့ ကျွန်တော်ပြောရသလဲဆိုရင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ပြန်ပြီးတော့မှ ပြန်ကိုးကားရမယ်ဆိုရင် ဒီ၂၀၀၈အတိုင်းပဲ ပြန်ပြီးသွား ကြမယ်ဆိုပြီး၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ရကလွှတ်တော်အမတ်တစ်ယောက်ကမဲဘယ်လောက်ရရင် နိုင်ပါတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မရှိဘူးနံပါတ်တစ်အချက် နောက်ထိုနည်း တူလူဦးရေ(၅၂)သန်းရှိတဲ့ ထဲကဘယ်နှသန်းက မဲလာထည့်မှ ရွေးကောက်ပွဲ ထမြောက်တယ်ဆိုတဲ့ပိညတ်ချက်လည်းမရှိဘူး နံပါတ်သုံးအချက်မှာ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေထဲမှာကလွှတ်တော် အမတ်တစ်ယောက်ကလည်း ဘယ်လောက်ရရင် လွှတ်တော် အမတ် ဖြစ်ရပါမယ်ဆိုတဲ့ပိညတ်ချက်လည်း မရှိဘူးသတ်မှတ်ထားတဲ့ ဥပဒေလည်းမရှိဘူး ဆိုတော့အဲဒီကြားထဲကနေ ဆိုလိုတဲ့သဘောကရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ကဆယ်မဲလောက်နဲ့ အမတ်ဖြစ်လို့ရ တယ်ဆိုတဲ့ သဘောသွားဖြစ်နောက်ဆုံးကုန်ကုန်ဘယ်သူ ကမှမဲမထည့်ချင်ရင် တောင်မှ ကိုယ်ကိုယ်တိုင်ထည့်တဲ့မဲနဲ့အမတ်ဖြစ် လို့ရတယ်ဆိုတဲ့သဘောသွား စောင့်ဒီရဲ့အနေအထား အရကတော့ သူတို့ကတော့ရွေးကောက်ပွဲကို ကျင်းပပါလိမ့်မယ် သို့သော်လည်း ရွေးကောက်ပွဲ အချိန်ဇယားကတော့ အတိအကျ မထွက်သေးသလို ရွေးကောက်ပွဲကော်မရှင် ဥပဒေနည်း ဥပဒေလုပ် ထုံးလုပ်နည်းလည်းမထွက်သေးဘူး ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတခု ပြုလိုက်ပြီဆို နည်းဥပဒေလုပ်ထုံးလုပ်နည်းတေ ကလည်း အစိုးရတစ်ရပ်ကနေ ပြန်ပြီးရေးဆွဲပြဌာန်းရတယ် ဆိုတော့ ဒီနေ့အထိ ထွက်တာတော့မတွေ့သေးဘူး အချိန်ဇယား အတိအကျ ထွက်တာတော့ မတွေ့သေးဘူး နောက်တစ်ခုအဲဒီကနေတစ်ဖက် နစက ပြင်ထားတဲ့ထဲမှာကပ်လိုက်လာတာက personal Representation လို့ခေါ်တဲ့ (PR) ဒီ(PR) က ရွေးကောက်ပွဲ စနစ်တွေအပြောင်းအလဲလုပ်တာမဟုတ်ဘူး ရလာတဲ့မဲ အပေါ်မှာ ပဲသူကချိုးချ လိုက်တဲ့အခါမှသူကနိုင်ငံရေးရှုထောင့်အရပြောနေတာပေါ်လစီ Issue ပေါ့ reporting representation မဟုတ်ဘဲနဲ့ညွန့်ပေါင်းအစိုးရအဖွဲ့ပုံစံမျိုးကအိန္ဒိယမှာကတော့ ထူးခြားတယ် အိန္ဒိယမှာ FPTBရွေးကောက်ပွဲစနစ်သူတို့သုံးတယ် သို့သော်လည်း ပေါ်လစီအီရှူး အရအစိုးရအဖွဲ့ အစိုးရအဖွဲ့နဲ့ပါတီကဘယ်လောက်တော့ မဲရာခိုင်နှုန်းတော့ နိုင်ရပါ့မယ် ဆိုတဲ့သတ်မှတ်ချက်ရှိတယ် အဲ့ဒီသတ်မှတ်ချက်အပြည့်ရရင်တော့ သူကဟို indiaမှာကတော့ ညွန့်ပေါင်းအစိုးရခေါ်ဆို မလိုတဲ့အနေအထားမျိုးရံဖန်ရံခါ သူရောက်တဲ့သို့သော်လည်း သူတို့သတ်မှတ် ထားတဲ့အနိမ့်ဆုံးအချိုးမပြည့်ဘူးဆိုရင်တော့ အဲ့ဒါတခြားပါတီတွေနဲ့ ပေါင်းပြီးတော့ ညွန့်ပေါင်းဖွဲ့တဲ့အနေအထားမျိုးရှိတယ် ဆိုတော့ဒီဟာကတော့ဒီနစက ပြင်ဆင်နေတဲ့ထဲမှာ လက်ရှိမြန်မာပြည်ရဲ့အနေအထားမှာက futureဖြစ်စဉ်ထဲမှာပါတယ်လို့ ပြောလို့ရတဲ့ ဒီဖက်က. ပြင်ဆင်ထားတယ်အတိအကျတော့ မဟုတ်ပေမယ့်လည်း ကျနော်တို့ကြားသိရသလောက်ကတော့ လုံခြုံရေးအရ စည်းရုံးရေး အခက်အခဲရှိတယ် ချင်းပါတီထဲက ဝင်ရွေးမယ့်ပုဂ္ဂိုလ်ကချင်းပြည်နယ် ပြန်စရာမလိုဘူး ဆိုတဲ့နေရာကနေ မဲထည့်လို့ရမယ့်အနေအထားမျိုး သူတို့ပုံဖော်ထားတာတွေ့ရတယ် မဲထည့်တာကလည်း Electrical Voting systemကို သွားဖို့ပြင်ဆင်ထားမျိုးတော့ ကျွန်တော်တို့တွေ့ရတယ် ဆိုတော့ ကျွန်တော်တို့မြင်မိလောက်ကတော့ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် သူတို့ကျင်းပပါလိမ့်မယ်
ဆလိုင်း ဒိုခါရ် – ဆိုရင်တော့သူတို့ကိုဒီအခု၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသူတို့ပြန်ကိုးကားချင်တဲ့ ပုံစံဟာမျိုးနဲ့ဆိုရင်တော့ ဒါအကျုံး မဝင်ပါဘူးဆိုပြီးတော့မှ ထောက်ပြစရာ အားနည်းသွားမှာပေါ့ သူတို့ရတဲ့နည်းနဲ့ ဒီသူတို့ချမှတ်ထားတဲ့ပေါ်လစီအရဆိုရင်တော့ကိုယ့် Vote နဲ့ကိုယ်တောင်အမတ်ဖြစ်မယ့် ပုံစံမျိုးဖြစ်တော့တာတွေ ကလုံးဝရပ်တန့်ရခက်မယ့် ဟန့်တားရခက်မဲ့ ရွေးကောက်ပွဲ ပုံစံကြီးကိုသူတို့ ဖော်ဆောင်ထားတဲ့သဘောလို့ ပြောလို့ရမလား
Shing Tun – ပြောလို့ရပါတယ် ဘာလို့လဲလို့ပြောရင်ရှုထောင့်က ၂ခုရှိတစ်ဖက်မှာက ဒီတော်လှန်အင်အားစုတွေ အနေနဲ့ကစစ်တပ်ကအာဏာသိမ်းတယ်လို့ သူတို့ကပြောတယ် ဒါပေမဲ့စစ်တပ် ဒီနစကဖက်ကနေ အာဏာသိမ်းတာမဟုတ် အာဏာထိန်းတယ်လို့ သူ့ဘက်ကအယူရှိတာ အာဏာထိန်းတယ်လုပ်ယူဆလိုက်တဲ့အချိန်မှာTroad map တန်းပြီးတော့မှ နိုင်ငံရေးလမ်းပြမြေပုံထုတ်ပြန်လိုက်ထုတ်ပြန်လိုက်တဲ့ နံပါတ်၄အချက်မှာက သူကရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုတဲ့ဟာပါတယ် road map ထဲမှာဆိုတော့သူ့ရဲ့ အယူအဆအရအာဏာထိန်းတယ်လို့ ပြောရင်ထိန်းထားတဲ့အာဏာကို တော့တက်လာတဲ့ အစိုးရကိုပြန်ပြီးအပ်နှင်းရမယ် သူမှာ တာဝန်ရှိတယ် ပြည်ပအုပ်စုဖက်ခြမ်းတွေမှာပဲ သူတို့အမြင်မှာက နိုင်ငံတကာကအသိအမှတ်ပြုမှာမဟုတ်ဘူးဆိုတဲ့ ဟာမျိုးမြင်တယ် တကယ်လည်း တော်တော်များများကတော့ နိုင်ငံတကာကအသိအမှတ်ပြုချင်မှလည်း ပြုလိမ့်မယ် သို့သော်လည်းနိုင်ငံတစ်နိုင်ငံအချုပ်အခြာအာဏာအရ State Actor သဘောမျိုးဦးဆောင်နေတဲ့သူကတော့ သူသွားရမယ့် လမ်းခရီးကတော့ သူ့ဟာသူလျှောက်ပါလိမ့်မယ် ဒီအနေအထားလေးတွေကို ကျွန်တော်တို့ မြင်မြင်နေရပါတယ် ၂၀၁၀တုန်းကလည်း ထိုနည်းတူပါပဲ တော်တော်များများက တော်တော်များများက ရွေးကောက်ပွဲကိုပွဲကို နုတ်ဝုတ်လုပ်ဖို့ တော်တော်များများကမ်ပိန်းလုပ်ကြတယ် သို့သော်လည်း ပြည်တွင်းအင်အားစုတွေထဲမှာရှိနေတဲ့ နိုင်ငံရေးပါတီထောင်တဲ့ အုပ်စုတော်တော်များများက စစ်အာဏာရှင်အောက်မှာကျနော်နေလာတာက အရမ်းခါးသီး လာပြီး ခါးသီးလာပြီဖြစ်တဲ့အတွက်ဘာပဲပြောပြော အရွေ့အတွက်တော့ ကျနော်တို့ ဝင်ပြီးတော့မှ ယှဉ်ပြိုင်မယ်ဆိုတဲ့အယူအဆအရ ၂၀၁၀မှာကလည်း တော်တော်များများ ပါတီထောင်ပြီး ဝင်ပြိုင်တဲ့အနေအထားမျိုးဖြစ်လာတယ် ဘာလို့လဲ ဆိုတော့ ဒီအုပ်ချုပ်မှုစနစ် နောက်ထပ်ခါးသီးတဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ ကျွန်တော်တို့မနေချင်တော့ဘူး ပြန်လည်မသွားချင်တော့ဘူး ဘယ်လိုပဲပြောပြောဒီထက်လစ်ပရိုက်စ် ဖြစ်တဲ့ အနေအထား တခုလောက်ဆိုရင်လည်း နေသာနေသာထိုင်သာခန့်သာရှိတယ်ဆိုတဲ့ အယူအဆအရအာ ၂၀၁၀တုန်းကလည်း ဒီကိုပြန်ပြီးတော့မှပါတီတည်ထောင်ပြီးတော့ ရွေးကောက်ပွဲ အရွေ့အတွက်ဆိုတဲ့ အရွေ့မှာအတူတူဝိုင်းတွန်းကြမယ် ရွှေ့ကြမယ်ဆိုတဲ့ယူဆချက်ပါတီ ထောင်တဲ့ဟာကို တွေ့ရပါတယ်
ဆလိုင်း ဒိုခါရ် – အဲ့လိုဆိုရင်ဒီနိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေတော်တော် များများကအရင်တုန်းက၂၀၁၀က ရွေးကောက်ပွဲရလဒ်တောင်မှ တော်တော်လေးဝေဖန်မှု တွေဖြစ်တယ်ဆိုတာအ ခုဆိုရင်တော့ပြည်သူတွေကလည်းမဲ ပေးနိုင်ခြေအလား အလာကအင်မတန် နည်းတဲ့အနေအထားဖြစ်တယ် ဒီလိုအခြေအနေဟာမျိုးကို အခုနိုင်ငံတကာရွေးကောက်ပွဲ ရလဒ်ကိုစောင့်ကြည့်တဲ့သူအနေနဲ့ လက်ခံနိုင်ခြင်းအလား အလာရှိသလားဆိုတော့ ဒီအပေါ်မှာရောလက်ခံသင့်တယ်လို့ထင်တယ် အဲဒီပေါ်မှာ မျိုးသုံးသပ်ပေးပါဦး
Shing Tun– နိုင်ငံတကာကတော့ သူက သူ့ရဲ့ အနောက်တိုင်း စံတွေ ပေတံတွေနဲ့ တိုင်းရင်တော့ နိုင်ငံတကာအနေနဲ့လက်ခံဖို့ကတော့ အင်မတန်မှနည်းတယ် သတိချပ်ရမှာက ဒီရက်ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ကရွေးကောက်ပွဲကော်မရှင်ဆီမှာရှိတာကိုး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းမှာ သူမဲဆန္ဒနယ်တစ်ခုသူရွေးလိုက်တယ် ရွေးလိုက်တော့ သူ့မှာနောက်ထပ်သူ့ကိုရှင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးမရှိလျှင် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရကအဲဒီပုဂ္ဂိုလ်ကိုအနိုင်ပေးရမယ်ဆိုတဲ့ဥပဒေကရှိနေတယ် ဒီတစ်ခေါက် ကိုယ်စား လှယ်လောင်းအနေနဲ့ဝင်ပြိုင်မယ့်သူတွေအတွက်ကပိုပြီး Chance ရှိတဲ့ သဘောမျိုးတော့ သွားဖြစ်တာလေလက်ခံသင့်သလားဆိုတဲ့အနေအထားမျိုး ဒီမိုကရက် တစ်ဆဲင်းစ်၊ Value တေ၊ စံတန်ဖိုးတွေနဲ့ကတော့ မညီဘူး သို့သော်လည်း သတိချပ်ရမှာကဘာသွား ဖြစ်လဲလို့ပြောရင်ဒီကျွန်တော်တို့, လစ်ပရယ် လစ်ပရယ်လို့ ပြောပြောနေတဲ့ လစ်ပရယ်ရဲ့ အယူအဆ အထူးသဖြင့်အနောက်တိုင်းက Culture Revolution ပေါ့လေ အနောက်တိုင်းဘက်ကနေ သွက်သွင်းလာတဲ့ Ideology တွေကဘယ်မှာ သွားမအောင်မြင်လဲဆိုရင် အီရန်၊ အီရတ်တွေ အာရှနိုင်ငံတော်တော် များများမှာ အာရှစံတန်ဖိုးတေက ကိုယ်စီကိုယ်စီရှိကြ အနောက်တိုင်းကတိုင်းနဲ့ပေတံနဲ့ တိုင်းတော့မညီဘူး သို့သော်လည်းကိုယ့်ရဲ့ ရေခံမြေခံအခြေအနေအရဆိုရင်တော့တယ် တချို့ပုဂ္ဂိုလ်တေ ကတော့လက်ခံလိမ့်မယ် မေဂျောရတီကတော့ လက်ခံမှာမဟုတ်ဘူး အဲ့ဟာတော့ရှိပါတယ်
ဆလိုင်း ဒိုခါရ် – လက်ရှိမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ချဉ်းကပ်ပုံ ကရောဒါမြန်မာနိုင်ငံအရေးကို အဖြေရှာနိုင်ဖို့အတွက်လုံလောက်တဲ့ကူညီထောက်ပံ့မှုတွေ သင့်တော်တဲ့ချဉ်းကပ်မှုဖြစ်နေပြီလားဒီအပေါ်မှာရော ဆရာသုံးသပ်ပေးပါဦး
Shing Tun– –နိုင်ငံတကာရဲ့မြန်မာပြည်ရဲ့အရေးပေါ်ရှုမြင်တဲ့အမြင်က သူတို့ရဲ့ထားရှိတဲ့ မူဝါဒပေါ်မှာ အများကြီးမူတည် western park ဖက်ကနေထားတဲ့မူအရဆိုလို့ရှိရင် အာဖရိကမှာလည်း စစ်တပ်ကအာဏာသုံးတဲ့ နိုင်ငံတွေရှိတယ် သို့သော်လည်း western တွေထားတဲ့မူအရ ဆိုလို့ရှိရင် အာဏာသိမ်းအုပ်စု တွေကို သူတို့က dialog မလုပ်ချင်ကြဘူး ရှောင်ကြတယ် ရှောင်ကြတဲ့အခါမှာ သူတို့မူကိုယ်၌က မြန်မာပြည်ရေးအတွက်တော့ အကူအညီပေးမယ်ဆိုတဲ့ စိတ်ဆန္ဒရှိ ကောင်းရှိနိုင်တယ် သို့သော်သူတို့ထားတဲ့နေကိုယ်၌က သူတို့ကိုပြန်ပြီး ချည်နှောင်ပြီး ပြန်တုပ်နှောင်လိုက်တဲ့ အနေအထားမျိုးကိုသွားတွေ့တာ သူတို့အနေနဲ့ သူတို့ထား ရှိတဲ့မူအရဆို သော အမေရိကားဆိုလို့ရှိရင်သံအမတ် အဆင့်ကိုမထားတော့ဘူး ကိုသတ်မှတ်ထက်နိမ့် delegation ကိုပို့လိုက်တယ် ဒီအနေအထားမျိုးတွေနဲ့သူက တစ်ဆင့်တစ်ဆင့်နှိမ့်ပြီး ဆက်ဆံတဲ့အနေအထားမျိုးတွေအရ သူတို့ချဉ်းကပ်တယ်ဆိုတော့ ဒီဟာက dialog အဆင့်ကို မရောက်ဘူး ဘာကိုသွားပြီးညွှန်ပြရမလဲဆိုရင် ထားတဲ့မူ အပေါ်မှာသွားမူတည်နေတယ် ထိုနည်းတူအာဆီယံကလည်း အဲ့ဒီအတိုင်းပဲ အာဆီယံက not interference policy သူတို့ဆီမှာရှိတယ် နိုင်ငံတနိုင်ငံရဲ့အရေးပြည်တွင်းအရေးကို ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ဟာကသူတို့ဆွဲကိုင်ထားတဲ့ not interference policy တွေ သွားဖြစ်နေတဲ့ အခါကျတော့ အာဆီယံဥက္ကဋ္ဌဘယ်သူပဲအလှည့်ကျအလှည့်ကျဘယ်လောက်ပဲပြောင်းပြောင်း ဒီမူအရက သူတို့ဘယ်လိုမှထဲထဲဝင်ဝင်သူတို့လုပ်နိုင်တဲ့အနေအထားမျိုး မရှိမူပေါ်လစီပေါ်မှာ ဖြစ်တဲ့သဘောထားနောက်ခု လက်ရှိဖြစ်နေခဲ့ယူကရိန်းရုရှား ယူကရိန်းအရေးတွေနောက် အစ္စရေးပါလက်စတိုင်း ရှေးနဲ့ ဟားမာ့စ် ဒီအရေးတွေအကုန်လုံး ပြန်ကြည့်မယ်ဆိုလို့ရှိရင် မြန်မာပြည်ဘက်ကိုလှည့်ပြီး အာရုံစူးစိုက်မှုတော်တော်လေးနည်းပါတယ် ယူကရိန်း ကဒီမိုကရက်တစ်နိုင်မယ်လို့ ဒီမိုကရေစီရဲ့စံတန်ဖိုးတွေ အတွက် အကာအကွယ်ပေးရမယ် ဆိုပြီးတော့မှ အီးယူအုပ်စုတွေတော်တော်လေး သူ့ကိုအကုန်လုံးငွေရေးကြေးရေး လက်နက်ခဲယမ်းကအစတော်တော်လေးပံ့ပိုးပေးကြတယ် သူဒီမိုကရေစီနိုင်ငံမို့လို့ မြန်မာပြည်ရဲ့ အနေအထားမှာကဒီတော်လှန်အင်အား စုတွေအနေအထားနဲ့ဘာလုပ် ဘာကြောင့်ယူကရိန်းလို အကူအညီမရလည်းဆိုရင် ကျွန်တော်တို့နိုင်ငံကိုယ်၌ ဒီမိုကရက် တစ်နိုင်ငံမဟုတ်ဘူး international Law အရကိုကဒီမိုကရက်တစ်နိုင်ငံ မဟုတ်တဲ့အခါ ကျဒီဟာတွေကသွားပြီးမျှော်ကိုးဖို့အရမ်းခက်တယ်ကမ္ဘာ့ကုလသမဂ္ဂက ကမကထအနေနဲ့ သွားကြားအနေနဲ့ လာပြီးစေ့စပ်ညှိနှိုင်းပေးရင်တော့ဒါကဖြစ်နိုင်ခြေရှိ UN မှာကလည်း တကယ်ဦးဆောင်တဲ့ဟာကအမေရိကပါပဲ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ဆိုတော့ တစ်ဖက် ကလည်းဒီကတရုတ်ရှိတယ်တရုတ်က power balance အမြဲလုပ်တယ် မြန်မာပြည် အရေးမှာ သူဝင်မစွက်ခဲ့တဲ့ မြန်မာပြည်အရေးဆိုတာ မရှိဘူးအနောက်အုပ်စုတွေ ပါလာမှာကို မလိုလားဆုံးပဲတရုတ် သတင်းအနေအထားဖြစ် ဖြစ်နိုင်ချေအရှိဆုံးကတော့ UN က တကယ်လုပ်မယ်ဆိုရင် ဖြစ်နိုင်ချေအရှိဆုံးပါ သို့သော် သူကိုတိုင် ရိုး ယူမလားမယူဘူးလားဆိုတာကလည်းဟိုကျွန်တော်တို့မပြောတတ်ဘူး
ဆလိုင်း ဒိုခါရ် – အနောက်နိုင်ငံတွေကလည်း ဒီမိုကရေစီနိုင်ငံမဖြစ်တဲ့အခါကျတော့ တအားထိထိ ရောက်ရောက်ကူညီတာ မရှိဘူး နောက်တရုတ်တို့ကလည်း သူ့ရဲ့နိုင်ငံကိုယ်ကျိုးအပေါ်မှာ အခြေခံပြီးတော့မှ ချဉ်းကပ်ကြတဲ့ဟာတွေ များနေတဲ့အခါကျတော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုပုံစံကူညီသင့်သလဲပေါ့နော် ဘယ်လိုပြဿနာ ဖြေရှင်းဟာမျိုးက အခုမြန်မာပြည်နဲ့ အသင့်တော်ဆုံးဖြစ်မလဲ အဲ့ဒါလေး နည်းနည်းဆွေးနွေးကြည့်ပါဦး
Shing Tun – တကယ်တမ်းပြောလို့ရှိရင်လည်း Dialog က အရေးကြီးပါတယ် နိုင်ငံရေး ခင်းကျင်းပေါ်လာပြီးတော့ မှ Dialog နဲ့ ဖြေရှင်းဖို့ကတော့နောက်ဆုံးမလွဲမသွေ ရွေးချယ်ရမယ့် လမ်းကြောင်းဖြစ်သွားလိမ့်မယ်နိုင်ငံ တကာအနေနဲ့က အခုလူသားချင်း စာနာထောက်ထားမှုပေါ့ humanitarian ကိစ္စနဲ့အများကြီးဝင်လို့ရတယ် ဘာကြောင့်လဲလို့ ngoကလည်းအာမနိုင်ဘူးတကယ်တမ်းပြောလို့ရှိရင်ဒီနိုင်ငံရေးပဋိပက္ခဖြစ်လောက်စစ်ရေးပဋိပက္ခဖြစ်လာတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ တကယ်ထိထိရောက်ရောက်နဲ့ပံ့ပိုးနိုင်တာက international organization တကယ်နိုင်ငံတကာ ဟိုဖွဲ့စည်းအကြီးကြီးတွေကပဲ သူကပံ့ပိုးကူညီပေးနိုင်တယ် ဆိုတော့ အခု Humanitarian Sideနဲ့ တကယ်ကူညီမယ်ဆို အများကြီးအကူအညီပေးလို့ရတာ တကယ်ဟိုကုလသမဂ္ဂဖက်ကနေ တကယ်လှည့်မယ် ဆိုလှည့်လို့ရပါတယ်ဆိုတော့ အဲဒီလမ်းကြောင်းကလွဲရင်တော့လက်ရှိ အနေအထားမျိုး ကတော့ကျွန်တော်မမြင်မိဘူးပေါ့
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ တရုတ်ဆိုလည်း အနောက်နိုင်ငံရဲ့ပါဝင်လာမှုကို လက်မခံကြောင်းတွေ ပေါ်ပေါ်တင်တင် သူတို့ထုတ်ပြောတဲ့ဟာလည်းရှိတယ် နောက်အိန္ဒိယဖက်ဆိုရင်လည်း တရုတ် လွှမ်းမိုးမှုအောက်မြန်မာနိုင်ငံကပိုပြီးတော့မှ ဝင်သွားမှာကိုသူမလိုလားဘူးဆိုတဲ့ ဟာမျိုးတွေ ကျွန်တော်တို့သူ့ရဲ့ဟိုပြောဆိုချဉ်းကပ်မှုတွေ ကြည့်ပြီးခန့်မှန်းလို့ရတယ် ဆိုလက်ရှိတော်လှန်ရေးအင်အားစုတွေဆိုရင် တရုတ်လွှမ်းမိုးမှု အရမ်းမများ အောင်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတဲ့ဟာ စံတန်ဖိုး၂ခုကို အဓိကအခြေခံ ပြီးတော့မှ တော်လှန်နေ ကြတာဖြစ်တယ် ဒီဟာဆိုတော့ အခုလက်ရှိအိန္ဒိယရဲ့ လိုလားခြင်းနဲ့တထပ်တည်းကျတယ်လို့ ပြောလို့ရတယ်ဆို ဒါနဲ့အိန္ဒိယကအခုဘာမှမရှိသလို ကူညီနေရင်တောင်မှစစ်ကောင်စီ ဘက်ကနေပဲ ကူညီသွားတဲ့ဟာများနေတဲ့အခါကျတော့ ဒီအပေါ်မှာရောဘယ်လို မြင်သလဲ ပေါ့နော်
Shing Tun – ဟုတ် အိန္ဒိယရဲ့အနေအထားက အရင်တုန်းက ၁၉၈၈ ရာဂျစ်ဂန္ဒီရဲ့ လက်ထက်တုန်းကတော့ မြန်မာပြည်ဒီမိုကရေစီဖြစ်စဉ်ထဲမှာတော်တော် လိုလိုလားလားနဲ့ ထဲထဲဝင်ဝင်ပံ့ပိုး ကူညီခဲ့တယ်လက်ရှိအန္ဒိယရဲ့အနေအထားက မိုးသီးကBjpကဆိုတော့သူက ဟိန္ဒူ nationalist ဆိုတော့သူတို့ရဲ့ဒီသံတမန်ဆက်ဆံရေးတွေမှာက တော်တော်လေးမှန်းရ ခက်တယ် တော်တော်များများက နစကတက်လာကတည်းက သံတမန်ဆက်ဆံရေးတစ်ခု ဖြတ်တောက်ဖို့ သို့သော်လည်းစစချင်းဆက်ဆံခဲ့တာက indiaနဲ့ တရုတ်ပဲ geopolitics အရကလည်း indiaက တရုတ်နဲ့ကလည်းစီးပွားရေး၊ ရှေ့ရေးအရပြိုင်နေတဲ့ အင်အားကြီးထဲမှာလည်းသူကပါတယ် တော်တော်များများသူက India – pacificဖက်ကို လွှမ်းမိုးနိုင်တဲ့အနေအထားမျိုးကို indiaကမလိုလားဘူး တရုတ်တွေ အမြဲတမ်း သုံးသုံးနေတဲ့ မလက္ကာရေလက်ကြားဆိုတာကလည်း အဲဒီရေလက်ကြားက သန်းဘီလီယံနဲ့ချီပြီးရတဲ့ India တွေ ထိန်းချုပ်ထားတယ် အဲ့ဒီကနေ တရုတ်ကဖြတ်ဖြတ်ထွက်လာတဲ့အခါ ကျတော့ အဲဒီဟာကို မဖြတ်တော့ဘဲနဲ့သူ့ရဲ့ပိုးလမ်းမစီမံကိန်းကြီးက ကျောက်ဖြူနဲ့စစ်ကိုင်းဘက် တစ်ပတ် တစ်ပတ်ကနေ India pacific ဖက်ကိုထိုးဖောက်ဖို့ကြိုးစားလာတဲ့အခါ အိန္ဒိယကလည်းဒီဟာကို သူသိတယ် အင်အားကြီး၂ခုပြိုင်တဲ့ကြားထဲမှာ ကျွန်တော်တို့ မြန်မာပြည်ကရှိနေရတဲ့အနေအထားဖြစ်တယ်ဆိုတော့ Geopoliticsအရ အရမ်းကို အရေးကြီး အရင်တုန်းက နိုင်ငံရေးခေါင်းဆောင်ဖြစ်ဖြစ်၊ တော်လှန်အင်အားစုထဲက ခေါင်းဆောင်တွေ ပဲဖြစ်ဖြစ် Geopolitics ကို လျစ်လျှူရှုလို့မရဘူး အရင်တုန်းကလောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆိုရုံတင်လောက်နဲ့မပြီးတော့ဘူး ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ကို ကျွန်တော် အများကြီးသိဖို့လိုလာတယ် ကျယ်ကျယ်ပြန့်ပြန့်ခြုံငုံသုံးသပ်ဖို့ လိုလာအိန္ဒိယရဲ့အနေအထား မှန်က မြန်မာပြည်ကိုကူညီတော့ ပေးတော့ပေးတယ် သို့သော် Federal State ဖြစ်တဲ့အတွက် သူကအာ အထူးသဖြင့် ထဲထဲဝင်ဝင်အကူအညီပေးတာကတော့ Mizoram State ပါပဲ နယ်စပ်မှာfree movement တောင်မှ သူကအဲ့ဒီဟာတောင်မှပြန်ပြန်သုံးသပ်ပြီးတော့ အခုဒီတံတိုင်းတွေပါ ကာလိုက်တဲ့အနေအထား သွားဖြစ်လာတဲ့အခါကျတော့သူ့အနေနဲ့က Humanitarian Side အရတော့ဆေးဝါးပစ္စည်းတွေ အစားအသောက်အဲဒီဟာတွေ အနည်းအကျဉ်းပေးတဲ့ဟာမျိုးလောက် ကလွဲရင်တော့ ဒီမိုကရေစီဖြစ်စဉ်ကြီးထဲမှာတော့ ရာဂျစ်ဂန္ဒီ လက်ထက်တုန်းကလိုတော့ မပေးတော့ဘူး India ကိုတော့ ကျွန်တော်တို့ အရမ်းကြီးတည်မှီလို့မရတဲ့အနေအထားမျိုးလို့ ပြောလို့ရတယ်လက်ရှိအနေအထားမှာပေါ့လေ
ဆလိုင်း ဒိုခါရ် – ဆိုတော့ ဒီအခုလက်ရှိမြန်မာနိုင်ငံရဲ့ ဋိပက္ခကတရုတ်ကလည်းဒါသူ့ရဲ့ ကိုယ်ကျိုး စီးပွားကိုထိခိုက်တယ်ဆိုပြီးမှ အမြန်ဆုံးငြိမ်းချမ်းစေချင်တယ် ဆိုတဲ့လေသံထွက်တယ် အိန္ဒိယကလည်း အဲ့လိုခပ်ဆင်ဆင်လေသံလေးထွက်တယ် ဒါပေမဲ့ဒီ၂နိုင်ငံက ပူးပေါင်းပြီး တော့မှ အခုမြန်မာပြည် ငြိမ်းချမ်းအောင်ဖော်ဆောင် ပေးတယ်ဆိုရင် လွယ်နိုင်မယ့် အနေအထားရှိလား ဒီ၂နိုင်ငံ အရေးပါတဲ့ဒီ၂နိုင်ငံကြားမှာ ကျနော်တို့ ဘယ်လိုနေထိုင် သေးသလဲ မြန်မာအရေးကို ဖြေရှင်းဖို့အကူအညီတောင်းမယ်ဆိုရင် ဘယ်လို ချဉ်းကပ်မှုမျိုးဟာမျိုးနဲ့ ဒီနိုင်ငံကိုချဉ်းကပ်သင့်သလဲ အဲ့တာလေး နည်းနည်းဒီသုံးသပ်ပေးပါအုံး
Shing Tun – တရုတ်နဲ့indiaပူးတွဲပြီးတော့မှ မြန်မာပြည်အရေး ဖြေရှင်းဖို့ကတော့ တော်တော်လေး အလှမ်းဝေးလိမ့်မယ်ဘာလို့လဲဆိုတော့ နဂို၌ကသူတို့ရဲ့ခြေလှမ်းက မတူကြဘူး indiaက ဒီမိုကရေစီနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တရုတ်ကဒီမိုကရေစီအရမ်း allergic ဖြစ်တဲ့ Very Allergic to Democracy အဲ့လိုကျင့်သုံးနေတဲ့စနစ်ကိုယ်၌က Case သွားဖြစ်နေတယ် သူတို့ဒီနိုင်ငံ၂နိုင်ငံပေါင်းပြီးတော့မှ မြန်မာပြည်အရေးဖြေရှင်းဖို့ တော်တော်လေးခဲတယ် မြန်မာပြည်အတွင်းထဲမှာ ပိုပြီးလက်တံဆတ်နိုင်တာကတရုတ် တကယ်တမ်းပြော လို့ရှိရင်ဝတို့ မိုင်းလားတို့ ကိုးကန့်တို့ အနေအထားမျိုးကို ကြည့်မယ်ဆိုလို့ရှိရင် အုပ်ချုပ်ရေးစနစ်တွေ ကလည်း တရုတ်ဆီကပဲပြန်ယူထားတယ် ဒါ့ကြောင့်လားရှိုးအနေအထားကို ပြန်ကြည့်မ ယ်ဆိုလို့ရှိရင်တရုတ်ရဲ့ ဖိအားကြောင့် ဒီလောက်အသေ အပျောက်များပြီး တိုက်ခိုက်ပူးပေါင်းတိုက်ခိုက်ခဲ့လားရှိုးတောင်မှ သေနတ်တစ်ချက်မှ မဖောက်ဘဲနဲ့ပြန်ပေးရတဲ့ အနေအထားမျိုး အဆင့်ထိရောက်အောင် တရုတ်ကနေကြားဝင် ကစားခဲ့တာဆိုတော့သူတို့ အနေအထားကြည့်ရင် တော့တရုတ်ရဲ့အထက်ဒရိတ် အနေအထားမျိုးသွားဖြစ်နေတယ် ကွန်ဖက်ဒရေးရှင်း တောင်ကျော်နေပြီဆိုတော့ အထူးသဖြင့်တရုတ်ကသူ့ရဲ့သူ့ရဲ့ အကျိုးအမြတ်တစ်ခုကိုပဲ ကြည့်နေတယ်၊ နယ်စပ်နဲ့ထိတွေ့နေတဲ့နေရာတွေကပိုတောင်မှသူက ဒီမိုကရေစီဖြစ်သွားမယ် ဆိုပိုပြီးတော့ မှမလိုလားဘူး ဒါကတရုတ်ရဲ့ခြေလှမ်း ဆိုတော့အိန္ဒိယရဲ့ခြေလှမ်း တော်တော်လေး မှန်းရခက်တယ် Nationalist သမားကြီးတက်လာတဲ့အခါကျတော့သူတို့ great American againလို့တော့ ထရမ့်ကတော့ ကြွေးကြော်နေတာပဲ မိုဒီကတော့အဲ့လိုတော့ မကြွေးကြော်ပေမဲ့လဲသူ့ရဲ့ လုပ်ရပ်တွေကျသူ့ရဲ့လုပ်နေတဲ့ပုံစံတွေက မြန်မာပြည်ဒီမိုကရေစီ ဖြစ်စဉ်ဖြစ်မယ့် အရေးကို အရမ်းကြီးဇောင်းပေးနေတဲ့အနေအထားမျိုးမတွေ့ရဘူး သူ့ရဲ့ interestပေါ် အခြေတည်ပြီးတော့ ကုလားတန်စီမံကိန်းကိုစီမံကိန်း အောင်မြင်ဖို့ခု လောက်ပဲသူက balanceလုပ်ပြီးပြန်ကြည့်တဲ့အနေအထား ဆိုတော့၂ဖက်စလုံးက ၂နိုင်ငံစလုံးကသူ့ရဲ့ အကျိုးအမြတ်ပေါ်မှာပဲအခြေထိုင်ပြီးတော့မှ မြန်မာပြည်ရဲ့အနေအထား ကို ရှုမြင်သုံးသပ်တဲ့ အခါကျတော့မြန်မာပြည်ရဲ့ အရေးဖြေရှင်းပေးဖို့ဆိုတဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ အနေအထားမျိုး ဒီနှစ်နိုင်ငံကတော့ Initiate လုပ်ဖို့တော့ကျွန်တော်မမြင်မိဘူး သေချာတာတစ်ခုကတော့ ပြောင်းလဲဆိုတာက ပြည်တွင်းကနေ ပြောင်းလဲမှုစပါမယ် ဆိုတော့တကယ်ကို အားကိုးရမယ်အခုပြည်သူလူထု ကိုယ့်အတွင်းထဲက ကိုယ့်ပြည်သူတွေ ပဲပြန်ပြီး အားကိုးရပါလိမ့်မယ်ဒီပုံစံနဲ့ပဲ ကျွန်တော်တို့အပြောင်းအလဲကို ပြန်ပြီးတော့မှ ဪပုံဖေါ်ယူလို့ရမယ်လို့မြင်မိပါတယ်
ဆလိုင်း ဒိုခါရ်- ဟုတ်ကဲ့ဆရာ မြန်မာ့အရေးကပြည်တွင်းကအင်အားစုအဖြေရှာမှ သာလျှင်ကောင်းမယ့် အနေအထားဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ စစ်ကောင်စီဘက်က ဘာတွေလျှော့သင့် သလဲ ကျွန်တော်တို့တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ အနေနဲ့ဘာတွေရှောင်သင့်သလဲ ပေါ့နော် အချင်းချင်းကြားမှာ ဖြစ်စေစစ်ကောင်စီနဲ့ ကြားမှာဖြစ်စေဘယ်လိုပုံစံမျိုးနဲ့ တော်လှန်ရေးပန်းတိုင်ရောက်မှာလဲ၊ လုပ်မလဲနောက် စစ်ကောင်စီဖက်ကလည်း သူ့ဘာသာသူကြိုးစားနေတဲ့အခါကျတော့ ဘယ်လိုပုံစံမျိုးနဲ့ ပြည်သူတွေနစ်နာမှု အနည်းဆုံး ဖြစ်အောင်လုပ်သင့်တယ်လို့ ထင်မြင်လဲပေါ့ အဲဒါဆွေးနွေးပေးပါဦး
Shing Tun – အဓိကကတော့ နစက ကပဲဖြစ်ဖြစ်ဒီတော်လှန်ရေးအင်အားစုဘက်ကပဲဖြစ်ဖြစ် ဘက်၂ဖက်လုံးကနိုင်ငံရေးသဘောတူညီချက်ရှိဖို့အရေးကြီးတယ် နံပါတ်(၁)အချက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို စုပေါင်းတည်ဆောက်ပါမယ်ဆိုတဲ့ ကတိကဝတ် လိုတယ် နံပါတ်(၂)အချက်အနာဂတ်ပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအရပ်သားရဲ့ကွပ်ကဲမှုနဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရမယ်ဆိုတဲ့ကတိကိုအဲဒီနှစ်ချက်အရေးကြီးတယ် ကတိကဝတ်တွေ ရှိတော့မှ ကျွန်တော်တို့ကတိုင်းသူပြည်သားတွေလိုလားနေတဲ့ အနေအထားမျိုးကို သွားလို့ရမှာ ဖြစ်တယ် ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေအခြေခံမူတွေ နောက်လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရေးတွေနောက်တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနိုင်ငံရေးကနေဆုတ်ခွာမယ့်အစီအစဉ်တွေ Time-line တွေ Time-Frame တွေ နိုင်ငံရေးနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနောက်နိုင်ငံကို စုပေါင်းကူညီ ထောက်ပံ့မှုနဲ့ တိုင်းပြည်ကိုပြန်လည် တည်ဆောက်မယ်ဆိုတဲ့ဟာတွေအများကြီးလိုတယ် ဆက်ပြီးသွားစရာရှိတယ် ဒီနိုင်ငံရေးသဘောတူညီရှိပါမှပဲ ကျနော်တို့သင့်တင့်မျှတတဲ့ နိုင်ငံရေးအခင်းအကျင်းက ပေါ်လာမှာပေါ့ဒီဘက်ကနေ နစကဘက်ကနေ လျော့ထားရမယ့် ဟာက နံပါတ်တစ်အာဏာဖီဆန်ရေးနဲ့ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါးနေတဲ့ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်တဲ့ဟာတွေ နှိပ်စက်ထားတဲ့ကိစ္စရပ်တွေ နောက်နိုင်ငံရေးအကျဉ်းသားတွေ ဒါကိုခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ အရေးကြီးတယ်ရပ်တန့်ဖို့အရေးကြီးတယ် နောက်ပစ်ခတ် တိုက်ခိုက်မှုအားလုံးရပ်စဲဖို့ အရေးကြီးတယ်နောက်နိုင်ငံတကာကြားဝင် ဆောင်ရွက်မှု လက်ခံဖို့နဲ့ဘက်ပေါင်းစုံသံတမန် ဆက်ဆံရေးကြိုးပမ်းဆောင်ရွက်ဖို့ ဒါတွေကလည်း ဖြေလျှော့ပေးဖို့အရေးကြီးတယ် နောက်ခုနလူသားချင်းစာနာထောက်ရေး Humanitarian Aid နဲ့ပတ်သက်တဲ့အကူအညီတွေက INGO တေ NGOတေ CSOတွေ CBO တွေကနေတဆင့် လူထုဆီ ရောက်အောင်သွားတဲ့ Channalမျိုးကို ဖြေလျှော့ပေးဖို့လိုတယ် နောက်သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေကို လွတ်လပ်ခွင့် ကူညီထောက်ပံ့ဖို့အရေးကြီးတယ် အချိန်နဲ့တပြေးညီ သတင်းရပါမှဘယ်နေရာမှာ ဘာလိုအပ်နေတယ်ဆိုတဲ့ ဟာမျိုးတွေသွားလို့ရတယ် ဒီဟာဖြေလျှော့ဖို့အရေးကြီး နောက်ပြည်သူအားလုံးနိုင်ငံရေးမှာ လွတ်လပ်စွာပါဝင်လှုပ်ရှားနိုင်တဲ့နိုင်ငံရေး ပတ်ဝန်းကျင်ကိုပုံဖော်ပေးဖို့လိုတယ် ဘာကြောင့်လဲလို့ပြော ဒီအကြောင်းအရာကို ပုံဖော်ပေးနိုင်မှု မရှိဘူးဆိုရင်သင့်တင့်မျှတတဲ့ နိုင်ငံရေးအခင်းအကျင်း Dialogကပေါ် လာနိုင်မှာမဟုတ်ဘူး လက်နက်အာဏာစွဲကိုင်တဲ့သူ အချင်းချင်းသင့်မြတ်အောင် ဆောင်ရွက်တဲ့ဆက်ဆံရေးအဲဒီရဲ့နိုင်ငံရေးအခင်းအကျင်း ဒီနိုင်ငံရေးအခင်းအကျင်း မြန်မာပြည်ရဲ့ပဋိပက္ခကို ဖြေရှင်းနိုင်ပါ့မယ်ဆိုတဲ့အာမခံချက်မရှိဘူးဆိုတော့ ခုနကျွန်တော် ပြောတဲ့ အချက်တွေအားလုံး ဒီနစကဖက်ကနေဖြေလျှော့ပေး မယ်ဆိုရင်သင့်တင့်မျှတတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကပေါ်လာဖို့ရှိပါတယ် ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဒီDialog တခုဆိုလည်း တော်တော်လေးခက်ခဲရှိပါလိမ့်မယ် နိုင်ငံတကာကြားဝင်ပေးမဲ့ အကူအညီပေးချင်တဲ့အုပ်စုတွေအတွက်လည်း တော်တော်လေးအခက်အခဲရှိပါတယ်
ဆလိုင်း ဒိုခါရ် – ဒီနောက်ဆုံးပိုင်းအနေနဲ့ ကျွန်တော်လောလောဆယ် အခြေအနေအရ ဆိုရင်တော့ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုတွေက အစုလိုက်အပြုံလိုက် ကလေးတွေက စခံနေရတဲ့အခါ ကျတော့ လုံးဝဒီအုပ်စုနဲ့ဆုံဆွေးနွေးလို့မရဘူးဆိုတဲ့ အနေအထားတွေ ဖြစ်လာပြီဆိုတော့ စစ်ကောင်စီ အခုကျင်းပမယ့်ရွေးကောက်ပွဲကနေ တက်လာမယ်ဆိုရင်လည်းသေချာတစ်ခုက ကောင်စီဥက္ကဋ္ဌက ပဲအာဒီသမ္မတဟာမျိုးတွေ ရာထူးထွေပြန်ယူလာနိုင်ခြေ အလားအလာဖြစ်ပြန်တဲ့အခါ ကျတော့ပြန်မြန်မာ့အရေးက လက်တွေ့ကျတဲ့ရလဒ်က ပြည်တွင်းက လိုလိုလားလားနဲ့ ဆွေးနွေးမှထွက်မယ်ဆိုတာတော့ဟုတ်ပါတယ် ဒါပေမဲ့ ပြည်တွင်းက နေပြီးတော့ ကတော့အချင်းချင်း ဆွေးနွေးနိုင်မယ့်အခင်းအကျင်းကို ကိုယ်တိုင်ဖော်ဆောင်နိုင်ပါတော့မလား နိုင်ငံတကာနဲ့ဒါမဖြစ်မနေဝင်ပြီးတော့မှဟို UNအဆင့်ဟာမျိုး ကနေဝင်ပြီးဖြေရှင်းပေးတဲ့ အခင်းအကျင်းဟာမျိုးရောက်လာတဲ့ အနေအထားလားပေါ့
Shing Tun– အခုဏက ဖြေလျှော့မှုတေ ကောင်းကောင်းပေးရင် ပြည်တွင်းကနေ ကောင်းကောင်းရွှေ့လို့ရမယ့် အရွေ့တေရှိတယ် သို့သော်လည်း လက်ရှိအနေအထားမှာက ပြည်တွင်းမှာကက တကယ့်အကန့်အသတ်နဲ့ကိုလှုပ်ရှားနေရတဲ့ အနေအထားမျိုးမှာကတော့ ဒီအခင်းအကျင်းမျိုးပုံဖော်ဖို့တော်တော်လေးခဲတယ် ကျွန်တော်တို့ transition လို့ပြောရင် transition ပြီးရင်ဘာလိုက်လဲဆိုတော့ လစ်ပရိုက်ဇေးရှင်းက အရင်စလိုက်တာတာကိုး လစ်ပရိုက်စ်မှာ ခုနဆွေးနွေးတင်ပြသောအချက်တွေကို ဖြေလျှော့ပြီးဖြေလျှော့ပြီဆိုရင် ပြည်သူလူထုလိုလားနေတဲ့ Democratization ဖက်ကိုကျွန်တော်တို့ခြေလှမ်းလို့ရမယ် သို့သော်ဒီလို Liberalization ကိုမှမရှိဘဲနဲ့ ကဘယ်လိုမှ Democratization ဘက်ကိုကျွန်တော်တို့ဘယ်လိုမှမြားဦးမလှည့်နိုင်ဘူး လက်ရှိ state holder အနေနဲ့ နစကဘက်ကနေဒီဖြေလျှော့မှုတွေရှိလာတယ်ဆိုရင်တော့ဟိုနိုင်ငံရေးပါတီပိုင်းပုံစံတစ်မျိုးပြောင်းသွားနိုင်တယ် နို့မဟုတ်ရင် ရွေးကောက်ပွဲကနေတဆင့်တက်လာတဲ့ အစိုးရတစ်ရပ်ဆိုရင်လည်း ဒီလိုဖြေလျှော့မှုတွေမပေးရင် သူ့လက်ထက်မှာလည်း ဟိုတော်တော်လေးအခက်အခဲရှိတယ် ပြီးတော့ ဒီဖြေလျှော့မှုတွေကအရေးကြီးဆုံး အရေးကြီးဆုံးပဲ
ဆလိုင်း ဒိုခါရ်- နောက်ဆုံးအနေနဲ့ဆရာ ဒီပေါ့နော် အကျပ်အတည်းကာလကြီးကို ဒါပြည်သူတွေအနေနဲ့ အမြန်ဆုံးနိုင်ငံရေးအဖြေရှာရနိုင်မယ့် နည်းလမ်းကလည်းခက်ခဲ နေတဲ့အခါကျတော့ ပြည်သူတွေကို ဒီဟာကြီးကျော်ဖြစ်နိုင်ဖို့အတွက် နိုင်ငံရေးသဘောအရပေါ့နော် ဖြစ်လာနိုင် ခြေအလာအလာဟာမျိုးကို အခြေခံပြီးတော့မှ စိတ်ခွန်အားလေးပေးပေးပါဦးခဗျ
Shing Tun– လောလောဆယ်မှာကတော့ ဪတော်တော်လေးပြောဖို့လည်း တော်တော်လေး ခက်တဲ့အနေအထားတော့ရှိတယ် သို့သော်လည်းအရိပ်ကိုလည်း လိုချင်ရင်တော့နေပူထဲ တော့စောင့်ရတယ်ဆိုတဲ့ အနေအထားမျိုးတော့ အခုလက်ရှိပြည်သူလူထုတွေ ခံစားနေရတာပေါ့ဗျာ ဆိုတော့ဘယ်သူမှဒီစနစ်ဆိုးကြီးထဲကို ဘယ်သူမှလှည့်ပြန် မသွားချင်ကြဘူး ဒါ့ကြောင့်အရိပ်ကို လိုချင်နေတဲ့သူ နေပူထဲစောင့်ရတယ်ဆိုတဲ့ အနေအထားမျိုးလောက်နဲ့ပဲ ပြည်သူတွေကိုကျွန်တော်ဟိုအားပေးချင်တယ်
ဆလိုင်း ဒိုခါရ်- ဟုတ်ကဲ့အခုလို ကျွန်တော်တို့ကိုအချိန်ပေးပြီးတော့မှ အင်တာဗျူးပေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
Shing Tun– ဟုတ်ကဲ့ ကျွန်တော့်အနေနဲ့လည်း ကျေးဇူးအများကြီးတင်ပါတယ်